iMyanmarHouse.com - Best Property Website for Myanmar
×


အဆိုေတာ္ေ႐ႊထူးဟာ City FM က ဆုခ်ီးျမႇင့္ခဲ့တဲ့ ေ႐ႊျပားေလးကို ေအာင္ဇဗၺဴေတာရေက်ာင္းမွာ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ ဒီအတြက္လည္း ဇနီးေမာင္ႏွံ ႏွစ္ေယာက္ ဝမ္းသာေပ်ာ္႐ႊင္ေနတာကို ေတြ႕ရပါတယ္။

‘’လႉခ်င္တဲ့ City Fm ကေ႐ႊျပားေလးကို လႉခြင့္ရေအာင္ လိုက္ပို႔ေပးလို႔ေက်းဇူးအထူးပါ။ ငါ့မိန္းမေရ’’ဆိုၿပီးေတာ့ ဇန္နဝါရီလ ၂၈ ရက္ေန႔ မနက္ ၁၀ နာရီ ၁၃ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာေရးသားခဲ့ပါတယ္။ အဲ့ဒီေနာက္ ေ႐ႊျပားလႉေနတဲ့ အမွတ္တရ ဓာတ္ပုံကိုလည္း တင္ခဲ့တာကို ေတြ႕ရပါတယ္။ သူ႔ကို ခ်စ္တဲ့ ပရိသတ္ေတြကလည္း ဝမ္းသာဂုဏ္ယူမိတဲ့အေၾကာင္းကို Comment ကေနတဆင့္ေရးသားခဲ့ၾကပါေသးတယ္။

ေ႐ႊထူးဟာ ဇန္နဝါရီလ ၁၂ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ City FM Radio Station ရဲ႕ 17 ႏွစ္ျပည့္ Annual Music Award Show ပြဲႀကီးမွာ ‘’၂၀၁၈ ခုႏွစ္အတြက္ သီခ်င္းေတာင္းဆိုမႈအမ်ားဆုံး ဆု’’ ကို ရရွိပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ဒီဆုအတြက္ ပရိသတ္ေတြကို ေ႐ႊထူးက ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

'' အရမ္းဝမ္းသာပါတယ္။ ကြၽန္ေတာ့္ပရိသတ္ေတြက ကြၽန္ေတာ္ အိမ္ေထာင္က်သြားလည္း ကြၽန္ေတာ့္ကို ခ်စ္ေပးေနၾကတယ္။ ကြၽန္ေတာ့္ သီခ်င္းေတြကို နားေထာင္ေပးေနၾကတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ တတိယအေခြကို လည္း ဒီႏွစ္ထဲမွာ ထြက္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္'' လို႔ ရင္ထဲကစကားကို ေျပာခဲ့ပါတယ္။

ေ႐ႊထူးဟာ ''စိတ္ကူးယဥ္ စာအုပ္'' ၊ '' I '' စတဲ့ တစ္ကိုယ္ေတာ္ အေခြေတြ ထြက္ရွိထားၿပီးတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ပါတယ္။ အဲဒီေနာက္ အြန္လိုင္းေပၚကေန အသစ္မိတ္ဆက္ေပးလိုက္တဲ့ ခလုတ္ သီခ်င္း ကလည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့တဲ့ အျပင္ ေ႐ႊမႈန္နဲ႔ သီဆိုထားတဲ့ ‘’အမွား’’ သီခ်င္းကလည္း ပရိသတ္အားေပးမႈ အမ်ားဆုံးရရွိခဲ့တဲ့ သီခ်င္းျဖစ္ပါတယ္။

ေ႐ႊထူးက လက္ရွိမွာလည္း သီခ်င္းအသစ္ေတြ ဖန္တီးလို႔ေနပါတယ္။ ဇန္နဝါရီလ အတြင္းမွာပဲ ေနာက္ထပ္ သီခ်င္းအသစ္ တစ္ပုဒ္ျဖစ္တဲ့ ‘’ဆယ္ဆ’’ သီခ်င္းကို Joox Music မွာ တင္ခဲ့တာ ေတြ႕ရပါတယ္။ တတိယေျမာက္ တစ္ကိုယ္ေတာ္အေခြ ထြက္ဖို႔ကိုလည္း ႀကိဳးစားျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

အဆိုတော်ရွှေထူးဟာ City FM က ဆုချီးမြှင့်ခဲ့တဲ့ ရွှေပြားလေးကို အောင်ဇဗ္ဗူတောရကျောင်းမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက်လည်း ဇနီးမောင်နှံ နှစ်ယောက် ဝမ်းသာပျော်ရွှင်နေတာကို တွေ့ရပါတယ်။

‘’လှူချင်တဲ့ City Fm ကရွှေပြားလေးကို လှူခွင့်ရအောင် လိုက်ပို့ပေးလို့ကျေးဇူးအထူးပါ။ ငါ့မိန်းမရေ’’ဆိုပြီးတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက် ၁၀ နာရီ ၁၃ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ရွှေပြားလှူနေတဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကလည်း ဝမ်းသာဂုဏ်ယူမိတဲ့အကြောင်းကို Comment ကနေတဆင့်ရေးသားခဲ့ကြပါသေးတယ်။

ရွှေထူးဟာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ပွဲကြီးမှာ ‘’၂၀၁၈ ခုနှစ်အတွက် သီချင်းတောင်းဆိုမှုအများဆုံး ဆု’’ ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဆုအတွက် ပရိသတ်တွေကို ရွှေထူးက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

'' အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်ပရိသတ်တွေက ကျွန်တော် အိမ်ထောင်ကျသွားလည်း ကျွန်တော့်ကို ချစ်ပေးနေကြတယ်။ ကျွန်တော့် သီချင်းတွေကို နားထောင်ပေးနေကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ရဲ့ တတိယအခွေကို လည်း ဒီနှစ်ထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်'' လို့ ရင်ထဲကစကားကို ပြောခဲ့ပါတယ်။

ရွှေထူးဟာ ''စိတ်ကူးယဉ် စာအုပ်'' ၊ '' I '' စတဲ့ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိထားပြီးတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ အဲဒီနောက် အွန်လိုင်းပေါ်ကနေ အသစ်မိတ်ဆက်ပေးလိုက်တဲ့ ခလုတ် သီချင်း ကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ အပြင် ရွှေမှုန်နဲ့ သီဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ 

ရွှေထူးက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးလို့နေပါတယ်။ ဇန်နဝါရီလ အတွင်းမှာပဲ နောက်ထပ် သီချင်းအသစ် တစ်ပုဒ်ဖြစ်တဲ့ ‘’ဆယ်ဆ’’ သီချင်းကို Joox Music မှာ တင်ခဲ့တာ တွေ့ရပါတယ်။ တတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ဖို့ကိုလည်း ကြိုးစားပြင်ဆင်နေတယ်လို့ သိရပါတယ်။ 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top