iMyanmarHouse.com - Best Property Website for Myanmar
×


စူပါဟီး႐ိုး ဇာတ္လမ္းေတြ႐ိုက္ၿပီး ျမန္မာပရိသတ္ေတြၾကားမွာ နာမည္ႀကီးလာတဲ့ စည္သူပလပ္ကြၽတ္ကေတာ့ လက္ရွိမွာလည္း အႏုပညာလုပ္ငန္းေတြကို ေတာ္ေတာ္မ်ားမ်ား လုပ္ကိုင္လာရတာကိုေတြ႕ရပါတယ္။စည္သူပလပ္ကြၽတ္ရဲ႕ နာမည္တူအေကာင့္ေတြနဲ႔ သူ႔ရဲ႕ပရိသတ္ေတြကို အထင္လြဲေအာင္လုပ္တဲ့ အေကာင့္ဟာ အေကာင့္တုျဖစ္ေၾကာင္း ဇန္နဝါရီ ၂၃ ရက္ေန႔မွာ ျပဳလုပ္တဲ့ စာနယ္ဇင္းရွင္းလင္းပြဲမွာ ေျပာပါတယ္။

“အခုလိုအေကာင့္တုေတြနဲ႔ က်ေနာ္ကိုလိုက္ၿပီး ပရိသတ္ေတြကို အထင္လြဲေအာင္ လုပ္ေနတာ ဒီလိုလူမ်ိဳးေတြကို က်ေနာ္ နားမလည္ႏိုင္ေအာင္ပါပဲ။ ေတာ္ေတာ္လည္း ႐ိုင္းပါတယ္။ က်ေနာ္ရင္ထဲမွာ မေကာင္းလို႔ပါ။ က်ေနာ္ ေပၚျပဴလာျဖစ္ခ်င္လို႔ ဆိုၿပီးေျပာတယ္။ အႏုပညာသမားေတြက ေပၚျပဴလာျဖစ္ခ်င္ၾကပါတယ္။ ေပၚျပဴလာျဖစ္မွ ပရိသတ္သိမွာ”


“ ပရိသတ္သိမွက်ေနာ္တို အဆင္ေျပမွာ ေပၚျပဴလာျဖစ္ခ်င္လာဆိုရင္ေတာ့ ျဖစ္ခ်င္ပါတယ္။ ျဖစ္ခ်င္လို႔လည္း ဒီလို Spider Man ဝတ္စုံဝတ္တာပါ”လို႔ သ႐ုပ္ေဆာင္စည္သူ (ပလပ္ကြၽတ္) ကေျပာပါတယ္။ဆက္လက္ၿပီး “က်ေနာ္ Spider Man ဝတ္စုံဝတ္လို႔ ဆဲတာကို ခံႏိုင္ပါတယ္။ အခုလို က်ေနာ္တို႔ကိုဆဲတာ က်ေနာ္တို႔ အႏုပညာ သမားေတြက ႐ိုးေနပါၿပီ။ က်ေနာ္ခ်စ္တဲ့ ပရိသတ္ေတြကို အထင္လြဲေအာင္လုပ္တဲ့ အေကာင့္ဟာ က်ေနာ္မဟုတ္ဘဲ အေကာင့္တုေနေတြဆိုတာကို က်ေနာ္ရွင္းျပတာပါ”

“က်ေနာ္ပညာေရးလည္း နည္းတဲ့အတြက္ Facebook သုံးတာ သိပ္မကြၽမ္းပါဘူး။ အဲ့အေကာင့္တုက ရွိသမွ် မီဒီယာေတြရဲ႕Wall ထဲကို ဝင္တာ ။ က်ေနာ္အခု U Sithu နဲ႔ Sithu ႏွစ္ေကာင့္ကိုသုံးေနပါတယ္”သူမ်ားစတိုင္မခိုးဘဲ ကိုယ့္စတိုင္နဲ႔ပဲ ကိုယ္ေနတယ္ဆိုတဲ့ စည္သူ (ပလပ္ကြၽတ္) က သူဝတ္ဆင္ခဲ့တဲ့ Spider man ဝတ္စုံအေပၚ ေဝဖန္ေနၾကေသာ္လည္း ေနာက္ပိုင္းမွာ ထပ္ဝတ္ဖို႔ရွိတယ္လို႔ဆိုပါတယ္။


“က်ေနာ္လွည္းတန္းစင္တာပြဲေလးမွာ Spider man ဝတ္စုံ ဝတ္လိုက္တာ အဲ့အက်ိဳးဆက္ဘာျဖစ္လာလဲဆိုေတာ့ က်ေနာ့္ကို ဆဲတာေတြ ေဝဖန္တာေတြ ျမင့္တက္လာတယ္။ အဲ့ဒါမိုက္ပါတယ္။ အရမ္းလည္း လက္ခံပါတယ္။ အခုလက္ရွိမွာ Super Hero Fan တေယာက္ျဖစ္တာေၾကာင့္ Super Hero ဝတ္စုံေလးေတြကို ဆက္ဝတ္မယ္။ က်ေနာ္ရတဲ့ အႏုပညာေၾကးေလးနဲ႔ ဝယ္ၿပီးဝတ္လိုက္တာပါ။ ေနာက္ဟာေတြကိုလည္း ေခြၽးနည္းစာနဲ႔ စုၿပီးဝယ္ဦးမွာပါ”လို႔ စည္သူ (ပလပ္ကြၽတ္) က ေျပာပါတယ္။ပရိသတ္မ်ားရဲ႕ ေဝဖန္မႈကို လက္ခံၿပီး ႐ိုင္းသလိုျဖစ္သြားတဲ့အတြက္လည္း ေတာင္းပန္ေၾကာင္းသူက ဆိုပါတယ္။

“ေဖ်ာ္ေျဖမႈတိုင္းက ႐ိုး႐ိုးဆိုရင္ ဒီတိုင္းပဲ ျဖစ္မွာေလ။ ပရိသတ္ကို ဒီလိုေလးခ်ျပမွ သူတို႔ႀကိဳက္တာေတြ၊ မႀကိဳက္တာ ေတြေဝဖန္ႏိုင္မွာ။ ဒါေၾကာင့္ က်ေနာ္ကေတာ့ ထပ္ဝတ္မယ္။ ေသခ်ာတာ က်ေနာ္က သူမ်ားစတိုင္မခိုးဘူး။ ကိုယ္စတိုင္နဲ႔ပဲ ကိုယ္လုပ္မွာ။ ဒီဝတ္စုံေၾကာင့္ က်ေနာ္႐ိုင္းသလိုျဖစ္ရင္ ထပ္ခါထပ္ခါ ေတာင္းပန္ပါတယ္”လို႔ စည္သူ(ပလပ္ကြၽတ္)က ေျပာပါတယ္။

စည္သူ (ပလပ္ကြၽတ္)က ဇာတ္ကားမ်ားစြာမွာလည္း သ႐ုပ္ေဆာင္သလို မၾကာခင္မွာလည္း သူေခါင္းေဆာင္ ေနရာမွပါဝင္ သ႐ုပ္ေဆာင္ထားတဲ့ “ကိုေပါ” ႐ုပ္ရွင္ကားလည္း ႐ုံတင္ေတာ့မွာ ျဖစ္တယ္လို႔ဆိုပါတယ္။ စည္သူ (ပလပ္ကြၽတ္)က သ႐ုပ္ေဆာင္အျပင္ သီခ်င္းေတြလည္း သီဆိုေနသူတဦး ျဖစ္ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

စူပါဟီးရိုး ဇာတ်လမ်းတွေရိုက်ပြီး မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ စည်သူပလပ်ကျွတ်ကတော့ လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို တော်တော်များများ လုပ်ကိုင်လာရတာကိုတွေ့ရပါတယ်။စည်သူပလပ်ကျွတ်ရဲ့ နာမည်တူအကောင့်တွေနဲ့ သူ့ရဲ့ပရိသတ်တွေကို အထင်လွဲအောင်လုပ်တဲ့ အကောင့်ဟာ အကောင့်တုဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

“အခုလိုအကောင့်တုတွေနဲ့ ကျနော်ကိုလိုက်ပြီး ပရိသတ်တွေကို အထင်လွဲအောင် လုပ်နေတာ ဒီလိုလူမျိုးတွေကို ကျနော် နားမလည်နိုင်အောင်ပါပဲ။ တော်တော်လည်း ရိုင်းပါတယ်။ ကျနော်ရင်ထဲမှာ မကောင်းလို့ပါ။ ကျနော် ပေါ်ပြူလာဖြစ်ချင်လို့ ဆိုပြီးပြောတယ်။ အနုပညာသမားတွေက ပေါ်ပြူလာဖြစ်ချင်ကြပါတယ်။ ပေါ်ပြူလာဖြစ်မှ ပရိသတ်သိမှာ”

“ ပရိသတ်သိမှကျနော်တို အဆင်ပြေမှာ ပေါ်ပြူလာဖြစ်ချင်လာဆိုရင်တော့ ဖြစ်ချင်ပါတယ်။ ဖြစ်ချင်လို့လည်း ဒီလို Spider Man ဝတ်စုံဝတ်တာပါ”လို့ သရုပ်ဆောင်စည်သူ (ပလပ်ကျွတ်) ကပြောပါတယ်။ဆက်လက်ပြီး “ကျနော် Spider Man ဝတ်စုံဝတ်လို့ ဆဲတာကို ခံနိုင်ပါတယ်။ အခုလို ကျနော်တို့ကိုဆဲတာ ကျနော်တို့ အနုပညာ သမားတွေက ရိုးနေပါပြီ။ ကျနော်ချစ်တဲ့ ပရိသတ်တွေကို အထင်လွဲအောင်လုပ်တဲ့ အကောင့်ဟာ ကျနော်မဟုတ်ဘဲ အကောင့်တုနေတွေဆိုတာကို ကျနော်ရှင်းပြတာပါ”

“ကျနော်ပညာရေးလည်း နည်းတဲ့အတွက် Facebook သုံးတာ သိပ်မကျွမ်းပါဘူး။ အဲ့အကောင့်တုက ရှိသမျှ မီဒီယာတွေရဲ့Wall ထဲကို ဝင်တာ ။ ကျနော်အခု U Sithu နဲ့ Sithu နှစ်ကောင့်ကိုသုံးနေပါတယ်”သူများစတိုင်မခိုးဘဲ ကိုယ့်စတိုင်နဲ့ပဲ ကိုယ်နေတယ်ဆိုတဲ့ စည်သူ (ပလပ်ကျွတ်) က သူဝတ်ဆင်ခဲ့တဲ့ Spider man ဝတ်စုံအပေါ် ဝေဖန်နေကြသော်လည်း နောက်ပိုင်းမှာ ထပ်ဝတ်ဖို့ရှိတယ်လို့ဆိုပါတယ်။

“ကျနော်လှည်းတန်းစင်တာပွဲလေးမှာ Spider man ဝတ်စုံ ဝတ်လိုက်တာ အဲ့အကျိုးဆက်ဘာဖြစ်လာလဲဆိုတော့ ကျနော့်ကို ဆဲတာတွေ ဝေဖန်တာတွေ မြင့်တက်လာတယ်။ အဲ့ဒါမိုက်ပါတယ်။ အရမ်းလည်း လက်ခံပါတယ်။ အခုလက်ရှိမှာ Super Hero Fan တယောက်ဖြစ်တာကြောင့် Super Hero ဝတ်စုံလေးတွေကို ဆက်ဝတ်မယ်။ ကျနော်ရတဲ့ အနုပညာကြေးလေးနဲ့ ဝယ်ပြီးဝတ်လိုက်တာပါ။ နောက်ဟာတွေကိုလည်း ချွေးနည်းစာနဲ့ စုပြီးဝယ်ဦးမှာပါ”လို့ စည်သူ (ပလပ်ကျွတ်) က ပြောပါတယ်။ပရိသတ်များရဲ့ ဝေဖန်မှုကို လက်ခံပြီး ရိုင်းသလိုဖြစ်သွားတဲ့အတွက်လည်း တောင်းပန်ကြောင်းသူက ဆိုပါတယ်။

“ဖျော်ဖြေမှုတိုင်းက ရိုးရိုးဆိုရင် ဒီတိုင်းပဲ ဖြစ်မှာလေ။ ပရိသတ်ကို ဒီလိုလေးချပြမှ သူတို့ကြိုက်တာတွေ၊ မကြိုက်တာ တွေဝေဖန်နိုင်မှာ။ ဒါကြောင့် ကျနော်ကတော့ ထပ်ဝတ်မယ်။ သေချာတာ ကျနော်က သူများစတိုင်မခိုးဘူး။ ကိုယ်စတိုင်နဲ့ပဲ ကိုယ်လုပ်မှာ။ ဒီဝတ်စုံကြောင့် ကျနော်ရိုင်းသလိုဖြစ်ရင် ထပ်ခါထပ်ခါ တောင်းပန်ပါတယ်”လို့ စည်သူ(ပလပ်ကျွတ်)က ပြောပါတယ်။

စည်သူ (ပလပ်ကျွတ်)က ဇာတ်ကားများစွာမှာလည်း သရုပ်ဆောင်သလို မကြာခင်မှာလည်း သူခေါင်းဆောင် နေရာမှပါဝင် သရုပ်ဆောင်ထားတဲ့ “ကိုပေါ” ရုပ်ရှင်ကားလည်း ရုံတင်တော့မှာ ဖြစ်တယ်လို့ဆိုပါတယ်။ စည်သူ (ပလပ်ကျွတ်)က သရုပ်ဆောင်အပြင် သီချင်းတွေလည်း သီဆိုနေသူတဦး ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top