iMyanmarHouse.com - Best Property Website for Myanmar
×


ေအာ္ဂဲနစ္ အစားအစာေတြဆိုတာ ဒီေနေခတ္မွာ တြင္က်ယ္လာတဲ့ က်န္းမာေရး ဓာတ္စာေတြပါ။ က်န္းမာေရးကို ဂ႐ုစိုက္လာၾကတာနဲ႔အမွ် အသင့္စား အစားအေသာက္ေတြ၊ ဓာတုေဆးဝါး အသုံးျပဳထားတဲ့အစားအစာေတြထက္ သဘာဝအတိုင္း စိုက္ပ်ိဳးထားတဲ့ ေအာ္ဂဲနစ္ အစားအစာေတြကို ပိုေ႐ြးခ်ယ္လာၾကတာပါ။

ေအာ္ဂဲနစ္အစားအစာေတြ စားတဲ့အခါ ရလာမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အေၾကာင္းကို စားသုံးေနသူေတြကိုယ္တိုင္ ေဝခြဲမရ ျဖစ္ေနဆဲပါ။ ၾသစေတးလ်ႏိုင္ငံမွာ ေစတနာ့ဝန္ထမ္း ၁၃ ေယာက္နဲ႔ ၂ ပတ္အၾကာ ေလ့လာမႈ ျပဳလုပ္ခဲ့ပါတယ္။ ေစတနာ့ဝန္ထမ္းေတြကို ေန႔စဥ္စားမယ့္ အစားအစာေတြထဲ ေအာ္ဂဲနစ္အစားအစာ ၈၀ ရာခိုင္ႏႈန္းေလာက္ပါေအာင္ ေကြၽးပါတယ္။

တပတ္အၾကာမွာ လူကို အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတ္ေတြကို ဆီးကတဆင့္ စြန႔္ထုတ္တဲ့ ပမာဏ ၈၉ ရာခိုင္ႏႈန္းေလာက္ ေလ်ာ့နည္းသြားတယ္လို႔ ေလ့လာ ေတြ႕ရွိၾကပါတယ္။ ဒါဟာ တပတ္အတြင္း ေျပာင္းလဲလာတဲ့ ေအာ္ဂဲနစ္အစားအစာေတြရဲ႕ အက်ိဳးေက်းဇူးေတြေၾကာင့္ဆိုတာ သက္ေသျပႏိုင္ခဲ့ပါတယ္။

ေနာက္ထပ္ေလ့လာခ်က္ကေတာ့ ဆြီဒင္ႏိုင္ငံမွာ အသက္ ၃ ႏွစ္ကေန ၁၂ ႏွစ္အတြင္း ကေလး ၃ ေယာက္အပါ အဝင္ မိသားစု ၅ စု ကို ၃ ပတ္ၾကာ ေလ့လာမႈ ျပဳလုပ္ခဲ့ၾကတာပါ။ ပထမ တပတ္ကိုေတာ့ သူတို႔စားေနက်အတိုင္း စားေစၿပီး ေနာက္ထပ္ ၂ ပတ္ကိုေတာ့ ေအာ္ဂဲနစ္ အစားအစာေတြပဲ စားေစခဲ့ပါတယ္။

ေန႔စဥ္ စြန႔္ပစ္လိုက္တဲ့ ဆီးေတြကို ေလ့လာခဲ့ရာ တရက္ထက္တရက္ အဆိပ္အေတာက္ ဓာတ္ေတြစြန႔္ပစ္ႏႈန္း ေလ်ာ့နည္းလာၿပီး တေန႔ကို အဆိပ္အေတာက္ဓာတ္ ၁၂ မ်ိဳးေလာက္ ေလ်ာ့နည္းသြားတာကို ေလ့လာ ေတြ႕ရွိခဲ့ၾကပါတယ္။

ဒါဟာ အ႐ြယ္ေရာက္ၿပီ းလူတေယာက္မွာ အဆိပ္အေတာက္ျဖစ္ေစတဲ့ စြန႔္ပစ္ဓာတ္ေတြ ၉ ဆနီးပါး၊ ကေလးေတြ မွာ ၁၂ ဆနီးပါးေလာက္ ေလ်ာ့နည္းသြားတဲ့ ပမာဏလည္း ျဖစ္ပါတယ္။ ကေလးေတြမွာ ဆီးကတဆင့္ အဆိပ္ေတာက္ေတြ စြန႔္ပစ္မႈ နည္းလာေလ အားျဖစ္ေစတဲ့ အာဟာရဓာတ္ေတြ ပိုမ်ားေလဆိုတာ ပထမတရက္နဲ႔တင္ တိုင္းတာႏိုင္ခဲ့ပါတယ္။

ေအာ္ဂဲနစ္ အစားအစာေတြဆိုတာ တန္ဖိုးျမင့္လို႔ သာမန္လူေတြ ေန႔စဥ္ စားသုံးဖို႔ဆိုတာ မလြယ္ကူတဲ့အရာပါ။ ဒါေပမယ့္လည္း သင့္အိမ္မွာ ကေလးငယ္ေတြ ရွိတယ္ဆိုရင္ တတ္ႏိုင္သမွ် အာဟာရဓာတ္ပိုမ်ားတဲ့ ေအာ္ဂဲနစ္အစား အစာေတြ ပိုမိုေ႐ြးခ်ယ္ ဝယ္ယူသင့္ပါတယ္။

အာဟာရ မျဖစ္တဲ့ အဆိပ္အေတာက္မ်ားတဲ့ အစားအစာေတြကို ငယ္႐ြယ္စဥ္ ကေလးဘဝကတည္းက ေန႔စဥ္ အမ်ားအျပား စားမိတဲ့အခါ ကေလးအ႐ြယ္ ေသြးအားနည္းေရာဂါနဲ႔ ဉာဏ္ရည္ဖြင့္ၿဖိဳးမႈ ေႏွးေကြးတဲ့ျဖစ္စဥ္ေတြ သင့္ကေလးမွာ ခံစားရႏိုင္ေခ် ပိုမ်ားပါတယ္။

ေန႔စဥ္ ေအာ္ဂဲနစ္ အစားအစာေတြပဲ မစားႏိုင္ဘူး ဆိုရင္ေတာင္ တလမွာ ရက္အနည္းငယ္ေတာ့ အဆိပ္ေတာက္ ျဖစ္ေစမယ့္ အစားအစာေတြ မပါဘဲ စားျဖစ္ေအာင္ ႀကိဳးစားၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

အော်ဂဲနစ် အစားအစာတွေဆိုတာ ဒီနေခေတ်မှာ တွင်ကျယ်လာတဲ့ ကျန်းမာရေး ဓာတ်စာတွေပါ။ ကျန်းမာရေးကို ဂရုစိုက်လာကြတာနဲ့အမျှ အသင့်စား အစားအသောက်တွေ၊ ဓာတုဆေးဝါး အသုံးပြုထားတဲ့အစားအစာတွေထက် သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အော်ဂဲနစ် အစားအစာတွေကို ပိုရွေးချယ်လာကြတာပါ။

အော်ဂဲနစ်အစားအစာတွေ စားတဲ့အခါ ရလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ အကြောင်းကို စားသုံးနေသူတွေကိုယ်တိုင် ဝေခွဲမရ ဖြစ်နေဆဲပါ။ သြစတေးလျနိုင်ငံမှာ စေတနာ့ဝန်ထမ်း ၁၃ ယောက်နဲ့ ၂ ပတ်အကြာ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းတွေကို နေ့စဉ်စားမယ့် အစားအစာတွေထဲ အော်ဂဲနစ်အစားအစာ ၈၀ ရာခိုင်နှုန်းလောက်ပါအောင် ကျွေးပါတယ်။

တပတ်အကြာမှာ လူကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကို ဆီးကတဆင့် စွန့်ထုတ်တဲ့ ပမာဏ ၈၉ ရာခိုင်နှုန်းလောက် လျော့နည်းသွားတယ်လို့ လေ့လာ တွေ့ရှိကြပါတယ်။ ဒါဟာ တပတ်အတွင်း ပြောင်းလဲလာတဲ့ အော်ဂဲနစ်အစားအစာတွေရဲ့ အကျိုးကျေးဇူးတွေကြောင့်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။

နောက်ထပ်လေ့လာချက်ကတော့ ဆွီဒင်နိုင်ငံမှာ အသက် ၃ နှစ်ကနေ ၁၂ နှစ်အတွင်း ကလေး ၃ ယောက်အပါ အဝင် မိသားစု ၅ စု ကို ၃ ပတ်ကြာ လေ့လာမှု ပြုလုပ်ခဲ့ကြတာပါ။ ပထမ တပတ်ကိုတော့ သူတို့စားနေကျအတိုင်း စားစေပြီး နောက်ထပ် ၂ ပတ်ကိုတော့ အော်ဂဲနစ် အစားအစာတွေပဲ စားစေခဲ့ပါတယ်။

နေ့စဉ် စွန့်ပစ်လိုက်တဲ့ ဆီးတွေကို လေ့လာခဲ့ရာ တရက်ထက်တရက် အဆိပ်အတောက် ဓာတ်တွေစွန့်ပစ်နှုန်း လျော့နည်းလာပြီး တနေ့ကို အဆိပ်အတောက်ဓာတ် ၁၂ မျိုးလောက် လျော့နည်းသွားတာကို လေ့လာ တွေ့ရှိခဲ့ကြပါတယ်။

ဒါဟာ အရွယ်ရောက်ပြီ းလူတယောက်မှာ အဆိပ်အတောက်ဖြစ်စေတဲ့ စွန့်ပစ်ဓာတ်တွေ ၉ ဆနီးပါး၊ ကလေးတွေ မှာ ၁၂ ဆနီးပါးလောက် လျော့နည်းသွားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ကလေးတွေမှာ ဆီးကတဆင့် အဆိပ်တောက်တွေ စွန့်ပစ်မှု နည်းလာလေ အားဖြစ်စေတဲ့ အာဟာရဓာတ်တွေ ပိုများလေဆိုတာ ပထမတရက်နဲ့တင် တိုင်းတာနိုင်ခဲ့ပါတယ်။

အော်ဂဲနစ် အစားအစာတွေဆိုတာ တန်ဖိုးမြင့်လို့ သာမန်လူတွေ နေ့စဉ် စားသုံးဖို့ဆိုတာ မလွယ်ကူတဲ့အရာပါ။ ဒါပေမယ့်လည်း သင့်အိမ်မှာ ကလေးငယ်တွေ ရှိတယ်ဆိုရင် တတ်နိုင်သမျှ အာဟာရဓာတ်ပိုများတဲ့ အော်ဂဲနစ်အစား အစာတွေ ပိုမိုရွေးချယ် ဝယ်ယူသင့်ပါတယ်။

အာဟာရ မဖြစ်တဲ့ အဆိပ်အတောက်များတဲ့ အစားအစာတွေကို ငယ်ရွယ်စဉ် ကလေးဘဝကတည်းက နေ့စဉ် အများအပြား စားမိတဲ့အခါ ကလေးအရွယ် သွေးအားနည်းရောဂါနဲ့ ဉာဏ်ရည်ဖွင့်ဖြိုးမှု နှေးကွေးတဲ့ဖြစ်စဉ်တွေ သင့်ကလေးမှာ ခံစားရနိုင်ချေ ပိုများပါတယ်။

နေ့စဉ် အော်ဂဲနစ် အစားအစာတွေပဲ မစားနိုင်ဘူး ဆိုရင်တောင် တလမှာ ရက်အနည်းငယ်တော့ အဆိပ်တောက် ဖြစ်စေမယ့် အစားအစာတွေ မပါဘဲ စားဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top