iMyanmarHouse.com - Best Property Website for Myanmar
×








Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

နိုင်ငံကျော် သရုပ်ဆောင်အကယ်ဒမီ နေတိုး ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ စွယ်စုံရ မင်းသား နေတိုးက သရုပ်ဆောင်လောကမှာ နံပါတ်၁ လို့ ပြောလို့ရပါတယ်။ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ နေတိုးရဲ့ နှင်းဆီပါဝါခြုံတဲ့ လက် အငြိမ့်မှ ပရိသတ်တွေအရမ်းကြိုက်နေတဲ့ တိုးတိုး ဘီလူး video လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေတိုး အပါအဝင် နှင်းဆီအဖွဲ့သားတွေက နှင်းဆီပဝါခြုံတဲ့ လက် အငြိမ့်ကို ယုဇနဂါးဒင်း ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကို ရသမျိုးစုံပေးတဲ့ နှင်းဆီအဖွဲ့သားတွေက ဒီတစ်ခါမှာလည်း နှင်းဆီပဝါခြုံတဲ့ လက် အငြိမ့်နဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့တာပါ။

နှင်းဆီပဝါခြုံတဲ့ လက် အငြိမ့်မှာ ပရိသတ်တွေက နေတိုး ရဲ့ တိုးတိုး ဘီလူး လုပ်တဲ့ video လေးကို အရမ်းကြိုက်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို တစ်ဟားဟား နဲ့ပါးစပ်မစိရအောင် ရယ်နေရတဲ့ ဘီလူးအခန်းလေးပါနော်။နိုင်ငံကျော် သရုပ်ဆောင်အကယ်ဒမီ နေတိုး ရဲ့” တိုးတိုး ဘီလူး “video လေးကိုကြည့်ပြီး ပရိသတ်တွေ အမောပြေကြပါစေနော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top