iMyanmarHouse.com - Best Property Website for Myanmar
×



မၾကာေသးခင္ လပိုင္းက ျဖစ္ပြားခဲ့တဲ့ ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ နဲ႔ အလွမယ္ေဟာင္း သင္းသင္းတို႔ရဲ႕ လူမႈေရး ကိစၥ ဟာ ပရိသတ္ေတြၾကားမွာ အေတာ္ေလး႐ိုက္ခတ္မႈေတြျပင္းထန္ခဲ့ပါတယ္။ သင္းသင္းဟာ သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ ေၾကာင့္ နစ္နာခဲ့မႈေတြကို ႐ုံးေတာ္ ကို တိုင္ၾကားၿပီး ထိေရာက္တဲ့ အေရးယူမႈေတြ ျပဳလုပ္မွာျဖစ္ေၾကာင္းလည္းေၾကညာခဲ့ပါတယ္။ အဆိုပါ ကိစၥေၾကာင့္ သင္းသင္း ကို ေဝဖန္တာေတြ တိုက္ခိုက္တာေတြရွိသလို သင္းသင္းပါဝင္တယ္ဆိုတဲ့ ဗီဒီယိုတစ္ခုလည္း အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ခဲ့တာေတြ ျဖစ္ခဲ့ပါတယ္။

အလွမယ္ေဟာင္း သင္းသင္း က သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္ အား ကာမလိမ္လည္မႈျဖင့္ တရားစြဲ တိုင္ၾကားရန္ အတြက္ ဒီကေန႔ ဇန္နဝါရီလ (၈) ရက္ေန႔က ရန္ကုန္၊ သကၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွ ပထမဦးဆုံး ဦးတိုက္ေလွ်ာက္ထားလိုက္ၿပီျဖစ္ပါတယ္ ။ “အမွန္တရား တစ္ခု အတြက္ လုပ္လိုက္တာပါ။ တရားဥပေဒ ရဲ႕ အဆုံးအျဖတ္ကို ခံယူမွာပါ” လို႔ေျပာလာတဲ့ သင္းသင္းကေျပာဆိုလိုက္ပါတယ္။

သင္းသင္းကေတာ့ အခုလို လုပ္တာဟာ ေဝဠဳေက်ာ္ကို တုန္လႈပ္ေအာင္ တရားစြဲတာ မဟုတ္သလို ပရိသတ္ေတြေဝဖန္ၾကသလို ေနာက္ဆုံးသြားတာလည္းမဟုတ္တဲ့အေၾကာင္းေျဖဆိုထားပါတယ္။ တရားဥပေဒရဲ႕ အဆုံးအျဖတ္ နဲ႔ ရရွိလာမယ့္ အမွန္တရားတစ္ခုကို လိုခ်င္လို႔ အခုလို လုပ္ရျခင္းျဖစ္ေၾကာင္းေျဖဆိုထားပါတယ္။ ေဝဠဳေက်ာ္ နဲ႔ ပတ္သက္ၿပီး သူ အင္တာဗ်ဴး ေျဖဆိုထားတဲ့ စကားအသုံးအႏႈန္းေတြ ေၾကာင့္ အရမ္းတုန္လႈပ္ရေၾကာင္းလည္း မီဒီယာေတြ နဲ႔ ေတြ႕ဆုံခိုက္မွာ သင္းသင္း က ေျဖဆိုခဲ့ပါတယ္။ ဆယ္လီကမာၻပရိသတ္ႀကီးေရ သင္းသင္းတစ္ေယာက္ တရား႐ုံးကို ဦးတိုက္ ေလွ်ာက္လိုက္တဲ့အေပၚ အျမင္ ေတြ သေဘာထားေတြ ေျပာျပခဲ့ၾကပါဦးေနာ္။

Credit: Nay Madhuri

# Unicode Version ျဖင့္ ဖတ္ပါ #

မကြာသေးခင် လပိုင်းက ဖြစ်ပွားခဲ့တဲ့ နိုင်ငံကျော် သရုပ်ဆောင် ဝေဠုကျော် နဲ့ အလှမယ်ဟောင်း သင်းသင်းတို့ရဲ့ လူမှုရေး ကိစ္စ ဟာ ပရိသတ်တွေကြားမှာ အတော်လေးရိုက်ခတ်မှုတွေပြင်းထန်ခဲ့ပါတယ်။ သင်းသင်းဟာ သရုပ်ဆောင်ဝေဠုကျော် ကြောင့် နစ်နာခဲ့မှုတွေကို ရုံးတော် ကို တိုင်ကြားပြီး ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်မှာဖြစ်ကြောင်းလည်းကြေညာခဲ့ပါတယ်။ အဆိုပါ ကိစ္စကြောင့် သင်းသင်း ကို ဝေဖန်တာတွေ တိုက်ခိုက်တာတွေရှိသလို သင်းသင်းပါဝင်တယ်ဆိုတဲ့ ဗီဒီယိုတစ်ခုလည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။

အလှမယ်ဟောင်း သင်းသင်း က သရုပ်ဆောင် ဝေဠုကျော် အား ကာမလိမ်လည်မှုဖြင့် တရားစွဲ တိုင်ကြားရန် အတွက် ဒီကနေ့ ဇန်နဝါရီလ (၈) ရက်နေ့က ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှ ပထမဦးဆုံး ဦးတိုက်လျှောက်ထားလိုက်ပြီဖြစ်ပါတယ် ။ “အမှန်တရား တစ်ခု အတွက် လုပ်လိုက်တာပါ။ တရားဥပဒေ ရဲ့ အဆုံးအဖြတ်ကို ခံယူမှာပါ” လို့ပြောလာတဲ့ သင်းသင်းကပြောဆိုလိုက်ပါတယ်။

သင်းသင်းကတော့ အခုလို လုပ်တာဟာ ဝေဠုကျော်ကို တုန်လှုပ်အောင် တရားစွဲတာ မဟုတ်သလို ပရိသတ်တွေဝေဖန်ကြသလို နောက်ဆုံးသွားတာလည်းမဟုတ်တဲ့အကြောင်းဖြေဆိုထားပါတယ်။ တရားဥပဒေရဲ့ အဆုံးအဖြတ် နဲ့ ရရှိလာမယ့် အမှန်တရားတစ်ခုကို လိုချင်လို့ အခုလို လုပ်ရခြင်းဖြစ်ကြောင်းဖြေဆိုထားပါတယ်။ ဝေဠုကျော် နဲ့ ပတ်သက်ပြီး သူ အင်တာဗျူး ဖြေဆိုထားတဲ့ စကားအသုံးအနှုန်းတွေ ကြောင့် အရမ်းတုန်လှုပ်ရကြောင်းလည်း မီဒီယာတွေ နဲ့ တွေ့ဆုံခိုက်မှာ သင်းသင်း က ဖြေဆိုခဲ့ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ သင်းသင်းတစ်ယောက် တရားရုံးကို ဦးတိုက် လျှောက်လိုက်တဲ့အပေါ် အမြင် တွေ သဘောထားတွေ ပြောပြခဲ့ကြပါဦးနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top