iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ခ်ိန္တုန္းက ဇာတ္ကားေကာင္းေတြ မ်ားစြာနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈမ်ားစြာကုိရ႐ွိခဲ့ၿပီး လက္႐ွိအခ်ိန္မွာလည္း ျမန္မာႏုိင္ငံ႐ုပ္႐ွင္အစည္းအ႐ုံး ဥကၠဌအျဖစ္ တာဝန္ယူေဆာင္ရြက္လ်က္႐ွိေနတဲ့ အကယ္ဒမီဦးဇင္ဝုိင္း ကေတာ့ အကယ္ဒမီေပးပြဲမွာ ႐ုပ္႐ွင္ေလာကသားမဟုတ္ဘဲ ဝင္ထုိင္ေနတာမ်ိဳးေတြက တကယ္႐ွိၿပီး အြန္လုိင္းမွာ နာမည္ႀကီး႐ုံနဲ႔ အကယ္ဒမီေပးပြဲေတြ တက္ေနၾကပါတယ္လုိ႔ အကယ္ဒမီနဲ႔ ပတ္သက္ၿပီး ျပဳလုပ္တဲ့ သတင္းစာ႐ွင္းလင္းပြဲမွာ ေျပာသြားခဲ့ပါတယ္။

ဦးဇင္ဝုိင္းက “ကြၽန္ေတာ္တုိ႔ လက္႐ွိျမန္မာႏုိင္ငံ႐ုပ္႐ွင္အစည္းအ႐ုံးအေနနဲ႔ လက္႐ွိ အစည္းအ႐ုံးဝင္ထားတဲ့ ကဒ္ျပားကုိင္ထားတဲ့ ပုဂၢိဳလ္ ေပါင္း၄၅၆၀႐ွိပါတယ္။ မူလတုန္းက သုဝဏၰအားကစားကြင္းမွာ က်င္းပတုန္းက ခုံ၈၅၀ပဲ ဆန္႔ပါတယ္။ သုိ႔ေသာ္ မျဖစ္ျဖစ္ေအာင္ ခင္းတဲ့အတြက္ ခုံတစ္ေထာင္ ရပါတယ္။ အဲ့ခုံတစ္ေထာင္မွာ ဌာနဆုိင္ရာမ်ားနဲ႔ တစ္ျခား အဖြဲ႔အစည္း အသီးသီးကုိ ေပးရတာက ခုံ၄၀၀႐ွိပါတယ္။ ေလာကသားေတြအားလုံးကုိ ဖိတ္ၾကားႏုိင္တဲ့ ခုံအေရအတြက္သည္ ၆၀၀ပဲ ႐ွိပါတယ္။ ဒီအတြက္ကုိ ေနာက္ပုိင္းမွာ တုိးျမႇင့္ဖိတ္ၾကားႏုိင္ဖုိ႔အတြက္ ကြၽန္ေတာ္တုိ႔က Indoor ထက္ Outdoor ကုိပုိၿပီး ၾကဳိးစားလုပ္ေဆာင္ခဲ့ပါတယ္။ လြန္ခဲ့တဲ့တစ္ႏွစ္က ျပည္သူ႔ရင္ျပင္မွာ ဖိတ္ၾကားစဥ္ကာလတုန္းက ဥကၠ႒ဦးလူမင္းလက္ထပ္မွာ ခုံေပါင္း၂၄၀၀ခင္းႏုိင္ခဲ့ပါတယ္။

မႏွစ္ကဆုိ ခုံေပါင္း၃၀၀၀ခင္းႏုိင္ခဲ့ပါတယ္။ သုိ႔ေသာ္ စပြန္ဆာေပးတဲ့ အဖြဲ႔အစည္းမ်ားဌာနဆုိင္ရာ အဖြဲ႔အစည္းမ်ား ႏုိင္ငံေတာ္ အႀကီးအကဲမ်ားနဲ႔ ကြၽန္ေတာ္တုိ႔နဲ႔ မျဖစ္မေန ဆက္စပ္လုပ္ကုိင္ေနရတဲ့ က်န္ေသာ အဖြဲ႔အစည္းမ်ားအတြက္ ဖိတ္စာေပါင္း အားလုံးေပါင္း ခုံေပါင္း၄၀၀ေပးရပါတယ္။ အဲ့ေတာ့ ကြၽန္ေတာ္တုိ႔ ႐ုပ္႐ွင္ေလာကသားမ်ားကုိ ဖိတ္ၾကားႏုိင္တဲ့ အေရအတြက္သည္ ၂၆၀၀ပဲ က်န္ပါတယ္။ ဒါဟာ လက္ေတြ႔ျဖစ္ခဲ့တဲ့ အေျခအေနပါ ေလာကသားေပါင္းက ၄၅၀၀႐ွိတယ္။ ကြၽန္ေတာ္တုိ႔ဖိတ္ၾကားႏုိင္တဲ့ အေရအတြက္သည္ ၂၆၀၀ပဲ႐ွိတယ္။ ဒီေနရာမွာ ကြၽန္ေတာ္တုိ႔က ဦးစားေပးစနစ္သတ္မွတ္ပါတယ္။


 တစ္အခ်က္က ႐ုပ္႐ွင္သက္ႀကီးဝါႀကီးမ်ားျဖစ္ပါတယ္ ကြၽန္ေတာ္တုိ႔ရဲ႕ မိဘကြၽန္ေတာ္တုိ႔ရဲ႕ ဆရာသမားေတြ တကယ္ကုိ ေနရာေပးထုိက္တဲ့ ပုဂၢိဳလ္ မ်ားကုိ ဦးစားေပးၿပီး ဖိတ္ပါတယ္။ဒုတိယဦးစားေပးအေနနဲ႔ကေတာ့ ျမန္မာ့႐ုပ္႐ွင္ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲျဖစ္တဲ့အတြက္ ဆုကုိ ရ႐ွိခဲ့ၿပီးတဲ့ အနပညာ႐ွင္ အတတ္ပညာ႐ွင္မ်ားကုိ ဖိတ္ပါတယ္။ တတိယဦးစားေပးကေတာ့ ႐ုံတင္ျပသသြားတဲ့ ဇာတ္ကားအတြင္းမွာ ပါဝင္ၾကတဲ့ အႏုပညာ႐ွင္အတတ္ပညာ႐ွင္ေတြကုိ ဖိတ္ရပါတယ္။ ဖိတ္ၿပီးေတာ့မွ ပုိတဲ့ ဖိတ္စာေတြကုိ က်န္တဲ့ေလာကသားထဲက အဖိတ္သင့္ဆုံး ပုဂၢိဳလ္မ်ားကုိ ဝါစဥ္အလုိက္စီၿပီးေတာ့မွ သူ႔အလႊာနဲ႔သူ အဖိတ္သင့္ဆုံးသူကုိ ဖိတ္ၾကားျခင္းျဖစ္ပါတယ္။

 ဆုိလုိတဲ့ သေဘာကေတာ့ ကြၽန္ေတာ္တုိ႔ ဖိတ္ၾကားႏုိင္တဲ့ ခုံအေရအတြက္နဲ႔ တကယ္ဖိတ္ရမယ့္ ေလာကသားအေရအတြက္က ဘယ္လုိမွ ကုိက္ညီမႈမ႐ွိႏုိင္ပါဘူး။ ဒီႏွစ္ဆုိရင္ ဒီအခက္အခဲက ပုိမုိၿပီးေခါင္းခဲရမွာပါ။ မႏွစ္တုန္းက ဇာတ္ကား၅၃ကားထဲက ပါဝင္ၾကတဲ့ အႏုပညာ႐ွင္ အတတ္ပညာ႐ွင္ စားရင္းေတြကုိ စစ္ထုတ္လုိက္တဲ့ အခ်ိန္မွာ ဖိတ္ရမယ့္အေရအတြက္က အလြန္မ်ားျပားပါတယ္။ ဒီႏွစ္ဆုိရင္၈၃ကား႐ွိပါတယ္။ ဒီ့အတြက္ ဖိတ္ၾကားရမယ့္ အေရအတြက္ေတြက မႏွစ္ကထက္ ၅၉ရာခုိင္ႏႈန္းတုိးတက္လာမယ္ဆုိ ေတြ႔႐ွိရပါတယ္။ တကယ္စစ္မွန္တဲ့ ပုဂၢိဳလ္ေတြ က်န္ခဲ့တယ္ဆုိတာမ်ိဳး တစ္ခ်ဳိ႕႐ုပ္႐ွင္ေလာကသားမဟုတ္တဲ့သူမ်ား ဒီဝန္းထဲမွာ လာထုိင္ေနတဲ့ အျဖစ္အပ်က္မ်ိဳးကေတာ့ တကယ္ျဖစ္ေနတာပါ။


ဒါကုိထိန္းကြပ္ဖုိ႔နည္းလမ္း႐ွာခဲ့ပါတယ္ ဘာေၾကာင့္လဲဆုိေတာ့ ကြၽန္ေတာ္တုိ႔သည္ ျမန္မာႏုိင္ငံ ႐ုပ္႐ွင္အစည္းအ႐ုံးဝင္လည္း ျဖစ္ေနမယ္ သူသည္ တကယ္ဖိတ္ၾကားခံသင့္တဲ့ ပုဂၢိဳလ္ လည္းျဖစ္ေနမယ္ဒီႏွစ္အတြက္ ဒီဇာတ္ကားေတြထဲမွာလည္း ပါေနလုိ႔သူဖိတ္စာရသြားတယ္။ ထားပါေတာ့ ဇင္ဝုိင္း ဖိတ္စာရသြားတယ္ ဇင္ဝုိင္းက ဒီဖိတ္စာကုိ ေရာင္းစားလုိက္တယ္။ အဲ့ေတာ့ ဇင္ဝုိင္းရဲ႕ ဖိတ္စာကုိ ေမာင္ေဌးက ဝယ္သြားတယ္ ေမာင္ေဌးက ေကာ့ေကာ့နဲ႔ လာထုိင္ေနတယ္။ အဲ့ဒီအခါမွာ ဒါသည္ ႐ုပ္႐ွင္ေလာကသားမဟုတ္ဘဲ လာထုိင္သလဲ တစ္ခါမ႐ွိက္ဖူးဘူးဘဲနဲ႔ အြန္လုိင္းေပၚမွာ နာမည္ႀကီးတာနဲ႔ အကယ္ဒမီတက္ခြင့္ရၿပီလားဆုိတဲ့ ကိစၥေတြ ျဖစ္လာပါၿပီ ဒါဟာသူတုိ႔ရဲ႕ ပုိင္ခြင့္ကုိ သူတုိ႔ေရာင္းစားၾကတာျဖစ္ပါတယ္။

 ဒါဟာလည္း ကြၽန္ေတာ္တုိ႔ ေလာကသားေတြၾကားထဲမွာ ႐ွိေနပါတယ္။ အဲ့ေတာ့မႏွစ္က ကြၽန္ေတာ္တုိ႔ ဒါကုိ အေရးေပၚအစည္းအေဝးအေနနဲ႔ ဖိတ္စာတင္မကဘဲနဲ႔ ႐ုပ္႐ွင္အစည္းအ႐ုံးဝင္ ကဒ္ျပားနဲ႔မွ ေပးဝင္မလား ကဒ္ျပားပါ တစ္ခါထဲယူခဲ့ၾကပါ။ ကဒ္ျပားမျပႏုိင္ဘူးဆုိရင္ အဲ့ ပုဂၢိဳလ္ ကုိေပးမဝင္ဘူးဆုိတဲ့အထိ လုပ္မလားဒီအဆင့္ေတြအထိ စဥ္းစားရပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

တစ်ချိန်တုန်းက ဇာတ်ကားကောင်းတွေ များစွာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုများစွာကိုရရှိခဲ့ပြီး လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိနေတဲ့ အကယ်ဒမီဦးဇင်ဝိုင်း ကတော့ အကယ်ဒမီပေးပွဲမှာ ရုပ်ရှင်လောကသားမဟုတ်ဘဲ ဝင်ထိုင်နေတာမျိုးတွေက တကယ်ရှိပြီး အွန်လိုင်းမှာ နာမည်ကြီးရုံနဲ့ အကယ်ဒမီပေးပွဲတွေ တက်နေကြပါတယ်လို့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဦးဇင်ဝိုင်းက “ကျွန်တော်တို့ လက်ရှိမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ လက်ရှိ အစည်းအရုံးဝင်ထားတဲ့ ကဒ်ပြားကိုင်ထားတဲ့ ပုဂ္ဂိုလ် ပေါင်း၄၅၆၀ရှိပါတယ်။ မူလတုန်းက သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတုန်းက ခုံ၈၅၀ပဲ ဆန့်ပါတယ်။ သို့သော် မဖြစ်ဖြစ်အောင် ခင်းတဲ့အတွက် ခုံတစ်ထောင် ရပါတယ်။ အဲ့ခုံတစ်ထောင်မှာ ဌာနဆိုင်ရာများနဲ့ တစ်ခြား အဖွဲ့အစည်း အသီးသီးကို ပေးရတာက ခုံ၄၀၀ရှိပါတယ်။ လောကသားတွေအားလုံးကို ဖိတ်ကြားနိုင်တဲ့ ခုံအရေအတွက်သည် ၆၀၀ပဲ ရှိပါတယ်။ ဒီအတွက်ကို နောက်ပိုင်းမှာ တိုးမြှင့်ဖိတ်ကြားနိုင်ဖို့အတွက် ကျွန်တော်တို့က Indoor ထက် Outdoor ကိုပိုပြီး ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ပြည်သူ့ရင်ပြင်မှာ ဖိတ်ကြားစဉ်ကာလတုန်းက ဥက္ကဋ္ဌဦးလူမင်းလက်ထပ်မှာ ခုံပေါင်း၂၄၀၀ခင်းနိုင်ခဲ့ပါတယ်။

မနှစ်ကဆို ခုံပေါင်း၃၀၀၀ခင်းနိုင်ခဲ့ပါတယ်။ သို့သော် စပွန်ဆာပေးတဲ့ အဖွဲ့အစည်းများဌာနဆိုင်ရာ အဖွဲ့အစည်းများ နိုင်ငံတော် အကြီးအကဲများနဲ့ ကျွန်တော်တို့နဲ့ မဖြစ်မနေ ဆက်စပ်လုပ်ကိုင်နေရတဲ့ ကျန်သော အဖွဲ့အစည်းများအတွက် ဖိတ်စာပေါင်း အားလုံးပေါင်း ခုံပေါင်း၄၀၀ပေးရပါတယ်။ အဲ့တော့ ကျွန်တော်တို့ ရုပ်ရှင်လောကသားများကို ဖိတ်ကြားနိုင်တဲ့ အရေအတွက်သည် ၂၆၀၀ပဲ ကျန်ပါတယ်။ ဒါဟာ လက်တွေ့ဖြစ်ခဲ့တဲ့ အခြေအနေပါ လောကသားပေါင်းက ၄၅၀၀ရှိတယ်။ ကျွန်တော်တို့ဖိတ်ကြားနိုင်တဲ့ အရေအတွက်သည် ၂၆၀၀ပဲရှိတယ်။ ဒီနေရာမှာ ကျွန်တော်တို့က ဦးစားပေးစနစ်သတ်မှတ်ပါတယ်။

 တစ်အချက်က ရုပ်ရှင်သက်ကြီးဝါကြီးများဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ မိဘကျွန်တော်တို့ရဲ့ ဆရာသမားတွေ တကယ်ကို နေရာပေးထိုက်တဲ့ ပုဂ္ဂိုလ် များကို ဦးစားပေးပြီး ဖိတ်ပါတယ်။ဒုတိယဦးစားပေးအနေနဲ့ကတော့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲဖြစ်တဲ့အတွက် ဆုကို ရရှိခဲ့ပြီးတဲ့ အနပညာရှင် အတတ်ပညာရှင်များကို ဖိတ်ပါတယ်။ တတိယဦးစားပေးကတော့ ရုံတင်ပြသသွားတဲ့ ဇာတ်ကားအတွင်းမှာ ပါဝင်ကြတဲ့ အနုပညာရှင်အတတ်ပညာရှင်တွေကို ဖိတ်ရပါတယ်။ ဖိတ်ပြီးတော့မှ ပိုတဲ့ ဖိတ်စာတွေကို ကျန်တဲ့လောကသားထဲက အဖိတ်သင့်ဆုံး ပုဂ္ဂိုလ်များကို ဝါစဉ်အလိုက်စီပြီးတော့မှ သူ့အလွှာနဲ့သူ အဖိတ်သင့်ဆုံးသူကို ဖိတ်ကြားခြင်းဖြစ်ပါတယ်။

 ဆိုလိုတဲ့ သဘောကတော့ ကျွန်တော်တို့ ဖိတ်ကြားနိုင်တဲ့ ခုံအရေအတွက်နဲ့ တကယ်ဖိတ်ရမယ့် လောကသားအရေအတွက်က ဘယ်လိုမှ ကိုက်ညီမှုမရှိနိုင်ပါဘူး။ ဒီနှစ်ဆိုရင် ဒီအခက်အခဲက ပိုမိုပြီးခေါင်းခဲရမှာပါ။ မနှစ်တုန်းက ဇာတ်ကား၅၃ကားထဲက ပါဝင်ကြတဲ့ အနုပညာရှင် အတတ်ပညာရှင် စားရင်းတွေကို စစ်ထုတ်လိုက်တဲ့ အချိန်မှာ ဖိတ်ရမယ့်အရေအတွက်က အလွန်များပြားပါတယ်။ ဒီနှစ်ဆိုရင်၈၃ကားရှိပါတယ်။ ဒီ့အတွက် ဖိတ်ကြားရမယ့် အရေအတွက်တွေက မနှစ်ကထက် ၅၉ရာခိုင်နှုန်းတိုးတက်လာမယ်ဆို တွေ့ရှိရပါတယ်။ တကယ်စစ်မှန်တဲ့ ပုဂ္ဂိုလ်တွေ ကျန်ခဲ့တယ်ဆိုတာမျိုး တစ်ချို့ရုပ်ရှင်လောကသားမဟုတ်တဲ့သူများ ဒီဝန်းထဲမှာ လာထိုင်နေတဲ့ အဖြစ်အပျက်မျိုးကတော့ တကယ်ဖြစ်နေတာပါ။

ဒါကိုထိန်းကွပ်ဖို့နည်းလမ်းရှာခဲ့ပါတယ် ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်လည်း ဖြစ်နေမယ် သူသည် တကယ်ဖိတ်ကြားခံသင့်တဲ့ ပုဂ္ဂိုလ် လည်းဖြစ်နေမယ်ဒီနှစ်အတွက် ဒီဇာတ်ကားတွေထဲမှာလည်း ပါနေလို့သူဖိတ်စာရသွားတယ်။ ထားပါတော့ ဇင်ဝိုင်း ဖိတ်စာရသွားတယ် ဇင်ဝိုင်းက ဒီဖိတ်စာကို ရောင်းစားလိုက်တယ်။ အဲ့တော့ ဇင်ဝိုင်းရဲ့ ဖိတ်စာကို မောင်ဌေးက ဝယ်သွားတယ် မောင်ဌေးက ကော့ကော့နဲ့ လာထိုင်နေတယ်။ အဲ့ဒီအခါမှာ ဒါသည် ရုပ်ရှင်လောကသားမဟုတ်ဘဲ လာထိုင်သလဲ တစ်ခါမရှိက်ဖူးဘူးဘဲနဲ့ အွန်လိုင်းပေါ်မှာ နာမည်ကြီးတာနဲ့ အကယ်ဒမီတက်ခွင့်ရပြီလားဆိုတဲ့ ကိစ္စတွေ ဖြစ်လာပါပြီ ဒါဟာသူတို့ရဲ့ ပိုင်ခွင့်ကို သူတို့ရောင်းစားကြတာဖြစ်ပါတယ်။

 ဒါဟာလည်း ကျွန်တော်တို့ လောကသားတွေကြားထဲမှာ ရှိနေပါတယ်။ အဲ့တော့မနှစ်က ကျွန်တော်တို့ ဒါကို အရေးပေါ်အစည်းအဝေးအနေနဲ့ ဖိတ်စာတင်မကဘဲနဲ့ ရုပ်ရှင်အစည်းအရုံးဝင် ကဒ်ပြားနဲ့မှ ပေးဝင်မလား ကဒ်ပြားပါ တစ်ခါထဲယူခဲ့ကြပါ။ ကဒ်ပြားမပြနိုင်ဘူးဆိုရင် အဲ့ ပုဂ္ဂိုလ် ကိုပေးမဝင်ဘူးဆိုတဲ့အထိ လုပ်မလားဒီအဆင့်တွေအထိ စဉ်းစားရပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top