iMyanmarHouse.com - Best Property Website for Myanmar
×

၂၁ ရာစု နည္းပညာတိုးတက္လာတဲ့ ေခတ္ႀကီးထဲမွာ လူေတြဟာ ပိုၿပီး အထီးက်န္လာၾကပါတယ္။ အိမ္ထဲမွာ အခ်ိန္ကုန္တာ မ်ားလာတယ္။ ထိုင္ခံုေပၚမွာ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ဖုန္း၊ ကြန္ပ်ဴတာ အသံုးျပဳၾကတယ္။ အရင္တုန္းကလို လူေတြနဲ႔ စကားေျပာဆို ဆက္ဆံေနရဖို႔ အခ်ိန္ကုန္၊ လူပင္ပန္းစရာမလိုဘဲ အြန္လိုင္းကေန အလြယ္တကူ ေျပာဆိုလာႏိုင္ၾကတယ္။

ဒါဆိုရင္ လူေတြ ဘာလို႔ ပိုၿပီး အထီးက်န္လာၾကတာလဲ။

အရင္တုန္းကေလာက္ လူေတြနဲ႔ ရင္းရင္းႏွီးႏွီး ထိေတြ႔ဆက္ဆံရတာမ်ိဳး မရွိေတာ့ဘဲ ေလလႈိင္းေပၚကေနပဲ စကားေျပာရတာ ၾကာလာတဲ့အခါ စိတ္ထဲမွာ သီးသန္႔ႀကီးလို ျဖစ္လာတယ္။ အျပင္လည္း သိပ္မထြက္ျဖစ္ေတာ့ လူေတြနဲ႔ ေပါင္းသင္းဆက္ဆံရတဲ့အခါ ကိုယ္တစ္ေယာက္ ျဖစ္ေနသလို၊ အမ်ားနဲ႔ မသက္ဆိုင္ေတာ့သလို ခံစားလာရတယ္။ တစ္ေယာက္တည္း ေနတာ ၾကာလာတာနဲ႔အမွ် အထီးက်န္တဲ့ ေ၀ဒနာဟာ ပိုဆိုးသြားႏိုင္ၿပီး စိတ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္မႈ ျဖစ္လာႏိုင္ပါတယ္။

အထီးက်န္တဲ့ ခံစားခ်က္ေပ်ာက္ဖို႔ ဘာေတြ လုပ္သင့္လဲ။

အထီးက်န္တယ္ဆိုတာ သာမန္ျဖစ္စဥ္ တစ္ခုဆိုေပမယ့္ စိတ္ခံစားခ်က္၊ ျဖတ္သန္းခဲ့တဲ့ ဘဝအခ်ိန္ေပၚမူတည္ၿပီး အခ်ိန္ၾကာလာတဲ့အခါ စိတ္က်န္းမာေရးကိုပါ ဒုကၡျဖစ္ေစပါတယ္။ ခုေျပာျပေပးမယ့္ နည္းလမ္းေတြကေတာ့ ကိုယ့္ကိုယ္ကိုယ္ အထီးက်န္တယ္လို႔ ခံစားေနရတဲ့ ေဝဒနာကို သက္သာေစႏိုင္ၿပီး အလြယ္တကူလုပ္ယူလို႔ ရတာေၾကာင့္ အဆင္ေျပေစမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

၁။ တစ္ေယာက္ထဲ အျပင္ထြက္လည္ပါ။

အိမ္ထဲမွာ အထီးက်န္ၿပီး ငူငူငိုင္ငိုင္နဲ႔ ထိုင္ေနမယ့္အစား အျပင္ထြက္ၿပီး ေလေကာင္းေလသန္႔ေတြ ႐ႉ႐ိႈက္ပါ။ ေစ်းဝယ္သြားတာျဖစ္ေစ၊ တစ္ေယာက္တည္း မုန္႔သြားစားတာျဖစ္ေစ လုပ္ေပးပါ။ ကိုယ္နဲ႔မသိ၊ မရင္းႏွီးသည့္တိုုင္ေအာင္ လူေတြနဲ႔ နီးနီးကပ္ကပ္ ရွိေနျခင္းဟာ အထီးက်န္တဲ့ ေဝဒနာကို သက္သာေစႏုိင္ပါတယ္။

၂။ လူေတြနဲ႔ ေတြ႔ဆံုပါ။

လူမႈကြန္ရက္ေပၚမွာ စာေတြ အျပန္အလွန္္ ပို႔တာထက္ အျပင္မွာ ေတြ႔ဆံုတာဟာ ရင္းႏွီးခင္မင္မႈကိုလည္း တိုးေစႏိုင္သလို ကိုယ့္ရဲ႕ အထီးက်န္တဲ့ စိတ္ကိုလည္း ေျဖေဖ်ာက္ေပးႏိုင္ပါတယ္။

၃။ ႐ုပ္ရွင္ၾကည့္ပါ။

တစ္ေယာက္တည္း ႐ုပ္ရွင္ၾကည့္မလား၊ အေပါင္းအသင္းေတြ ေခၚၿပီး အတူၾကည့္ၾကမလား၊ ကိုယ့္ရဲ႕ ဆံုးျဖတ္ခ်က္ပါပဲ။ အိမ္ထဲမွာပဲ အထီးက်န္တယ္လို႔ ခံစားေနရတာထက္ ႐ုပ္ရွင္ၾကည့္လိုက္တာက ကိုယ့္ရဲ႕စိတ္ကို ေႏွာင့္ယွက္ေနတဲ့ အရာေတြကို ေခတၱခဏ ေမ့ထားေစႏိုင္ပါတယ္။

၄။ လုပ္အားေပးကူညီပါ။

ကိုယ့္အိမ္သားေတြရဲ႕ အလုပ္ကို ကူညီတာျဖစ္ေစ၊ လူမႈေရးအသင္းအဖြဲ႔ေတြမွာ လုပ္အားေပးအေနနဲ႔ ဝင္ေရာက္လုပ္ကိုင္တာျဖစ္ေစ အဆင္ေျပပါတယ္။ လူေတြနဲ႔ ထိေတြ႔ဆက္ဆံခြင့္ရလို႔ ရင္းႏွီးမႈေတြ တိုးေစတဲ့အျပင္ အလုပ္လုပ္ေနရတဲ့အတြက္ မေကာင္းတဲ့အေတြးေတြ ေခါင္းထဲ ဝင္မလာႏိုင္ေအာင္ တိုက္ထုတ္ေပးႏိုင္ပါတယ္။

၅။ အိမ္ေမြးတိရစာၦန္ေလးေတြ ေမြးပါ။

အေမြးပြပြနဲ႔ ေခြးေလးေတြ၊ ေၾကာင္ေလးေတြ အိမ္မွာ ေမြးထားတဲ့အခါမွာ တစ္ေယာက္တည္း ရွိေနရင္ေတာင္ အထီးက်န္တယ္လို႔ သိပ္ၿပီး ခံစားရေတာ့မွာ မဟုတ္ပါဘူး။

၆။ ဝတၳဳစာအုပ္ဖတ္ပါ။

တစ္ေယာက္တည္း ေအးေအးေဆးေဆး ေနတတ္သူေတြမွာ ေတြ႔ရတတ္တဲ့ အမူအက်င့္ပါပဲ။ ဝတၳဳစာအုပ္ဖတ္တဲ့အခါ ဇာတ္ေကာင္နဲ႔ ဇာတ္အိမ္ကို စိတ္ထဲမွာ စီးေျမာခံစားၾကည့္တာဟာ စိတ္ကို ေပ်ာ္ရႊင္ေစသလို အထီးက်န္တဲ့ အေတြးေတြလည္း မဝင္ေစပါဘူး။

၇။ ေလွ်ာက္သြားပါ။

ဘယ္သြားမယ္လို႔ ဆံုးျဖတ္ထားတာမ်ိဳးမဟုတ္ဘဲ ေတြ႔တ့ဲကားေပၚ တက္စီးၿပီး ေရာက္တဲ့ေနရာသြားတာ၊ အစီအစဥ္မရွိဘဲ ခရီးသြားတာမ်ိဳးေတြ လုပ္ၾကည့္ပါ။

၈။ ေျပးလႊားၾကည့္ပါ။

အိမ္ထဲမွာ ကိုယ့္ကိုယ္ကိုယ္ ပိိတ္ေလွာင္ေနမယ့္အစား စိတ္ကို လႊတ္ေပးတဲ့အေနနဲ႔ ေျပးလႊားၾကည့္ပါ။ မိနစ္ ၃၀ ခန္႔ လမ္းေလွ်ာက္တာ၊ ၁၀ မိနစ္ေလာက္ ေျပးလိုက္တဲ့အခါ ေခၽြးေတြထြက္လာၿပီး လူကို လန္းဆန္းေပါ့ပါးေစတယ္။ ေနာက္က်ိေနတဲ့ စိတ္ကိုလည္း ၾကည္လင္သြားေစႏိုင္ပါတယ္။

၉။ ဓာတ္ပံုအေဟာင္းေတြ ျပန္ထုတ္ၾကည့္ပါ။

မိသားစု၊ သူငယ္ခ်င္း၊ ေပ်ာ္ခဲ့ရဖူးတဲ့ အမွတ္တရ ဓာတ္ပံုေတြကို ျပန္ထုတ္ၾကည့္ရင္း လက္ဖက္ရည္၊ ေကာ္ဖီပူပူေလး ေသာက္ရတဲ့ အရသာဟာ ဘာနဲ႔မွ မလဲႏုိင္ပါဘူး။

၁၀။ ေပ်ာ္စရာေကာင္းမယ့္ သင္တန္းတစ္ခုခုတက္ပါ။

ေယာဂသင္တန္း၊ အကသင္တန္းလိုမ်ိဳး စိတ္ကိုေပါ့ပါးေစၿပီး ေပ်ာ္စရာေကာင္းတဲ့ သင္တန္းမ်ိဳးေတြ တက္ေပးပါ။ လူေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ကေနရတဲ့ ခံစားခ်က္က ကိုယ့္ရဲ႕စိတ္ထဲမွာ ရွိေနတဲ့ အထီးက်န္ခံစားခ်က္ေတြကို ဖယ္ထုတ္ေပးႏိုင္ပါတယ္။

၁၁။ ဒိုင္ယာရီစာအုပ္ထဲ ေရးမွတ္ပါ။

ကိုယ့္ရဲ႕ တစ္ေန႔တာ ျဖစ္ပ်က္ခဲ့သမွ် အရာေတြ၊ ခံစားခ်က္ေတြ၊ အမွတ္တရေတြကို စာအုပ္ထဲ ေရးမွတ္တဲ့အက်င့္ လုပ္ထားေပးပါ။ တခါတေလမွာ ဒီအေၾကာင္းအရာေတြကို ျပန္ဖတ္ၾကည့္ရင္းနဲ႔ ကိုယ္ ဘာေၾကာင့္ အထီးက်န္ေနရလဲဆိုတဲ့ အေၾကာင္းရင္းကို ရွာေတြ႔ႏိုင္ပါတယ္။

၁၂။ အပန္းေျဖခရီးထြက္ပါ။

တစ္ေယာက္တည္းျဖစ္ေစ၊ အေပါင္းအသင္းေတြ၊ မိသားစုနဲ႔ျဖစ္ေစ ခရီးထြက္ေပးတာဟာ စိတ္ကို အပန္းေျဖေစသလို လူေတြနဲ႔ ထိေတြ႔ဆက္ဆံေနရတဲ့အတြက္ အထီးက်န္တဲ့ ခံစားခ်က္ကို ေဖ်ာက္ဖ်က္ေပးႏိုင္ပါတယ္။

၁၃။ ကိုယ့္ေဘးနားမွာ ရွိေနတဲ့သူေတြကို အခ်ိန္ေပးပါ။

တစ္ခါတေလမွာ ကိုယ့္အနား ဘယ္သူမွမရွိဘူးဆိုတဲ့ ခံစားခ်က္ေတြ ရွိေကာင္းရွိေနႏိုင္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ကိုယ့္ေဘးနားမွာ ရွိေနတဲ့ မိသားစု၊ သူငယ္ခ်င္းမိတ္ေဆြ၊ အေပါင္းအသင္းေတြကို အခ်ိန္ေပးၿပီး စကားလက္ဆံု ေျပာၾကည့္ပါ။

Credit:Ye Myo Myat

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

၂၁ ရာစု နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ လူတွေဟာ ပိုပြီး အထီးကျန်လာကြပါတယ်။ အိမ်ထဲမှာ အချိန်ကုန်တာ များလာတယ်။ ထိုင်ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ဖုန်း၊ ကွန်ပျူတာ အသုံးပြုကြတယ်။ အရင်တုန်းကလို လူတွေနဲ့ စကားပြောဆို ဆက်ဆံနေရဖို့ အချိန်ကုန်၊ လူပင်ပန်းစရာမလိုဘဲ အွန်လိုင်းကနေ အလွယ်တကူ ပြောဆိုလာနိုင်ကြတယ်။

ဒါဆိုရင် လူတွေ ဘာလို့ ပိုပြီး အထီးကျန်လာကြတာလဲ။

အရင်တုန်းကလောက် လူတွေနဲ့ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံရတာမျိုး မရှိတော့ဘဲ လေလှိုင်းပေါ်ကနေပဲ စကားပြောရတာ ကြာလာတဲ့အခါ စိတ်ထဲမှာ သီးသန့်ကြီးလို ဖြစ်လာတယ်။ အပြင်လည်း သိပ်မထွက်ဖြစ်တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ကိုယ်တစ်ယောက် ဖြစ်နေသလို၊ အများနဲ့ မသက်ဆိုင်တော့သလို ခံစားလာရတယ်။ တစ်ယောက်တည်း နေတာ ကြာလာတာနဲ့အမျှ အထီးကျန်တဲ့ ဝေဒနာဟာ ပိုဆိုးသွားနိုင်ပြီး စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်။

အထီးကျန်တဲ့ ခံစားချက်ပျောက်ဖို့ ဘာတွေ လုပ်သင့်လဲ။

အထီးကျန်တယ်ဆိုတာ သာမန်ဖြစ်စဉ် တစ်ခုဆိုပေမယ့် စိတ်ခံစားချက်၊ ဖြတ်သန်းခဲ့တဲ့ ဘဝအချိန်ပေါ်မူတည်ပြီး အချိန်ကြာလာတဲ့အခါ စိတ်ကျန်းမာရေးကိုပါ ဒုက္ခဖြစ်စေပါတယ်။ ခုပြောပြပေးမယ့် နည်းလမ်းတွေကတော့ ကိုယ့်ကိုယ်ကိုယ် အထီးကျန်တယ်လို့ ခံစားနေရတဲ့ ဝေဒနာကို သက်သာစေနိုင်ပြီး အလွယ်တကူလုပ်ယူလို့ ရတာကြောင့် အဆင်ပြေစေမယ်လို့ မျှော်လင့်ပါတယ်။

၁။ တစ်ယောက်ထဲ အပြင်ထွက်လည်ပါ။

အိမ်ထဲမှာ အထီးကျန်ပြီး ငူငူငိုင်ငိုင်နဲ့ ထိုင်နေမယ့်အစား အပြင်ထွက်ပြီး လေကောင်းလေသန့်တွေ ရှူရှိုက်ပါ။ ဈေးဝယ်သွားတာဖြစ်စေ၊ တစ်ယောက်တည်း မုန့်သွားစားတာဖြစ်စေ လုပ်ပေးပါ။ ကိုယ်နဲ့မသိ၊ မရင်းနှီးသည့်တိုင်အောင် လူတွေနဲ့ နီးနီးကပ်ကပ် ရှိနေခြင်းဟာ အထီးကျန်တဲ့ ဝေဒနာကို သက်သာစေနိုင်ပါတယ်။

၂။ လူတွေနဲ့ တွေ့ဆုံပါ။

လူမှုကွန်ရက်ပေါ်မှာ စာတွေ အပြန်အလှန် ပို့တာထက် အပြင်မှာ တွေ့ဆုံတာဟာ ရင်းနှီးခင်မင်မှုကိုလည်း တိုးစေနိုင်သလို ကိုယ့်ရဲ့ အထီးကျန်တဲ့ စိတ်ကိုလည်း ဖြေဖျောက်ပေးနိုင်ပါတယ်။

၃။ ရုပ်ရှင်ကြည့်ပါ။

တစ်ယောက်တည်း ရုပ်ရှင်ကြည့်မလား၊ အပေါင်းအသင်းတွေ ခေါ်ပြီး အတူကြည့်ကြမလား၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ အိမ်ထဲမှာပဲ အထီးကျန်တယ်လို့ ခံစားနေရတာထက် ရုပ်ရှင်ကြည့်လိုက်တာက ကိုယ့်ရဲ့စိတ်ကို နှောင့်ယှက်နေတဲ့ အရာတွေကို ခေတ္တခဏ မေ့ထားစေနိုင်ပါတယ်။

၄။ လုပ်အားပေးကူညီပါ။

ကိုယ့်အိမ်သားတွေရဲ့ အလုပ်ကို ကူညီတာဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့တွေမှာ လုပ်အားပေးအနေနဲ့ ဝင်ရောက်လုပ်ကိုင်တာဖြစ်စေ အဆင်ပြေပါတယ်။ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရလို့ ရင်းနှီးမှုတွေ တိုးစေတဲ့အပြင် အလုပ်လုပ်နေရတဲ့အတွက် မကောင်းတဲ့အတွေးတွေ ခေါင်းထဲ ဝင်မလာနိုင်အောင် တိုက်ထုတ်ပေးနိုင်ပါတယ်။

၅။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပါ။

အမွေးပွပွနဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အိမ်မှာ မွေးထားတဲ့အခါမှာ တစ်ယောက်တည်း ရှိနေရင်တောင် အထီးကျန်တယ်လို့ သိပ်ပြီး ခံစားရတော့မှာ မဟုတ်ပါဘူး။

၆။ ဝတ္ထုစာအုပ်ဖတ်ပါ။

တစ်ယောက်တည်း အေးအေးဆေးဆေး နေတတ်သူတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်ပါပဲ။ ဝတ္ထုစာအုပ်ဖတ်တဲ့အခါ ဇာတ်ကောင်နဲ့ ဇာတ်အိမ်ကို စိတ်ထဲမှာ စီးမြောခံစားကြည့်တာဟာ စိတ်ကို ပျော်ရွှင်စေသလို အထီးကျန်တဲ့ အတွေးတွေလည်း မဝင်စေပါဘူး။

၇။ လျှောက်သွားပါ။

ဘယ်သွားမယ်လို့ ဆုံးဖြတ်ထားတာမျိုးမဟုတ်ဘဲ တွေ့တဲ့ကားပေါ် တက်စီးပြီး ရောက်တဲ့နေရာသွားတာ၊ အစီအစဉ်မရှိဘဲ ခရီးသွားတာမျိုးတွေ လုပ်ကြည့်ပါ။

၈။ ပြေးလွှားကြည့်ပါ။

အိမ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်နေမယ့်အစား စိတ်ကို လွှတ်ပေးတဲ့အနေနဲ့ ပြေးလွှားကြည့်ပါ။ မိနစ် ၃၀ ခန့် လမ်းလျှောက်တာ၊ ၁၀ မိနစ်လောက် ပြေးလိုက်တဲ့အခါ ချွေးတွေထွက်လာပြီး လူကို လန်းဆန်းပေါ့ပါးစေတယ်။ နောက်ကျိနေတဲ့ စိတ်ကိုလည်း ကြည်လင်သွားစေနိုင်ပါတယ်။

၉။ ဓာတ်ပုံအဟောင်းတွေ ပြန်ထုတ်ကြည့်ပါ။

မိသားစု၊ သူငယ်ချင်း၊ ပျော်ခဲ့ရဖူးတဲ့ အမှတ်တရ ဓာတ်ပုံတွေကို ပြန်ထုတ်ကြည့်ရင်း လက်ဖက်ရည်၊ ကော်ဖီပူပူလေး သောက်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။

၁၀။ ပျော်စရာကောင်းမယ့် သင်တန်းတစ်ခုခုတက်ပါ။

ယောဂသင်တန်း၊ အကသင်တန်းလိုမျိုး စိတ်ကိုပေါ့ပါးစေပြီး ပျော်စရာကောင်းတဲ့ သင်တန်းမျိုးတွေ တက်ပေးပါ။ လူတွေနဲ့ ပျော်ပျော်ပါးပါး ကနေရတဲ့ ခံစားချက်က ကိုယ့်ရဲ့စိတ်ထဲမှာ ရှိနေတဲ့ အထီးကျန်ခံစားချက်တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။

၁၁။ ဒိုင်ယာရီစာအုပ်ထဲ ရေးမှတ်ပါ။

ကိုယ့်ရဲ့ တစ်နေ့တာ ဖြစ်ပျက်ခဲ့သမျှ အရာတွေ၊ ခံစားချက်တွေ၊ အမှတ်တရတွေကို စာအုပ်ထဲ ရေးမှတ်တဲ့အကျင့် လုပ်ထားပေးပါ။ တခါတလေမှာ ဒီအကြောင်းအရာတွေကို ပြန်ဖတ်ကြည့်ရင်းနဲ့ ကိုယ် ဘာကြောင့် အထီးကျန်နေရလဲဆိုတဲ့ အကြောင်းရင်းကို ရှာတွေ့နိုင်ပါတယ်။

၁၂။ အပန်းဖြေခရီးထွက်ပါ။

တစ်ယောက်တည်းဖြစ်စေ၊ အပေါင်းအသင်းတွေ၊ မိသားစုနဲ့ဖြစ်စေ ခရီးထွက်ပေးတာဟာ စိတ်ကို အပန်းဖြေစေသလို လူတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အတွက် အထီးကျန်တဲ့ ခံစားချက်ကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။

၁၃။ ကိုယ့်ဘေးနားမှာ ရှိနေတဲ့သူတွေကို အချိန်ပေးပါ။

တစ်ခါတလေမှာ ကိုယ့်အနား ဘယ်သူမှမရှိဘူးဆိုတဲ့ ခံစားချက်တွေ ရှိကောင်းရှိနေနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ဘေးနားမှာ ရှိနေတဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းတွေကို အချိန်ပေးပြီး စကားလက်ဆုံ ပြောကြည့်ပါ။

Credit:Ye Myo Myat

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top