iMyanmarHouse.com - Best Property Website for Myanmar
×







Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

ဟာသသရုပ်ဆောင်ခင်လှိုင်တစ်ယောက်ရေအလှူလေးကိုအိမ်ရှေ့မှာWaterCoolerချပြီးတော့သေသေချာချာလှူထားတာပဲဖြစ်ပါတယ်။လမ်းသွားလမ်းလာတွေအတွက်ရေအေးအေးလေးသောက်သုံးစေချင်တဲ့ဖြူစင်တဲ့စိတ်ထားလေးနဲ့လှူဒါန်းထားတာဖြစ်လို့တကယ်ကိုကောင်းတဲ့စိတ်ကူးလေးနဲ့စေတနာလေးပဲဖြစ်ပါတယ်။ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့အနုပညာလောကထဲမှာ အောင်မြင်မှုတွေရရှိထားသူလည်းဖြစ်ပါတယ်။

အများကြီးလှူတာမျိုးမဟုတ်ပဲဒါမျိုးအသေးအမွှားလေးကလည်းလူအများကြီးကိုကောင်းကျိုးတွေပေးနိုင်ပါတယ်။မကြာခင်မှာနွေရာသီရောက်ရှိလာတော့မှာဖြစ်ပြီးရန်ကုန်ရဲ့နွေဟာအတော်လေးကိုအပူတပြင်းပူလွန်းတာမို့ဒီလိုရာသီမှာဒီလိုရေအေးအေးလေးဟာ အတော်လေးကို အသုံးဝင်ပြီး လူတိုင်းအတွက် တန်ဖိုးရှိတဲ့အရာလေးဖြစ်လာမှာအသေအချာပါပဲ။

စေတနာကောင်းတဲ့ဦးခင်လှိုင်တစ်ယောက်လည်းတူသောအကျိုးပေးမှာပါ။ဒီလိုမွန်မြတ်တဲ့ရေကုသိုလ်လေးကို”ကျွန်တော့အိမ်ရှေ့ကရေချမ်းစင်”ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။သေချာသပ်သပ်ရပ်ရပ်လေးလုပ်ပြီးလမ်းသွားလမ်းလာတွေကိုအလှူပြုထားတာဖြစ်လို့ သာဓုခေါ်ဆိုပါတယ် ဦးခင်လှိုင်ရေ။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top