iMyanmarHouse.com - Best Property Website for Myanmar
×


"သရဲသေဘၤာ'' ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဇန္နဝါရီလ ၁၈ ရက္ေန႔ဆိုရင္ ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။ ဒီ ဇာတ္ကား ဟာ ခန႔္စည္သူနဲ႔ ခိုင္သင္းၾကည္တို႔ကို သရဲေခ်ာေခ်ာေလးေတြ အျဖစ္ ျမင္ေတြ႕ရမွာပါ။ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္မ်ားစြာပါဝင္ထားတဲ့ ''သရဲသေဘၤာ'' ႐ုပ္ရွင္ဇာတ္ကားႀကီး အထူးျပသပြဲကို ဇန္နဝါရီလ ၁၂ ရက္ေန႔ မနက္ပိုင္းက သမၼတ႐ုပ္ရွင္႐ုံမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားၾကတဲ့ အႏုပညာရွင္ ေတြရဲ႕ အမွတ္တရ စကားေတြကိုလည္း မီဒီယာေတြကေန တဆင့္ေျပာျပခဲ့ပါတယ္။

ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ခန႔္စည္သူနဲ႔ ခိုင္သင္းၾကည္ တို႔ကို သရဲ ကာ႐ိုက္တာအျဖစ္ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ကတည္း အေပးအယူမွ်တေအာင္ သ႐ုပ္ေဆာင္ခဲ့ၾကတယ္လို႔ ခိုင္သင္းၾကည္က ေျပာျပခဲ့ပါတယ္။



'' မခိုင္ေရာ၊ ကိုခန႔္ေရာ ႐ုပ္ရွင္မွာဆိုရင္ ပထမဦးဆုံး သရဲလုပ္ၿပီးေတာ့ သ႐ုပ္ေဆာင္ၾကတာ ဒါေၾကာင့္ ခုနကေတာင္ ေျပာေနတာ ႏွစ္ေယာက္စလုံး သရဲေခ်ာေလး ေခ်ာေနၾကတာကို လာၾကည့္ေပးပါလို႔။ မခိုင္ေလးနဲ႔ ကိုခန႔္ ကလည္း အတူတြဲသ႐ုပ္ေဆာင္လာတာ မ်ားေတာ့ အိုက္တင္လုပ္တဲ့ အခါမွာ အေပးအယူမွ်မွ်လုပ္လို႔ရတယ္'' လို႔ ခိုင္သင္းၾကည္က ေျပာပါတယ္။ဒီဇာတ္ကားထဲမွာ သူရိယနဲ႔ ဆုအိမ့္စံ တို႔ကလည္း အတူပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာလည္း သူတို႔ ကိုယ္တိုင္ ႀကိဳးစားသ႐ုပ္ေဆာင္ထားတယ္လို႔ ဆိုပါတယ္။

'' ဒီသရဲသေဘာၤ ဇာတ္ကားက ဟာသကားေလးပါ။ ဒီဇာတ္ကားထဲမွာ ရယ္စရာေလးေတြ၊ ေျခာက္ျခားစရာေလးေတြ၊ ေပ်ာ္႐ႊင္စရာေလးေတြ အမ်ားႀကီးပါပဲ။ ဒီဇာတ္ကားထဲမွာ အကုန္လုံးက ႀကိဳးႀကိဳးစားစား ႐ိုက္ကူးထားပါတယ္။ အဲ့ဒီဇာတ္ကား ႐ိုက္တုန္းကေတာ့ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ မႀကိဳက္ေသးပါဘူး'' ဆိုၿပီးေတာ့ သူရိယ က ေျပာျပလာပါတယ္။


သရဲသေဘၤာ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ သေဘာေပၤၚက ခရီးသည္ တစ္ေယာက္အျဖစ္ ျမင္ရမယ့္ သြန္းဆက္ကိုေတာ့ ထူးထူး ျခားျခား ကာ႐ိုက္တာေလးနဲ႔ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။'' ဒီဇာတ္ကားထဲမွာေတာ့ သြန္းဆက္က Tomboy ကာ႐ိုက္တာေလးေပါ့ေနာ္။ လူငယ္ဆန္ဆန္ေပါ့ေပါ့ပါးပါးပဲေပါ့ေနာ္။ ခ်စ္စရာ ေကာင္းေအာင္လည္း သ႐ုပ္ေဆာင္ထားပါတယ္။ Tom Boy ကာ႐ိုက္တာနဲ႔ ကေတာ့ ပထမဆုံး ႐ုံတင္တဲ့ ဇာတ္ကားေပါ့ေနာ္။ ဒီကာ႐ိုက္တာကို ဗီဒီယိုကားေတြမွာေတာ့ ႐ိုက္ဖူးပါတယ္'' လို႔ ဆက္လက္ေျပာျပလာပါတယ္။

သရဲသေဘၤာ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ဇန္နဝါရီလ ၁၈ ရက္ေန႔က စၿပီး ျမန္မာတစ္ႏိုင္ငံလုံးမွာရွိတဲ့ အဆင့္ျမင့္႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ခန႔္စည္သူ၊ သူရိယ၊ ညီထြဋ္ေခါင္၊ ခိုင္သင္းၾကည္၊ ယုသႏၲာတင္၊ သြန္းဆက္၊ ဆုအိမ့္စံ တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။


Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

"သရဲသင်္ဘော'' ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၈ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီ ဇာတ်ကား ဟာ ခန့်စည်သူနဲ့ ခိုင်သင်းကြည်တို့ကို သရဲချောချောလေးတွေ အဖြစ် မြင်တွေ့ရမှာပါ။ပရိသတ်အချစ်တော် အနုပညာရှင်များစွာပါဝင်ထားတဲ့ ''သရဲသင်္ဘော'' ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင် တွေရဲ့ အမှတ်တရ စကားတွေကိုလည်း မီဒီယာတွေကနေ တဆင့်ပြောပြခဲ့ပါတယ်။



ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ခန့်စည်သူနဲ့ ခိုင်သင်းကြည် တို့ကို သရဲ ကာရိုက်တာအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတည်း အပေးအယူမျှတအောင် သရုပ်ဆောင်ခဲ့ကြတယ်လို့ ခိုင်သင်းကြည်က ပြောပြခဲ့ပါတယ်။

'' မခိုင်ရော၊ ကိုခန့်ရော ရုပ်ရှင်မှာဆိုရင် ပထမဦးဆုံး သရဲလုပ်ပြီးတော့ သရုပ်ဆောင်ကြတာ ဒါကြောင့် ခုနကတောင် ပြောနေတာ နှစ်ယောက်စလုံး သရဲချောလေး ချောနေကြတာကို လာကြည့်ပေးပါလို့။ မခိုင်လေးနဲ့ ကိုခန့် ကလည်း အတူတွဲသရုပ်ဆောင်လာတာ များတော့ အိုက်တင်လုပ်တဲ့ အခါမှာ အပေးအယူမျှမျှလုပ်လို့ရတယ်'' လို့ ခိုင်သင်းကြည်က ပြောပါတယ်။ဒီဇာတ်ကားထဲမှာ သူရိယနဲ့ ဆုအိမ့်စံ တို့ကလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း သူတို့ ကိုယ်တိုင် ကြိုးစားသရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

'' ဒီသရဲသဘောၤ ဇာတ်ကားက ဟာသကားလေးပါ။ ဒီဇာတ်ကားထဲမှာ ရယ်စရာလေးတွေ၊ ခြောက်ခြားစရာလေးတွေ၊ ပျော်ရွှင်စရာလေးတွေ အများကြီးပါပဲ။ ဒီဇာတ်ကားထဲမှာ အကုန်လုံးက ကြိုးကြိုးစားစား ရိုက်ကူးထားပါတယ်။ အဲ့ဒီဇာတ်ကား ရိုက်တုန်းကတော့ ကျွန်တော်တို့ နှစ်ယောက် မကြိုက်သေးပါဘူး'' ဆိုပြီးတော့ သူရိယ က ပြောပြလာပါတယ်။

သရဲသင်္ဘော ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သဘောင်္ပေါ်က ခရီးသည် တစ်ယောက်အဖြစ် မြင်ရမယ့် သွန်းဆက်ကိုတော့ ထူးထူး ခြားခြား ကာရိုက်တာလေးနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။'' ဒီဇာတ်ကားထဲမှာတော့ သွန်းဆက်က Tomboy ကာရိုက်တာလေးပေါ့နော်။ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးပဲပေါ့နော်။ ချစ်စရာ ကောင်းအောင်လည်း သရုပ်ဆောင်ထားပါတယ်။ Tom Boy ကာရိုက်တာနဲ့ ကတော့ ပထမဆုံး ရုံတင်တဲ့ ဇာတ်ကားပေါ့နော်။ ဒီကာရိုက်တာကို ဗီဒီယိုကားတွေမှာတော့ ရိုက်ဖူးပါတယ်'' လို့ ဆက်လက်ပြောပြလာပါတယ်။

သရဲသင်္ဘော ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၈ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ခန့်စည်သူ၊ သူရိယ၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ယုသန္တာတင်၊ သွန်းဆက်၊ ဆုအိမ့်စံ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top