iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ့ရုပ္ရွင္ထူးခြ်န္ဆု အကယ္ဒမီဆုေပးပြဲလိုမ်ိဳး အႏုပညာရွင္ေတြရဲ႕ ပန္းတုိင္တစ္ခုျဖစ္လာမယ့္ Star Awards ဆုေပးပြဲကို ၂၀၁၉ ခုႏွစ္ ဒီႏွစ္အတြင္းမွာ အထူးျခားဆံုးနဲ႔ ပထမဆံုးက်င္းပသြားမွာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ဧျပီလ ၅ ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ျပီးေတာ့ ရုပ္ရွင္ဇာတ္ကားေပါင္း ၈၃ ကားမွ ဇကာတင္ ဇာတ္ကား ၂၁ ကားကိုေရြးခ်ယ္ျပီးေတာ့ ထူးခြ်န္ဆု ၁၈ ဆုေပးအပ္သြားမွာျဖစ္ပါတယ္။

ေရႊစင္ဦးရုပ္ရွင္ထုတ္လုပ္ေရးက ရိုက္ကူးထားတဲ့ ရန္သူရုပ္ရွင္ဇာတ္ကားၾကီးမွာ ေနမင္း၊ ဝတ္မွုန္ေရႊရည္နဲ႔ ေနျခည္ဦးတို႔ အဓိက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ျပီး ထိုရုပ္ရွင္ကားၾကီးဟာ ၂၀၁၈ ခုႏွစ္ထဲမွာရံုတင္ျပသခဲ့တဲ့ ရုပ္ရွင္ကားၾကီးျဖစ္ပါတယ္။ ရန္သူရုပ္ရွင္ကားကိုေတာ့ Star Awards ဆုေပးပြဲကေနျပီး ႏွုတ္ထြက္ပါတယ္လို႔ ယေန႔ ဇန္နဝါရီလ ၁၆ ရက္ေန႔ က ေရႊစင္ဦးရုပ္ရွင္ထုတ္လုပ္ေရးေဖ့ဘုတ္စာမ်က္ႏွာကေန ေၾကျငာလုိက္တာျဖစ္ပါတယ္။

ေၾကျငာခ်က္ထဲမွာေတာ့ “Star Award က်င္းပမယ္ ဆိုတဲ့အေၾကာင္းကို ထုတ္လုပ္သူကိုယ္တိုင္ေလးစားရတဲ့ စာနယ္ဇင္းမွ အန္ကယ္ႀကီးက Facebook Messenger ကတစ္ဆင့္လွမ္းေျပာပါတယ္ စေျပာေျပာျခင္းပဲ ထုတ္လုပ္သူကလည္းအားတက္သေရာ ပါဝင္ကူညီမယ့္အေၾကာင္းျပန္ေျပာခဲ့ပါတယ္။ စာနယ္ဇင္းပြဲအၿပီး ဇကာတင္ဇာတ္ကားဆိုၿပီးစာရင္းထြက္လာေတာ့ ေရႊစင္ဦးတစ္တိုက္တည္းက ၂၀၁၈ ႐ုံတင္ဇာတ္ကား ၃ကားရွိေနပါလွ်က္ ႏွစ္ကားက ေပ်ာက္ျခင္းမလွေပ်ာက္ေနတာေတြ႕လိုက္ရတယ္။ ေပ်ာက္ေနတဲ့ဇာတ္ကားႏွစ္ကားကလည္း ေနတိုးကားေတြျဖစ္ေနတဲ့အတြက္ဘယ္လိုေရြးခ်ယ္သလဲဆိုတဲ့အေတြးကိုျဖစ္ေစပါတယ္။

မုန္းလို႔ရရင္မုန္းခ်င္တယ္ဇာတ္ကားဆိုရင္ ဖယ္ထုတ္လိုက္တယ္ဆိိုတာလက္ခံလို႔မရတဲ့ကားဆိုတာကိုပရိသတ္လည္းသိပါတယ္။ ဒါေၾကာင့္ပဲ ရန္သူကိုလည္းႏႈတ္ထြက္ဖို႔လုံေလာက္တဲ့ဆုံးျဖတ္ခ်က္ကို ခ်လိုက္တာပါ။” လို႔ သူတို႔ရဲ႕သက္ဆုိင္ရာေဖ့ဘုတ္စာမ်က္ႏွာကေန ေၾကျငာသြားခဲ့တာပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:BurmeseAsia
#Unicode Version#

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲလိုမျိုး အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုဖြစ်လာမယ့် Star Awards ဆုပေးပွဲကို ၂၀၁၉ ခုနှစ် ဒီနှစ်အတွင်းမှာ အထူးခြားဆုံးနဲ့ ပထမဆုံးကျင်းပသွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကားမှ ဇကာတင် ဇာတ်ကား ၂၁ ကားကိုရွေးချယ်ပြီးတော့ ထူးချွန်ဆု ၁၈ ဆုပေးအပ်သွားမှာဖြစ်ပါတယ်။

ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ ရန်သူရုပ်ရှင်ဇာတ်ကားကြီးမှာ နေမင်း၊ ဝတ်မှုန်ရွှေရည်နဲ့ နေခြည်ဦးတို့ အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ထိုရုပ်ရှင်ကားကြီးဟာ ၂၀၁၈ ခုနှစ်ထဲမှာရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ရန်သူရုပ်ရှင်ကားကိုတော့ Star Awards ဆုပေးပွဲကနေပြီး နှုတ်ထွက်ပါတယ်လို့ ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ က ရွှေစင်ဦးရုပ်ရှင်ထုတ်လုပ်ရေးဖေ့ဘုတ်စာမျက်နှာကနေ ကြေငြာလိုက်တာဖြစ်ပါတယ်။

ကြေငြာချက်ထဲမှာတော့ “Star Award ကျင်းပမယ် ဆိုတဲ့အကြောင်းကို ထုတ်လုပ်သူကိုယ်တိုင်လေးစားရတဲ့ စာနယ်ဇင်းမှ အန်ကယ်ကြီးက Facebook Messenger ကတစ်ဆင့်လှမ်းပြောပါတယ် စပြောပြောခြင်းပဲ ထုတ်လုပ်သူကလည်းအားတက်သရော ပါဝင်ကူညီမယ့်အကြောင်းပြန်ပြောခဲ့ပါတယ်။ စာနယ်ဇင်းပွဲအပြီး ဇကာတင်ဇာတ်ကားဆိုပြီးစာရင်းထွက်လာတော့ ရွှေစင်ဦးတစ်တိုက်တည်းက ၂၀၁၈ ရုံတင်ဇာတ်ကား ၃ကားရှိနေပါလျှက် နှစ်ကားက ပျောက်ခြင်းမလှပျောက်နေတာတွေ့လိုက်ရတယ်။ ပျောက်နေတဲ့ဇာတ်ကားနှစ်ကားကလည်း နေတိုးကားတွေဖြစ်နေတဲ့အတွက်ဘယ်လိုရွေးချယ်သလဲဆိုတဲ့အတွေးကိုဖြစ်စေပါတယ်။

မုန်းလို့ရရင်မုန်းချင်တယ်ဇာတ်ကားဆိုရင် ဖယ်ထုတ်လိုက်တယ်ဆိုတာလက်ခံလို့မရတဲ့ကားဆိုတာကိုပရိသတ်လည်းသိပါတယ်။ ဒါကြောင့်ပဲ ရန်သူကိုလည်းနှုတ်ထွက်ဖို့လုံလောက်တဲ့ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။” လို့ သူတို့ရဲ့သက်ဆိုင်ရာဖေ့ဘုတ်စာမျက်နှာကနေ ကြေငြာသွားခဲ့တာပါ။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:BurmeseAsia
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top