iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Burmese.asia
# Unicode Version ဖြင့် ဖတ်ပါ #
ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မေပန်းချီက အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားသူဖြစ်ပါတယ်။ မြန်မာဆန်တဲ့ မျက်နှာလေးနဲ့ ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ်လေးကြောင့် ယောကျာ်းလေးပရိသတ်တွေရဲ့အားပေးခြင်းခံရသလို မိန်းကလေးတွေရဲ့ သဘောချစ်ခင်ခြင်း ခံထားရသူလေးပါ။ မေပန်းချီဟာ လက်ရိမှာလဲ သူမချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
ဒီနေ့မှာတော့ မေပန်းချီက နာမည်ကြီးမီဒီယာတစ်ခုကို မကျေနပ်တဲ့အကြောင်း သူမရဲ့ဖေ့စ်ဘုတ်မှာ ပြောပြခဲ့ပါတယ်။ မေပန်းချီက ဟင်းချက်ပြတဲ့ အစီအစဉ်တစ်ခုမှာ မြန်မာဝတ်စုံလေးနဲ့ လုံလုံခြုံခြုံဝတ်စားခဲ့ပြီး ရိုက်ကူးခဲ့ပေမယ့် ထိုအစီအစဉ်ကို မထုတ်လွှင့်ပေးဘဲ သူမထက် နောက်မှရိုက်ကူးတဲ့ သူတွေကျတော့ မလုံမခြုံဝတ်စားပေမယ့် အစီအစဉ်ကို ဦးစွာဖော်ပြခဲ့တဲ့ကိစ္စကြောင့်ပဲဖြစ်ပါတယ်။
ထိုကိစ္စနဲ့ပတ်သတ်ပြီး မေပန်းချီက “စ ဝုန်းပါပြီနော်  ဟင်းချက်တဲ့အစီအစဉ် ကိုယ်လဲအချိန်ပေးပြီး သွားရိုက်ပေးတာပါ အချိန်ကုန်တယ် လူပင်ပန်းတယ်။ ဒါမဲ့ ထဘီ နဲ့ ရင်ဖုံး ဝတ်တော့ ကိုယ်ရိုက်တာ မတင်ပေးဘူး ကိုယ်နောက်မှ ရိုက်တဲ့သူကို အရင်တင်လိုက်တယ်။ပြသနာက နို့ဖော်မရိုက်ပေးလို့ထင်ပ အိမ်မှာလဲ ဖင်ပေါ်ခေါင်းပေါ်နဲ့ကိုယ်ဟင်းမချက်ဖူးလို့ပါဆေားရီး ပါ ယူတို့ မီဒီယာ Like တွေ View များဖို့ နို့ဖော်ပြီးမချက်ပေးနိူင်လို့ ထဘီဝတ်ပြီးချက်ထားတာမတင်လဲနေပါ ကိုယ့်ထမင်းကိုယ်စားပြီး အဆဲမတောင်းလိုပါ။ ပြောချင်တာက ကိုယ် လဲ အနုပညာကြေး ယူပြီးရိုက်ပေးထားတာမဟုတ်ပါ ။အားယားနေလို့ ရိုက်ပေးတာမဟုတ်ပါ။ မီဒီယာသမား များကို Respect ထားလို့ လာရိုက်ပေးတာဖြစ်လို့ မီဒီယာ သမားများလဲအနုပညာ သမား ကို Respect လေးပြန်ထားသင့်ပါတယ်။ ”
“မိမိကိုယ်ကျိုးအတွက် မိန်းမသားများကိုသိပ်အသုံးမချပါနဲ့။ (၂)စုံလုံးမြန်မာဝတ်စုံဖြစ်နေလို့တစ်စုံတော့ပြောင်းပေးပါဆိုလို့လဲ အတတ်နိူင်ဆုံးကြိုးစားပြီးအဆဲမခံရအောင်ဝတ်ထားပါတယ်။ သူတို့လက်ကဖင်တွေရင်တွေပဲဒဲ့ချိန်ပြီး အဓိကရိုက်နေတာတော့မတတ်နိူင်…တော်ပါပြီ ဝေးဝေးရှောင်ပါတယ်။ မအောင်မြင်လဲနေပါ။ မြန်မာထမင်းဟင်းချက်တာပါ။ လိင် ကိစ္စနိူးဆော်တဲ့အကွက်တွေ ရိုက်နေတာမဟုတ်ပါလာမလုပ်နဲ့ ဟဟ..ကိုယ်ဘာပဲ ရိုက်ရိုက်မိဘတွေ မိသားစု တွေ ကစောင့်စောင့်ကြည့်တာပါနော်။ အမြင်သင့်တော်ဖို့ လိုအပ်ပါတယ်။” ဆိုပြီး သူမရဲ့ အဖြစ်ကို ပြောပြထားပါတယ်။
ပရိသတ်ကြီးလဲ မေပန်းချီရဲ့အဖြစ်ကိုသိသွားပြီဆိုတော့ မေပန်းချီပြောတာ မှန်လား မမှန်လားဆိုတာ နားလည်ခံစားနိုင်မယ်ထင်ပါတယ်။ ပရိသတ်ကို အလေးထားတဲ့ မေပန်းချီ အနုအညာလောကမှာ အခုထက် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ရှိပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top