iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရွိေနလ်က္နဲ႔ ေနာက္တစ္ေယာက္ကို ရင္ခုန္မိတာ၊ ႏွစ္ေယာက္ၿပိဳင္တြဲတာမ်ိဳးက စိတ္လႈပ္ရွားစရာေကာင္းၿပီး ညိဳ႕ငင္ဖမ္းစားႏိုင္စြမ္းရွိပါတယ္။ ခိုးစားရတဲ့ အသီးက ပိုခ်ိဳတယ္ဆိုသလိုပဲ မွားမွန္းသိရက္နဲ႔ ေရွ႕ဆက္တိုးမိေနတတ္တာမ်ိဳး ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုေျခ႐ႈပ္ေဖာက္ျပန္တာက ဒုကၡျဖစ္ႏိုင္စရာေတြ အမ်ားႀကီးရွိတယ္ဆိုတာေတာ့ ေသခ်ာပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔လည္း ခ်စ္သူရည္းစား ဒါမွမဟုတ္ အိမ္ေထာင္ရွိလ်က္နဲ႔ ေနာက္တစ္ေယာက္နဲ႔ ေျခ႐ႈပ္ဖို႔ အလားအလာရွိေနမယ္ဆိုရင္ ဒီေမးခြန္း(၄)ခုကို ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၾကည့္ဖို႔ လိုပါတယ္။

၁။ ဘာေတြ ေပးဆပ္ရဖို႔ ရွိလဲ
ေနာက္တစ္ေယာက္နဲ႔ေဖာက္ျပန္တာကို မိသြားမယ္ဆိုရင္ ဘာေတြဆံုး႐ႈံးရမလဲ၊ ဘယ္လိုထိခိုက္မႈေတြ ရွိလာႏိုင္လဲ ဆိုတာကို အရင္ဆံုးစဥ္းစားၾကည့္ဖို႔ လိုပါတယ္။ လက္ရွိ Relationship ကို ပ်က္စီးသြားလည္း ကိစၥမရွိဘူးဆိုရင္ေတာင္ လက္ရွိ ခ်စ္သူ ဒါမွမဟုတ္ ဇနီးမယားကို ထိခိုက္နာက်င္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင္ကိုယ္တိုင္အတြက္ေရာ၊ လက္ရွိပါတနာအတြက္ပါ ေပးဆပ္ရမယ့္ တန္ဖိုးေတြကို ေသခ်ာဆန္းစစ္ၾကည့္ဖို႔ လိုပါတယ္။

၂။ ဘ၀ႏွစ္မ်ိဳးရွင္သန္ဖို႔ အဆင္ေျပႏုိင္မလား
ခ်စ္သူရွိလ်က္နဲ႔ ေနာက္တစ္ေယာက္နဲ႔ ေျခ႐ႈပ္ၿပီဆိုတာနဲ႔ ဒီတစ္ေယာက္နဲ႔တစ္မ်ိဳး၊ ဟိုတစ္ေယာက္နဲ႔ တစ္မ်ိဳး ေျပာဆိုဆက္ဆံရေတာ့မွာျဖစ္ပါတယ္။ ဒါထက္အေရးႀကီးတာက ထိန္းသိမ္းထားရမယ့္၊ ကြယ္၀ွက္ထားရမယ့္ လ်ိဳ႕၀ွက္ခ်က္ေတြ မ်ားလာတာကလည္း စိုးရိမ္ေသာကေတြကို မ်ားျပားေစပါတယ္။ တျဖည္းျဖည္းနဲ႔ မစခဲ့မိရင္ေကာင္းသားဆိုတဲ့ အေတြး၀င္လာၿပီး စိတ္ဖိစီးမႈေတြလည္း ရွိလာႏိုင္ပါတယ္။ တခ်ိန္တည္းမွာ တစ္ဖက္သားမသိေအာင္ အကြက္ေရႊ႕ရတာ၊ လိမ္ညာေနရတာေတြက အရမ္းစိတ္ဖိစီး၊ စိတ္ပူပန္မႈျဖစ္ရပါတယ္။ ဒါေတြကို ရင္ဆိုင္ႏိုင္မလားဆိုတာ စဥ္းစားပါ။

၃။ တစ္ခုခုမွားသြားရင္ ဘယ္လိုလုပ္မလဲ
လူအမ်ားစုက သစၥာေဖာက္ခံရတဲ့အခါမွာ သူတို႔ရဲ႕ အဆိုးဆံုးအက်င့္စရိုက္ေတြနဲ႔ စိတ္ဓာတ္ေတြ ထြက္ေပၚလာတတ္ပါတယ္။ ဒီလိုျဖစ္လာတဲ့အခါမွာ သင္ကိုယ္တိုင္အတြက္ေရာ၊ လက္ရွိခ်စ္သူအတြက္ေရာ၊ အသစ္တစ္ေယာက္အတြက္ပါ ထိခိုက္မႈေတြ ျဖစ္လာႏိုင္ပါတယ္။ အစြဲအလမ္းႀကီးလြန္းသူတစ္ေယာက္ပါ၀င္ခဲ့ရင္ အနည္းဆံုး စိတ္ညစ္စရာေတြ ၾကံဳရႏိုင္ၿပီး အမ်ားဆံုး အရွက္တကြဲအက်ိဳးနည္းျဖစ္ေလာက္တဲ့အထိ အႏၱရာယ္မ်ားပါတယ္။

၄။ ဒီအေျခအေနက ရုန္းထြက္လို႔ရႏိုင္မလား
သင့္အေနနဲ႔ တတိယလူဆီကေန ၾကင္နာမႈေတြ၊ အာရုံစိုက္မႈေတြနဲ႔ စိတ္လႈပ္ရွားမႈေတြ ရရွိေနတယ္ဆိုရင္လည္း ဒါေတြအားလံုးဟာ ခဏတာ သာယာမႈေတြပဲဆိုတာကို နားလည္ထားဖို႔ပါတယ္။ အျမဲတမ္းဆံုး႐ႈံးသြားမွာက လက္ရွိခ်စ္သူ ဒါမွမဟုတ္ ဇနီးမယားရဲ႕ ယုံၾကည္မႈနဲ႔ စိတ္ေအးခ်မ္းတည္ၿငိမ္မႈပဲ ျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ ေျခ႐ႈပ္သူအမ်ားစုဟာ အရႈပ္ထဲကေန ႐ုန္းထြက္ခ်င္တတ္ၾကပါတယ္။ အေကာင္းဆံုးနည္းလမ္းကေတာ့ လက္ရွိ ခ်စ္သူ ဇနီးမယားကို အရုိးသားဆံုး၀န္ခံေျပာၾကားၿပီး ႐ုန္းထြက္ႏိုင္ေအာင္ အကူအညီေတာင္းသင့္ပါတယ္။ သင့္ရဲ႕ လက္ရွိခ်စ္သူ ဒါမွမဟုတ္ မိသားစုရဲ႕ တည္ၿငိမ္ေအးခ်မ္းမႈ၊ ေပ်ာ္ရႊင္မႈ၊ ဂုဏ္သိကၡာေတြ ထိခိုက္ပ်က္စီးမွာကို စိုးရိမ္တယ္ဆိုရင္ေတာ့ အစကတည္းက ေျခမ႐ႈပ္မိေအာင္ ဆင္ျခင္တာ အေကာင္းဆံုးျဖစ္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Gentleman Magazine
#Unicode Version#
 ချစ်သူရှိနေလျက်နဲ့ နောက်တစ်ယောက်ကို ရင်ခုန်မိတာ၊ နှစ်ယောက်ပြိုင်တွဲတာမျိုးက စိတ်လှုပ်ရှားစရာကောင်းပြီး ညို့ငင်ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ခိုးစားရတဲ့ အသီးက ပိုချိုတယ်ဆိုသလိုပဲ မှားမှန်းသိရက်နဲ့ ရှေ့ဆက်တိုးမိနေတတ်တာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုခြေရှုပ်ဖောက်ပြန်တာက ဒုက္ခဖြစ်နိုင်စရာတွေ အများကြီးရှိတယ်ဆိုတာတော့ သေချာပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း ချစ်သူရည်းစား ဒါမှမဟုတ် အိမ်ထောင်ရှိလျက်နဲ့ နောက်တစ်ယောက်နဲ့ ခြေရှုပ်ဖို့ အလားအလာရှိနေမယ်ဆိုရင် ဒီမေးခွန်း(၄)ခုကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ဖို့ လိုပါတယ်။

၁။ ဘာတွေ ပေးဆပ်ရဖို့ ရှိလဲ
နောက်တစ်ယောက်နဲ့ဖောက်ပြန်တာကို မိသွားမယ်ဆိုရင် ဘာတွေဆုံးရှုံးရမလဲ၊ ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ ဆိုတာကို အရင်ဆုံးစဉ်းစားကြည့်ဖို့ လိုပါတယ်။ လက်ရှိ Relationship ကို ပျက်စီးသွားလည်း ကိစ္စမရှိဘူးဆိုရင်တောင် လက်ရှိ ချစ်သူ ဒါမှမဟုတ် ဇနီးမယားကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင်အတွက်ရော၊ လက်ရှိပါတနာအတွက်ပါ ပေးဆပ်ရမယ့် တန်ဖိုးတွေကို သေချာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

၂။ ဘဝနှစ်မျိုးရှင်သန်ဖို့ အဆင်ပြေနိုင်မလား
ချစ်သူရှိလျက်နဲ့ နောက်တစ်ယောက်နဲ့ ခြေရှုပ်ပြီဆိုတာနဲ့ ဒီတစ်ယောက်နဲ့တစ်မျိုး၊ ဟိုတစ်ယောက်နဲ့ တစ်မျိုး ပြောဆိုဆက်ဆံရတော့မှာဖြစ်ပါတယ်။ ဒါထက်အရေးကြီးတာက ထိန်းသိမ်းထားရမယ့်၊ ကွယ်ဝှက်ထားရမယ့် လျို့ဝှက်ချက်တွေ များလာတာကလည်း စိုးရိမ်သောကတွေကို များပြားစေပါတယ်။ တဖြည်းဖြည်းနဲ့ မစခဲ့မိရင်ကောင်းသားဆိုတဲ့ အတွေးဝင်လာပြီး စိတ်ဖိစီးမှုတွေလည်း ရှိလာနိုင်ပါတယ်။ တချိန်တည်းမှာ တစ်ဖက်သားမသိအောင် အကွက်ရွှေ့ရတာ၊ လိမ်ညာနေရတာတွေက အရမ်းစိတ်ဖိစီး၊ စိတ်ပူပန်မှုဖြစ်ရပါတယ်။ ဒါတွေကို ရင်ဆိုင်နိုင်မလားဆိုတာ စဉ်းစားပါ။

၃။ တစ်ခုခုမှားသွားရင် ဘယ်လိုလုပ်မလဲ
လူအများစုက သစ္စာဖောက်ခံရတဲ့အခါမှာ သူတို့ရဲ့ အဆိုးဆုံးအကျင့်စရိုက်တွေနဲ့ စိတ်ဓာတ်တွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ သင်ကိုယ်တိုင်အတွက်ရော၊ လက်ရှိချစ်သူအတွက်ရော၊ အသစ်တစ်ယောက်အတွက်ပါ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အစွဲအလမ်းကြီးလွန်းသူတစ်ယောက်ပါဝင်ခဲ့ရင် အနည်းဆုံး စိတ်ညစ်စရာတွေ ကြုံရနိုင်ပြီး အများဆုံး အရှက်တကွဲအကျိုးနည်းဖြစ်လောက်တဲ့အထိ အန္တရာယ်များပါတယ်။

၄။ ဒီအခြေအနေက ရုန်းထွက်လို့ရနိုင်မလား
သင့်အနေနဲ့ တတိယလူဆီကနေ ကြင်နာမှုတွေ၊ အာရုံစိုက်မှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေ ရရှိနေတယ်ဆိုရင်လည်း ဒါတွေအားလုံးဟာ ခဏတာ သာယာမှုတွေပဲဆိုတာကို နားလည်ထားဖို့ပါတယ်။ အမြဲတမ်းဆုံးရှုံးသွားမှာက လက်ရှိချစ်သူ ဒါမှမဟုတ် ဇနီးမယားရဲ့ ယုံကြည်မှုနဲ့ စိတ်အေးချမ်းတည်ငြိမ်မှုပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ခြေရှုပ်သူအများစုဟာ အရှုပ်ထဲကနေ ရုန်းထွက်ချင်တတ်ကြပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လက်ရှိ ချစ်သူ ဇနီးမယားကို အရိုးသားဆုံးဝန်ခံပြောကြားပြီး ရုန်းထွက်နိုင်အောင် အကူအညီတောင်းသင့်ပါတယ်။ သင့်ရဲ့ လက်ရှိချစ်သူ ဒါမှမဟုတ် မိသားစုရဲ့ တည်ငြိမ်အေးချမ်းမှု၊ ပျော်ရွှင်မှု၊ ဂုဏ်သိက္ခာတွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်တယ်ဆိုရင်တော့ အစကတည်းက ခြေမရှုပ်မိအောင် ဆင်ခြင်တာ အကောင်းဆုံးဖြစ်ပါတယ်။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Gentleman Magazine
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top