iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္သူခ်င္းဆိုတာက အရင္းႏွီးဆံုးသူစိမ္းေတြမို႔လို႔ အခ်င္းခ်င္း နားလည္မႈအျပည့္ရွိရမွာျဖစ္ၿပီး အမွားလုပ္မိတာမ်ိဳးကိုဆို အမွားအတြက္ ဝန္ခံလိုက္ပါ။

ခ်စ္သူေတြဆိုတာကေတာ့ မိမိခ်စ္သူသာ ေလာကမွာ အေကာင္းဆံုးလို႔ ယံုၾကည္ထားတတ္ပါတယ္။ အေကာင္းဆံုးခ်စ္သူတိုင္းမွာ ရွိရမယ့္အက်င့္ေကာင္းေလးေတြဆိုတာ ဘာေတြျဖစ္မလဲလို႔ သိခ်င္က်ပါသလား။ Marry က ေျပာျပေပးပါရေစ။ ေအာက္မွာ ေျပာျပထားတဲ့အက်င့္ေကာင္းေလးေတြ ရွိေနတဲ့ခ်စ္သူကိုသာ ပိုင္ဆိုင္ထားမယ္ဆိုရင္ေတာ့ လက္မလႊတ္ေတာ့ဘဲ ခ်စ္သူရ ကံေကာင္းတဲ့သူဆိုၿပီး ေပ်ာ္ရႊင္လိုက္ပါေနာ္။

ေခါင္းေဆာင္ရည္စြမ္းအား ျမင့္မားျခင္း

တစ္ခုခုေတြ႕တဲ့အခ်ိန္ ဘယ္ကို ဘယ္လိုလုပ္ရမလဲဆိုတာကို ခ်က္ခ်င္းဆံုးျဖတ္ႏိုင္တဲ့ ေခါင္းေဆာင္ရည္စြမ္းအားက အေရးႀကီးပါတယ္။ အေရးရယ္ အေၾကာင္းရယ္ဆိုရင္ ဦးေဆာင္ႏို္င္တဲ့စိတ္ဓါတ္ရွိရမွာပါ။ ဘာလုပ္လို႔ လုပ္ရမွန္းမသိ အူတူတူ ျဖစ္ေနတာမ်ိဳးရင္ အဆင္ေျပႏိုင္မွာ မဟုတ္ပါဘူး။ ေခါင္းေဆာင္ရည္စြမ္းအား ျမင့္မားတဲ့သူျဖစ္ဖို႔ လိုအပ္ပါတယ္။ ခ်စ္သူေကာင္း ျဖစ္ဖို႔အတြက္မွာလည္း ကိုယ့္ခ်စ္သူလိုအပ္တဲ့အခ်ိန္တိုင္း ဦးေဆာင္ႏို္င္တဲ့သူျဖစ္ရမွာပါ။

စိတ္ရွည္သည္းခံတတ္ျခင္း

စိတ္ဆိုးစရာျမင္တိုင္း ခ်က္ခ်င္းစိတ္ဆိုးတတ္တာမ်ိဳးကို ေရွာင္ပါေနာ္။ စိတ္ဆိုးစရာ၊ စိတ္အခန္႔မသင့္တာမ်ိဳးကို ေတြ႔ၾကံဳရတဲ့အခ်ိန္တိုင္း ေဒါသနဲ႔ မတုန္႔ျပန္ဘဲ သည္းခံတတ္တဲ့စိတ္ထားတတ္ရမွာပါ။ ၿပီးမွ အက်ိဳးသင့္ အေၾကာင္းသင့္ ျပန္လည္ရွင္းျပေျဖရွင္းတတ္ရပါမယ္။ စိတ္ရွည္သည္းခံတယ္ဆိုတာက ေနရာတကာတိုင္း ဘာေျပာေျပာခံလိုက္တယ္ ဆိုတာမ်ိဳးကို ေျပာတာ မဟုတ္ပါဘူး။ ေတာ္တန္ရံုဆို စိတ္မဆိုးဘဲ ေျပာစရာကို ေသခ်ာ နားေထာင္ေပးတတ္တဲ့သူမ်ိဳး ျဖစ္ေနပါေစ။ စိတ္ဆိုးစရာရွိတုိင္း စိတ္ဆိုးတတ္တာေတြ၊ စိတ္တိုလြယ္တာေတြက ခ်စ္သူေကာင္းေတြမွာ မရွိတဲ့အက်င့္မုိ႔လို႔ပါ။

အမွားကို ဝန္ခံတတ္ျခင္း

လူဆိုတာမွာ အမွားနဲ႔ကင္းတဲ့သူ မရွိပါဘူး။ အမွားကို ဝန္ခံတတ္တဲ့သူ၊ ကိုယ့္အမွားကို တာဝန္ယူတတ္တဲ့သူမ်ိဳးျဖစ္ရမွာပါ။ ကိုယ္မွားမွန္းသိလ်က္နဲ႔ တစ္တက္စားလညး္ ၾကက္သြန္ ႏွစ္တက္စားလည္း ၾကက္သြန္ဆိုတဲ့အေတြးမ်ိဳးကို မေတြးရပါဘူး။ မွားမွန္းသိတာနဲ႔ အမွားကို တာဝန္ယူရဲရမယ့္ စိတ္ဓါတ္ရွိပါ။ ခ်စ္သူေကာင္းျဖစ္ဖို႔အတြက္ကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ပြင့္ပြင့္လင္းလင္းနဲ႔ အမွားလုပ္မိတာမ်ိဳးကိုဆို အမွားအတြက္ ဝန္ခံလိုက္ပါ။

ခ်စ္သူေကာင္းတိုင္းမွာ ရွိရမယ့္ အက်င့္ေကာင္းေလးမ်ားဆိုတာကို ေျပာျပေပးလိုက္ရပါတယ္။ ခ်စ္သူခ်င္းဆိုတာက အရင္းႏွီးဆံုးသူစိမ္းေတြမို႔လို႔ တစ္ေယာက္နဲ႔တစ္ေယာက္က နားလည္မႈအျပည့္ရွိေနရမွာပါ။ ခ်စ္သူေကာင္းေတြမွာ ရွိရမယ့္ အက်င့္ေကာင္းေလးေတြရရွိေအာင္ လိုက္နာၿပီး ေပ်ာ္ရႊင္စရာေတြျပည့္ေနတဲ့ ၾကည္ႏူးဖြယ္ ဆက္ဆံေရးေလးကို တည္ေဆာက္လိုက္ပါ။

Credit:Marry

# Unicode Version ျဖင့္ ဖတ္ပါ #

ချစ်သူချင်းဆိုတာက အရင်းနှီးဆုံးသူစိမ်းတွေမို့လို့ အချင်းချင်း နားလည်မှုအပြည့်ရှိရမှာဖြစ်ပြီး အမှားလုပ်မိတာမျိုးကိုဆို အမှားအတွက် ဝန်ခံလိုက်ပါ။

ချစ်သူတွေဆိုတာကတော့ မိမိချစ်သူသာ လောကမှာ အကောင်းဆုံးလို့ ယုံကြည်ထားတတ်ပါတယ်။ အကောင်းဆုံးချစ်သူတိုင်းမှာ ရှိရမယ့်အကျင့်ကောင်းလေးတွေဆိုတာ ဘာတွေဖြစ်မလဲလို့ သိချင်ကျပါသလား။ Marry က ပြောပြပေးပါရစေ။ အောက်မှာ ပြောပြထားတဲ့အကျင့်ကောင်းလေးတွေ ရှိနေတဲ့ချစ်သူကိုသာ ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ လက်မလွှတ်တော့ဘဲ ချစ်သူရ ကံကောင်းတဲ့သူဆိုပြီး ပျော်ရွှင်လိုက်ပါနော်။

ခေါင်းဆောင်ရည်စွမ်းအား မြင့်မားခြင်း

တစ်ခုခုတွေ့တဲ့အချိန် ဘယ်ကို ဘယ်လိုလုပ်ရမလဲဆိုတာကို ချက်ချင်းဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင်ရည်စွမ်းအားက အရေးကြီးပါတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ဦးဆောင်နိုင်တဲ့စိတ်ဓါတ်ရှိရမှာပါ။ ဘာလုပ်လို့ လုပ်ရမှန်းမသိ အူတူတူ ဖြစ်နေတာမျိုးရင် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ ခေါင်းဆောင်ရည်စွမ်းအား မြင့်မားတဲ့သူဖြစ်ဖို့ လိုအပ်ပါတယ်။ ချစ်သူကောင်း ဖြစ်ဖို့အတွက်မှာလည်း ကိုယ့်ချစ်သူလိုအပ်တဲ့အချိန်တိုင်း ဦးဆောင်နိုင်တဲ့သူဖြစ်ရမှာပါ။

စိတ်ရှည်သည်းခံတတ်ခြင်း

စိတ်ဆိုးစရာမြင်တိုင်း ချက်ချင်းစိတ်ဆိုးတတ်တာမျိုးကို ရှောင်ပါနော်။ စိတ်ဆိုးစရာ၊ စိတ်အခန့်မသင့်တာမျိုးကို တွေ့ကြုံရတဲ့အချိန်တိုင်း ဒေါသနဲ့ မတုန့်ပြန်ဘဲ သည်းခံတတ်တဲ့စိတ်ထားတတ်ရမှာပါ။ ပြီးမှ အကျိုးသင့် အကြောင်းသင့် ပြန်လည်ရှင်းပြဖြေရှင်းတတ်ရပါမယ်။ စိတ်ရှည်သည်းခံတယ်ဆိုတာက နေရာတကာတိုင်း ဘာပြောပြောခံလိုက်တယ် ဆိုတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ တော်တန်ရုံဆို စိတ်မဆိုးဘဲ ပြောစရာကို သေချာ နားထောင်ပေးတတ်တဲ့သူမျိုး ဖြစ်နေပါစေ။ စိတ်ဆိုးစရာရှိတိုင်း စိတ်ဆိုးတတ်တာတွေ၊ စိတ်တိုလွယ်တာတွေက ချစ်သူကောင်းတွေမှာ မရှိတဲ့အကျင့်မို့လို့ပါ။

အမှားကို ဝန်ခံတတ်ခြင်း

လူဆိုတာမှာ အမှားနဲ့ကင်းတဲ့သူ မရှိပါဘူး။ အမှားကို ဝန်ခံတတ်တဲ့သူ၊ ကိုယ့်အမှားကို တာဝန်ယူတတ်တဲ့သူမျိုးဖြစ်ရမှာပါ။ ကိုယ်မှားမှန်းသိလျက်နဲ့ တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန်ဆိုတဲ့အတွေးမျိုးကို မတွေးရပါဘူး။ မှားမှန်းသိတာနဲ့ အမှားကို တာဝန်ယူရဲရမယ့် စိတ်ဓါတ်ရှိပါ။ ချစ်သူကောင်းဖြစ်ဖို့အတွက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ အမှားလုပ်မိတာမျိုးကိုဆို အမှားအတွက် ဝန်ခံလိုက်ပါ။

ချစ်သူကောင်းတိုင်းမှာ ရှိရမယ့် အကျင့်ကောင်းလေးများဆိုတာကို ပြောပြပေးလိုက်ရပါတယ်။ ချစ်သူချင်းဆိုတာက အရင်းနှီးဆုံးသူစိမ်းတွေမို့လို့ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုအပြည့်ရှိနေရမှာပါ။ ချစ်သူကောင်းတွေမှာ ရှိရမယ့် အကျင့်ကောင်းလေးတွေရရှိအောင် လိုက်နာပြီး ပျော်ရွှင်စရာတွေပြည့်နေတဲ့ ကြည်နူးဖွယ် ဆက်ဆံရေးလေးကို တည်ဆောက်လိုက်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top