iMyanmarHouse.com - Best Property Website for Myanmar
×

အသားေျခာက္တဲ့သူထက္ အဆီျပန္တဲ့ အသားအေရပိုင္ရွင္ေတြက ဆားဝက္ၿခံ ပိုျဖစ္တတ္ၾကပါတယ္။ အလွဖ်က္တဲ့ ဆားဝက္ၿခံကို ေပ်ာက္ေစမယ့္ နည္းလမ္းေတြကေတာ့ အမ်ားၾကီးပါ။ ထိုအထဲကမွ လြယ္ကူရိုးရွင္းနည္းလမ္းကိုသာ မွ်ေဝေပးခ်င္ပါတယ္။

၁။ခရမ္းခ်ဥ္သီးနည္းလမ္း
ခရမ္းခ်ဥ္သီးတစ္လံုကို လက္ျဖင့္ (သို႔) ဇြန္းျဖင့္ၾကိတ္ေျခပါ ။ ထို႔ေနာက္ ဆားဝက္ၿခံရွိရာေနရာ (သို႔) မ်က္နွာတစ္ခုလံုးသို႔ အနည္းဆံုး နွစ္မိနစ္ၾကာေအာင္ ပြတ္ပါ။ ထို႔ေနာက္ ၁၅မိနစ္ခန္႔ၾကာေအာင္ ထားျပီးလွ်င္ ေရျဖင့္ ေဆးေၾကာလိုက္ရံုပါပဲ ။
မွတ္ခ်က္ ။ အသားအေရ ေျခာက္ေသြ႔တတ္သူမ်ားအေနျဖင့္ သံလြင္ဆီအနည္းငယ္ေရာ၍ အသံုးျပဳျခင္းက အေရျပားကို နူးညံ့စိုေျပေစနိုင္ပါသည္ ။ အဆီျပန္တတ္ေသာ အသားအေရပိုင္ရွင္မ်ားကေတာ့ သံလြင္ဆီအသံုးျပဳစရာ မလိုပါ။

၂။သြားတိုက္ေဆးနည္းလမ္း
ပထမဦးစြာ မ်က္နွာကို ေဆးေၾကာသန္႔စင္ပါ ။ မသုတ္ပါနွင့္ ။ ထုိ႔ေနာက္ သြားတိုက္ေဆးနွင့္ ဆားကို ဆတူေရာစပ္ပါ။ သြားတိုက္ေဆးသည္ ဂ်ယ္လ္ပံုစံမဟုတ္တဲ့ အျဖဴေရာင္သြားတိုက္ေဆးသာ ျဖစ္ရပါမည္။ ထို႔ေနာက္ ထိုအေရာအေနွာကို ဆားဝက္ၿခံရွိရာေနရာသို႔ ပြတ္လိမ္းပါ။ ၁မိနစ္ ၊ ၂မိနစ္ခန္႔ၾကာလွ်င္ ၾကက္သီးေႏြးေရျဖင့္ ေဆးေၾကာေပးလိုက္ပါ။
မွတ္ခ်က္။ ဒီနည္းလမ္းကို အသံုးျပဳရာတြင္ မ်က္နွာကို ေျခာက္ေသြ႕မေနပါေစနွင့္။ သြားတိုက္ေဆးသည္ ပူသျဖင့္ အေရျပားေပၚတြင္ အၾကာၾကီးမထားမိဖို႕လည္း အေရးၾကီးပါသည္ ။

၃။ သံပုယိုသီးနည္းလမ္း
သံပုယိုသီးကို အရင္ဆံုး ခြက္တစ္ခုထဲသို႔ အရည္ညွစ္ပါ ။ ျပီးလွ်င္ Cotton pad (သို႔) ဂြမ္းျဖင့္ တို႔၍ ဆားဝက္ၿခံရွိရာေနရာသို႔ သုတ္လိမ္းပါ ။ ညအိပ္ရာမဝင္ခင္ ျပဳလုပ္၍ မနက္အိပ္ရာထမွ ေဆးေၾကာရမွာပါ။ ထို႔ေနာက္ အစိုဓါတ္ထိမ္းခရင္မ္ တစ္မ်ိဳးမ်ိဳးလိမ္းေပးပါ ။

မွတ္ခ်က္ ။ ေႏြရာသီတြင္ ဒီနည္းလမ္းကိုအသံုးျပဳမည္ဆိုပါက ျပဳလုပ္ျပီးတိုင္း sunscreen ကို လိမ္းေပးပါ ။ ထိခိုက္လြယ္ေသာ အသားအရည္ပိုင္ရွင္မ်ားဆိုပါက သံပုယိုရည္ကို ေရအနည္းငယ္ေရာျပီး အသံုးျပဳပါ။

၄။ မုန္႔ဖုတ္ဆိုဒါနည္းလမ္း (Baking Soda)
မုန္႔ဖိုဆိုဒါနွင့္ ေရကို ခ်င့္ခ်ိန္၍ ခပ္ျပစ္ျပစ္ အေနအထားအထိ ေရာေမႊေပးပါ။ ထိုအေရာအေႏွာကို ဆားဝက္ၿခံေပၚသို႔ စက္ဝိုင္းပံုစံ ပြတ္လိမ္းေပးပါ။ မိနစ္အနည္းငယ္ၾကာလွ်င္ ေရျဖင့္ ေဆးေၾကာသန္႔ရွင္းပါ။ ျပီးလွ်င္ အစိုဓါတ္ထိမ္း ခရင္မ္တစ္မ်ိဳးမိ်ဳးကို လိမ္းေပးပါ။
မွတ္ခ်က္ ။ မုန္႔ဖုတ္ဆိုဒါသည္ အသားအေရကို ေျခာက္ေသြ႔ေစနိုင္သျဖင့္ ဤနည္းလမ္းကို ၾကိမ္ဖန္မ်ားစြာ မျပဳလုပ္သင့္ပါ ။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:CHAN

#Unicode Version#
အသားခြောက်တဲ့သူထက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက ဆားဝက်ခြံ ပိုဖြစ်တတ်ကြပါတယ်။ အလှဖျက်တဲ့ ဆားဝက်ခြံကို ပျောက်စေမယ့် နည်းလမ်းတွေကတော့ အများကြီးပါ။ ထိုအထဲကမှ လွယ်ကူရိုးရှင်းနည်းလမ်းကိုသာ မျှဝေပေးချင်ပါတယ်။

၁။ခရမ်းချဉ်သီးနည်းလမ်း
ခရမ်းချဉ်သီးတစ်လုံကို လက်ဖြင့် (သို့) ဇွန်းဖြင့်ကြိတ်ခြေပါ ။ ထို့နောက် ဆားဝက်ခြံရှိရာနေရာ (သို့) မျက်နှာတစ်ခုလုံးသို့ အနည်းဆုံး နှစ်မိနစ်ကြာအောင် ပွတ်ပါ။ ထို့နောက် ၁၅မိနစ်ခန့်ကြာအောင် ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ရုံပါပဲ ။
မှတ်ချက် ။ အသားအရေ ခြောက်သွေ့တတ်သူများအနေဖြင့် သံလွင်ဆီအနည်းငယ်ရော၍ အသုံးပြုခြင်းက အရေပြားကို နူးညံ့စိုပြေစေနိုင်ပါသည် ။ အဆီပြန်တတ်သော အသားအရေပိုင်ရှင်များကတော့ သံလွင်ဆီအသုံးပြုစရာ မလိုပါ။

၂။သွားတိုက်ဆေးနည်းလမ်း
ပထမဦးစွာ မျက်နှာကို ဆေးကြောသန့်စင်ပါ ။ မသုတ်ပါနှင့် ။ ထို့နောက် သွားတိုက်ဆေးနှင့် ဆားကို ဆတူရောစပ်ပါ။ သွားတိုက်ဆေးသည် ဂျယ်လ်ပုံစံမဟုတ်တဲ့ အဖြူရောင်သွားတိုက်ဆေးသာ ဖြစ်ရပါမည်။ ထို့နောက် ထိုအရောအနှောကို ဆားဝက်ခြံရှိရာနေရာသို့ ပွတ်လိမ်းပါ။ ၁မိနစ် ၊ ၂မိနစ်ခန့်ကြာလျှင် ကြက်သီးနွေးရေဖြင့် ဆေးကြောပေးလိုက်ပါ။
မှတ်ချက်။ ဒီနည်းလမ်းကို အသုံးပြုရာတွင် မျက်နှာကို ခြောက်သွေ့မနေပါစေနှင့်။ သွားတိုက်ဆေးသည် ပူသဖြင့် အရေပြားပေါ်တွင် အကြာကြီးမထားမိဖို့လည်း အရေးကြီးပါသည် ။

၃။ သံပုယိုသီးနည်းလမ်း
သံပုယိုသီးကို အရင်ဆုံး ခွက်တစ်ခုထဲသို့ အရည်ညှစ်ပါ ။ ပြီးလျှင် Cotton pad (သို့) ဂွမ်းဖြင့် တို့၍ ဆားဝက်ခြံရှိရာနေရာသို့ သုတ်လိမ်းပါ ။ ညအိပ်ရာမဝင်ခင် ပြုလုပ်၍ မနက်အိပ်ရာထမှ ဆေးကြောရမှာပါ။ ထို့နောက် အစိုဓါတ်ထိမ်းခရင်မ် တစ်မျိုးမျိုးလိမ်းပေးပါ ။

မှတ်ချက် ။ နွေရာသီတွင် ဒီနည်းလမ်းကိုအသုံးပြုမည်ဆိုပါက ပြုလုပ်ပြီးတိုင်း sunscreen ကို လိမ်းပေးပါ ။ ထိခိုက်လွယ်သော အသားအရည်ပိုင်ရှင်များဆိုပါက သံပုယိုရည်ကို ရေအနည်းငယ်ရောပြီး အသုံးပြုပါ။

၄။ မုန့်ဖုတ်ဆိုဒါနည်းလမ်း (Baking Soda)
မုန့်ဖိုဆိုဒါနှင့် ရေကို ချင့်ချိန်၍ ခပ်ပြစ်ပြစ် အနေအထားအထိ ရောမွှေပေးပါ။ ထိုအရောအနှောကို ဆားဝက်ခြံပေါ်သို့ စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာလျှင် ရေဖြင့် ဆေးကြောသန့်ရှင်းပါ။ ပြီးလျှင် အစိုဓါတ်ထိမ်း ခရင်မ်တစ်မျိုးမျိုးကို လိမ်းပေးပါ။
မှတ်ချက် ။ မုန့်ဖုတ်ဆိုဒါသည် အသားအရေကို ခြောက်သွေ့စေနိုင်သဖြင့် ဤနည်းလမ်းကို ကြိမ်ဖန်များစွာ မပြုလုပ်သင့်ပါ ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:CHAN


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top