iMyanmarHouse.com - Best Property Website for Myanmar
×


၁။သြားၾကားထိုးတံနဲ႔သြားၾကားထိုးျခင္း


ဘယ္အရာကိုထိခိုက္ေစလဲ။ ။သြားဖံုးသြားဆရာ၀န္ေတြကသြားၾကားထိုးတံကိုမသံုးေစလိုပါဘူး၎ကသြားရဲ႕အေပၚယံေႂကြသြားလႊာအတြက္အႏၲရာယ္မရိွေပမဲ့သြားဖံုးအတြက္အႏၲရာယ္ရိွတယ္သြားသန္႔ရွင္းဖို႔ဆိုရင္သြားၾကားထိုးတံအစားသြားသနိ႔ရွင္းေရးလုပ္တဲ့အခါသံုးတဲ့ႀကိဳးDental floss ကိုသံုးပါ။

၂။ေခါင္းအံုးေပၚမွာမ်က္ႏွာေပးအိပ္ျခင္း


ဘယ္အရာကိုထိခိုက္ေစလဲ။ ။အသက္႐ူလမ္းေၾကာင္း၊ေသြးလည္ပတ္မႈ၊ေက်ာ႐ိုးနဲ႔မ်က္ႏွာအသားအေရေခါင္းအံုးေပၚမွာမ်က္ႏွာေပးအိပ္တာဟာသက္ေတာင့္သက္သာရိွေပမဲ့အႏၲရာယ္မ်ားတယ္အသက္႐ွုရခက္ေစတယ္၊လည္ပင္းကိုပံုမွန္အေနအထားမျဖစ္ေစဘူး၊ေသြးလည္ပတ္မႈလည္းမေကာင္းေစဘူး၊အဲလိုပံုစံနဲ႔အိပ္ရင္မ်က္ႏွာေပၚမွာအေရအေၾကာင္းေတြလည္းျဖစ္ေစႏိုင္ပတယ္​။

၃။သြားနဲ႔အေစ့အဆံေတြရဲ႕အခြံကိုခြာျခင္း


ဘယ္အရာကိုထိခိုက္ေစလဲ။ ။သြားနဲ႔သည္းေျခအိတ္ေနၾကာေစ့ဟာအရသာရိွၿပီးအသံုးလည္း၀င္တယ္ဒါေပမဲ့ေနၾကာေစ့ကိုပါးစပ္နဲ႔မခြာဘဲလက္နဲ႔ပဲခြာသင့္တယ္သြားဆရာ၀န္ေတြကလည္းသြားရဲ႕ေႂကြသြားလႊာကိုထိခိုက္ေစတဲ့အတြက္လက္နဲ႔ပဲခြာဖို႔အႀကံျပဳပါတယ္​။

၄။အိမ္သာသြားဖို႔ေအာင့္ထားမိျခင္း


ဘယ္အရာကိုထိခိုက္ေစလဲ။ ။ေက်ာက္ကပ္၊ဆီးလမ္းေၾကာင္းနဲ႔အူ2018ခုနစ္ဇြန္လမွာအဂၤလန္မွလူငယ္တစ္ေယာက္မရပ္မနား၈နာရီၾကာဂိမ္းကစားၿပီးေနာက္ေဆး႐ံုတင္လိုက္ရပါတယ္​။အူနဲ႔ဆီးအိမ္ေဖာင္းပြသြားတဲ့အတြက္ဆရာ၀န္ေတြကcancer tumor လို႔ယူဆၾကတယ္တကယ္လို႔သင္လည္းအိမ္သာသြားဖို႔ေအာင့္ထားမိရင္ဆီးလမ္းေၾကာင္းပိုး၀င္ေစၿပီး၀မ္းလည္းခ်ဳပ္ေစႏိုင္ပါတယ္​။

၅။ေရေႏြးပူနဲ႔ေခါင္းေလွ်ာ္ျခင္း


သင္ကေရေႏြးနဲ႔ေခါင္းေလွ်ာ္တာႏွစ္သက္တဲ့လူဆိုရင္ဆက္မေလွ်ာ္သင့္ပါဘူး။ပထမဆံုးအခ်က္အေနနဲ႔ေခါင္းကိုက္တာေတြ၊ေခါင္းမူးတာေတြကိုျဖစ္ေစတယ္ဒုတိယအေနနဲ႔ဦးေရျပားကအဆီထြက္တဲ့glands ကိုႏိႈးဆြေပးတဲ့အတြက္ဆံပင္ေတြကိုလြယ္လြယ္နဲ႔ညစ္ပတ္ေစပါတယ္​။

၆။မ်က္ႏွာကိုခဏခဏကိုင္ျခင္းနဲ႔မ်က္လံုးေတြကိုပြတ္ျခင္း


ဘယ္အရာကိုထိခိုက္ေစသလဲ။ ။အသားအေရနဲ႔မ်က္လံုးမ်က္ႏွာကိုလက္နဲ႔ခဏခဏကိုင္မယ္ဆိုရင္၀က္ၿခံေတြ၊ေရယုန္ေတြနဲ႔မ်က္ႏွာေပၚမွာအျခားအနာေတြျဖစ္ေပၚေစႏိုင္တယ္မ်က္လံုးကိုမၾကာမၾကာပြတ္မိမယ္ဆိုရင္လည္းေရာင္ရမ္းျခင္း၊မ်က္ရည္က်လြယ္ျခင္၊အလင္းေရာင္ကိုမခံႏိုင္ျခင္းနဲ႔ကူးစက္ေရာဂါေတြလည္းျဖစ္ေစႏိုင္ပါတယ္​။

၇။ခုတင္ေပၚမွာလွဲၿပီးစာအုပ္ဖတ္ျခင္း


ဘယ္အရာကိုထိခိုက္ေစသလဲ။ ။မ်က္လံုး၊ေက်ာ႐ိုးနဲ႔လည္ပင္းအေရျပားခုတင္ေပၚမွာစာအုပ္ဖတ္မယ္ဆိုရင္ေအာက္ပါအခ်က္ေတြကိုလိုက္နာပါ။မ်က္လံုးနဲ႔စာအုပ္ကိုအရမ္းမကပ္ပါနဲ႔။ခါးကိုေကြးမထားပါနဲ႔ၿပီးေတာ့လည္ပင္းကိုဒဏ္မျဖစ္ေစပါနဲ႔။ကိုယ့္ဘက္ကိုပဲလွဲၿပီးမဖတ္ပါနဲ႔ဘာလို႔ဆိုစာအုပ္အကြာအေ၀းေျပာင္းလဲသြားတဲ့အတြက္မ်က္လံုးကိုပိုအားစိုက္ရပါတယ္။၀မ္းလ်ားေမွာက္ၿပီးမဖတ္ပါနဲ႔ေက်ာ႐ိုးကိုထိခိုက္ေစလို႔ပါ။

Credit: Daily Hot News

# Unicode Version ျဖင့္ ဖတ္ပါ #

၁။သွားကြားထိုးတံနဲ့သွားကြားထိုးခြင်း

ဘယ်အရာကိုထိခိုက်စေလဲ။ ။သွားဖုံးသွားဆရာဝန်တွေကသွားကြားထိုးတံကိုမသုံးစေလိုပါဘူး၎င်းကသွားရဲ့အပေါ်ယံကြွေသွားလွှာအတွက်အန္တရာယ်မရှိပေမဲ့သွားဖုံးအတွက်အန္တရာယ်ရှိတယ်သွားသန့်ရှင်းဖို့ဆိုရင်သွားကြားထိုးတံအစားသွားသနိ့ရှင်းရေးလုပ်တဲ့အခါသုံးတဲ့ကြိုးDental floss ကိုသုံးပါ။

၂။ခေါင်းအုံးပေါ်မှာမျက်နှာပေးအိပ်ခြင်း

ဘယ်အရာကိုထိခိုက်စေလဲ။ ။အသက်ရူလမ်းကြောင်း၊သွေးလည်ပတ်မှု၊ကျောရိုးနဲ့မျက်နှာအသားအရေခေါင်းအုံးပေါ်မှာမျက်နှာပေးအိပ်တာဟာသက်တောင့်သက်သာရှိပေမဲ့အန္တရာယ်များတယ်အသက်ရှုရခက်စေတယ်၊လည်ပင်းကိုပုံမှန်အနေအထားမဖြစ်စေဘူး၊သွေးလည်ပတ်မှုလည်းမကောင်းစေဘူး၊အဲလိုပုံစံနဲ့အိပ်ရင်မျက်နှာပေါ်မှာအရေအကြောင်းတွေလည်းဖြစ်စေနိုင်ပတယ်။

၃။သွားနဲ့အစေ့အဆံတွေရဲ့အခွံကိုခွာခြင်း

ဘယ်အရာကိုထိခိုက်စေလဲ။ ။သွားနဲ့သည်းခြေအိတ်နေကြာစေ့ဟာအရသာရှိပြီးအသုံးလည်းဝင်တယ်ဒါပေမဲ့နေကြာစေ့ကိုပါးစပ်နဲ့မခွာဘဲလက်နဲ့ပဲခွာသင့်တယ်သွားဆရာဝန်တွေကလည်းသွားရဲ့ကြွေသွားလွှာကိုထိခိုက်စေတဲ့အတွက်လက်နဲ့ပဲခွာဖို့အကြံပြုပါတယ်။

၄။အိမ်သာသွားဖို့အောင့်ထားမိခြင်း

ဘယ်အရာကိုထိခိုက်စေလဲ။ ။ကျောက်ကပ်၊ဆီးလမ်းကြောင်းနဲ့အူ2018ခုနစ်ဇွန်လမှာအင်္ဂလန်မှလူငယ်တစ်ယောက်မရပ်မနား၈နာရီကြာဂိမ်းကစားပြီးနောက်ဆေးရုံတင်လိုက်ရပါတယ်။အူနဲ့ဆီးအိမ်ဖောင်းပွသွားတဲ့အတွက်ဆရာဝန်တွေကcancer tumor လို့ယူဆကြတယ်တကယ်လို့သင်လည်းအိမ်သာသွားဖို့အောင့်ထားမိရင်ဆီးလမ်းကြောင်းပိုးဝင်စေပြီးဝမ်းလည်းချုပ်စေနိုင်ပါတယ်။

၅။ရေနွေးပူနဲ့ခေါင်းလျှော်ခြင်း

သင်ကရေနွေးနဲ့ခေါင်းလျှော်တာနှစ်သက်တဲ့လူဆိုရင်ဆက်မလျှော်သင့်ပါဘူး။ပထမဆုံးအချက်အနေနဲ့ခေါင်းကိုက်တာတွေ၊ခေါင်းမူးတာတွေကိုဖြစ်စေတယ်ဒုတိယအနေနဲ့ဦးရေပြားကအဆီထွက်တဲ့glands ကိုနှိုးဆွပေးတဲ့အတွက်ဆံပင်တွေကိုလွယ်လွယ်နဲ့ညစ်ပတ်စေပါတယ်။

၆။မျက်နှာကိုခဏခဏကိုင်ခြင်းနဲ့မျက်လုံးတွေကိုပွတ်ခြင်း

ဘယ်အရာကိုထိခိုက်စေသလဲ။ ။အသားအရေနဲ့မျက်လုံးမျက်နှာကိုလက်နဲ့ခဏခဏကိုင်မယ်ဆိုရင်ဝက်ခြံတွေ၊ရေယုန်တွေနဲ့မျက်နှာပေါ်မှာအခြားအနာတွေဖြစ်ပေါ်စေနိုင်တယ်မျက်လုံးကိုမကြာမကြာပွတ်မိမယ်ဆိုရင်လည်းရောင်ရမ်းခြင်း၊မျက်ရည်ကျလွယ်ခြင်၊အလင်းရောင်ကိုမခံနိုင်ခြင်းနဲ့ကူးစက်ရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်။

၇။ခုတင်ပေါ်မှာလှဲပြီးစာအုပ်ဖတ်ခြင်း

ဘယ်အရာကိုထိခိုက်စေသလဲ။ ။မျက်လုံး၊ကျောရိုးနဲ့လည်ပင်းအရေပြားခုတင်ပေါ်မှာစာအုပ်ဖတ်မယ်ဆိုရင်အောက်ပါအချက်တွေကိုလိုက်နာပါ။မျက်လုံးနဲ့စာအုပ်ကိုအရမ်းမကပ်ပါနဲ့။ခါးကိုကွေးမထားပါနဲ့ပြီးတော့လည်ပင်းကိုဒဏ်မဖြစ်စေပါနဲ့။ကိုယ့်ဘက်ကိုပဲလှဲပြီးမဖတ်ပါနဲ့ဘာလို့ဆိုစာအုပ်အကွာအဝေးပြောင်းလဲသွားတဲ့အတွက်မျက်လုံးကိုပိုအားစိုက်ရပါတယ်။ဝမ်းလျားမှောက်ပြီးမဖတ်ပါနဲ့ကျောရိုးကိုထိခိုက်စေလို့ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top