iMyanmarHouse.com - Best Property Website for Myanmar
×


တင္းက်ပ္လြန္းတဲ့ အသားကပ္ဂ်င္း ေဘာင္းဘီေတြ၊ ထူထဲတဲ့အေမြးပြ ေခါင္းစြပ္အက်ႌေတြကို ဝတ္ဆင္ျခင္းဟာ ခါးနာျခင္းကို ျဖစ္ေစႏိုင္တယ္လို႔ အေၾကာ အဆစ္ျပဳျပင္သူ ပညာရွင္အခ်ဳိ႕က သတိ ေပးခဲ့ၾကပါတယ္။

တင္းက်ပ္လြန္းတဲ႔ဂ်င္းေဘာင္းဘီ ေတြ ေနာက္ပြင့္ရွဴးဖိနပ္ေတြနဲ႔ ေက်ာမွာ လြယ္ပိုးရတဲ႔အိတ္ေတြဟာ ခါးနာေစတဲ့ အေၾကာင္းေတြကို ဖန္တီးေနတယ္လို႔ ကာယကုပညာရွင္တစ္ဦးက ဆိုပါတယ္။

ခါးနာေဝဒနာခံစားရတဲ႔အဲဒီအမ်ဳိးသမီးေတြကို ေလ႔လာၾကည့္လိုက္တဲ႔အခါ မွာေခတ္မီၿပီး ဖက္ရွင္က်တဲ့ ဝတ္စား ဆင္ယင္မႈရွိသူေတြ အထူးသျဖင့္ ေနာက္ ပြင့္ရွဴးဖိနပ္အမ်ားအျပား ဝတ္ဆင္သူ ေတြ၊ အရြယ္အစားႀကီးလြန္းၿပီး ဝန္နဲ႔ အားမမွ်တဲ့ ေက်ာပိုးအိတ္လြယ္ပိုးဝတ္ ဆင္သူေတြျဖစ္ေနတာကို ေတြ႕ရတယ္ လို႔ဆိုထားပါတယ္။

ႀကီးမားေလးလံတဲ့ လက္ဝတ္ ရတနာနဲ႔ ဖန္စီအသံုးအေဆာင္ေတြကို ဝတ္ဆင္ျခင္းကလည္း အျပစ္ဆိုစရာ အေၾကာင္းတစ္ခုလို႔ ဆိုရမလိုပါပဲ။အလွအပနဲ႔ ဖက္ရွင္ေခတ္ေရစီး ေၾကာင္းကို လြန္ဆန္လို႔မရတဲ့ေခတ္မွာ လြန္ကဲတဲ့ ျပင္ဆင္ျခယ္သမႈနဲ႔ ဝတ္စား ဆင္ယင္ထံုးဖြဲ႕ မႈေတြဟာ က်န္းမာေရးကို ထိခိုက္ေစႏိုင္တာကို လူေတာ္ေတာ္ မ်ားမ်ားက ေမ႔ေလ်ာ့ေနတတ္ၾကပါတယ္။

အလြန္တင္းက်ပ္ ကပ္ညႇပ္ေနတဲ့ ဂ်င္းေဘာင္းဘီေတြကို ဝတ္ဆင္ျခင္းက လႈပ္ရွားႏိုင္စြမ္းကို ကန္႔သတ္ထိန္းခ်ဳပ္ လိုက္ၿပီး ကိုယ္ဟန္အေနအထားဟန္ ခ်က္ညီေအာင္ ရပ္တည္ႏိုင္ဖုိ႔အတြက္ အျခားေသာ ၾကြက္သားေတြကို ပိုမို အားစိုက္ထိန္းခ်ဳပ္ရတာ ျဖစ္တဲ့အတြက္ ၾကြက္သားေတြကို နာက်င္ေစတယ္လို႔ အေၾကာအဆစ္ျပဳျပင္သူ ရီရွီေလာ့တီက ေျပာၾကားခဲ့ပါတယ္။

အဝတ္အစားေတြ အလြန္အမင္း တင္းက်ပ္ေနရင္ လမ္းေလွ်ာက္ရတဲ႔အခါ မွာလည္း သက္ေသာင့္ သက္သာနဲ႔ လြတ္လြတ္လပ္လပ္ မရွိေတာ့ပါဘူး။ သဘာဝအတိုင္းေျခလွမ္းလွမ္းတဲ့အခ်ိန္ နဲ႔ခြထိုင္တဲ႔အခ်ိန္ေတြမွာ ဒူး၊ တင္ပါးနဲ႔ခါး အဆစ္အျမစ္ေတြ တစ္ေလွ်ာက္က ေနလာတဲ့ဖိအားေတြကို ေလ်ာ့နည္းသြား ေအာင္လႈပ္္ရွားေဆာင္ရြက္ပါတယ္။

အကယ္၍ အဲဒီေနရာေတြထဲက တစ္ခုခုဟာ တင္းက်ပ္စြာ စည္းေႏွာင္ ထားတဲ့ အဝတ္အစားေတြေၾကာင့္ ပံုမွန္ လႈပ္ရွားသင့္သေလာက္ အလုပ္မလုပ္ ႏိုင္ေတာ့ဘူးဆိုရင္ ဖိအားေတြဟာ တျခားေနရာဆီကို ပိုမိုဝင္ေရာက္လာ ေတာ့မွာျဖစ္ၿပီး က်န္းမာေရးအရ မေကာင္းတဲ့အေျခအေနတစ္ခု ျဖစ္လာ ေတာ့မွာပါ။

Credit: Myanmaalinn

# Unicode Version ျဖင့္ ဖတ္ပါ #

တင်းကျပ်လွန်းတဲ့ အသားကပ်ဂျင်း ဘောင်းဘီတွေ၊ ထူထဲတဲ့အမွေးပွ ခေါင်းစွပ်အင်္ကျီတွေကို ဝတ်ဆင်ခြင်းဟာ ခါးနာခြင်းကို ဖြစ်စေနိုင်တယ်လို့ အကြော အဆစ်ပြုပြင်သူ ပညာရှင်အချို့က သတိ ပေးခဲ့ကြပါတယ်။

တင်းကျပ်လွန်းတဲ့ဂျင်းဘောင်းဘီ တွေ နောက်ပွင့်ရှူးဖိနပ်တွေနဲ့ ကျောမှာ လွယ်ပိုးရတဲ့အိတ်တွေဟာ ခါးနာစေတဲ့ အကြောင်းတွေကို ဖန်တီးနေတယ်လို့ ကာယကုပညာရှင်တစ်ဦးက ဆိုပါတယ်။

ခါးနာဝေဒနာခံစားရတဲ့အဲဒီအမျိုးသမီးတွေကို လေ့လာကြည့်လိုက်တဲ့အခါ မှာခေတ်မီပြီး ဖက်ရှင်ကျတဲ့ ဝတ်စား ဆင်ယင်မှုရှိသူတွေ အထူးသဖြင့် နောက် ပွင့်ရှူးဖိနပ်အများအပြား ဝတ်ဆင်သူ တွေ၊ အရွယ်အစားကြီးလွန်းပြီး ဝန်နဲ့ အားမမျှတဲ့ ကျောပိုးအိတ်လွယ်ပိုးဝတ် ဆင်သူတွေဖြစ်နေတာကို တွေ့ရတယ် လို့ဆိုထားပါတယ်။

ကြီးမားလေးလံတဲ့ လက်ဝတ် ရတနာနဲ့ ဖန်စီအသုံးအဆောင်တွေကို ဝတ်ဆင်ခြင်းကလည်း အပြစ်ဆိုစရာ အကြောင်းတစ်ခုလို့ ဆိုရမလိုပါပဲ။အလှအပနဲ့ ဖက်ရှင်ခေတ်ရေစီး ကြောင်းကို လွန်ဆန်လို့မရတဲ့ခေတ်မှာ လွန်ကဲတဲ့ ပြင်ဆင်ခြယ်သမှုနဲ့ ဝတ်စား ဆင်ယင်ထုံးဖွဲ့ မှုတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို လူတော်တော် များများက မေ့လျော့နေတတ်ကြပါတယ်။

အလွန်တင်းကျပ် ကပ်ညှပ်နေတဲ့ ဂျင်းဘောင်းဘီတွေကို ဝတ်ဆင်ခြင်းက လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထိန်းချုပ် လိုက်ပြီး ကိုယ်ဟန်အနေအထားဟန် ချက်ညီအောင် ရပ်တည်နိုင်ဖို့အတွက် အခြားသော ကြွက်သားတွေကို ပိုမို အားစိုက်ထိန်းချုပ်ရတာ ဖြစ်တဲ့အတွက် ကြွက်သားတွေကို နာကျင်စေတယ်လို့ အကြောအဆစ်ပြုပြင်သူ ရီရှီလော့တီက ပြောကြားခဲ့ပါတယ်။

အဝတ်အစားတွေ အလွန်အမင်း တင်းကျပ်နေရင် လမ်းလျှောက်ရတဲ့အခါ မှာလည်း သက်သောင့် သက်သာနဲ့ လွတ်လွတ်လပ်လပ် မရှိတော့ပါဘူး။ သဘာဝအတိုင်းခြေလှမ်းလှမ်းတဲ့အချိန် နဲ့ခွထိုင်တဲ့အချိန်တွေမှာ ဒူး၊ တင်ပါးနဲ့ခါး အဆစ်အမြစ်တွေ တစ်လျှောက်က နေလာတဲ့ဖိအားတွေကို လျော့နည်းသွား အောင်လှုပ်ရှားဆောင်ရွက်ပါတယ်။

အကယ်၍ အဲဒီနေရာတွေထဲက တစ်ခုခုဟာ တင်းကျပ်စွာ စည်းနှောင် ထားတဲ့ အဝတ်အစားတွေကြောင့် ပုံမှန် လှုပ်ရှားသင့်သလောက် အလုပ်မလုပ် နိုင်တော့ဘူးဆိုရင် ဖိအားတွေဟာ တခြားနေရာဆီကို ပိုမိုဝင်ရောက်လာ တော့မှာဖြစ်ပြီး ကျန်းမာရေးအရ မကောင်းတဲ့အခြေအနေတစ်ခု ဖြစ်လာ တော့မှာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top