iMyanmarHouse.com - Best Property Website for Myanmar
×


အသည္းကြဲတဲ႔ေဝဒနာက ခံစားရတဲ႔သူတိုင္းအတြက္ေတာ့ အႀကီးမားဆံုးနာက်င္မႈႀကီးျဖစ္ပါလိမ့္မယ္။ ဒီေဝဒနာကေန ရုန္းထြက္ဖို႔က မလြယ္ကူတာသိပါတယ္။ ဒါေပမဲ႔ ဒီေဝဒနာႀကီးကို ေက်ာ္လြန္ျပီး လွပတဲ႔ဘဝသစ္ေလးကို စဖို႔ ဒီအခ်က္ေလးေတြ လုပ္ေဆာင္ႀကည့္ပါ။

၁။ နာက်င္မႈကို လက္ခံပါ။

နာက်င္မႈေတြ ခံစားရေတာ့မယ္ဆိုတာကို လက္ခံပါ။ ကိုယ္က တကယ္ႏွစ္ႏွစ္ကာကာ ခ်စ္ခဲ႔တဲ႔လူတိုင္းအတြက္ ကိုယ္ခ်စ္ရတဲ႔သူနဲ႔ ေဝးရတဲ႔အခါ နာက်င္မႈေတြ ခံစားရတာဟာ လံုးဝေရွာင္လႊဲလို႔မရတဲ႔အရာပါ။ အသည္းကြဲတဲ႔သူေတြရဲ႕ ျပႆနာကေတာ့ သူတို႔ေတြဟာ ဒီနာက်င္မႈေတြထဲမွာပဲ ထပ္ခါ ထပ္ခါ လည္ပတ္ေနႀကလို႔ပါ။ ႀကာလာတဲ႔အခါ ဒီနာက်င္မႈ ခံစားခ်က္ေတြက အေလ့အက်င့္တစ္ခုလို ျဖစ္လာပါလိမ့္မယ္။

၂။ အေလ့အက်င့္ေတြ ေျပာင္းလိုက္ပါ။

ex ကို သတိရေစတဲ႔ သီခ်င္းေတြ နားေထာင္တာ ရပ္လိုက္ပါ။ အသစ္အဆန္းေတြ လုပ္ႀကည့္ပါ။ ေလ့က်င့္ခန္းလုပ္ျခင္းဟာ စိတ္ဓာတ္က်ဆင္းမႈအတြက္ အေကာင္းဆံုး ကုသမႈတစ္ခုပဲျဖစ္တဲ႔အတြက္ physical exercise လုပ္ပါ။ အေျပာင္းအလဲလုပ္လိုက္တာက အျမဲတမ္းႀကီးအတြက္ မဟုတ္လည္းရပါတယ္။ ဥပမာ ex ရဲ႕ ဖုန္းနံပါတ္ကို contact ထဲက ျဖတ္လိုက္တာတို႔ ဓာတ္ပံုေတြ ျဖတ္လိုက္တာတို႔ လုပ္လို႔ရပါတယ္။

၃။ အေတြးေတြ ေျပာင္းလိုက္ပါ။

ႏွစ္ဦးအတူရွိခဲ႔ခ်ိန္ေတြမွာ ရွိခဲ႔တဲ႔ ကိုယ့္ရဲ႕အေတြးအေခၚပံုစံေတြဟာ အေလ့အက်င့္ျဖစ္ျပီး relationship အဆံုးသတ္သြားတဲ႔အခ်ိန္မွာလည္း ဒီအရာေတြ ဒီအေတြးေတြ ေပ်ာ္ရႊင္မႈေတြကို ေတာင့္တမိတတ္ပါတယ္။ အေရးႀကီးဆံုးကေတာ့ အသည္းကြဲတာကို မင္းရဲ႕ ေပ်ာ္ရႊင္မႈအဆံုးသတ္အျဖစ္နဲ႔ ဘယ္ေတာ့မွ မသတ္မွတ္လိုက္ပါနဲ႕။

၄။ ကိုယ့္စိတ္ထဲမွာ သတ္မွတ္ထားတဲ႔ သူရဲ႕ ပံုရိပ္ေတြကို ေျပာင္းလဲလိုက္ပါ။

လူေတာ္ေတာ္မ်ားမ်ားဟာ စိတ္ကူးယဥ္မႈေတြထဲမွာ ပံုေဖာ္တာေတြ လုပ္တတ္ႀကပါတယ္။ ကိုယ့္ရဲ႕ စိတ္ထဲမွာ အေတြးထဲမွာ သူ႔ရဲ႕ပံုရိပ္ေတြ ေပၚလာတတ္ပါတယ္။ ကိုယ့္စိတ္ထဲမွာ သူ႔ကို ပံုေဖာ္ထားတဲ႔ ပံုရိပ္ေတြကို ေျပာင္းလဲပါ။ အဲ႔ဒီပံုရိပ္ေတြက မင္းရဲ႕ ခံစားခ်က္ေတြကို ဆြဲေခၚမသြားပါေစနဲ႔။

၅။ မင္းရဲ႕ အတိတ္ေပၚမွာ ျမင္ေနတဲ႔ အျမင္မွားေတြကို ေျပာင္းလဲလိုက္ပါ။

ကိုယ့္ကိုယ္ကို အျပစ္တင္ေနတာေတြ ရပ္လိုက္ပါ။ မွားယြင္းတဲ႔အတိတ္တစ္ခုလို႔ ျမင္ေနမဲ႔အစား အေတြ႕အႀကံဳတစ္ခုအျဖစ္ လက္ခံလိုက္ပါ။

၆။ မင္းရဲ႕ ခံစားခ်က္ေတြကို နားလည္ေအာင္ႀကိဳးစားပါ။

မင္းက ဒီေဝဒနာကို ကိုင္တြယ္ဖို႔ မႀကိဳးစားသေရြ႕ေတာ့ အသည္းကြဲတဲ႔ ခံစားခ်က္ဟာ ေပ်ာက္ကြယ္သြားမွာမဟုတ္ပါဘူး။ ဒီခံစားခ်က္ဟာ တစ္စံုတစ္ေယာက္က စာတစ္ေစာင္ေပးဖို႔
မင္းရဲ႕ တံခါးကိုေခါက္ေနသလိုပါပဲ။ ဒီခံစားခ်က္ေတြဟာ မင္းရဲ႕ စိတ္တံခါးကို အျမဲလိုလို လာေခါက္ေနပါလိမ့္မယ္။ မင္းက ဖြင့္မေပးဘူးဆိုရင္ ဆက္ျပီး ေခါက္ေနပါလိမ့္မယ္။ တံခါးဖြင့္ေပးလိုက္ပါ။ ခံစားလိုက္ပါ။ ဒါက ခက္ခဲပါလိမ့္မယ္။ ဒါေပမဲ႔ ႀကိဳးစာျပီး ဒီခံစားခ်က္ေတြကို နားလည္ေအာင္ ႀကိဳးစားလိုက္ပါ။ ႀကာလာရင္ ေမွးမွိန္ေပ်ာက္ကြယ္သြားပါလိမ့္မယ္။

၇။ အခ်စ္စစ္တစ္ခု ထပ္ျပီး ေတြ႕ႏိုင္မယ္ဆိုတာ ယံုႀကည္လိုက္ပါ။

သူကလြဲျပီး ဘယ္သူ႔ကိုမွ ခ်စ္ႏိုင္ေတာ့မွာမဟုတ္ဘူးဆိုတဲ႔ ခံစားခ်က္ ေထာင္ေခ်ာက္ထဲကို အမိမခံပါနဲ႕။ ခ်စ္ရတဲ႔သူ ေနာက္ထပ္တစ္ေယာက္ ဘယ္ေတာ့မွ မေတြ႕ႏိုင္ေတာ့ဘူးလို႔ မထင္လိုက္ပါနဲ႔။ လူသန္းေပါင္းမ်ားစြာ ရွိေနတဲ႔ ဒီကမၻာမွာ ဒါဟာ ျဖစ္ႏိုင္ပါမလား။ ဒီအသည္းကြဲေဝဒနာႀကီးက ဘယ္ေတာ့မွ မေပ်ာက္ႏိုင္ဘူးလို႔ ယံုႀကည္ေနလို႔ ဒါမွမဟုတ္ ဒီေဝဒနာႀကီး ခံစားရတာကို ႀကာက္ေနလို႔ မင္း ဒီလို ထင္ေနတာ ျဖစ္ႏိုင္ပါတယ္။ အဲ႔ဒီေႀကာက္ရြံ႕မႈက မင္းကို ေသာကေရာက္ေစျပီး ဒီေဝဒနာကို ႀကာရွည္ ခံစားရေစပါလိမ့္မယ္။ အဲ႔ဒီေတာ့ ကိုယ္ေနာက္ထပ္ခ်စ္ႏိုင္မဲ႔သူ ဒီကမၻာမွာ သူကလြဲျပီး ဘယ္သူမွ ရွိႏိုင္ေတာ့မွာမဟုတ္ဘူးလို႔ ဘယ္ေတာ့မွ မေတြးလိုက္ပါနဲ႔။

၈။ လွပတဲ႔ အနာဂတ္ကို ပံုေဖာ္ႀကည့္ပါ။

မင္းရဲ႕ ကမၻာသစ္ေလးကို ပံုေဖာ္ႀကည့္ပါ။ ေပ်ာ္ရႊင္မႈေတြ ျပည့္ႏွက္ေနတဲ႔ ကမၻာသစ္ေလးက မင္းကို ေစာင့္ႀကိဳေနတယ္လို႔ ေတြးႀကည့္ပါ။ အဲ႔ဒီကမၻာေလးကို သြားဖို႔ ႀကိဳးစားႀကည့္လိုက္ပါ။

၉။ ကိုယ့္ကိုယ္ကို တိုးတတ္ေအာင္လုပ္ပါ။

အေပါင္းအသင္းအသစ္ေတြနဲ႔ ေပါင္းသင္းပါ။ ပတ္ဝန္းက်င္အသစ္မွာ အေတြ႕အႀကံဳအသစ္ေတြ ယူပါ။ စိန္ေခၚမႈေတြ ရင္ဆိုင္ႀကည့္ပါ။ ကိုယ့္ကိုယ္ကို တိုးတတ္ေစမဲ႔ စာဖတ္ျခင္းေတြ ျပဳလုပ္ပါ။ တူရိယာတစ္ခုခု တီးတတ္ဖို႔ သင္ယူတာမ်ိဳး ျပဳလုပ္ႏိုင္ပါတယ္။ ခရီးသြားတာေတြ လုပ္ပါ။ နာက်င္မႈေတြကို အလုပ္လုပ္ျခင္းနဲ႔ ႀကိဳးစားျပီး ေမ႔ေပ်ာက္ႏိုင္ပါတယ္။

Credit: Christine ( Love Shop )

# Unicode Version ျဖင့္ ဖတ္ပါ #

အသည်းကွဲတဲ့ဝေဒနာက ခံစားရတဲ့သူတိုင်းအတွက်တော့ အကြီးမားဆုံးနာကျင်မှုကြီးဖြစ်ပါလိမ့်မယ်။ ဒီဝေဒနာကနေ ရုန်းထွက်ဖို့က မလွယ်ကူတာသိပါတယ်။ ဒါပေမဲ့ ဒီဝေဒနာကြီးကို ကျော်လွန်ပြီး လှပတဲ့ဘဝသစ်လေးကို စဖို့ ဒီအချက်လေးတွေ လုပ်ဆောင်ကြည့်ပါ။

၁။ နာကျင်မှုကို လက်ခံပါ။

နာကျင်မှုတွေ ခံစားရတော့မယ်ဆိုတာကို လက်ခံပါ။ ကိုယ်က တကယ်နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့လူတိုင်းအတွက် ကိုယ်ချစ်ရတဲ့သူနဲ့ ဝေးရတဲ့အခါ နာကျင်မှုတွေ ခံစားရတာဟာ လုံးဝရှောင်လွှဲလို့မရတဲ့အရာပါ။ အသည်းကွဲတဲ့သူတွေရဲ့ ပြဿနာကတော့ သူတို့တွေဟာ ဒီနာကျင်မှုတွေထဲမှာပဲ ထပ်ခါ ထပ်ခါ လည်ပတ်နေကြလို့ပါ။ ကြာလာတဲ့အခါ ဒီနာကျင်မှု ခံစားချက်တွေက အလေ့အကျင့်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။

၂။ အလေ့အကျင့်တွေ ပြောင်းလိုက်ပါ။

ex ကို သတိရစေတဲ့ သီချင်းတွေ နားထောင်တာ ရပ်လိုက်ပါ။ အသစ်အဆန်းတွေ လုပ်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ စိတ်ဓာတ်ကျဆင်းမှုအတွက် အကောင်းဆုံး ကုသမှုတစ်ခုပဲဖြစ်တဲ့အတွက် physical exercise လုပ်ပါ။ အပြောင်းအလဲလုပ်လိုက်တာက အမြဲတမ်းကြီးအတွက် မဟုတ်လည်းရပါတယ်။ ဥပမာ ex ရဲ့ ဖုန်းနံပါတ်ကို contact ထဲက ဖြတ်လိုက်တာတို့ ဓာတ်ပုံတွေ ဖြတ်လိုက်တာတို့ လုပ်လို့ရပါတယ်။

၃။ အတွေးတွေ ပြောင်းလိုက်ပါ။

နှစ်ဦးအတူရှိခဲ့ချိန်တွေမှာ ရှိခဲ့တဲ့ ကိုယ့်ရဲ့အတွေးအခေါ်ပုံစံတွေဟာ အလေ့အကျင့်ဖြစ်ပြီး relationship အဆုံးသတ်သွားတဲ့အချိန်မှာလည်း ဒီအရာတွေ ဒီအတွေးတွေ ပျော်ရွှင်မှုတွေကို တောင့်တမိတတ်ပါတယ်။ အရေးကြီးဆုံးကတော့ အသည်းကွဲတာကို မင်းရဲ့ ပျော်ရွှင်မှုအဆုံးသတ်အဖြစ်နဲ့ ဘယ်တော့မှ မသတ်မှတ်လိုက်ပါနဲ့။

၄။ ကိုယ့်စိတ်ထဲမှာ သတ်မှတ်ထားတဲ့ သူရဲ့ ပုံရိပ်တွေကို ပြောင်းလဲလိုက်ပါ။

လူတော်တော်များများဟာ စိတ်ကူးယဉ်မှုတွေထဲမှာ ပုံဖော်တာတွေ လုပ်တတ်ကြပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ အတွေးထဲမှာ သူ့ရဲ့ပုံရိပ်တွေ ပေါ်လာတတ်ပါတယ်။ ကိုယ့်စိတ်ထဲမှာ သူ့ကို ပုံဖော်ထားတဲ့ ပုံရိပ်တွေကို ပြောင်းလဲပါ။ အဲ့ဒီပုံရိပ်တွေက မင်းရဲ့ ခံစားချက်တွေကို ဆွဲခေါ်မသွားပါစေနဲ့။

၅။ မင်းရဲ့ အတိတ်ပေါ်မှာ မြင်နေတဲ့ အမြင်မှားတွေကို ပြောင်းလဲလိုက်ပါ။

ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ ရပ်လိုက်ပါ။ မှားယွင်းတဲ့အတိတ်တစ်ခုလို့ မြင်နေမဲ့အစား အတွေ့အကြုံတစ်ခုအဖြစ် လက်ခံလိုက်ပါ။

၆။ မင်းရဲ့ ခံစားချက်တွေကို နားလည်အောင်ကြိုးစားပါ။

မင်းက ဒီဝေဒနာကို ကိုင်တွယ်ဖို့ မကြိုးစားသရွေ့တော့ အသည်းကွဲတဲ့ ခံစားချက်ဟာ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဒီခံစားချက်ဟာ တစ်စုံတစ်ယောက်က စာတစ်စောင်ပေးဖို့
မင်းရဲ့ တံခါးကိုခေါက်နေသလိုပါပဲ။ ဒီခံစားချက်တွေဟာ မင်းရဲ့ စိတ်တံခါးကို အမြဲလိုလို လာခေါက်နေပါလိမ့်မယ်။ မင်းက ဖွင့်မပေးဘူးဆိုရင် ဆက်ပြီး ခေါက်နေပါလိမ့်မယ်။ တံခါးဖွင့်ပေးလိုက်ပါ။ ခံစားလိုက်ပါ။ ဒါက ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ကြိုးစာပြီး ဒီခံစားချက်တွေကို နားလည်အောင် ကြိုးစားလိုက်ပါ။ ကြာလာရင် မှေးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်။

၇။ အချစ်စစ်တစ်ခု ထပ်ပြီး တွေ့နိုင်မယ်ဆိုတာ ယုံကြည်လိုက်ပါ။

သူကလွဲပြီး ဘယ်သူ့ကိုမှ ချစ်နိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ ခံစားချက် ထောင်ချောက်ထဲကို အမိမခံပါနဲ့။ ချစ်ရတဲ့သူ နောက်ထပ်တစ်ယောက် ဘယ်တော့မှ မတွေ့နိုင်တော့ဘူးလို့ မထင်လိုက်ပါနဲ့။ လူသန်းပေါင်းများစွာ ရှိနေတဲ့ ဒီကမ္ဘာမှာ ဒါဟာ ဖြစ်နိုင်ပါမလား။ ဒီအသည်းကွဲဝေဒနာကြီးက ဘယ်တော့မှ မပျောက်နိုင်ဘူးလို့ ယုံကြည်နေလို့ ဒါမှမဟုတ် ဒီဝေဒနာကြီး ခံစားရတာကို ကြာက်နေလို့ မင်း ဒီလို ထင်နေတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီကြောက်ရွံ့မှုက မင်းကို သောကရောက်စေပြီး ဒီဝေဒနာကို ကြာရှည် ခံစားရစေပါလိမ့်မယ်။ အဲ့ဒီတော့ ကိုယ်နောက်ထပ်ချစ်နိုင်မဲ့သူ ဒီကမ္ဘာမှာ သူကလွဲပြီး ဘယ်သူမှ ရှိနိုင်တော့မှာမဟုတ်ဘူးလို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။

၈။ လှပတဲ့ အနာဂတ်ကို ပုံဖော်ကြည့်ပါ။

မင်းရဲ့ ကမ္ဘာသစ်လေးကို ပုံဖော်ကြည့်ပါ။ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာသစ်လေးက မင်းကို စောင့်ကြိုနေတယ်လို့ တွေးကြည့်ပါ။ အဲ့ဒီကမ္ဘာလေးကို သွားဖို့ ကြိုးစားကြည့်လိုက်ပါ။

၉။ ကိုယ့်ကိုယ်ကို တိုးတတ်အောင်လုပ်ပါ။

အပေါင်းအသင်းအသစ်တွေနဲ့ ပေါင်းသင်းပါ။ ပတ်ဝန်းကျင်အသစ်မှာ အတွေ့အကြုံအသစ်တွေ ယူပါ။ စိန်ခေါ်မှုတွေ ရင်ဆိုင်ကြည့်ပါ။ ကိုယ့်ကိုယ်ကို တိုးတတ်စေမဲ့ စာဖတ်ခြင်းတွေ ပြုလုပ်ပါ။ တူရိယာတစ်ခုခု တီးတတ်ဖို့ သင်ယူတာမျိုး ပြုလုပ်နိုင်ပါတယ်။ ခရီးသွားတာတွေ လုပ်ပါ။ နာကျင်မှုတွေကို အလုပ်လုပ်ခြင်းနဲ့ ကြိုးစားပြီး မေ့ပျောက်နိုင်ပါတယ်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top