iMyanmarHouse.com - Best Property Website for Myanmar
×


လိုက္ဖက္ညီတဲ႔ ခ်စ္သူစံုတြဲေတြမွာ ဒီလို အေလ့အက်င့္ေလးေတြ ပိုင္ဆိုင္ထားပါတယ္။ ဒါေၾကာင့္လဲ ေပ်ာ္ရႊင္ၾကတာေပါ့။ ဘယ္လို အမူအက်င့္ေလးေတြလဲဆိုတာ ၾကည့္လိုက္ရေအာင္…

၁။ အိပ္ရာ တူတူ ဝင္ႀကတယ္။

ေပ်ာ္ရႊင္တဲ႔ ခ်စ္သူေတြဟာ ႏွစ္ေယာက္လံုး အိပ္ခ်ိန္ေတြ တူေအာင္ သက္မွတ္ထားႀကပါတယ္။ ကိုယ့္ကို အိပ္ျပီလို႔ ေျပာျပီး ညေတြမွာ Facebook မွာ active ျဖစ္ေနတဲ႔ ခ်စ္သူကို ကိုယ္ပိုင္ဆိုင္ထားရင္ေတာ့ ေပ်ာ္ရႊင္ရမွာမဟုတ္ပါဘူး။

၂။ ႏွစ္ေယာက္လံုး စိတ္ဝင္စားတဲ႔ အရာေတြကို အတူတကြ ျပဳလုပ္ႀကတယ္။

တစ္ခ်ိဳ႕စံုတြဲေတြက ႏွစ္ေယာက္လံုး အႀကိဳက္မတူႀကဘူး။ တစ္ျခားစီဘဲ ဆိုတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ ေပ်ာ္ရႊင္တဲ႔ စံုတြဲေတြျဖစ္ခ်င္ရင္ေတာ့ common interest ဆိုတာေတြကို ခ်စ္သူႏွစ္ဦးႀကား တည္ေဆာက္ရယူရပါမယ္။

၃။ လက္တြဲျပီး ေဘးခ်င္းယွဥ္ လမ္းေလ်ာက္တယ္။

ေပ်ာ္ရႊင္တဲ႔ ခ်စ္သူႏွစ္ဦးဟာ လူပံုအလယ္မွာလဲ လက္တြဲျပီး ေဘးခ်င္းယွဥ္ျပီး လမ္းေလ်ာက္ရဲပါတယ္။ လမ္းတစ္ေလ်ာက္မွာ ျမင္ရမဲ႔ ရႈခင္းေတြထက္စာရင္ ကိုယ့္ခ်စ္သူနဲ႕ ေႏြးေထြးမႈေတြက ပိုျပီး အေရးႀကီးေနမွာပါ။

၄။ အျမဲတမ္း ယံုႀကည္မႈရွိျပီး ခြင့္လႊတ္တတ္တယ္။

ႏွစ္ေယာက္လံုးဟာ တစ္ေယာက္ကိုတစ္ေယာက္ အျမဲ ယံုႀကည္ႀကပါတယ္။ ႏွစ္ေယာက္ႀကားမွာ ျပႆနာေတြ အျမင္ကြဲလြဲမႈေတြ ျဖစ္လာရင္လည္း မေျဖရွင္းႏိုင္တဲ႔အခါ တစ္ေယာက္ကိုတစ္ေယာက္ ခြင့္လႊတ္တတ္ၾကပါတယ္။

၅။ ကိုယ့္ခ်စ္သူရဲ႕ ေကာင္းတာေတြကိုပဲ အာရံုစိုက္ပါတယ္။

လူေတြရဲ႕ သဘာဝအရ တစ္စံုတစ္ေယာက္က မေကာင္းတာတစ္ခု အမွားတစ္ခု လုပ္မိရင္ သူ႔ကို အျပစ္ေျပာလို႔မဆံုးေတာ့ပါဘူး။ ေကာင္းတာ လုပ္မိရင္ေတာ့ ခ်ီးမြမ္းဖို႔ ခက္ခဲတတ္ႀကပါတယ္။ ေပ်ာ္ရႊင္တဲ႔ စံုတြဲေတြကေတာ့ တစ္ေယာက္ရဲ႕ ေကာင္းမြန္တဲ႔အရာေတြကိုပဲ အေလးေပးႀကပါတယ္။ တစ္ေယာက္ ေကာင္းတာလုပ္ျပီးရင္ ေအာင္ျမင္မႈရရင္ အျမဲ ခ်ီးက်ဴးတတ္ပါတယ္။

၆။ ေပြ႕ဖက္ၾကပါတယ္။

လူေတြရဲ႕ အေရျပားဟာ မွတ္ဥာဏ္ရွိပါတယ္။ ေကာင္းမြန္တဲ႔ အထိအေတြ႔ (အခ်စ္) ၊ မေကာင္းတဲ႔ အထိအေတြ႕(အႏိုင္က်င့္ခံရမႈ) နဲ႕ အထိအေတြ႕မရွိ ( ပစ္ပယ္ခံရမႈ) ဆိုျပီး သံုးခုရွိပါတယ္။ ေပ်ာ္ရႊင္တဲ႔ စံုတြဲေတြက ေပြ႔ဖက္ျပီး ႏႈတ္ဆက္ႀကပါတယ္။ ဒါက ခ်စ္သူနွစ္ေယာက္ရဲ႕ စိတ္ေတြကို ပိုျပီး နီးကပ္ေစႏိုင္ပါတယ္။

၇။ ကိုယ့္စိတ္က ဘာပဲျဖစ္ေနပါေစ။ မနက္ခင္းတိုင္း “ကိုယ္ မင္းကို ခ်စ္တယ္” ၊ “ေကာင္းေသာ ေန႔ေလးပိုင္ဆိုင္ႏိုင္ပါေစ” စတာေတြကို ေျပာႀကပါတယ္။

ဒီလိုမ်ိဳး ဂရုစိုက္တတ္တဲ႔ အျပဳအမူေလးေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ရဲ႕ အခ်စ္ကို ပိုမိုခိုင္ျမဲေစမွာပါ။ တစ္ေယာက္ေျပာလိုက္တဲ႔ ဒီလို ႀကင္နာစကား ဂရုစိုက္ စကားေလးေတြက တစ္ေယာက္ရဲ႕ တစ္ေန႔တာမွာ ေတြ႕ႀကံဳႏိုင္တဲ႔ စိတ္ပ်က္စရာ အေျခအေနေတြကို ေက်ာ္လႊားႏိုင္မွာပါ။

၈။ ညအိပ္ရာဝင္တဲ႔အခါ “Good Night” လို႔ ေျပာတယ္။

ေပ်ာ္ရႊင္တဲ႔ ခ်စ္သူႏွစ္ဦးဟာ စိတ္ေကာက္ျပီး အျငင္းအခံုျဖစ္ျပီး ညအိပ္ရာဝင္ေလ့မရွိပါဘူး။ ဘယ္ေလာက္ပဲ စိတ္ဆိုး စိတ္ေကာက္ ေနႀကပါေစ ဒီလို ဂရုစိုက္တဲ႔ စကားမ်ိဳးေလးေတြ ေျပာျပီးမွ အိပ္ရာဝင္ႀကတယ္။

၉။ တစ္ေန႔တာမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ အဆင္ေျပလား စစ္ေဆးႀကတယ္။

ခ်စ္သူကို အိမ္မွာပဲျဖစ္ျဖစ္ ေက်ာင္းမွာ အားရင္ပဲျဖစ္ျဖစ္ အလုပ္မွာ အားရင္ပဲျဖစ္ျဖစ္ ဖုန္းဆက္ျပီး သူ႔ရဲ႕ တစ္ေန႔တာ ဘဟ္လိုလဲ ေမးပါ။ ေပ်ာ္ရႊင္တဲ႔ စံုတြဲေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ေပ်ာ္စရာေတြ မ်ွေဝျပီး အျမဲ ဆက္သြယ္ႀကပါတယ္။

၁၀။ ႏွစ္ေယာက္တြဲေနတာကို လူေတြ ျမင္ရင္လဲ ဂုဏ္ယူေပ်ာ္ရႊင္တတ္ႀကတယ္။

အျပင္မွာ အတူသြားလို႔ ေပ်ာ္ရႊင္ႀကည္ႏူးတဲ႔ပံုကို လူေတြ ျမင္တဲ႔အခါ ေပ်ာ္ရႊင္တဲ႔ စံုတြဲေတြဟာ ရွက္ရြံ႕တာမ်ိဳး စိတ္ဘဝင္မက်တာမ်ိဳးေတြ မျဖစ္တတ္ပါဘူး။ ဒါဟာ public မွာ show off လုပ္တာမဟုတ္ဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုင္ဆိုင္ႀကတယ္ အတူရွိတယ္ဆိုတာကို ျပသျခင္းတစ္မ်ိဳးပါ။

Credit: Christine ( Love Shop )

# Unicode Version ျဖင့္ ဖတ္ပါ #

လိုက်ဖက်ညီတဲ့ ချစ်သူစုံတွဲတွေမှာ ဒီလို အလေ့အကျင့်လေးတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်လဲ ပျော်ရွှင်ကြတာပေါ့။ ဘယ်လို အမူအကျင့်လေးတွေလဲဆိုတာ ကြည့်လိုက်ရအောင်…

၁။ အိပ်ရာ တူတူ ဝင်ကြတယ်။

ပျော်ရွှင်တဲ့ ချစ်သူတွေဟာ နှစ်ယောက်လုံး အိပ်ချိန်တွေ တူအောင် သက်မှတ်ထားကြပါတယ်။ ကိုယ့်ကို အိပ်ပြီလို့ ပြောပြီး ညတွေမှာ Facebook မှာ active ဖြစ်နေတဲ့ ချစ်သူကို ကိုယ်ပိုင်ဆိုင်ထားရင်တော့ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။

၂။ နှစ်ယောက်လုံး စိတ်ဝင်စားတဲ့ အရာတွေကို အတူတကွ ပြုလုပ်ကြတယ်။

တစ်ချို့စုံတွဲတွေက နှစ်ယောက်လုံး အကြိုက်မတူကြဘူး။ တစ်ခြားစီဘဲ ဆိုတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပျော်ရွှင်တဲ့ စုံတွဲတွေဖြစ်ချင်ရင်တော့ common interest ဆိုတာတွေကို ချစ်သူနှစ်ဦးကြား တည်ဆောက်ရယူရပါမယ်။

၃။ လက်တွဲပြီး ဘေးချင်းယှဉ် လမ်းလျောက်တယ်။

ပျော်ရွှင်တဲ့ ချစ်သူနှစ်ဦးဟာ လူပုံအလယ်မှာလဲ လက်တွဲပြီး ဘေးချင်းယှဉ်ပြီး လမ်းလျောက်ရဲပါတယ်။ လမ်းတစ်လျောက်မှာ မြင်ရမဲ့ ရှုခင်းတွေထက်စာရင် ကိုယ့်ချစ်သူနဲ့ နွေးထွေးမှုတွေက ပိုပြီး အရေးကြီးနေမှာပါ။

၄။ အမြဲတမ်း ယုံကြည်မှုရှိပြီး ခွင့်လွှတ်တတ်တယ်။

နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက် အမြဲ ယုံကြည်ကြပါတယ်။ နှစ်ယောက်ကြားမှာ ပြဿနာတွေ အမြင်ကွဲလွဲမှုတွေ ဖြစ်လာရင်လည်း မဖြေရှင်းနိုင်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်တတ်ကြပါတယ်။

၅။ ကိုယ့်ချစ်သူရဲ့ ကောင်းတာတွေကိုပဲ အာရုံစိုက်ပါတယ်။

လူတွေရဲ့ သဘာဝအရ တစ်စုံတစ်ယောက်က မကောင်းတာတစ်ခု အမှားတစ်ခု လုပ်မိရင် သူ့ကို အပြစ်ပြောလို့မဆုံးတော့ပါဘူး။ ကောင်းတာ လုပ်မိရင်တော့ ချီးမွမ်းဖို့ ခက်ခဲတတ်ကြပါတယ်။ ပျော်ရွှင်တဲ့ စုံတွဲတွေကတော့ တစ်ယောက်ရဲ့ ကောင်းမွန်တဲ့အရာတွေကိုပဲ အလေးပေးကြပါတယ်။ တစ်ယောက် ကောင်းတာလုပ်ပြီးရင် အောင်မြင်မှုရရင် အမြဲ ချီးကျူးတတ်ပါတယ်။

၆။ ပွေ့ဖက်ကြပါတယ်။

လူတွေရဲ့ အရေပြားဟာ မှတ်ဉာဏ်ရှိပါတယ်။ ကောင်းမွန်တဲ့ အထိအတွေ့ (အချစ်) ၊ မကောင်းတဲ့ အထိအတွေ့(အနိုင်ကျင့်ခံရမှု) နဲ့ အထိအတွေ့မရှိ ( ပစ်ပယ်ခံရမှု) ဆိုပြီး သုံးခုရှိပါတယ်။ ပျော်ရွှင်တဲ့ စုံတွဲတွေက ပွေ့ဖက်ပြီး နှုတ်ဆက်ကြပါတယ်။ ဒါက ချစ်သူနှစ်ယောက်ရဲ့ စိတ်တွေကို ပိုပြီး နီးကပ်စေနိုင်ပါတယ်။

၇။ ကိုယ့်စိတ်က ဘာပဲဖြစ်နေပါစေ။ မနက်ခင်းတိုင်း “ကိုယ် မင်းကို ချစ်တယ်” ၊ “ကောင်းသော နေ့လေးပိုင်ဆိုင်နိုင်ပါစေ” စတာတွေကို ပြောကြပါတယ်။

ဒီလိုမျိုး ဂရုစိုက်တတ်တဲ့ အပြုအမူလေးတွေက တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အချစ်ကို ပိုမိုခိုင်မြဲစေမှာပါ။ တစ်ယောက်ပြောလိုက်တဲ့ ဒီလို ကြင်နာစကား ဂရုစိုက် စကားလေးတွေက တစ်ယောက်ရဲ့ တစ်နေ့တာမှာ တွေ့ကြုံနိုင်တဲ့ စိတ်ပျက်စရာ အခြေအနေတွေကို ကျော်လွှားနိုင်မှာပါ။

၈။ ညအိပ်ရာဝင်တဲ့အခါ “Good Night” လို့ ပြောတယ်။

ပျော်ရွှင်တဲ့ ချစ်သူနှစ်ဦးဟာ စိတ်ကောက်ပြီး အငြင်းအခုံဖြစ်ပြီး ညအိပ်ရာဝင်လေ့မရှိပါဘူး။ ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ကောက် နေကြပါစေ ဒီလို ဂရုစိုက်တဲ့ စကားမျိုးလေးတွေ ပြောပြီးမှ အိပ်ရာဝင်ကြတယ်။

၉။ တစ်နေ့တာမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေလား စစ်ဆေးကြတယ်။

ချစ်သူကို အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာ အားရင်ပဲဖြစ်ဖြစ် အလုပ်မှာ အားရင်ပဲဖြစ်ဖြစ် ဖုန်းဆက်ပြီး သူ့ရဲ့ တစ်နေ့တာ ဘဟ်လိုလဲ မေးပါ။ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပျော်စရာတွေ မျှဝေပြီး အမြဲ ဆက်သွယ်ကြပါတယ်။

၁၀။ နှစ်ယောက်တွဲနေတာကို လူတွေ မြင်ရင်လဲ ဂုဏ်ယူပျော်ရွှင်တတ်ကြတယ်။

အပြင်မှာ အတူသွားလို့ ပျော်ရွှင်ကြည်နူးတဲ့ပုံကို လူတွေ မြင်တဲ့အခါ ပျော်ရွှင်တဲ့ စုံတွဲတွေဟာ ရှက်ရွံ့တာမျိုး စိတ်ဘဝင်မကျတာမျိုးတွေ မဖြစ်တတ်ပါဘူး။ ဒါဟာ public မှာ show off လုပ်တာမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်ကြတယ် အတူရှိတယ်ဆိုတာကို ပြသခြင်းတစ်မျိုးပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top