iMyanmarHouse.com - Best Property Website for Myanmar
×


လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္နဲ႔ တြဲေတာ႔မယ္ဆိုရင္ (၂) ခါမက ျပန္စဥ္းစားဖို႔လိုပါတယ္။
အလုပ္အကိုင္ တည္တည္ၿငိမ္ၿငိမ္ ရွိၿပီးသား လူူတစ္ေယာက္ ဆိုရင္ တျခားေနရာေတြမွာထက္ ရံုး မွာအခ်ိန္ျဖဳန္းရတဲ႔အခ်ိန္က ပိုမ်ားမွာပါ။ ဒါေၾကာင္႔ ရံုး မွာ လစဥ္ရမယ္႔ လစာ ထက္ပိုတဲ႔အရာေတြလည္း ရလာႏိုင္ပါတယ္။ အဲဒီထဲမွာ လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္နဲ႔ ခ်စ္ကြ်မ္းဝင္မိတာလည္း ပါလာႏိုင္ပါတယ္။

ဒါေပမယ္႔ လုပ္ငန္းခြ င္ထဲမွာ ခ်စ္ကြ်မ္းဝင္မိရင္ ဘယ္လိုလုပ္မလဲ။ အဲဒီခံစားခ်က္ေတြကို ပေရာ္ဖက္ရွင္နယ္ ဆန္ဆန္ ဘယ္လိုေျဖရွင္းမလဲ။ အလုပ္ကိုလည္းမထိခိုက္ေအာင္၊ အခ်စ္ နဲ႔ ဘဝ ကိုလည္း မထိခိုက္ေအာင္ ဘယ္လိုကိုင္တြယ္မလဲ။ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္နဲ႔ တြဲဖို႔ စဥ္းစားေတာ႔မယ္ဆိုရင္ ဒီ ေမးခြန္း ေလးေတြကို ကိုယ္႔ကိုယ္ကိုအရင္ျပန္ေမးသင္႔ပါတယ္။

ရံုးတြင္း အခ်စ္ ဇာတ္လမ္း ေတြဆိုတာ ဘယ္ေလာက္အျဖစ္မ်ားလဲ

ရံုး ကလုပ္ေဖာ္ကုိင္ဖက္တစ္ေယာက္ကို ခ်ိန္းမေတြ႕မိဖို႔ ဘယ္လိုပဲသံမဏိစည္းမ်ဥ္းေတြ ခ်မွတ္ထား၊ ခ်မွတ္ထား… ရံုး တြင္းအခ်စ္ဇာတ္လမ္းေတြကေတာ႔ ခင္ဗ်ားထင္ထားတာထက္ ပိုမ်ားေနႏိုင္ပါတယ္လို႔ Monster.com ရဲ႕ အလုပ္အကိုင္အၾကံေပး Vicki Salemi က ဆိုပါတယ္။

ေလ႔လာမႈတစ္ခုအရဆိုရင္ (၃၈) ရာခိုင္ႏႈန္းေသာ ရံုး ဝန္ထမ္း ေတြဟာ သူတို႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ေယာက္နဲ႔ ခ်ိန္းေတြ႕ဖူးေၾကာင္း ဆိုလာပါလိမ္႔မယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ အလုပ္ ထဲမွာ ပံုမွန္ထိေတြ႕ေနရတဲ႔အတြက္ အခ်ိန္ေတြအမ်ားႀကီးကို တူတူျဖတ္သန္းႏိုင္ၿပီး တစ္ေယာက္အေၾကာင္းတစ္ေယာက္လည္း နားလည္ရပါတယ္။ အလုပ္အျပင္က လူတစ္ေယာက္ကို ခ်ိန္းေတြ႕ဖို႔ဆိုတာ စိန္ေခၚမႈတစ္ခုပါပဲ လို႔ ဆိုၾကပါတယ္။

ႏွစ္ခါျပန္ေတြးပါဦး

လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ကို ခ်ိန္းေတြ႕ရမွာ စိတ္လႈပ္ရွားေနတယ္ဆိုတာဟာလည္း ပံုမွန္ပါပဲ။ ဘာလို႔လဲဆိုေတာ႔ အခ်စ္ေရးဇာတ္လမ္း တစ္ခုဆိုတာ လုပ္ရည္ကိုင္ရည္၊ ဂုဏ္သတင္းေတြအေပၚ သက္ေရာက္မႈတစ္ခုရွိေနႏိုင္ၿပီး ရာထူးတိုးဖို႔အတြက္ တက္လမ္းကိုလည္း ပိတ္ဆို႔ေစႏိုင္ပါတယ္။ ဒါေၾကာင္႔ မတြဲခင္ ေသခ်ာအခ်ိန္ယူစဥ္းစားတာဟာ မွန္ကန္တဲ႔လုပ္ရပ္တစ္ခုပါ။

ေနာက္ၿပီး ဌာန ထဲက မန္ေနဂ်ာ နဲ႔တြဲလို႔ မ်က္ႏွာသာေပးခံရတယ္လို႔ အထင္ခံရတာတို႔၊ အခ်စ္ေတြကုန္ခမ္းသြားလို႔ အမုန္းေတြဝင္လာတဲ႕အခါ အလုပ္ပ်က္အကိုင္ပ်က္ျဖစ္ရတာတို႔၊ အလုပ္ထြက္လုိက္ရတာတို႔ကလည္း လုပ္ေဖာ္ကိုင္ဖက္ကို ခ်ိန္းေတြ႕မိလို႔ ျဖစ္တတ္တဲ႔ အျဖစ္အပ်က္ေတြပါပဲ။ ဒါေၾကာင္႔ တြဲမယ္ဆိုရင္လည္း တျခား ဌာန (သို႔) တျခားအေဆာက္အဦးမွာ အလုပ္လုပ္ကိုင္တဲ႔ လုပ္ေဖာ္ကိုင္ဖက္ကို ေရြးခ်ယ္တာက အႏၱရာယ္ပိုနည္းပါတယ္။

ျပတ္သြားၿပီဆိုရင္ ဘယ္လိုလုပ္မလဲ

တကယ္လို႔ လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္နဲ႔ တြဲခဲ႔ၾကၿပီးမွ သေဘာထားမတိုက္ဆိုင္လို႔ လမ္းခြဲၾကမယ္ဆိုရင္ ဘယ္လိုေရွ႕ဆက္ ပတ္သက္ၾကမလဲ။ တစ္ခါတေလက်ရင္ အလုပ္ သေဘာအရ မပတ္သက္လို႔ မရတာေတြရွိလာတဲ႔အခါ၊ တြဲခဲ႔ဖူးတဲဲ႔ခံစားခ်က္ေတြက အလုပ္ ထဲမွာေရာယွက္လာတဲ႔အခါ မလိုလားအပ္တဲ႔ ျပႆနာေလးေတြ ရွိလာႏိုင္ပါတယ္။ အထူးသျဖင္႔ တစ္ဖက္သတ္ထားသြားတာ ခံရသူဆိုရင္ ပိုဆိုးပါတယ္။

ကိုယ္မၾကည္႔ခ်င္၊ မျမင္ခ်င္ေလာက္ေအာင္ မုန္းတီးေနမယ္႔လူတစ္ေယာက္ကို အလုပ္ သေဘာအရ စကားေျပာေနရတာဟာ ခံစားလို႔သိပ္ေကာင္းလွတဲ႔ ခံစားခ်က္တစ္ခု ျဖစ္မယ္ေတာ႔ မထင္ပါဘူး။ ဒီေတာ႔ မတြဲခင္ ဒါေတြကို ကိုင္တြယ္ႏိုင္လား ကိုယ္႔ကိုယ္ကိုယ္အရင္ျပန္ေမးပါ။

စည္းေလးေတြထားပါ

ဟုတ္ၿပီ။ အထက္ေဖာ္ျပပါအခ်က္ေတြအားလံုးကိုလည္း လက္ခံႏိုင္လို႔ တြဲလိုက္ၿပီ။ ခင္ဗ်ားတို႔ႏွစ္ေယာက္တြဲေနၿပီဆိုတာကို တျခားလုပ္ေဖာ္ကိုင္ဖက္ေတြလည္း အေႏွးနဲ႔အျမန္သိသြားေတာ႔မွာပါ။ ခ်စ္သူ ေတြ ျဖစ္သြားၾကၿပီဆိုရင္ လက္ကိုင္တာတို႔၊ ပုခံုးဖက္တာတို႔လို ရုုပ္ပိုင္းဆိုင္ရာထိေတြ႕မႈေလးေတြ ရွိခ်င္လာမွာ သဘာဝပါ။ အဲဒီလိုစိတ္ေတြကို လုပ္ငန္းခြင္အတြင္းမွာေတာ႔ တတ္ႏိုင္သမွ် ထိန္းခ်ဳပ္ထားပါ။

အလုပ္ထဲမွာေတာ႔ ဘယ္ေလာက္ပဲ စိတ္ဆႏၵျပင္းျပေနပါေစ။ ပေရာ္ဖက္ရွင္နယ္ ဆန္ႏိုင္သမွ် ဆန္ေအာင္ ႀကိဳးစားပါ။ မိမိတို႔ရဲ႕ ခ်စ္ေရးခ်စ္ရာကိစၥေတြကို ရံုးခ်ိန္ျပင္ပက်မွ စဥ္းစားပါ။ ဒီနည္းနဲ႔ တျခား လုပ္ေဖာ္ကိုင္ဖက္ေတြကပါ ခင္ဗ်ားတို႔ကို ပေရာ္ဖက္ရွင္နယ္ဆန္တဲ႔လူေတြအျဖစ္ ျမင္လာေစႏိုင္ၿပီး ရာထူးတိုးဖို႔အတြက္လည္း ပိတ္ပင္မႈေတြြ မရွိႏိုင္ေတာ႔ပါဘူး။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ တွဲတော့မယ်ဆိုရင် (၂) ခါမက ပြန်စဉ်းစားဖို့လိုပါတယ်။
အလုပ်အကိုင် တည်တည်ငြိမ်ငြိမ် ရှိပြီးသား လူူတစ်ယောက် ဆိုရင် တခြားနေရာတွေမှာထက် ရုံး မှာအချိန်ဖြုန်းရတဲ့အချိန်က ပိုများမှာပါ။ ဒါကြောင့် ရုံး မှာ လစဉ်ရမယ့် လစာ ထက်ပိုတဲ့အရာတွေလည်း ရလာနိုင်ပါတယ်။ အဲဒီထဲမှာ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်မိတာလည်း ပါလာနိုင်ပါတယ်။

ဒါပေမယ့် လုပ်ငန်းခွ င်ထဲမှာ ချစ်ကျွမ်းဝင်မိရင် ဘယ်လိုလုပ်မလဲ။ အဲဒီခံစားချက်တွေကို ပရော်ဖက်ရှင်နယ် ဆန်ဆန် ဘယ်လိုဖြေရှင်းမလဲ။ အလုပ်ကိုလည်းမထိခိုက်အောင်၊ အချစ် နဲ့ ဘဝ ကိုလည်း မထိခိုက်အောင် ဘယ်လိုကိုင်တွယ်မလဲ။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွဲဖို့ စဉ်းစားတော့မယ်ဆိုရင် ဒီ မေးခွန်း လေးတွေကို ကိုယ့်ကိုယ်ကိုအရင်ပြန်မေးသင့်ပါတယ်။

ရုံးတွင်း အချစ် ဇာတ်လမ်း တွေဆိုတာ ဘယ်လောက်အဖြစ်များလဲ

ရုံး ကလုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ချိန်းမတွေ့မိဖို့ ဘယ်လိုပဲသံမဏိစည်းမျဉ်းတွေ ချမှတ်ထား၊ ချမှတ်ထား… ရုံး တွင်းအချစ်ဇာတ်လမ်းတွေကတော့ ခင်ဗျားထင်ထားတာထက် ပိုများနေနိုင်ပါတယ်လို့ Monster.com ရဲ့ အလုပ်အကိုင်အကြံပေး Vicki Salemi က ဆိုပါတယ်။

လေ့လာမှုတစ်ခုအရဆိုရင် (၃၈) ရာခိုင်နှုန်းသော ရုံး ဝန်ထမ်း တွေဟာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်နဲ့ ချိန်းတွေ့ဖူးကြောင်း ဆိုလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အလုပ် ထဲမှာ ပုံမှန်ထိတွေ့နေရတဲ့အတွက် အချိန်တွေအများကြီးကို တူတူဖြတ်သန်းနိုင်ပြီး တစ်ယောက်အကြောင်းတစ်ယောက်လည်း နားလည်ရပါတယ်။ အလုပ်အပြင်က လူတစ်ယောက်ကို ချိန်းတွေ့ဖို့ဆိုတာ စိန်ခေါ်မှုတစ်ခုပါပဲ လို့ ဆိုကြပါတယ်။

နှစ်ခါပြန်တွေးပါဦး

လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ချိန်းတွေ့ရမှာ စိတ်လှုပ်ရှားနေတယ်ဆိုတာဟာလည်း ပုံမှန်ပါပဲ။ ဘာလို့လဲဆိုတော့ အချစ်ရေးဇာတ်လမ်း တစ်ခုဆိုတာ လုပ်ရည်ကိုင်ရည်၊ ဂုဏ်သတင်းတွေအပေါ် သက်ရောက်မှုတစ်ခုရှိနေနိုင်ပြီး ရာထူးတိုးဖို့အတွက် တက်လမ်းကိုလည်း ပိတ်ဆို့စေနိုင်ပါတယ်။ ဒါကြောင့် မတွဲခင် သေချာအချိန်ယူစဉ်းစားတာဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုပါ။

နောက်ပြီး ဌာန ထဲက မန်နေဂျာ နဲ့တွဲလို့ မျက်နှာသာပေးခံရတယ်လို့ အထင်ခံရတာတို့၊ အချစ်တွေကုန်ခမ်းသွားလို့ အမုန်းတွေဝင်လာတဲ့အခါ အလုပ်ပျက်အကိုင်ပျက်ဖြစ်ရတာတို့၊ အလုပ်ထွက်လိုက်ရတာတို့ကလည်း လုပ်ဖော်ကိုင်ဖက်ကို ချိန်းတွေ့မိလို့ ဖြစ်တတ်တဲ့ အဖြစ်အပျက်တွေပါပဲ။ ဒါကြောင့် တွဲမယ်ဆိုရင်လည်း တခြား ဌာန (သို့) တခြားအဆောက်အဦးမှာ အလုပ်လုပ်ကိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ကို ရွေးချယ်တာက အန္တရာယ်ပိုနည်းပါတယ်။

ပြတ်သွားပြီဆိုရင် ဘယ်လိုလုပ်မလဲ

တကယ်လို့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ တွဲခဲ့ကြပြီးမှ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲကြမယ်ဆိုရင် ဘယ်လိုရှေ့ဆက် ပတ်သက်ကြမလဲ။ တစ်ခါတလေကျရင် အလုပ် သဘောအရ မပတ်သက်လို့ မရတာတွေရှိလာတဲ့အခါ၊ တွဲခဲ့ဖူးတဲ့ခံစားချက်တွေက အလုပ် ထဲမှာရောယှက်လာတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာလေးတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် တစ်ဖက်သတ်ထားသွားတာ ခံရသူဆိုရင် ပိုဆိုးပါတယ်။

ကိုယ်မကြည့်ချင်၊ မမြင်ချင်လောက်အောင် မုန်းတီးနေမယ့်လူတစ်ယောက်ကို အလုပ် သဘောအရ စကားပြောနေရတာဟာ ခံစားလို့သိပ်ကောင်းလှတဲ့ ခံစားချက်တစ်ခု ဖြစ်မယ်တော့ မထင်ပါဘူး။ ဒီတော့ မတွဲခင် ဒါတွေကို ကိုင်တွယ်နိုင်လား ကိုယ့်ကိုယ်ကိုယ်အရင်ပြန်မေးပါ။

စည်းလေးတွေထားပါ

ဟုတ်ပြီ။ အထက်ဖော်ပြပါအချက်တွေအားလုံးကိုလည်း လက်ခံနိုင်လို့ တွဲလိုက်ပြီ။ ခင်ဗျားတို့နှစ်ယောက်တွဲနေပြီဆိုတာကို တခြားလုပ်ဖော်ကိုင်ဖက်တွေလည်း အနှေးနဲ့အမြန်သိသွားတော့မှာပါ။ ချစ်သူ တွေ ဖြစ်သွားကြပြီဆိုရင် လက်ကိုင်တာတို့၊ ပုခုံးဖက်တာတို့လို ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုလေးတွေ ရှိချင်လာမှာ သဘာဝပါ။ အဲဒီလိုစိတ်တွေကို လုပ်ငန်းခွင်အတွင်းမှာတော့ တတ်နိုင်သမျှ ထိန်းချုပ်ထားပါ။

အလုပ်ထဲမှာတော့ ဘယ်လောက်ပဲ စိတ်ဆန္ဒပြင်းပြနေပါစေ။ ပရော်ဖက်ရှင်နယ် ဆန်နိုင်သမျှ ဆန်အောင် ကြိုးစားပါ။ မိမိတို့ရဲ့ ချစ်ရေးချစ်ရာကိစ္စတွေကို ရုံးချိန်ပြင်ပကျမှ စဉ်းစားပါ။ ဒီနည်းနဲ့ တခြား လုပ်ဖော်ကိုင်ဖက်တွေကပါ ခင်ဗျားတို့ကို ပရော်ဖက်ရှင်နယ်ဆန်တဲ့လူတွေအဖြစ် မြင်လာစေနိုင်ပြီး ရာထူးတိုးဖို့အတွက်လည်း ပိတ်ပင်မှုတွေ မရှိနိုင်တော့ပါဘူး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top