iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးေတြ စိတ္အညစ္ရဆံုး အလွအပဆိုင္ရာ ျပႆနာတစ္ခုထဲမွာ ဆံပင္ပါးျခင္းဟာလည္း ထိပ္ဆံုးက ပါဝင္ေနပါတယ္။ ပါးေနတဲ့ဆံပင္ကေန ေမြးရာပါအံုထူတဲ့သူေတြေလာက္ေတာ့ သင္ေျပာင္းလဲယူလို႔ မရေပမယ့္ သင့္ရဲ့လက္ရွိပါးေနတဲ့ ဆံပင္အံုထက္ပိုျပီးၾကည့္ေကာင္းေအာင္ေတာ့ ေသခ်ာေပါက္လုပ္လို႔ရပါတယ္………….

၁ ။ ဆံေကသာကို အျမဲသန္႔ရွင္းေအာင္ထားပါ။

ျပင္ပေလထုထဲက အညစ္အေၾကးေတြေၾကာင့္ ဆံပင္ဟာလည္း ညစ္ေပလြယ္တတ္ပါတယ္။ ရာသီဥတုပူတဲ့အခ်ိန္မွာဆိုေခြ်းေတြနဲ႔ ပိုျပီး ညစ္ေပလြယ္တတ္ပါတယ္။ ဆံပင္ကထြက္တဲ့အဆီနဲ႔ပတ္ဝန္းက်င္က အညစ္အေၾကးေတြေပါင္းစပ္သြားတဲ့အခါ ဆံပင္ကို အိက်လာေစပါတယ္။ အစတည္းက ဆံပင္ပါးတဲ့သူဆို ဒီလိုအေျခအေနမ်ိဳးမွာ ပိုထင္ေပၚလာတတ္ပါတယ္ မိမိရဲ့ဆံပင္ဟာ ပါးတယ္ဆိုရင္ ဆံပင္ကိုအိက်သြားေစမယ့္ ဆံေကသာ ထုတ္ကုန္ေတြကိုလည္း ေရွာင္ရွားသင့္ပါတယ္။ ဆံေကသာအလွဆီမ်ား၊ Hair Gel မ်ား၊ Hair Spray မ်ားကို လြန္ကဲစြာအသံုးျပဳမိပါက ဆံပင္ပိုျပီးအိက်သြားႏိုင္တာမို႔ အထူးဂရုစိုက္သင့္ပါတယ္။

သဘာဝဝက္မွ်င္ဘီးကို အသံုးျပဳပါ။

ဆံပင္အံုပါးတဲ့သူေတြအေနနဲ႔ မိမိရဲ့ဆံပင္ေတြကြ်တ္တာကို မလိုခ်င္မွာေတာ့ အေသအခ်ာပါပဲ။ သဘာဝဝက္မွ်င္ဘီးေတြဟာ သာမန္ႏိုင္လြန္ဘီးေတြ၊ အျခားဘီးေတြထက္ ႏူးညံ့ျပီး ဆံပင္ကြ်တ္ျခင္း၊ ပ်က္စီးျခင္းကို ေလ်ာ့က်ေစပါတယ္။ဒါ့အျပင္ သဘာဝဝက္မွ်င္ဘီးရဲ့ ပံုသ႑ာန္ေၾကာင့္ ေခါင္းျဖီးရာမွာ ဆံပင္ကို ပိုမုိအံုထူလာေစျပီး ၾကည့္ေကာင္းလာေစ မွာျဖစ္ပါတယ္။

ဆံေကသာထိန္းသိမ္းမႈဆိုင္ရာထုတ္ကုန္ေတြကို ေသခ်ာေရြးပါ။

ဆံပင္အံုပါးတဲ့သူေတြဟာ ဆံေကသာ ထိန္းသိမ္းမႈဆိုင္ရာ ထုတ္ကုန္ေတြကို အသံုးျပဳတဲ့အခါ သတိထားျပီး ေရြးခ်ယ္ သင့္ပါတယ္။ ဆံပင္ထူသေယာင္ျဖစ္ေအာင္ လုပ္ေပးတဲ့ Sprayေတြလည္း အသံုးျပဳႏိုုင္ပါတယ္။သင့္ေတာ္တဲ့ဆံပင္ပံုစံကိုညွပ္ပါ။ဆံပင္ပါးေပမယ့္ ဆံပင္အတိုကိုမွ ႀကိဳက္တဲ့သူေတြအေနနဲ႔ Step လိုမ်ဳိး အထပ္ေလးေတြညွပ္ျခင္းအားျဖင့္ ထူေနသေယာင္ ျဖစ္ေနမွာျဖစ္ပါတယ္။

ပခံုးမေရာက္တေရာက္အရွည္ဆံပင္ပံုစံကိုမွ ထားခ်င္တယ္ဆိုရင္လည္း အေပၚမွာထူၿပီး ေအာက္ဘက္မွာအဖ်ားရွဴးတဲဲ့စတိုင္မ်ိဳးညွပ္လို႔ရႏိုင္ပါတယ္။အေျဖာင့္ပံုစံမ်ိဳးကို မႀကိဳက္ရင္လည္း ေကာက္သားအနည္းငယ္ထည့္ေပးႏိုင္ပါတယ္။ဆံပင္အံုပါးျခင္းေၾကာင့္ စိတ္ညစ္ေနတဲ့ ပ်ိဳေမေတြအားလံုး အထက္ပါအခ်က္ေတြကို လိုက္နာျခင္းျဖင့္ အရင္ထက္ပိုျပီးဆံပင္အံုထူလာမွာျဖစ္ပါတယ္။ ပ်ိဳေမတိုင္းအတြက္ အေရးၾကီးတဲ့ဆံေကသာကို ဂရုတစိုက္ ထိန္းသိမ္းႏိုင္ၾကပါေစ။

Credit: Lwinpyin

# Unicode Version ျဖင့္ ဖတ္ပါ #

မိန်းကလေးတွေ စိတ်အညစ်ရဆုံး အလှအပဆိုင်ရာ ပြဿနာတစ်ခုထဲမှာ ဆံပင်ပါးခြင်းဟာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ပါးနေတဲ့ဆံပင်ကနေ မွေးရာပါအုံထူတဲ့သူတွေလောက်တော့ သင်ပြောင်းလဲယူလို့ မရပေမယ့် သင့်ရဲ့လက်ရှိပါးနေတဲ့ ဆံပင်အုံထက်ပိုပြီးကြည့်ကောင်းအောင်တော့ သေချာပေါက်လုပ်လို့ရပါတယ်………….

၁ ။ ဆံကေသာကို အမြဲသန့်ရှင်းအောင်ထားပါ။

ပြင်ပလေထုထဲက အညစ်အကြေးတွေကြောင့် ဆံပင်ဟာလည်း ညစ်ပေလွယ်တတ်ပါတယ်။ ရာသီဥတုပူတဲ့အချိန်မှာဆိုချွေးတွေနဲ့ ပိုပြီး ညစ်ပေလွယ်တတ်ပါတယ်။ ဆံပင်ကထွက်တဲ့အဆီနဲ့ပတ်ဝန်းကျင်က အညစ်အကြေးတွေပေါင်းစပ်သွားတဲ့အခါ ဆံပင်ကို အိကျလာစေပါတယ်။ အစတည်းက ဆံပင်ပါးတဲ့သူဆို ဒီလိုအခြေအနေမျိုးမှာ ပိုထင်ပေါ်လာတတ်ပါတယ် မိမိရဲ့ဆံပင်ဟာ ပါးတယ်ဆိုရင် ဆံပင်ကိုအိကျသွားစေမယ့် ဆံကေသာ ထုတ်ကုန်တွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဆံကေသာအလှဆီများ၊ Hair Gel များ၊ Hair Spray များကို လွန်ကဲစွာအသုံးပြုမိပါက ဆံပင်ပိုပြီးအိကျသွားနိုင်တာမို့ အထူးဂရုစိုက်သင့်ပါတယ်။

သဘာဝဝက်မျှင်ဘီးကို အသုံးပြုပါ။
 
ဆံပင်အုံပါးတဲ့သူတွေအနေနဲ့ မိမိရဲ့ဆံပင်တွေကျွတ်တာကို မလိုချင်မှာတော့ အသေအချာပါပဲ။ သဘာဝဝက်မျှင်ဘီးတွေဟာ သာမန်နိုင်လွန်ဘီးတွေ၊ အခြားဘီးတွေထက် နူးညံ့ပြီး ဆံပင်ကျွတ်ခြင်း၊ ပျက်စီးခြင်းကို လျော့ကျစေပါတယ်။ဒါ့အပြင် သဘာဝဝက်မျှင်ဘီးရဲ့ ပုံသဏ္ဍာန်ကြောင့် ခေါင်းဖြီးရာမှာ ဆံပင်ကို ပိုမိုအုံထူလာစေပြီး ကြည့်ကောင်းလာစေ မှာဖြစ်ပါတယ်။

ဆံကေသာထိန်းသိမ်းမှုဆိုင်ရာထုတ်ကုန်တွေကို သေချာရွေးပါ။

ဆံပင်အုံပါးတဲ့သူတွေဟာ ဆံကေသာ ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်တွေကို အသုံးပြုတဲ့အခါ သတိထားပြီး ရွေးချယ် သင့်ပါတယ်။ ဆံပင်ထူသယောင်ဖြစ်အောင် လုပ်ပေးတဲ့ Sprayတွေလည်း အသုံးပြုနိုင်ပါတယ်။သင့်တော်တဲ့ဆံပင်ပုံစံကိုညှပ်ပါ။ဆံပင်ပါးပေမယ့် ဆံပင်အတိုကိုမှ ကြိုက်တဲ့သူတွေအနေနဲ့ Step လိုမျိုး အထပ်လေးတွေညှပ်ခြင်းအားဖြင့် ထူနေသယောင် ဖြစ်နေမှာဖြစ်ပါတယ်။

ပခုံးမရောက်တရောက်အရှည်ဆံပင်ပုံစံကိုမှ ထားချင်တယ်ဆိုရင်လည်း အပေါ်မှာထူပြီး အောက်ဘက်မှာအဖျားရှူးတဲ့စတိုင်မျိုးညှပ်လို့ရနိုင်ပါတယ်။အဖြောင့်ပုံစံမျိုးကို မကြိုက်ရင်လည်း ကောက်သားအနည်းငယ်ထည့်ပေးနိုင်ပါတယ်။ဆံပင်အုံပါးခြင်းကြောင့် စိတ်ညစ်နေတဲ့ ပျိုမေတွေအားလုံး အထက်ပါအချက်တွေကို လိုက်နာခြင်းဖြင့် အရင်ထက်ပိုပြီးဆံပင်အုံထူလာမှာဖြစ်ပါတယ်။ ပျိုမေတိုင်းအတွက် အရေးကြီးတဲ့ဆံကေသာကို ဂရုတစိုက် ထိန်းသိမ်းနိုင်ကြပါစေ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top