iMyanmarHouse.com - Best Property Website for Myanmar
×


ဆီး ပံုမွန္တစ္ေန႕ကို ဘယ္ႏွစ္ၾကိမ္သြားရမလဲ

ဆီး ခဏခဏ သြားတဲ့ အေၾကာင္းမေျပာခင္ အရင္ဆံုး ပံုမွန္ ဆီးသြားတဲ့ အၾကိမ္အေရအတြက္ ကိုသိဖို႕လိုပါတယ္။ ပံုမွန္ဆို လူတစ္ေယာက္ဟာ တစ္ေန႕ကို ဆီး ၇ၾကိမ္ကေန ၈ၾကိမ္ေလာက္အထိ ၂၄ နာရီအတြင္း သြားေလ့ရွိပါတယ္။ ညဘက္အိပ္ေနရင္း သန္းေခါင္ေက်္ာမွ ဆီးထသြားရတာမ်ိဳးကလည္း ပံုမွန္ျဖစ္တတ္ပါတယ္။ အိပ္ရာဝင္ခါနီး ေရာအမ်ားၾကီးေသာက္မိတဲ့ အခါမ်ိဳးမွာေပါ့။

ဆီးခဏခဏ သြားတယ္ဆိုတာကုိ ဘယ္္လို အခ်က္ေတြေပၚ မူတည္ျပီး သတ္မွတ္ရတာလဲ

ဆီးခဏခဏ သြားခ်င္တာနဲ႔ ဆီးမထိန္းႏုိင္တာနဲ႕က မတူပါဘူး။ ဆီးခဏခဏ သြားျဖစ္ဖို႕ဆုိပံုမွန္ ၈ ၾကိမ္ထက္ပိုသြားရမယ့္အျပင္ အိပ္ရာဝင္ခါနီးလည္း ေရမေသာက္မိဘဲနဲ႕ အိပ္ေကာင္းေနခ်ိန္ေတြမွာပါ ဆီးထသြားရတာမ်ိဳးပါ။
ဒီလို ဆီးခဏခဏ သြားခ်င္ရတာက ေရာဂါ တစ္ခုခုရဲ႕ လကၡဏာျဖစ္ေနႏုိင္ပါတယ္။

ဆီးခဏခဏသြားရျခင္းက အေၾကာင္းအရင္းေတြကဘာေတြလဲ

ေရာဂါ မဟုတ္ေသာ အေၾကာင္းအရင္းမ်ား

ေရ အမ်ားၾကီးေသာက္မိတာ
ညအိပ္ရာ ဝင္ခါနီးအခ်ိန္မွာ ေရေတြ ေသာက္မိတာ
ကဖင္းဓာတ္ပါတဲ့ ေကာ္ဖီ ေတြ ေသာက္မိတာ
အရက္၊ ဘီယာအမ်ားၾကီး ေသာက္ထားတာေတြ
စိတ္လႈပ္ရွားလြန္းတဲ့ အခါမ်ိဳးေတြက ဆီးသြားမ်ားျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြပါ။

ဆီးခဏခဏ သြားျခင္းကို ျဖစ္ေစတဲ့ ေရာဂါမ်ား

ဆီးခ်ိဳ

 အားလံုး သိၾကတဲ့အတုိင္း ဆီးခဏခဏ သြားခ်င္ရျခင္းကို ျဖစ္ေစတဲ့ ထိပ္ဆံုး နာမည့္ၾကီး ေရာဂါတစ္ခုကေတာ့ ဆီးခ်ိဳေရာဂါပါ။ ေသြးတြင္းမွာ ျမင့္တက္ေနတဲ့ သၾကားဓာတ္ ေတြ ျပန္ေလ်ာ့က်ေစဖို႕ ေက်ာက္ကပ္က ဆီးနဲ႕အတူ သၾကားေတြကို စြန္႕ထုတ္ရတာေၾကာင့္ ဆီးခ်ိဳသမားေတြမွာ ဆီးသြားတဲ့ အၾကိမ္အေရအတြက္ မ်ားရျခင္းျဖစ္ပါတယ္။

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း

ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းဟာ ဆီးခဏခဏ သြားျခင္းကိုျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြထဲက အျဖစ္အမ်ားဆံုး တစ္ခုပါ။ ဆီးလမ္ေးၾကာင္းထဲကို ဝင္လာတဲ့ ဘက္တီးရီးယားေရာဂါပိုးေတြက ေရာင္ရမ္းျခင္းကိုျဖစ္ေစလို႕ ဆီးအိတ္က အရင္လို ဆီးထိန္းႏုိ္င္အားမေကာင္းေတာ့ပါဘူး။ ဒီလိုနဲ႕ ဆီးအိတ္နည္းနည္းေလးတင္းလာတုိင္း ဆီးသြားခ်င္ေနရတာျဖစ္ပါတယ္။

ေယာက္်ားမွာ ဆီး၊ မိန္းမမွာ မီး ဆိုတဲ့ စကားပံုေလး ၾကားဖူးၾကမွာပါ။

ဆီးက်ိတ္ၾကီးတဲ့ အမ်ိဳးသားေတြ

အမ်ိဳးသားေတြမွာပဲ ရွိတဲ့ ဆီးက်ိတ္ၾကီးလာတဲ့အခါ ဆီးအိတ္ကို သြားပိေနတတ္ျပီး ဆီးသြားတာကို ထိခိုက္ေစတတ္ပါတယ္။  အသက္ ၅၀ ေက်ာ္တဲ့ အမ်ိဳးသားေတြမွာ အျဖစ္မ်ားတဲ့ ကင္ဆာမဟုတ္တဲ့ ဆီးက်ိတ္ၾကီးျခင္းက ဆီးခဏခဏ သြားခ်င္ရျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုပါ။ ဆီးက်ိတ္ၾကီးတာက ဆီးခဏခဏ သြားျခငး္ကို ျဖစ္ေစသလို ဆီးသြားရခက္တာ၊ ဆီးသြားရင္နာတာ၊ ဆီးသြားျပီးရင္လည္း ဆီးေတြ စိမ့္က်ေနတာေတြကို ျဖစ္ေစပါတယ္။

ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ

ကိုယ္ဝန္ေဆာင္ခ်ိန္ ဆီးခဏခဏ သြားခ်င္ရတာဟာ စိုးရိမ္ရတဲ့ ေရာဂါတစ္ခု မဟုတ္ပါဘူး။ ကိုယ္ဝန္သက္တမ္းရင့္လာေလေလ ၾကီးလာတဲ့ သားအိမ္က ဆီးအိတ္ကို သြားဖိမိျပီး ဆီးေတြ ခဏခဏ သြားခ်င္ေလေလပါပဲ။ ဒါ့အျပင္ ကုိယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြက ခုခံအားက်ဆင္းေနတဲ့အတြက္ေၾကာင့္ ပံုမွန္လူေတြထက္  ဆီးလမ္းေၾကာင္း ပိုးဝင္ႏုိင္တဲ့ အလားအလာပိုမ်ားေနတတ္ပါတယ္။

တစ္ျခားအေၾကာင္းအရင္းေတြကေတာ့

ေလျဖတ္တဲ့သူေတြ
ေက်ာက္ကပ္မွာ ျပႆနာျဖစ္ေနတာေတြ
ဆီးအိတ္ မွာ ျပႆနာရွိတဲ့သူေတြ
ဆီးအိတ္မွာေက်ာက္တည္ေနတဲ့သူေတြနဲ႔
ေဆးေတြျဖစ္တဲ့ ( ဆီးေဆး၊ေတြ၊ ၾကြက္သားေျပေလ်ာ့ေစတဲ့ေဆးေတြ၊ အိပ္ေဆးေတြ) ေၾကာင့္လည္း ဆီးခဏခဏ သြားတတ္ပါတယ္။

ကဲ ဒါေတြကေတာ့ ဆီးခဏခဏ သြားခ်င္ရျခင္းကိုု ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြပဲျဖစ္ပါတယ္။ ဆီးခဏခဏသြားခ်င္တိုင္း ဆီးခ်ိဳ ျဖစ္ေနတာမဟုတ္သလို ပံုမွန္လို႕လည္း ေျပာလို႕ မရပါဘူး။ ဒါေၾကာင့္ ကိုယ့္စိတ္ထဲ့ သံသယ ရွိေနျပီဆိုတာနဲ႕ ဆရာဝန္ဆီမွာ ေသခ်ာစမ္းသပ္စစ္ေဆးမႈ ခံယူဖို႕ေတာ့ လိုလိမ့္မယ္ေနာ္။  ။

Credit: Hello Sayarwon

# Unicode Version ျဖင့္ ဖတ္ပါ #

ဆီး ပုံမှန်တစ်နေ့ကို ဘယ်နှစ်ကြိမ်သွားရမလဲ 

ဆီး ခဏခဏ သွားတဲ့ အကြောင်းမပြောခင် အရင်ဆုံး ပုံမှန် ဆီးသွားတဲ့ အကြိမ်အရေအတွက် ကိုသိဖို့လိုပါတယ်။ ပုံမှန်ဆို လူတစ်ယောက်ဟာ တစ်နေ့ကို ဆီး ၇ကြိမ်ကနေ ၈ကြိမ်လောက်အထိ ၂၄ နာရီအတွင်း သွားလေ့ရှိပါတယ်။ ညဘက်အိပ်နေရင်း သန်းခေါင်ကျေ်ာမှ ဆီးထသွားရတာမျိုးကလည်း ပုံမှန်ဖြစ်တတ်ပါတယ်။ အိပ်ရာဝင်ခါနီး ရောအများကြီးသောက်မိတဲ့ အခါမျိုးမှာပေါ့။

ဆီးခဏခဏ သွားတယ်ဆိုတာကို ဘယ်လို အချက်တွေပေါ် မူတည်ပြီး သတ်မှတ်ရတာလဲ

ဆီးခဏခဏ သွားချင်တာနဲ့ ဆီးမထိန်းနိုင်တာနဲ့က မတူပါဘူး။ ဆီးခဏခဏ သွားဖြစ်ဖို့ဆိုပုံမှန် ၈ ကြိမ်ထက်ပိုသွားရမယ့်အပြင် အိပ်ရာဝင်ခါနီးလည်း ရေမသောက်မိဘဲနဲ့ အိပ်ကောင်းနေချိန်တွေမှာပါ ဆီးထသွားရတာမျိုးပါ။
ဒီလို ဆီးခဏခဏ သွားချင်ရတာက ရောဂါ တစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။

ဆီးခဏခဏသွားရခြင်းက အကြောင်းအရင်းတွေကဘာတွေလဲ

ရောဂါ မဟုတ်သော အကြောင်းအရင်းများ 

ရေ အများကြီးသောက်မိတာ
ညအိပ်ရာ ဝင်ခါနီးအချိန်မှာ ရေတွေ သောက်မိတာ
ကဖင်းဓာတ်ပါတဲ့ ကော်ဖီ တွေ သောက်မိတာ
အရက်၊ ဘီယာအများကြီး သောက်ထားတာတွေ
စိတ်လှုပ်ရှားလွန်းတဲ့ အခါမျိုးတွေက ဆီးသွားများခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

ဆီးခဏခဏ သွားခြင်းကို ဖြစ်စေတဲ့ ရောဂါများ 

ဆီးချို 

 အားလုံး သိကြတဲ့အတိုင်း ဆီးခဏခဏ သွားချင်ရခြင်းကို ဖြစ်စေတဲ့ ထိပ်ဆုံး နာမည့်ကြီး ရောဂါတစ်ခုကတော့ ဆီးချိုရောဂါပါ။ သွေးတွင်းမှာ မြင့်တက်နေတဲ့ သကြားဓာတ် တွေ ပြန်လျော့ကျစေဖို့ ကျောက်ကပ်က ဆီးနဲ့အတူ သကြားတွေကို စွန့်ထုတ်ရတာကြောင့် ဆီးချိုသမားတွေမှာ ဆီးသွားတဲ့ အကြိမ်အရေအတွက် များရခြင်းဖြစ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ ဆီးခဏခဏ သွားခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက အဖြစ်အများဆုံး တစ်ခုပါ။ ဆီးလမ်ေးကြာင်းထဲကို ဝင်လာတဲ့ ဘက်တီးရီးယားရောဂါပိုးတွေက ရောင်ရမ်းခြင်းကိုဖြစ်စေလို့ ဆီးအိတ်က အရင်လို ဆီးထိန်းနိုင်အားမကောင်းတော့ပါဘူး။ ဒီလိုနဲ့ ဆီးအိတ်နည်းနည်းလေးတင်းလာတိုင်း ဆီးသွားချင်နေရတာဖြစ်ပါတယ်။

ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး ဆိုတဲ့ စကားပုံလေး ကြားဖူးကြမှာပါ။

ဆီးကျိတ်ကြီးတဲ့ အမျိုးသားတွေ

အမျိုးသားတွေမှာပဲ ရှိတဲ့ ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးအိတ်ကို သွားပိနေတတ်ပြီး ဆီးသွားတာကို ထိခိုက်စေတတ်ပါတယ်။  အသက် ၅၀ ကျော်တဲ့ အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းက ဆီးခဏခဏ သွားချင်ရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဆီးကျိတ်ကြီးတာက ဆီးခဏခဏ သွားခြင်းကို ဖြစ်စေသလို ဆီးသွားရခက်တာ၊ ဆီးသွားရင်နာတာ၊ ဆီးသွားပြီးရင်လည်း ဆီးတွေ စိမ့်ကျနေတာတွေကို ဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ

ကိုယ်ဝန်ဆောင်ချိန် ဆီးခဏခဏ သွားချင်ရတာဟာ စိုးရိမ်ရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ကိုယ်ဝန်သက်တမ်းရင့်လာလေလေ ကြီးလာတဲ့ သားအိမ်က ဆီးအိတ်ကို သွားဖိမိပြီး ဆီးတွေ ခဏခဏ သွားချင်လေလေပါပဲ။ ဒါ့အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ခုခံအားကျဆင်းနေတဲ့အတွက်ကြောင့် ပုံမှန်လူတွေထက်  ဆီးလမ်းကြောင်း ပိုးဝင်နိုင်တဲ့ အလားအလာပိုများနေတတ်ပါတယ်။

တစ်ခြားအကြောင်းအရင်းတွေကတော့

လေဖြတ်တဲ့သူတွေ
ကျောက်ကပ်မှာ ပြဿနာဖြစ်နေတာတွေ
ဆီးအိတ် မှာ ပြဿနာရှိတဲ့သူတွေ
ဆီးအိတ်မှာကျောက်တည်နေတဲ့သူတွေနဲ့
ဆေးတွေဖြစ်တဲ့ ( ဆီးဆေး၊တွေ၊ ကြွက်သားပြေလျော့စေတဲ့ဆေးတွေ၊ အိပ်ဆေးတွေ) ကြောင့်လည်း ဆီးခဏခဏ သွားတတ်ပါတယ်။

ကဲ ဒါတွေကတော့ ဆီးခဏခဏ သွားချင်ရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ဆီးခဏခဏသွားချင်တိုင်း ဆီးချို ဖြစ်နေတာမဟုတ်သလို ပုံမှန်လို့လည်း ပြောလို့ မရပါဘူး။ ဒါကြောင့် ကိုယ့်စိတ်ထဲ့ သံသယ ရှိနေပြီဆိုတာနဲ့ ဆရာဝန်ဆီမှာ သေချာစမ်းသပ်စစ်ဆေးမှု ခံယူဖို့တော့ လိုလိမ့်မယ်နော်။  ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top