iMyanmarHouse.com - Best Property Website for Myanmar
×


ကိုယ္ခ်စ္တဲ့သူေတြကုိ ျမင္ရဖို႕၊ သဘာဝရဲ႕ အလွတရားကိုခံစားဖုိ႕၊ ရုပ္ရွင္ၾကည့္ဖို႕ ေန႔စဥ္ လုပ္ေနတဲ့ အလုပ္ေတြကို လုပ္ဖို႔အတြက္ မ်က္စိရဲ႕ အျမင္အာရံုက မရွိမျဖစ္ အေရးပါပါတယ္။ ဒီလို အေရးၾကီးလွတဲ့ အျမင္အာရံု ေလးကို မထိခိုက္ေစဖို႕အတြက္ ကိုယ့္ဘက္က လုပ္ေပးရမယ့္ အပိုင္းေလးေတြရွိပါတယ္။ ကဲ မ်က္လံုးက်န္းမာေရးအတြက္ ဘယ္လို အခ်က္ေတြကိုလိုက္နာဖုိ႕ လိုမလဲဆုိတာကို ၾကည့္ရေအာင္

ရႊန္းစို က်န္းမာတဲ မ်က္ဝန္းတစ္စံု  ပိုင္ဆိုင္ဖို႕ လိုက္နာသင့္တဲ့ အခ်က္မ်ား

ညီညြတ္မွ်တတဲ့ အစားအေသာက္ေတြစားပါ

အစားအေသာက္ဆုိတာ ကိုယ့္က်န္းမာေရးကို ေကာင္းေအာင္လည္း လုပ္ေပးႏုိင္သလို ဆိုးေအာင္လည္း လုပ္ေပးႏုိင္တဲ့အရာေတြပါ။ အားလံုးသိၾကတဲ့အတိုင္း မ်က္လံုးက်န္းမာေရးအတြက္ဆို   ဗီတာမင္ A ၾကြယ္ဝတဲ့ မုန္လာဥနီ၊ ျမင္းခြာရြက္၊ ဟင္းႏုႏြယ္တို႕ကို စားေပးဖို႔လိုအပ္ပါတယ္။ ဒါ့အျပင္ ေဆာလ္မြန္ငါး၊ ၾကက္ဥ နဲ႔ အျခား အဆီမ်ားတဲ့ ငါးေတြမွာ  အျမင္အာရံုကို အထူးက်န္းမာေစတဲ့ Omega 6 တို႔လည္းပါတာေၾကာင့္ သင္ေန႔စဥ္စားေနတဲ့ အစားအေသာက္ေတြထဲမွာ သူတို႕ကိုလည္း ေမ့ခဲ့လို႔မရပါဘူး။

ေဆးလိပ္ျဖတ္ပါ

ေဆးလိပ္ ေသာက္ျခင္းေၾကာင့္ရတဲ့ က်န္းမာေရး ေကာင္းက်ိဳးေတြ သင္ၾကားဖူးပါသလား။ ေဆးလိပ္ေၾကာင့္ သ့င္ အျမင္အာရံုေၾကာထိခိုက္သြားျပီး  macular degeneration ဆိုတဲ့ အျမင္အာရံုခ်ိဳ႕တဲ့တဲ့ ေရာဂါရႏုိင္သလို ေဆးလိပ္ေသာက္သူေတြက အတြင္းတိမ္ျဖစ္ဖို႕ အလားအလာ ပိုမ်ားႏုိ္င္ပါတယ္။ ဒါေၾကာင့္ သင့္ကို ေကာင္းက်ိဳးတစ္ခုမွ မေပးတဲ့ ေဆးလိပ္ကို ျဖတ္္လိုက္ပါ။

ေနကာမ်က္မွန္ဝတ္ဆင္ပါ

ေနေရာင္ထဲမွာ အသားအေရအတြက္သာမက မ်က္လံုးကိုပါ ဒုကၡေပးႏို္င္တဲ့ ခရမ္းလြန္ေရာင္ျခည္ေတြ က သင့္ရဲ႕ အျမင္အာရံုကို ပ်က္စီးေစတဲ့ ေၾကာက္စရာေကာင္းတဲ့ မျမင္ႏုိင္တဲ့အရာေတြပါ။ ဒီခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ဖို႕ဆိုရင္ အျပင္သြားတုိင္း ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ေပးႏုိင္တဲ့ ေနကာမ်က္မွန္ ဝတ္ဆင္သြားတာ အေကာင္းဆံုးပါ။ မ်က္ကပ္မွန္ တပ္ထားရင္ေတာင္ အျပင္ကေန ေနကာ မ်က္မွန္ထပ္တပ္ သြားဖို႕ အၾကံေပးပါရေစ။ ။

မ်က္လံုးကို ထိခိုက္ေစႏုိင္တဲ့ အလုပ္ခြင္ထဲေရာက္ေနရင္ အကာအကြယ္ဝတ္ထားပါ။  ။
ဂေဟ ေဆာ္တဲ့ အလုပ္၊  ဓာတုပစၥည္းေတြနဲ႕ ထိေတြ႕ေနရတဲ့ အလုပ္၊ မ်က္လံုးထဲ အမႈန္အမႊားေတြ ဝင္ႏို္င္တဲ့ အ လုပ္ေတြ လုပ္ေနရတဲ့သူေတြဆုိ ၾကိဳျပီ းသတိရွိရွိနဲ႔ မ်က္လံုး အကာအကြယ္တပ္ဆင္ထားဖို႕ အေရးၾကီးပါတယ္။

ကြန္ပ်ဴဳတာတို႕ ဖုန္းတို႕ကို အၾကာၾကီး မၾကည့္ပါနဲ႕

ေခတ္ၾကီးက တုိးတက္လာတဲ့အေလ်ာက္ ေဖ်ာ္ေျဖေရးက႑ေတြလည္း မႈွိလိုေပါက္လာတဲ့အျပင္ လုပ္ရတဲ့ ကုမၸဏီ အလုပ္ေတာ္ေတာ္မ်ားမ်ားက ကြန္ပ်ဳတာကို ေတာက္ေလွ်ာက္ၾကည့္ေနရတာမ်ားပါတယ္။ ဒါဟာ နည္းပညာတိုးတက္လာတာျဖစ္မယ့္ သင့္မ်က္လံုက်န္းမာေရးကို ဆုတ္ယုတ္ေစပါတယ္။ ကြန္ပ်ဴတာ အၾကည့္မ်ားျပီး မ်က္လံုးျပာလာတာ၊ မ်က္လံုးစပ္လာတာ၊ မ်က္လံုးေအာင့္လာေတြက သင့္မ်က္လံုး ထိေနျပီိလို႕ေျပာခ်င္တဲ့သေဘာပါ။ ကိုယ့္အလုပ္က ကြန္ပ်ဴတာကို အျမဲၾကည့္ေနရတဲ့ အလုပ္ဆိုရင္ မ်က္လံုးမထိခိုက္ေစဖို႕အတြက္ ခုေျပာထားတဲ့နည္းေလးေတြကို လုိက္လုပ္ၾကည့္ေစခ်င္ပါတယ္။

ကြန္ပ်ဴတာ ၁ နာရီေလာက္ၾကည့္ျပီးရင္ အေဝးတစ္ေနရာကို( အထူးသျဖင့္ အစိမ္းေရာင္ရွိတဲ့ အပင္ေတြကို ) ၁၅ မ္ိနစ္ေလာက္ ၾကည့္ေပးပါ။ကြန္ပ်ဴတာၾကည့္ရင္ မ်က္လံုးကို မထိခိုက္ေစမယ့္ မ်က္မွန္တို႔ ကြန္ပ်ဴတာမ်က္ႏွာျပင္က အလင္းေရာင္ကို ကာေပးတဲ့ အကာအကြယ္တစ္ခုခုျဖစ္ျဖစ္သံုးပါ။

မ်က္ေတာင္ခတ္ေပးဖို႕လည္း မေမ့ပါနဲ႔။
မ်က္လံုးေညာင္းလာရင္ မိနစ္ ၂၀ ေလာက္ မွိတ္ထားေပးပါ( ဒါမွမဟုတ္) ေပ၂၀ ေလာက္ကြာတဲ့ အေဝးတစ္ေနရာကို စကၠန္႔ ၂၀ ေလာက္ျပန္ၾကည့္ေပးပါ။
ဆရာဝန္ဆီမွာ ၃လတစ္ခါ မ်က္လံုးကို သြားသြား စစ္ေဆးေပးပါ။  ။
ဆရာဝန္ဆီမွာ ပံုမွန္ မ်က္လံုးစစ္ေဆးဖို႕ဆုိတာ လူတုိင္း လုပ္သင့္တဲ့ ကိစၥတစ္ခုပါ။ ဒါမွ ကိုယ့္အျမင္အာရံု ထိခိုက္ေနျပီလား၊ အျခား မ်က္လံုးနဲ႔ ပက္သက္တဲ့ ေရာဂါေတြေရာ ရွိေသးလားဆိုတာကို ၾကိဳတင္သိရွိႏိုင္မွာျဖစ္ပါတယ္။

ကိုယ့္ရဲ႕ မ်က္စိေလးကို ေစာင့္ေရွာက္ရမွာ ကိုယ္ကိုယ္တိုင္ပဲ ျဖစ္တာေၾကာင့္ ဒီေဆာင္းပါးေလးထဲမွာ ေျပာျပေပးထားတဲ့ အခ်က္ေလးေတြကို လိုက္နာဖို႕ လိုတယ္ေနာ္။  ။

Credit: Hello Sayarwon

# Unicode Version ျဖင့္ ဖတ္ပါ #

ကိုယ်ချစ်တဲ့သူတွေကို မြင်ရဖို့၊ သဘာဝရဲ့ အလှတရားကိုခံစားဖို့၊ ရုပ်ရှင်ကြည့်ဖို့ နေ့စဉ် လုပ်နေတဲ့ အလုပ်တွေကို လုပ်ဖို့အတွက် မျက်စိရဲ့ အမြင်အာရုံက မရှိမဖြစ် အရေးပါပါတယ်။ ဒီလို အရေးကြီးလှတဲ့ အမြင်အာရုံ လေးကို မထိခိုက်စေဖို့အတွက် ကိုယ့်ဘက်က လုပ်ပေးရမယ့် အပိုင်းလေးတွေရှိပါတယ်။ ကဲ မျက်လုံးကျန်းမာရေးအတွက် ဘယ်လို အချက်တွေကိုလိုက်နာဖို့ လိုမလဲဆိုတာကို ကြည့်ရအောင်

ရွှန်းစို ကျန်းမာတဲ မျက်ဝန်းတစ်စုံ  ပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့ အချက်များ

ညီညွတ်မျှတတဲ့ အစားအသောက်တွေစားပါ

အစားအသောက်ဆိုတာ ကိုယ့်ကျန်းမာရေးကို ကောင်းအောင်လည်း လုပ်ပေးနိုင်သလို ဆိုးအောင်လည်း လုပ်ပေးနိုင်တဲ့အရာတွေပါ။ အားလုံးသိကြတဲ့အတိုင်း မျက်လုံးကျန်းမာရေးအတွက်ဆို   ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီ၊ မြင်းခွာရွက်၊ ဟင်းနုနွယ်တို့ကို စားပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဆောလ်မွန်ငါး၊ ကြက်ဥ နဲ့ အခြား အဆီများတဲ့ ငါးတွေမှာ  အမြင်အာရုံကို အထူးကျန်းမာစေတဲ့ Omega 6 တို့လည်းပါတာကြောင့် သင်နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာ သူတို့ကိုလည်း မေ့ခဲ့လို့မရပါဘူး။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ် သောက်ခြင်းကြောင့်ရတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ သင်ကြားဖူးပါသလား။ ဆေးလိပ်ကြောင့် သ့င် အမြင်အာရုံကြောထိခိုက်သွားပြီး  macular degeneration ဆိုတဲ့ အမြင်အာရုံချို့တဲ့တဲ့ ရောဂါရနိုင်သလို ဆေးလိပ်သောက်သူတွေက အတွင်းတိမ်ဖြစ်ဖို့ အလားအလာ ပိုများနိုင်ပါတယ်။ ဒါကြောင့် သင့်ကို ကောင်းကျိုးတစ်ခုမှ မပေးတဲ့ ဆေးလိပ်ကို ဖြတ်လိုက်ပါ။

နေကာမျက်မှန်ဝတ်ဆင်ပါ

နေရောင်ထဲမှာ အသားအရေအတွက်သာမက မျက်လုံးကိုပါ ဒုက္ခပေးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ က သင့်ရဲ့ အမြင်အာရုံကို ပျက်စီးစေတဲ့ ကြောက်စရာကောင်းတဲ့ မမြင်နိုင်တဲ့အရာတွေပါ။ ဒီခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ဆိုရင် အပြင်သွားတိုင်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန် ဝတ်ဆင်သွားတာ အကောင်းဆုံးပါ။ မျက်ကပ်မှန် တပ်ထားရင်တောင် အပြင်ကနေ နေကာ မျက်မှန်ထပ်တပ် သွားဖို့ အကြံပေးပါရစေ။ ။

မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အလုပ်ခွင်ထဲရောက်နေရင် အကာအကွယ်ဝတ်ထားပါ။  ။
ဂဟေ ဆော်တဲ့ အလုပ်၊  ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နေရတဲ့ အလုပ်၊ မျက်လုံးထဲ အမှုန်အမွှားတွေ ဝင်နိုင်တဲ့ အ လုပ်တွေ လုပ်နေရတဲ့သူတွေဆို ကြိုပြီ းသတိရှိရှိနဲ့ မျက်လုံး အကာအကွယ်တပ်ဆင်ထားဖို့ အရေးကြီးပါတယ်။

ကွန်ပျူုတာတို့ ဖုန်းတို့ကို အကြာကြီး မကြည့်ပါနဲ့

ခေတ်ကြီးက တိုးတက်လာတဲ့အလျောက် ဖျော်ဖြေရေးကဏ္ဍတွေလည်း မှုှိလိုပေါက်လာတဲ့အပြင် လုပ်ရတဲ့ ကုမ္ပဏီ အလုပ်တော်တော်များများက ကွန်ပျုတာကို တောက်လျှောက်ကြည့်နေရတာများပါတယ်။ ဒါဟာ နည်းပညာတိုးတက်လာတာဖြစ်မယ့် သင့်မျက်လုံကျန်းမာရေးကို ဆုတ်ယုတ်စေပါတယ်။ ကွန်ပျူတာ အကြည့်များပြီး မျက်လုံးပြာလာတာ၊ မျက်လုံးစပ်လာတာ၊ မျက်လုံးအောင့်လာတွေက သင့်မျက်လုံး ထိနေပြီလို့ပြောချင်တဲ့သဘောပါ။ ကိုယ့်အလုပ်က ကွန်ပျူတာကို အမြဲကြည့်နေရတဲ့ အလုပ်ဆိုရင် မျက်လုံးမထိခိုက်စေဖို့အတွက် ခုပြောထားတဲ့နည်းလေးတွေကို လိုက်လုပ်ကြည့်စေချင်ပါတယ်။

ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် အဝေးတစ်နေရာကို( အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ အပင်တွေကို ) ၁၅ မိနစ်လောက် ကြည့်ပေးပါ။ကွန်ပျူတာကြည့်ရင် မျက်လုံးကို မထိခိုက်စေမယ့် မျက်မှန်တို့ ကွန်ပျူတာမျက်နှာပြင်က အလင်းရောင်ကို ကာပေးတဲ့ အကာအကွယ်တစ်ခုခုဖြစ်ဖြစ်သုံးပါ။

မျက်တောင်ခတ်ပေးဖို့လည်း မမေ့ပါနဲ့။
မျက်လုံးညောင်းလာရင် မိနစ် ၂၀ လောက် မှိတ်ထားပေးပါ( ဒါမှမဟုတ်) ပေ၂၀ လောက်ကွာတဲ့ အဝေးတစ်နေရာကို စက္ကန့် ၂၀ လောက်ပြန်ကြည့်ပေးပါ။
ဆရာဝန်ဆီမှာ ၃လတစ်ခါ မျက်လုံးကို သွားသွား စစ်ဆေးပေးပါ။  ။
ဆရာဝန်ဆီမှာ ပုံမှန် မျက်လုံးစစ်ဆေးဖို့ဆိုတာ လူတိုင်း လုပ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒါမှ ကိုယ့်အမြင်အာရုံ ထိခိုက်နေပြီလား၊ အခြား မျက်လုံးနဲ့ ပက်သက်တဲ့ ရောဂါတွေရော ရှိသေးလားဆိုတာကို ကြိုတင်သိရှိနိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ မျက်စိလေးကို စောင့်ရှောက်ရမှာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တာကြောင့် ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးထားတဲ့ အချက်လေးတွေကို လိုက်နာဖို့ လိုတယ်နော်။  ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top