iMyanmarHouse.com - Best Property Website for Myanmar
×



အႏုပညာေလာကမွာ သ႐ုပ္ေဆာင္မႈပုိင္းနဲ႔ေရာ ဒါ႐ုိက္တာ အပုိင္းနဲ႔ပါ ပရိသတ္ေတြကုိ ဆြဲေဆာင္ႏုိင္တဲ့ ႏုိင္ငံေက်ာ္ သ႐ုပ္ေဆာင္ဒါ႐ုိက္တာသားညီဟာ အခုအခ်ိန္မွာ သာသနာ့ေဘာင္အတြင္း အၿပီးဝင္သြားခဲ့ၿပီျဖစ္တဲ့ ဦးေက်ာ္ဟိန္းနဲ႔ ကြယ္လြန္သြားတာ ၁၁ႏွစ္ေက်ာ္ၿပီ ျဖစ္ေသာ အကုိအရင္းျဖစ္သူ ေဒြးတုိ႔ရဲ႕ စိတ္ဓာတ္အေၾကာင္းေတြကုိ MCရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆုိသြားခဲ့ပါတယ္။ ဦးေက်ာ္ဟိန္းက အႏုပညာနဲ႔ပတ္သက္ရင္ ေလာဘႀကီးတယ္ ဘယ္သူ႔ကုိမွ အားမနာဘူးလုိ႔ သားညီက ေျပာပါတယ္။

သားညီက “ဦးေက်ာ္က အႏုပညာေလာဘအရမ္းႀကီးတယ္ အတၱလည္းႀကီးတယ္ သူလုိခ်င္တာ သူလုပ္ခ်င္တာတစ္ခုကုိပဲ သိတယ္ ကြၽန္ေတာ္က အရမ္းအားနာတတ္တယ္ အဲ့တာေတြမွာ ကြၽန္ေတာ္ ေတာ္ေတာ္ ဒုကၡေရာက္ခဲ့ရတာေတြ႐ွိတယ္။ ကြၽန္ေတာ္ အားနာလုိက္မိလုိ႔ ဒုကၡေရာက္ရၿပီဆုိရင္ ဦးေက်ာ္ကုိ သြားသတိရတယ္ ဦးေက်ာ္က အလုပ္နဲ႔ ပတ္သက္လာရင္ ဘယ္သူကုိမွ အားမနာဘူး ေျပာစရာ႐ွိတာ ကုိေျပာတယ္ လုပ္စရာ႐ွိတာကုိ လုပ္တယ္။ အလုပ္နဲ႔ ပတ္သက္ လာရင္ အရမ္းျပတ္သား တိက်တယ္ အကုန္လုံးလည္း သိၾကမွာပါ ဦးေက်ာ္ဟိန္းအေၾကာင္းကုိ ကြၽန္ေတာ္ အဲ့လုိ အားနာလုိ႔ လုိက္ေလ်ာမိလုိက္လုိ႔ ဒုကၡေတြ ေရာက္ၿပီဆုိရင္ ငါဦးေက်ာ္လုိ စိတ္ထားလုိက္ရမွာကြာလုိ႔ဆုိၿပီး အျမဲတမ္းျဖစ္ပါတယ္။အခုအခ်ိန္မွာသာ ဦးေက်ာ္အနားမွာ ႐ွိရင္ ကြၽန္ေတာ့္ကုိ ထုိင္ဆဲေနမွာ။စိတ္တုိင္းေတြမက် အလုိေတြမက်ျဖစ္ၿပီး ထုိင္ဆူထုိင္ဆဲေနမွာ။”လုိ႔ ေျပာသြားခဲ့ပါတယ္။


အကုိျဖစ္သူ ကုိသားႀကီးကုိေရာ သတိရလားလုိ႔ ေမးျမန္းခဲ့ရာ သားညီက”သတိရတာမဟုတ္ဘူး လြမ္းတာပါ။ အကုိက ကြၽန္ေတာ့္ကုိ ေျပာဖူးတယ္ မင္းက ေရနဲ႔တူတယ္တဲ့ ေတြ႔ရာလူနဲ႔ အကုန္တည့္ေအာင္ေပါင္းတယ္ေပါ့ေနာ္ သူက အဲ့လုိမ်ိဳး မျဖစ္ေစခ်င္ဘူး ကြၽန္ေတာ္က အဲ့လုိေပါ့ အကုန္လုံးနဲ႔ သင့္တင့္ေအာင္ေနေတာ့ သူက မႀကိဳက္ဘူး ကုိယ့္စည္းေလးတစ္ခုထားေပါ့ သူက အဲ့လုိထားေစခ်င္တာ။”လုိ႔ေျပာခဲ့ၿပီး သူတုိ႔႐ုိက္ခဲ့တဲ့ အရမ္းေအာင္ျမင္ခဲ့တဲ့ကားေတြကုိ ျပန္ၿပီး ဖန္တီးခ်င္တာမ်ိဳး ႐ွိလားလုိ႔ ေမးခြန္းကုိ သားညီက ေခါင္းခါျပခဲ့ၿပီး အမွတ္တရဟာ အမွတ္တရလုိ ထားတာပဲ ေကာင္းပါတယ္လုိ႔ ျပန္ေျဖသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ဒါ႐ုိက္တာတစ္ေယာက္အျဖစ္နဲ႔ ရပ္တည္ရတာ အခက္အခဲေတြ ႐ွိလားလုိ႔ ေမးျမန္းခဲ့ရာ သားညီက”ကုိယ္ေရြးခ်ယ္ခဲ့တဲ့ လမ္းအတြက္ ေနာင္တေတာ့မရပါဘူး ဒီလမ္းေပၚ ကြၽန္ေတာ္ေရာက္လာၿပီ ဒါ႐ုိက္တာတစ္ေယာက္အေနနဲ႔ ဘာပဲေျပာေျပာ သ႐ုပ္ေဆာင္သားညီ ဘာျဖစ္တယ္ ညာျဖစ္တယ္ေျပာၾကတယ္ အခုလက္႐ွိအခ်ိန္မွာ ဒါ႐ုိက္တာ တစ္ေယာက္အေနနဲ႔ ရပ္တည္ေနတာေလ အဲ့ေတာ့ ကုိယ္ေရြးထားၿပီးသားလမ္းတစ္ခုကုိေတာ့ ေနာက္မဆုတ္ဘူး တတ္ႏုိင္သေလာက္ ကြၽန္ေတာ္ အေကာင္းဆုံးျဖစ္ေအာင္လုပ္မယ္ ကြၽန္ေတာ္တုိ႔ ေလာကအတြက္ အုတ္တစ္ခ်ပ္သဲတစ္ပြင့္ျဖစ္ေအာင္ ကြၽန္ေတာ္ လုပ္ေပးႏုိင္သေလာက္ ကြၽန္ေတာ္ လုပ္ေပးမယ္ ဒါကကြၽန္ေတာ့္ရဲ႕ ခံယူခ်က္ေပါ့။”လုိ႔ ေျပာသြားခဲ့ပါတယ္။


႐ုံတင္ဖုိ႔အတြက္ ႐ုပ္႐ွင္႐ုံေတြ အခက္အခဲ႐ွိတာကုိ ဘယ္လုိျမင္လဲဆုိတဲ့ ေမးခြန္းကုိ”ကြၽန္ေတာ္ ညဘက္ ညဘက္ တကၠစီဆြဲဖုိ႔ေတာ့ ျပင္ဆင္ထားတယ္ေပါ့ေနာ္။ ျဖစ္ေစခ်င္တာေပါ့ေနာ္ အခုတစ္လကုိ ႐ွစ္ကားႏႈန္းတင္တာၾကေတာ့ တအားေၾကာက္ဖုိ႔ေကာင္းတယ္ေပါ့ေနာ္ အဲ့႐ွစ္ကားမွာမွ လူၾကည့္တာက ႏွစ္ကားသုံးကားေလာက္ေလး ကုိယ့္ကားက အဲ့ ႏွစ္ကားသုံးကားထဲမွာ ပါဖုိ႔ဆုိတာ ေတာ္ေတာ္ေလးကုိ ခက္ခဲပါတယ္။ ၿပီးေတာ့ ပရိသတ္က ဘာၾကဳိက္လဲဆုိတာ မွန္းလုိ႔ မရေတာ့ပါဘူး အခုဟာသကားဆုိၿပီး ဟာသကားေတြ ႐ုိက္ၾကေတာ့လည္း တစ္ခ်ဳိ႕ေတြ တစ္ခ်ဳိ႕ဟာသေတြ ပုိက္ဆံမရျပန္ဘူးေလ ဖုိက္တင္ေတြ႐ုိက္ေတာ့လည္းမရ အဲ့ေတာ့ ပရိသတ္ၾကဳိက္တာကုိ မလုပ္ဘဲနဲ႔ ကုိယ္ၾကဳိက္တာကုိပဲ ကုိယ္လုပ္ျပန္ရင္လည္း ကြဲ။ ဆုိတဲ့ခါ တစ္ခါတစ္ခါၾကေတာ့ ႐ုပ္႐ွင္က ဘာလုပ္လုိ႔ ဘာကုိင္ရမွန္းကုိ မသိပါဘူး။ ကုိယ့္ထက္ဝါရင့္သဘာရင့္တဲ့ ဆရာႀကီးေတြ လုပ္ၾကပါလိမ့္မယ္။”လုိ႔ ေျဖဆုိသြားခဲ့ပါတယ္။

ကိုယ္တုိင္ဒါ႐ုိက္တာ လုပ္ၿပီး ႐ုိက္ထားတဲ့ ကားကုိ ပရိသတ္က လက္ခံက်တဲ့အခါ သားညီက”ေပ်ာ္တာေပါ့ဗ်ာ ကြၽန္ေတာ္တုိ႔ဆုိတာ ဒီဟာေလးနဲ႔ ရပ္တည္ရတာေပါ့ လူတုိင္း ပုိက္ဆံလုိပါတယ္ မလုိဘူး မဟုတ္ပါဘူး။ ဟာမင္းအဲ့လုိေျပာေၾကးဆုိ ပုိက္ဆံမယူပဲ ႐ုိက္ဆုိၿပီး လာမွာအဲ့လုိမ်ိဳး စကားေတြ အေနာက္က ပါလာမွာေပါ့ေနာ္ ပုိက္ဆံမလုိဘူးေတာ့ မဟုတ္ဘူး လုိပါတယ္ ဒါေပမဲ့ ပုိက္ဆံရတယ္ဆုိတာထက္ ပရိသတ္က ဟာအဲ့ကားေလးေကာင္းတယ္ဆုိၿပီး အားေပးတဲ့ အသံေလးကုိေတာ့ ဒါ႐ုိက္တာတစ္ေယာက္ကပုိၿပီးေတာ့feel႐ွိတာေပါ့။”လုိ႔ ေျပာခဲ့ပါတယ္။


ဗီဒီယုိေစ်းကြက္ ျပန္လည္ေကာင္းမြန္လာဖုိ႔အတြက္ ဘယ္သူေတြမွာ တာဝန္႐ွိလဲလုိ႔ ေမးျမန္းခဲ့ရာ” အကုန္လုံးေပါ့ တစ္ေယာက္ထဲမရဘူး ဒါ႐ုိက္တာေတြလည္းမရဘူး သ႐ုပ္ေဆာင္ေတြလည္းမရဘူး ပ႐ုိဂ်ဴဆာေတြလည္းမရဘူး အကုန္လုံး တစ္ေလာကလုံး ဘယ္လုိေလးလုပ္ၾကရင္ေကာင္းမလဲ စဥ္းစားၿပီးေတာ့ သက္ဆုိင္ရာလူႀကီးေတြပါ ပါေပါ့ေနာ္ အဲ့တာဆုိရင္ ဗီဒီယုိေလာကက ျပန္ၿပီး တုိးတက္လာမွာပါ။”လုိ႔ ေျပာခဲ့ပါတယ္။

Credit: Nanmalgyi

# Unicode Version ျဖင့္ ဖတ္ပါ #

အနုပညာလောကမှာ သရုပ်ဆောင်မှုပိုင်းနဲ့ရော ဒါရိုက်တာ အပိုင်းနဲ့ပါ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံကျော် သရုပ်ဆောင်ဒါရိုက်တာသားညီဟာ အခုအချိန်မှာ သာသနာ့ဘောင်အတွင်း အပြီးဝင်သွားခဲ့ပြီဖြစ်တဲ့ ဦးကျော်ဟိန်းနဲ့ ကွယ်လွန်သွားတာ ၁၁နှစ်ကျော်ပြီ ဖြစ်သော အကိုအရင်းဖြစ်သူ ဒွေးတို့ရဲ့ စိတ်ဓာတ်အကြောင်းတွေကို MCရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။ ဦးကျော်ဟိန်းက အနုပညာနဲ့ပတ်သက်ရင် လောဘကြီးတယ် ဘယ်သူ့ကိုမှ အားမနာဘူးလို့ သားညီက ပြောပါတယ်။

သားညီက “ဦးကျော်က အနုပညာလောဘအရမ်းကြီးတယ် အတ္တလည်းကြီးတယ် သူလိုချင်တာ သူလုပ်ချင်တာတစ်ခုကိုပဲ သိတယ် ကျွန်တော်က အရမ်းအားနာတတ်တယ် အဲ့တာတွေမှာ ကျွန်တော် တော်တော် ဒုက္ခရောက်ခဲ့ရတာတွေရှိတယ်။ ကျွန်တော် အားနာလိုက်မိလို့ ဒုက္ခရောက်ရပြီဆိုရင် ဦးကျော်ကို သွားသတိရတယ် ဦးကျော်က အလုပ်နဲ့ ပတ်သက်လာရင် ဘယ်သူကိုမှ အားမနာဘူး ပြောစရာရှိတာ ကိုပြောတယ် လုပ်စရာရှိတာကို လုပ်တယ်။ အလုပ်နဲ့ ပတ်သက် လာရင် အရမ်းပြတ်သား တိကျတယ် အကုန်လုံးလည်း သိကြမှာပါ ဦးကျော်ဟိန်းအကြောင်းကို ကျွန်တော် အဲ့လို အားနာလို့ လိုက်လျောမိလိုက်လို့ ဒုက္ခတွေ ရောက်ပြီဆိုရင် ငါဦးကျော်လို စိတ်ထားလိုက်ရမှာကွာလို့ဆိုပြီး အမြဲတမ်းဖြစ်ပါတယ်။အခုအချိန်မှာသာ ဦးကျော်အနားမှာ ရှိရင် ကျွန်တော့်ကို ထိုင်ဆဲနေမှာ။စိတ်တိုင်းတွေမကျ အလိုတွေမကျဖြစ်ပြီး ထိုင်ဆူထိုင်ဆဲနေမှာ။”လို့ ပြောသွားခဲ့ပါတယ်။

အကိုဖြစ်သူ ကိုသားကြီးကိုရော သတိရလားလို့ မေးမြန်းခဲ့ရာ သားညီက”သတိရတာမဟုတ်ဘူး လွမ်းတာပါ။ အကိုက ကျွန်တော့်ကို ပြောဖူးတယ် မင်းက ရေနဲ့တူတယ်တဲ့ တွေ့ရာလူနဲ့ အကုန်တည့်အောင်ပေါင်းတယ်ပေါ့နော် သူက အဲ့လိုမျိုး မဖြစ်စေချင်ဘူး ကျွန်တော်က အဲ့လိုပေါ့ အကုန်လုံးနဲ့ သင့်တင့်အောင်နေတော့ သူက မကြိုက်ဘူး ကိုယ့်စည်းလေးတစ်ခုထားပေါ့ သူက အဲ့လိုထားစေချင်တာ။”လို့ပြောခဲ့ပြီး သူတို့ရိုက်ခဲ့တဲ့ အရမ်းအောင်မြင်ခဲ့တဲ့ကားတွေကို ပြန်ပြီး ဖန်တီးချင်တာမျိုး ရှိလားလို့ မေးခွန်းကို သားညီက ခေါင်းခါပြခဲ့ပြီး အမှတ်တရဟာ အမှတ်တရလို ထားတာပဲ ကောင်းပါတယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ ရပ်တည်ရတာ အခက်အခဲတွေ ရှိလားလို့ မေးမြန်းခဲ့ရာ သားညီက”ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းအတွက် နောင်တတော့မရပါဘူး ဒီလမ်းပေါ် ကျွန်တော်ရောက်လာပြီ ဒါရိုက်တာတစ်ယောက်အနေနဲ့ ဘာပဲပြောပြော သရုပ်ဆောင်သားညီ ဘာဖြစ်တယ် ညာဖြစ်တယ်ပြောကြတယ် အခုလက်ရှိအချိန်မှာ ဒါရိုက်တာ တစ်ယောက်အနေနဲ့ ရပ်တည်နေတာလေ အဲ့တော့ ကိုယ်ရွေးထားပြီးသားလမ်းတစ်ခုကိုတော့ နောက်မဆုတ်ဘူး တတ်နိုင်သလောက် ကျွန်တော် အကောင်းဆုံးဖြစ်အောင်လုပ်မယ် ကျွန်တော်တို့ လောကအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်အောင် ကျွန်တော် လုပ်ပေးနိုင်သလောက် ကျွန်တော် လုပ်ပေးမယ် ဒါကကျွန်တော့်ရဲ့ ခံယူချက်ပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ရုံတင်ဖို့အတွက် ရုပ်ရှင်ရုံတွေ အခက်အခဲရှိတာကို ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းကို”ကျွန်တော် ညဘက် ညဘက် တက္ကစီဆွဲဖို့တော့ ပြင်ဆင်ထားတယ်ပေါ့နော်။ ဖြစ်စေချင်တာပေါ့နော် အခုတစ်လကို ရှစ်ကားနှုန်းတင်တာကြတော့ တအားကြောက်ဖို့ကောင်းတယ်ပေါ့နော် အဲ့ရှစ်ကားမှာမှ လူကြည့်တာက နှစ်ကားသုံးကားလောက်လေး ကိုယ့်ကားက အဲ့ နှစ်ကားသုံးကားထဲမှာ ပါဖို့ဆိုတာ တော်တော်လေးကို ခက်ခဲပါတယ်။ ပြီးတော့ ပရိသတ်က ဘာကြိုက်လဲဆိုတာ မှန်းလို့ မရတော့ပါဘူး အခုဟာသကားဆိုပြီး ဟာသကားတွေ ရိုက်ကြတော့လည်း တစ်ချို့တွေ တစ်ချို့ဟာသတွေ ပိုက်ဆံမရပြန်ဘူးလေ ဖိုက်တင်တွေရိုက်တော့လည်းမရ အဲ့တော့ ပရိသတ်ကြိုက်တာကို မလုပ်ဘဲနဲ့ ကိုယ်ကြိုက်တာကိုပဲ ကိုယ်လုပ်ပြန်ရင်လည်း ကွဲ။ ဆိုတဲ့ခါ တစ်ခါတစ်ခါကြတော့ ရုပ်ရှင်က ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိပါဘူး။ ကိုယ့်ထက်ဝါရင့်သဘာရင့်တဲ့ ဆရာကြီးတွေ လုပ်ကြပါလိမ့်မယ်။”လို့ ဖြေဆိုသွားခဲ့ပါတယ်။

ကိုယ်တိုင်ဒါရိုက်တာ လုပ်ပြီး ရိုက်ထားတဲ့ ကားကို ပရိသတ်က လက်ခံကျတဲ့အခါ သားညီက”ပျော်တာပေါ့ဗျာ ကျွန်တော်တို့ဆိုတာ ဒီဟာလေးနဲ့ ရပ်တည်ရတာပေါ့ လူတိုင်း ပိုက်ဆံလိုပါတယ် မလိုဘူး မဟုတ်ပါဘူး။ ဟာမင်းအဲ့လိုပြောကြေးဆို ပိုက်ဆံမယူပဲ ရိုက်ဆိုပြီး လာမှာအဲ့လိုမျိုး စကားတွေ အနောက်က ပါလာမှာပေါ့နော် ပိုက်ဆံမလိုဘူးတော့ မဟုတ်ဘူး လိုပါတယ် ဒါပေမဲ့ ပိုက်ဆံရတယ်ဆိုတာထက် ပရိသတ်က ဟာအဲ့ကားလေးကောင်းတယ်ဆိုပြီး အားပေးတဲ့ အသံလေးကိုတော့ ဒါရိုက်တာတစ်ယောက်ကပိုပြီးတော့feelရှိတာပေါ့။”လို့ ပြောခဲ့ပါတယ်။

ဗီဒီယိုဈေးကွက် ပြန်လည်ကောင်းမွန်လာဖို့အတွက် ဘယ်သူတွေမှာ တာဝန်ရှိလဲလို့ မေးမြန်းခဲ့ရာ” အကုန်လုံးပေါ့ တစ်ယောက်ထဲမရဘူး ဒါရိုက်တာတွေလည်းမရဘူး သရုပ်ဆောင်တွေလည်းမရဘူး ပရိုဂျူဆာတွေလည်းမရဘူး အကုန်လုံး တစ်လောကလုံး ဘယ်လိုလေးလုပ်ကြရင်ကောင်းမလဲ စဉ်းစားပြီးတော့ သက်ဆိုင်ရာလူကြီးတွေပါ ပါပေါ့နော် အဲ့တာဆိုရင် ဗီဒီယိုလောကက ပြန်ပြီး တိုးတက်လာမှာပါ။”လို့ ပြောခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top