iMyanmarHouse.com - Best Property Website for Myanmar
×


ေသြးလႉတာဟာ မြန္ျမတ္ျဖဴစင္တဲ့အလုပ္တခုျဖစ္တယ္ဆိုတာကိုေတာ့ လူတိုင္းသိထားၾကမွာ ျဖစ္ေပမယ့္ မိမိခႏၶာကိုယ္ထဲက ေသြးကို မလႉဒါန္းခင္မွာ သိထားသင့္တဲ့ အခ်က္ေတြလည္း ရွိတာေၾကာင့္ ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

(၁) သံဓာတ္ျပည့္ဝတဲ့ အစားအစာေတြ မ်ားမ်ားစားသုံးေပးရမယ္

ေသြးလႉမယ္လို႔ ဆုံးျဖတ္ၿပီးသြားၿပီဆိုရင္ေတာ့ ေသြးမလႉခင္ ရက္ပိုင္းအလိုတည္းက ေရမ်ားမ်ားေသာက္ေပးတာမ်ိဳးနဲ႔ သံဓာတ္ျပည့္ဝတဲ့ အစားအစာေတြျဖစ္တဲ့ အသား၊ငါး၊ပဲအမ်ိဳးမ်ိဳးနဲ႔ ဟင္းႏုႏြယ္လို အစားအစာမ်ိဳးကို မ်ားမ်ားစားသုံး ေပးသင့္ပါတယ္။ ဒါမွသာ ေသြးလႉၿပီးတဲ့အခါ ကုန္ခမ္းသြားတဲ့ ေသြးဆဲလ္ေတြေနရာမွာ ျမန္ျမန္အစားထိုးႏိုင္မွာ ျဖစ္လို႔ပါပဲ။

(၂) အေအးမိဖ်ားနာေနတဲ့အခါမ်ိဳးမွာ ေသြးမလႉဒါန္းသင့္ပါဘူး

ေသြးမလႉခင္မွာ သင့္အေနနဲ႔ ႏွာေစး၊ေခ်ာင္းဆိုးတာမ်ိဳးနဲ႔ အေအးမိေဝဒနာမ်ိဳးကို ခံစားေနရတယ္ဆိုရင္ေတာ့ ေသြးမလႉသင့္ေသးပါဘူး။ ႏွာေစး၊ေခ်ာင္းဆိုးလို႔ ပဋိဇီဝေဆးေတြ ေသာက္သုံးေနရတဲ့ အခါမ်ိဳးေတြမွာလည္း ေသြးမလႉသင့္ပါဘူး။ ဒီေရာဂါေဝဒနာေတြ ေပ်ာက္ကင္းသက္သာသြားတဲ့အခါမ်ိဳးမွသာ ေသြးလႉဒါန္းသင့္ပါတယ္။

(၃) ေသြးလႉဖို႔အတြက္ အသက္ႀကီးသြားတယ္ဆိုတာမ်ိဳး မရွိပါဘူး

ႏိုင္ငံတကာမွာေတာ့ အသက္ ၁၇ ႏွစ္အ႐ြယ္ကေနစၿပီး က်န္းမာေရးေကာင္းမြန္သူတိုင္း ေသြးလႉဒါန္းႏိုင္ၿပီး ဘယ္အသက္အ႐ြယ္မွာေတာ့ ေသြးမလႉရေတာ့ဘူးဆိုတာမ်ိဳးကို ကန႔္သတ္ထားတာမ်ိဳး မရွိပါဘူး။

(၄) ေသြးလႉဒါန္းျခင္းေၾကာင့္ ေနာက္ဆက္တြဲ က်န္းမာေရးျပႆနာေတြ မရွိပါဘူး

ေသြးလႉဒါန္းလိုက္ျခင္းေၾကာင့္ က်န္းမာေရးျပႆနာေတြ ျဖစ္လာႏိုင္တယ္ဆိုတာမ်ိဳး မရွိပါဘူး။ သုေတသနေလ့လာခ်က္ေတြအရ ေသြးလႉဒါန္းသူေတြဟာ စိတ္က်န္းမာေရးပိုမိုေကာင္းမြန္ၾကတာေၾကာင့္ စိတ္က်န္းမာေရးဆိုင္ရာ ေရာဂါေဝဒနာေတြ ခံစားရေလ့မရွိဘူးလို႔ဆိုပါတယ္။

(၅) HIV နဲ႔ ကာလသားေရာဂါရွိသူေတြအေနနဲ႔ ေသြးလႉဒါန္းဖို႔ မသင့္ပါဘူး

HIV ေရာဂါရွိသူေတြအေနနဲ႔ေတာ့ ေသြးလႉဒါန္းဖို႔ မသင့္သလို ကာလသားေရာဂါခံစားေနရသူေတြအေနနဲ႔ေတာ့ ေရာဂါကုသမႈခံယူၿပီးခ်ိန္အထိ ေစာင့္ဆိုင္းၿပီးမွသာ ေသြးလႉဒါန္းမႈကို ျပဳလုပ္သင့္ပါတယ္။ ဒီေရာဂါေဝဒနာခံစားေနရတယ္လို႔ မိမိကိုယ္ကို သံသယရွိေနၿပီဆိုရင္လည္း ေသြးလႉဒါန္းဖို႔ မသင့္ေသးပါဘူး။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

သွေးလှူတာဟာ မွန်မြတ်ဖြူစင်တဲ့အလုပ်တခုဖြစ်တယ်ဆိုတာကိုတော့ လူတိုင်းသိထားကြမှာ ဖြစ်ပေမယ့် မိမိခန္ဓာကိုယ်ထဲက သွေးကို မလှူဒါန်းခင်မှာ သိထားသင့်တဲ့ အချက်တွေလည်း ရှိတာကြောင့် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေ များများစားသုံးပေးရမယ်

သွေးလှူမယ်လို့ ဆုံးဖြတ်ပြီးသွားပြီဆိုရင်တော့ သွေးမလှူခင် ရက်ပိုင်းအလိုတည်းက ရေများများသောက်ပေးတာမျိုးနဲ့ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသား၊ငါး၊ပဲအမျိုးမျိုးနဲ့ ဟင်းနုနွယ်လို အစားအစာမျိုးကို များများစားသုံး ပေးသင့်ပါတယ်။ ဒါမှသာ သွေးလှူပြီးတဲ့အခါ ကုန်ခမ်းသွားတဲ့ သွေးဆဲလ်တွေနေရာမှာ မြန်မြန်အစားထိုးနိုင်မှာ ဖြစ်လို့ပါပဲ။

(၂) အအေးမိဖျားနာနေတဲ့အခါမျိုးမှာ သွေးမလှူဒါန်းသင့်ပါဘူး

သွေးမလှူခင်မှာ သင့်အနေနဲ့ နှာစေး၊ချောင်းဆိုးတာမျိုးနဲ့ အအေးမိဝေဒနာမျိုးကို ခံစားနေရတယ်ဆိုရင်တော့ သွေးမလှူသင့်သေးပါဘူး။ နှာစေး၊ချောင်းဆိုးလို့ ပဋိဇီဝဆေးတွေ သောက်သုံးနေရတဲ့ အခါမျိုးတွေမှာလည်း သွေးမလှူသင့်ပါဘူး။ ဒီရောဂါဝေဒနာတွေ ပျောက်ကင်းသက်သာသွားတဲ့အခါမျိုးမှသာ သွေးလှူဒါန်းသင့်ပါတယ်။

(၃) သွေးလှူဖို့အတွက် အသက်ကြီးသွားတယ်ဆိုတာမျိုး မရှိပါဘူး

နိုင်ငံတကာမှာတော့ အသက် ၁၇ နှစ်အရွယ်ကနေစပြီး ကျန်းမာရေးကောင်းမွန်သူတိုင်း သွေးလှူဒါန်းနိုင်ပြီး ဘယ်အသက်အရွယ်မှာတော့ သွေးမလှူရတော့ဘူးဆိုတာမျိုးကို ကန့်သတ်ထားတာမျိုး မရှိပါဘူး။

(၄) သွေးလှူဒါန်းခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မရှိပါဘူး

သွေးလှူဒါန်းလိုက်ခြင်းကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာမျိုး မရှိပါဘူး။ သုတေသနလေ့လာချက်တွေအရ သွေးလှူဒါန်းသူတွေဟာ စိတ်ကျန်းမာရေးပိုမိုကောင်းမွန်ကြတာကြောင့် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဝေဒနာတွေ ခံစားရလေ့မရှိဘူးလို့ဆိုပါတယ်။

(၅) HIV နဲ့ ကာလသားရောဂါရှိသူတွေအနေနဲ့ သွေးလှူဒါန်းဖို့ မသင့်ပါဘူး

HIV ရောဂါရှိသူတွေအနေနဲ့တော့ သွေးလှူဒါန်းဖို့ မသင့်သလို ကာလသားရောဂါခံစားနေရသူတွေအနေနဲ့တော့ ရောဂါကုသမှုခံယူပြီးချိန်အထိ စောင့်ဆိုင်းပြီးမှသာ သွေးလှူဒါန်းမှုကို ပြုလုပ်သင့်ပါတယ်။ ဒီရောဂါဝေဒနာခံစားနေရတယ်လို့ မိမိကိုယ်ကို သံသယရှိနေပြီဆိုရင်လည်း သွေးလှူဒါန်းဖို့ မသင့်သေးပါဘူး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top