iMyanmarHouse.com - Best Property Website for Myanmar
×


ဗီယက္နမ္မင္းသမီးေလး ငုရင္ထရန္ဟုရန္ေမဟာ ျမန္မာနိုင္ငံမွာရုပ္ရွင္ေတြလာမရိုက္ခင္ကတည္းက ေရသူမေလးလိုနတ္မိမယ္ေလးလုိ တဖ်တ္ဖ်တ္လက္ပေနခဲ့တဲ့ ပန္းနုေရာင္ Dress ေလးနဲ႔ ဓာတ္ပံုေလးေတြ အင္တာနက္ေပၚမွာပ်ံ႕နွံ႕ေနခဲ့ကတည္းက ျမန္မာပရိသတ္ေတြရဲ႕ရင္ထဲမွာေနရာယူထားခဲ့တာျဖစ္ပါတယ္။ ငုရင္ထရန္ဟုရန္ေမဟာ သူမရဲ႕ ထူးျခားတဲ့ ကံၾကမၼာလို႔ေျပာရမလား ထူးထူးျခားျခားခ်စ္ဖို႔ေကာင္းေနတဲ့ အသြင္သ႑ာန္ေၾကာင့္လို႔ိုဆိုရမလား အျခားမင္းသမီးေတြ ေမာ္ဒယ္ေတြနဲ႔ေတာင္မတူပဲ ျမန္မာနိုင္ငံတစ္ဝွမ္းမွာ ေယာက္်ားေလးေတြအျပင္ မိန္းကေလးေတြပါ ဝုိင္းခ်စ္တာခံရတဲ့ မင္းသမီးတစ္လက္ျဖစ္ပါတယ္။

ငုရင္ထရန္ဟုရန္ေမက မၾကာေသးခင္ကပဲ တိမ္တိုက္တံတားဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးကုိ အကယ္ဒမီေနတိုး၊ခင္ဝင့္ဝါတို႔နဲ႔အတူတြဲဖက္သရုပ္ေဆာင္ထားပါတယ္။ တိမ္တိုက္တံတားရုပ္ရွင္ကားၾကီးနဲ႔ ပတ္သက္တဲ့အေတြ႕အၾကံဳေလးေတြကုိလည္း Media ေတြကုိခ်စ္စဖြယ္အမူအရာေလးေတြနဲ႔ေျဖၾကားထားေပးတာလည္းေတြ႕ရပါတယ္။ တိမ္တိုက္တံတားရုပ္ရွင္ကားၾကီးရုိက္ျဖစ္ခဲ့ပံုကေတာ့ “ကြ်န္မရဲ႕ Jersey ယူနီေဖာင္းနဲ႔ ဓာတ္ပံုကုိျမင္ျပီး Media 7 က ဒီဇာတ္ကားရိုက္ကူးဖို႔ ကြ်န္မရဲ႕နုိင္ငံကုိလာေရာက္ကမ္းလွမ္းခဲ့တဲ့အတြက္ ဒီဇာတ္ကားကုိ ကုိေနတိုးနဲ႔အတူရိုက္ျဖစ္ခဲ့တာပါ”လို႔ေျဖၾကားခဲ့ပါတယ္။


သူမရဲ႕ ပထမဆံုးျမန္မာရုပ္ရွင္ျဖစ္တဲ့ တိမ္တိုက္တံတားရုပ္ရွင္ဇာတ္ကားၾကီးကို Trailer အတိုေလးထြက္ကတည္းက ပရိသတ္ေတြက ေသာင္းေသာင္းဖ်ဖ်စိတ္ဝင္တစားနဲ႔အားေပးဖို႔အဆင္သင့္ျဖစ္ေနၾကတဲ့အေပၚလည္း ဗီယက္နမ္မင္းသမီးေလးက “Trailer အတိုေလးကုိအားေပးၾကလို႔ ဝမ္းသာမိပါတယ္။ ကြ်န္မကုိအျမဲတမ္းအားေပးေနတဲ့ ျမန္မာပရိသတ္ၾကီးကုိ ေက်းဇူးအမ်ားၾကီးတင္ပါတယ္။

ၾကည့္ရတာ ျမန္မာလူမ်ိဳးေတြရဲ႕ ေႏြးေထြးေဖာ္ေရြတဲ့စိတ္ထားကုိ ဗီယက္နမ္မင္းသမီးေလးက နက္နက္ရႈိင္းရိႈင္းခံစားမိခဲ့ပံုေပၚပါတယ္။ဘာေၾကာင့္ဆို “ကြ်န္မမင္းသမီးမျဖစ္ခင္ လြန္ခဲ့တဲ့ေျခာက္နွစ္ေလာက္တုန္းက ျမန္မာကုိ တစ္ခါလာဖူးတယ္။ ျမန္မာလူမ်ိဳးေတြက ကြ်န္မမင္းသမီးမျဖစ္ေသးပဲနဲ႔ေတာင္ ကြ်န္မကုိ ကြ်န္မအတိုင္းတုိင္းပဲခ်စ္ေပးၾကသလို အကူအညီေတြေႏြးေထြးမႈေတြေပးၾကတယ္။”လို႔ ေျပာျပထားခဲ့ေသးလို႔ပါပဲ။


ေရကူးကန္ထဲမွာ ရုိက္တဲ့ဇာတ္ဝင္ခန္းမွာ ကုိေနတိုးကုိ တကယ္နမ္းခဲ့တာလားဆိုတဲ့ေမးခြန္းကိုေတာ့ ငုရင္ထရန္ဟုရန္ေမက ပါးစပ္ကုိလက္ေလးနဲ႔ကာျပီးရွက္သြားဟန္တူပါတယ္။ျပီးေတာ့မွ ရယ္ေမာျပီးဒီလိုေျဖခဲ့ပါတယ္။ “အဲဒီအခန္းမွာေတာ့ တကယ္နမ္းခဲ့တာမဟုတ္ပါဘူး။ ဒါေပမယ့္ အျခားအခန္းတစ္ခုမွာေတာ့ တကယ္ပဲနမ္းျဖစ္သြားခဲ့ပါတယ္။ ရႈးတိုးတိုး အဲ့ဒါ လ်ိဳ႕ဝွက္ခ်က္ေနာ္”တဲ့။ ေျဖပံုေလးက တကယ္ကုိခ်စ္စရာေကာင္းတာပါ။


Credit:Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေဟာ မြန်မာနိုင်ငံမှာရုပ်ရှင်တွေလာမရိုက်ခင်ကတည်းက ရေသူမလေးလိုနတ်မိမယ်လေးလို တဖျတ်ဖျတ်လက်ပနေခဲ့တဲ့ ပန်းနုရောင် Dress လေးနဲ့ ဓာတ်ပုံလေးတွေ အင်တာနက်ပေါ်မှာပျံ့နှံ့နေခဲ့ကတည်းက မြန်မာပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားခဲ့တာဖြစ်ပါတယ်။ ငုရင်ထရန်ဟုရန်မေဟာ သူမရဲ့ ထူးခြားတဲ့ ကံကြမ္မာလို့ပြောရမလား ထူးထူးခြားခြားချစ်ဖို့ကောင်းနေတဲ့ အသွင်သဏ္ဍာန်ကြောင့်လို့ိုဆိုရမလား အခြားမင်းသမီးတွေ မော်ဒယ်တွေနဲ့တောင်မတူပဲ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ယောက်ျားလေးတွေအပြင် မိန်းကလေးတွေပါ ဝိုင်းချစ်တာခံရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

ငုရင်ထရန်ဟုရန်မေက မကြာသေးခင်ကပဲ တိမ်တိုက်တံတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီနေတိုး၊ခင်ဝင့်ဝါတို့နဲ့အတူတွဲဖက်သရုပ်ဆောင်ထားပါတယ်။ တိမ်တိုက်တံတားရုပ်ရှင်ကားကြီးနဲ့ ပတ်သက်တဲ့အတွေ့အကြုံလေးတွေကိုလည်း Media တွေကိုချစ်စဖွယ်အမူအရာလေးတွေနဲ့ဖြေကြားထားပေးတာလည်းတွေ့ရပါတယ်။ တိမ်တိုက်တံတားရုပ်ရှင်ကားကြီးရိုက်ဖြစ်ခဲ့ပုံကတော့ “ကျွန်မရဲ့ Jersey ယူနီဖောင်းနဲ့ ဓာတ်ပုံကိုမြင်ပြီး Media 7 က ဒီဇာတ်ကားရိုက်ကူးဖို့ ကျွန်မရဲ့နိုင်ငံကိုလာရောက်ကမ်းလှမ်းခဲ့တဲ့အတွက် ဒီဇာတ်ကားကို ကိုနေတိုးနဲ့အတူရိုက်ဖြစ်ခဲ့တာပါ”လို့ဖြေကြားခဲ့ပါတယ်။

သူမရဲ့ ပထမဆုံးမြန်မာရုပ်ရှင်ဖြစ်တဲ့ တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကြီးကို Trailer အတိုလေးထွက်ကတည်းက ပရိသတ်တွေက သောင်းသောင်းဖျဖျစိတ်ဝင်တစားနဲ့အားပေးဖို့အဆင်သင့်ဖြစ်နေကြတဲ့အပေါ်လည်း ဗီယက်နမ်မင်းသမီးလေးက “Trailer အတိုလေးကိုအားပေးကြလို့ ဝမ်းသာမိပါတယ်။ ကျွန်မကိုအမြဲတမ်းအားပေးနေတဲ့ မြန်မာပရိသတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။

ကြည့်ရတာ မြန်မာလူမျိုးတွေရဲ့ နွေးထွေးဖော်ရွေတဲ့စိတ်ထားကို ဗီယက်နမ်မင်းသမီးလေးက နက်နက်ရှိုင်းရှိုင်းခံစားမိခဲ့ပုံပေါ်ပါတယ်။ဘာကြောင့်ဆို “ကျွန်မမင်းသမီးမဖြစ်ခင် လွန်ခဲ့တဲ့ခြောက်နှစ်လောက်တုန်းက မြန်မာကို တစ်ခါလာဖူးတယ်။ မြန်မာလူမျိုးတွေက ကျွန်မမင်းသမီးမဖြစ်သေးပဲနဲ့တောင် ကျွန်မကို ကျွန်မအတိုင်းတိုင်းပဲချစ်ပေးကြသလို အကူအညီတွေနွေးထွေးမှုတွေပေးကြတယ်။”လို့ ပြောပြထားခဲ့သေးလို့ပါပဲ။

ရေကူးကန်ထဲမှာ ရိုက်တဲ့ဇာတ်ဝင်ခန်းမှာ ကိုနေတိုးကို တကယ်နမ်းခဲ့တာလားဆိုတဲ့မေးခွန်းကိုတော့ ငုရင်ထရန်ဟုရန်မေက ပါးစပ်ကိုလက်လေးနဲ့ကာပြီးရှက်သွားဟန်တူပါတယ်။ပြီးတော့မှ ရယ်မောပြီးဒီလိုဖြေခဲ့ပါတယ်။ “အဲဒီအခန်းမှာတော့ တကယ်နမ်းခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် အခြားအခန်းတစ်ခုမှာတော့ တကယ်ပဲနမ်းဖြစ်သွားခဲ့ပါတယ်။ ရှုးတိုးတိုး အဲ့ဒါ လျို့ဝှက်ချက်နော်”တဲ့။ ဖြေပုံလေးက တကယ်ကိုချစ်စရာကောင်းတာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top