iMyanmarHouse.com - Best Property Website for Myanmar
×


ဇြန္လ ၁၃ ရက္ေန႔က Junction City မွာ ျပဳလုပ္တဲ့ “COACH X Keith HARING” ပစၥည္းသစ္မိတ္ဆက္ပြဲမွာ အဆိုေတာ္ ဂေရဟမ္ တို႕မိသားစုအပါအဝင္ အႏုပညာရွင္မ်ားစြာ တက္ေရာက္ခဲ့ပါတယ္။ သမီးရွင္ ဖီဖီ ဂေရဟမ္က သမီးေတြနဲ႕ ပတ္သက္တဲ့ သေဘာထားကိုလည္း အင္တာဗ်ဴး တစ္ခုမွာ ပြင့္ပြင့္လင္းလင္း ေျပာျပသြားပါတယ္။ ပန္းေရာင္ျခယ္ကို သေဘာက်တဲ့ ပုရိသေတြ အတြက္ ဖီဖီ ဘာမ်ား ေျပာၾကားသြားလဲ ဆိုတာေျပာခ်င္လြန္းလို႕ပါ။

Coach brand ပြဲကို တက္ေရာက္ေပမဲ့ ဒီ brand ကို သံုးဖူးတာက မွတ္မွတ္ရရ သမီးေတြက ေမြးေန႕လက္ေဆာင္ ဆိုျပီးေတာ့ တိတ္တိတ္ေလး ဝယ္ေပးခဲ့လို႕ သံုးျဖစ္တာပါတဲ့။ ေစ်းကၾကီးေနေတာ့ သမီးရယ္ ေစ်းၾကီးလိုက္တာလို႕ ဖီဖီ က ႏွေျမာမိပါတယ္တဲ့ ။ ဒါေပမဲ့ သံုးရတဲ့အတြက္ ေပ်ာ္ပါတယ္ လို႕ဆိုပါတယ္။


သမီးေတြြ ငယ္ငယ္ရြယ္ရြယ္နဲ႕ ေအာင္ျမင္မႈအေပၚ ဖီဖီ ဘယ္လိုျမင္လဲ ဆိုေတာ့ –

“သမီးေတြက ငယ္ငယ္ရြယ္ရြယ္ နဲ႕ ေအာင္ျမင္ျပီးေတာ့ ဝင္ေငြရွာႏိုင္မယ္လို႕ အဲ့လိုၾကီးေတာ့လည္း မေတြးထားဖူးပါဘူး။သမီးၾကီးေတာင္မွ အႏုပညာေလာကထဲဝင္ဖို႕ ဝမ္းစာျပည့္ဖို႕ နည္းနည္းေလးေတာင္ လိုေသးတယ္လို႕ အကိုကေတာ့ထင္ပါတယ္။” လို႕ဆိုပါတယ္။

သမီးေတြကို ဘယ္လိုထိန္းေက်ာင္းေပးျဖစ္လဲဆိုေတာ့ –

” မိဘဆိုေတာ့ တစ္ခ်ိန္လံုး အျမင္မေတာ္ရင္ ေျပာေနရတာပဲေလ။ သားသမီး နဲ႕ မိဘဆိုေတာ့။ အခ်ိန္မ်ားေသာအားျဖင့္က တူတူရွိေနေတာ့ အႏုပညာပိုင္းဆိုင္ရာေရာ က်န္တဲ့ဟာေတြေရာ မိဘဆိုေတာ့ သားသမီးကို သြန္သင္ရတာေပါ့။” လို႕ဆိုပါတယ္။


သားသမီးေတြကို တြန္႕တိုလားဆိုေတာ့ –

“သမီးေတြကို တြန္႕တိုရမွာေပါ့ အေဖပဲ။ အဲ့လိုစေနာက္တာေတာ့ စိတ္မဆိုးပါဘူး။ ေယာကၡမၾကီးေခၚလည္း ျပသနာမရွိပါဘူး။ တစ္ခ်ိန္က်ေတာ့လည္း အေတာင္စံုရင္သူတို႕လည္း သဘာဝ တရားအတိုင္း အိမ္ေထာင္ျပဳတယ္ဆိုတာ တစ္ေန႕ေတာ့ၾကံဳရမဲ့ ကိစၥပဲေလ။ အခုသီခ်င္းဆိုရင္လည္း ရိႈးေတြမွာ ေယာကၡမၾကီး ဘာညာေခၚတယ္။ စိတ္မဆိုးပါဘူး။” လို႔ဆုိပါတယ္။


ဖီဖီ ဂေရဟမ္က ကမၻာ့ဖလား ေဘာလံုးပြဲေတြကို ၾကည့္ရတာ ၾကိဳက္သလို အၾကိဳက္ဆံုး ကစားသမားေတြက ေရာ္နယ္ဒို ေနမာတို႕ျဖစ္ျပီး အၾကိဳက္ဆံုးအသင္းက Brazil ပါတဲ့။ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးထဲမွာေရာ ဖီဖီ နဲ႕ အၾကိဳက္တူတာ ဘယ္ႏွစ္ေယာက္ပါသလဲ။

Credit: Nanmalgyi

# Unicode Version ျဖင့္ ဖတ္ပါ #

ဇွန်လ ၁၃ ရက်နေ့က Junction City မှာ ပြုလုပ်တဲ့ “COACH X Keith HARING” ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ အဆိုတော် ဂရေဟမ် တို့မိသားစုအပါအဝင် အနုပညာရှင်များစွာ တက်ရောက်ခဲ့ပါတယ်။ သမီးရှင် ဖီဖီ ဂရေဟမ်က သမီးတွေနဲ့ ပတ်သက်တဲ့ သဘောထားကိုလည်း အင်တာဗျူး တစ်ခုမှာ ပွင့်ပွင့်လင်းလင်း ပြောပြသွားပါတယ်။ ပန်းရောင်ခြယ်ကို သဘောကျတဲ့ ပုရိသတွေ အတွက် ဖီဖီ ဘာများ ပြောကြားသွားလဲ ဆိုတာပြောချင်လွန်းလို့ပါ။

Coach brand ပွဲကို တက်ရောက်ပေမဲ့ ဒီ brand ကို သုံးဖူးတာက မှတ်မှတ်ရရ သမီးတွေက မွေးနေ့လက်ဆောင် ဆိုပြီးတော့ တိတ်တိတ်လေး ဝယ်ပေးခဲ့လို့ သုံးဖြစ်တာပါတဲ့။ ဈေးကကြီးနေတော့ သမီးရယ် ဈေးကြီးလိုက်တာလို့ ဖီဖီ က နှမြောမိပါတယ်တဲ့ ။ ဒါပေမဲ့ သုံးရတဲ့အတွက် ပျော်ပါတယ် လို့ဆိုပါတယ်။

သမီးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုအပေါ် ဖီဖီ ဘယ်လိုမြင်လဲ ဆိုတော့ –

“သမီးတွေက ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင်ပြီးတော့ ဝင်ငွေရှာနိုင်မယ်လို့ အဲ့လိုကြီးတော့လည်း မတွေးထားဖူးပါဘူး။သမီးကြီးတောင်မှ အနုပညာလောကထဲဝင်ဖို့ ဝမ်းစာပြည့်ဖို့ နည်းနည်းလေးတောင် လိုသေးတယ်လို့ အကိုကတော့ထင်ပါတယ်။” လို့ဆိုပါတယ်။

သမီးတွေကို ဘယ်လိုထိန်းကျောင်းပေးဖြစ်လဲဆိုတော့ –

” မိဘဆိုတော့ တစ်ချိန်လုံး အမြင်မတော်ရင် ပြောနေရတာပဲလေ။ သားသမီး နဲ့ မိဘဆိုတော့။ အချိန်များသောအားဖြင့်က တူတူရှိနေတော့ အနုပညာပိုင်းဆိုင်ရာရော ကျန်တဲ့ဟာတွေရော မိဘဆိုတော့ သားသမီးကို သွန်သင်ရတာပေါ့။” လို့ဆိုပါတယ်။

သားသမီးတွေကို တွန့်တိုလားဆိုတော့ –

“သမီးတွေကို တွန့်တိုရမှာပေါ့ အဖေပဲ။ အဲ့လိုစနောက်တာတော့ စိတ်မဆိုးပါဘူး။ ယောက္ခမကြီးခေါ်လည်း ပြသနာမရှိပါဘူး။ တစ်ချိန်ကျတော့လည်း အတောင်စုံရင်သူတို့လည်း သဘာဝ တရားအတိုင်း အိမ်ထောင်ပြုတယ်ဆိုတာ တစ်နေ့တော့ကြုံရမဲ့ ကိစ္စပဲလေ။ အခုသီချင်းဆိုရင်လည်း ရှိုးတွေမှာ ယောက္ခမကြီး ဘာညာခေါ်တယ်။ စိတ်မဆိုးပါဘူး။” လို့ဆိုပါတယ်။

ဖီဖီ ဂရေဟမ်က ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို ကြည့်ရတာ ကြိုက်သလို အကြိုက်ဆုံး ကစားသမားတွေက ရော်နယ်ဒို နေမာတို့ဖြစ်ပြီး အကြိုက်ဆုံးအသင်းက Brazil ပါတဲ့။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော ဖီဖီ နဲ့ အကြိုက်တူတာ ဘယ်နှစ်ယောက်ပါသလဲ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top