iMyanmarHouse.com - Best Property Website for Myanmar
×


Master Chef ၾကီးကုိ တုန္လႈပ္သြားေစခဲ့တဲ့ မေအးေအးသိန္းရဲ႕ ထြက္ခြာသြားမႈဟာ ပရိသတ္ေတြအတြက္ေတာ့ ပူပူေႏြးေႏြးခံစားေနရဆဲ အခ်ိဳ႕ေတြအတြက္ မေက်မနပ္ျဖစ္ေနရဆဲကိစၥရပ္တစ္ခုပါပဲ။ဒါေပမယ့္ ကာယကံရွင္မေအးေအးသိန္းကေတာ့ Master Chef က ထြက္လာရတဲ့အတြက္ ဝမ္းနည္းပူေဆြးမေနပဲ အပူအပင္ကင္းစြာနဲ႔ကုိယ္ဝါသနာပါရာလုပ္ျပီး ဘဝကိုဆက္လက္ေလွ်ာက္လွမ္းေနပါျပီ။ မေအးေအးသိန္းက အခုဆိုရင္ Master Chef မွာအတူတူျပိဳင္ခဲ့တဲ့ သူငယ္ခ်င္းေတြနဲ႔အတူ သူ႔ရဲ႕ကုိယ္ပုိင္ဆိုင္ဖြင့္လိုက္ျပီလို႔သိရပါတယ္။

မေအးေအးသိန္းက UMAMI လို႔ေခၚတဲ့ သူ႔ရဲ႕ကုိုယ္ပုိင္ street food ဆိုင္ေလးကုိ Master Chef မွာအတူတူယွဥ္ျပိဳင္ခဲ့ျပီး ပရိသတ္ေတြရဲ႕အားေပးမႈကုိယ္စီရခဲ့ၾကတဲ့ ျပိဳင္ပြဲဝင္နွစ္ဦးျဖစ္တဲ့ ျပိဳင္ပြဲဝင္ နန္းေအးေအးသန္းနဲ႔ သီဟမင္းေသြးတို႔နဲ႔အတူ ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ ဆိုင္နာမည္ UMAMI ဆိုတာကေတာ့ ခ်ိဳ၊ခ်ဥ္၊ငန္၊စပ္၊ခါး အရသာေတြအကုန္ျပီးျပည့္စံုေသာလို႔ အဓိပၸါယ္ရပါတယ္တဲ့။


မေအးေအးသိန္းက ဆိုင္ေလးအတူတူဖြင့္ျဖစ္ပံုုကုိ “တူတူတြဲလုပ္ရတဲ့အေၾကာင္းရင္းကေတာ့ အားလံုးက ဝါသနာတူၾကတယ္ေလ။ ဝါသနာလည္းတူၾကတယ္ဆိုေတာ့ တူတူ တစ္ေယာက္နဲ႔တစ္ေယာက္ေဖးေဖးမမနဲ႔ ဒါေလးေတြကုိ ဝါသနာအရပဲ လုပ္ျဖစ္သြားတာပါ”လို႔ ေျပာျပထားပါတယ္။

မေအးေအးသိန္းအေနနဲ႔ Master Chef ကထြက္လာရတာ ျပႆနာမရွိေပမယ့္ Master Chef Page ၾကီးကေတာ့ မေအးေအးသိန္းမရွိေတာ့လို႔ ပ်င္းဖို႔ေကာင္းေနတယ္ဆိုျပီးေတာ့လည္း “အခုကြ်န္မတို႔ ကြ်န္မထြက္သြားျပီးတဲ့အခ်ိန္က်ေတာ့ Master Chef Page ၾကီးက ပ်င္းစရာၾကီးလားလို႔ ကြ်န္မၾကည့္ေနတာ။ comment ဆိုလည္းသံုးခုေလာက္ပဲရွိေတာ့တာလားလို႔ ကြ်န္မတု႔ိတုန္းကဆို 8.6K တို႔ဘာတို႔ ဘယ္လိုပဲဆဲဆဲ သူတို႔ page ၾကီးက ေအာင္ျမင္ေနတာေပါ့။ ဒါကြ်န္မသူတို႔ကုိ မုဒိတာပြားပါတယ္။ အခု သူတို႔ခမ်ာ ပ်င္းေနတယ္လို႔ ဘယ္သူမွလည္းမဆဲၾကေတာ့ဘူးလို႔”ေျပာထားျပန္ပါတယ္။


မေအးေအးသိန္း၊သီဟမင္းေသြးနဲ႔ နန္းေအးေအးသန္းတို႔အတူဖြင့္တဲ့ဆိုင္ေလးဟာ တစ္ပတ္မွာ ေသာၾကာ၊စေန၊တနဂၤေႏြ သံုးရက္ပဲဖြင့္တယ္လုိ႔သိရပါတယ္။ ဒီဆိုင္ေလးဟာ သန္႔ရွင္းသပ္ရပ္မႈလည္းရွိျပီး အစားအစာလည္း အမယ္ေတာ္ေတာ္ေလးစံုလင္တာကုိေတြ႕ရပါတယ္။ ဆိုင္ေလးမွာ ၾကက္ကင္၊ဝက္ကင္၊ပုဇြန္ကင္၊ျပည္ၾကီးငါးကင္၊ဝက္ေခါင္းေထာင္း၊ ဝက္နံရိုးေၾကာ္၊အင္းေလးငါးေၾကာ္၊ seafood ေထာင္း၊ ၾကက္ဥလိပ္၊ေဆးၾကက္ဥအျပင္ special menu ေတာ္ေတာ္မ်ားမ်ားလည္းရေသးတယ္လုိ႔သိရပါတယ္။ လတ္တေလာကေတာ့ special menu အျဖစ္ ေရဘဝဲကင္ကုိေၾကာ္ျငာထားတာကုိေတာ့ စားခ်င္စဖြယ္ေတြ႕ရပါတယ္။


ဆိုင္ေလးက ေဝဇယႏၱာလမ္းမေပၚမွာရွိတဲ့ ပါရမီပြိဳင့္နဲ႔ သစၥာပြိဳင့္ရဲ႕ၾကားမွာရွိျပီး ညေနေလးနာရီေလာက္ကေန ကိုးနာရီခြဲေလာက္အထိေရာင္းခ်ေပးေနတာျဖစ္ပါတယ္။ပရိသတ္ၾကီးေရာ Master Chef ျပိဳင္ပြဲဝင္ေတြရဲ႕ ကုိယ္ပုိင္ဆိုင္ေလးကုိသြားေရာက္အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။


Credit:Can’t Wait To Say

# Unicode Version ျဖင့္ ဖတ္ပါ #

Master Chef ကြီးကို တုန်လှုပ်သွားစေခဲ့တဲ့ မအေးအေးသိန်းရဲ့ ထွက်ခွာသွားမှုဟာ ပရိသတ်တွေအတွက်တော့ ပူပူနွေးနွေးခံစားနေရဆဲ အချို့တွေအတွက် မကျေမနပ်ဖြစ်နေရဆဲကိစ္စရပ်တစ်ခုပါပဲ။ဒါပေမယ့် ကာယကံရှင်မအေးအေးသိန်းကတော့ Master Chef က ထွက်လာရတဲ့အတွက် ဝမ်းနည်းပူဆွေးမနေပဲ အပူအပင်ကင်းစွာနဲ့ကိုယ်ဝါသနာပါရာလုပ်ပြီး ဘဝကိုဆက်လက်လျှောက်လှမ်းနေပါပြီ။ မအေးအေးသိန်းက အခုဆိုရင် Master Chef မှာအတူတူပြိုင်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့အတူ သူ့ရဲ့ကိုယ်ပိုင်ဆိုင်ဖွင့်လိုက်ပြီလို့သိရပါတယ်။

မအေးအေးသိန်းက UMAMI လို့ခေါ်တဲ့ သူ့ရဲ့ကိုယ်ပိုင် street food ဆိုင်လေးကို Master Chef မှာအတူတူယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုယ်စီရခဲ့ကြတဲ့ ပြိုင်ပွဲဝင်နှစ်ဦးဖြစ်တဲ့ ပြိုင်ပွဲဝင် နန်းအေးအေးသန်းနဲ့ သီဟမင်းသွေးတို့နဲ့အတူ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဆိုင်နာမည် UMAMI ဆိုတာကတော့ ချို၊ချဉ်၊ငန်၊စပ်၊ခါး အရသာတွေအကုန်ပြီးပြည့်စုံသောလို့ အဓိပ္ပါယ်ရပါတယ်တဲ့။

မအေးအေးသိန်းက ဆိုင်လေးအတူတူဖွင့်ဖြစ်ပုံကို “တူတူတွဲလုပ်ရတဲ့အကြောင်းရင်းကတော့ အားလုံးက ဝါသနာတူကြတယ်လေ။ ဝါသနာလည်းတူကြတယ်ဆိုတော့ တူတူ တစ်ယောက်နဲ့တစ်ယောက်ဖေးဖေးမမနဲ့ ဒါလေးတွေကို ဝါသနာအရပဲ လုပ်ဖြစ်သွားတာပါ”လို့ ပြောပြထားပါတယ်။

မအေးအေးသိန်းအနေနဲ့ Master Chef ကထွက်လာရတာ ပြဿနာမရှိပေမယ့် Master Chef Page ကြီးကတော့ မအေးအေးသိန်းမရှိတော့လို့ ပျင်းဖို့ကောင်းနေတယ်ဆိုပြီးတော့လည်း “အခုကျွန်မတို့ ကျွန်မထွက်သွားပြီးတဲ့အချိန်ကျတော့ Master Chef Page ကြီးက ပျင်းစရာကြီးလားလို့ ကျွန်မကြည့်နေတာ။ comment ဆိုလည်းသုံးခုလောက်ပဲရှိတော့တာလားလို့ ကျွန်မတု့ိတုန်းကဆို 8.6K တို့ဘာတို့ ဘယ်လိုပဲဆဲဆဲ သူတို့ page ကြီးက အောင်မြင်နေတာပေါ့။ ဒါကျွန်မသူတို့ကို မုဒိတာပွားပါတယ်။ အခု သူတို့ခမျာ ပျင်းနေတယ်လို့ ဘယ်သူမှလည်းမဆဲကြတော့ဘူးလို့”ပြောထားပြန်ပါတယ်။

မအေးအေးသိန်း၊သီဟမင်းသွေးနဲ့ နန်းအေးအေးသန်းတို့အတူဖွင့်တဲ့ဆိုင်လေးဟာ တစ်ပတ်မှာ သောကြာ၊စနေ၊တနင်္ဂနွေ သုံးရက်ပဲဖွင့်တယ်လို့သိရပါတယ်။ ဒီဆိုင်လေးဟာ သန့်ရှင်းသပ်ရပ်မှုလည်းရှိပြီး အစားအစာလည်း အမယ်တော်တော်လေးစုံလင်တာကိုတွေ့ရပါတယ်။ ဆိုင်လေးမှာ ကြက်ကင်၊ဝက်ကင်၊ပုဇွန်ကင်၊ပြည်ကြီးငါးကင်၊ဝက်ခေါင်းထောင်း၊ ဝက်နံရိုးကြော်၊အင်းလေးငါးကြော်၊ seafood ထောင်း၊ ကြက်ဥလိပ်၊ဆေးကြက်ဥအပြင် special menu တော်တော်များများလည်းရသေးတယ်လို့သိရပါတယ်။ လတ်တလောကတော့ special menu အဖြစ် ရေဘဝဲကင်ကိုကြော်ငြာထားတာကိုတော့ စားချင်စဖွယ်တွေ့ရပါတယ်။

ဆိုင်လေးက ဝေဇယန္တာလမ်းမပေါ်မှာရှိတဲ့ ပါရမီပွိုင့်နဲ့ သစ္စာပွိုင့်ရဲ့ကြားမှာရှိပြီး ညနေလေးနာရီလောက်ကနေ ကိုးနာရီခွဲလောက်အထိရောင်းချပေးနေတာဖြစ်ပါတယ်။ပရိသတ်ကြီးရော Master Chef ပြိုင်ပွဲဝင်တွေရဲ့ ကိုယ်ပိုင်ဆိုင်လေးကိုသွားရောက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top