iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔ခင္းဆို တေမွး အိပ္လိုက္ရမွ  ေန႔လည္စာေလးစားျပီး ထမင္းလံုးစီလိုက္ရမွ ဆိုတဲ့သူေတြ ရွိပါသလား။ တစ္ခ်ိဳ႕ ေန႔ခင္း တေရးအိပ္တာကို က်န္းမာေရးအတြက္ မေကာင္းဘူးလို႕ ေျပာတဲ့သူရွိသလို တစ္ခ်ိဳ႕က်ေတာ့လည္းက်န္းမာေရးအတြက္ အေထာက္အကူျပဳတယ္လို႕ ေျပာၾကတဲ့သူေတြလည္းရွိပါတယ္။ ဒီလို ႏွစ္ျခမ္းကြဲေနတဲ့ အုပ္စုၾကီး ဘယ္သူက မွန္လဲ ဘယ္သူမွားလဲ ။  ။
ေန႔လည္ခင္း တေရးအိပ္ျခင္း ။   ။

အရာရာတုိင္းက အေကာင္းနဲ႕ အဆိုးအျမဲဒြန္တြဲေနတာပါ။ အသြားမေတာ္ တစ္လွမ္း အစားမေတာ္တစ္လုတ္ဆိုသလိုပဲ မွန္ကန္တဲ့ ေဘာင္ထဲက လုပ္မွသာ ေကာင္းက်ိဳးေတြ ျပည့္ျပည့္ဝဝ ခံစားရမွာပါ။ ဒီလိုပဲ ေန႔လည္ခင္း တေရးအိပ္တာမွာ ေကာင္းက်ိဳးေတြ ရွိသလို ဆိုးက်ိဳးေတြလည္း ရွိပါတယ္။  ။
ေန႔လည္ တေရးအိပ္တာက က်န္းမာေရးကို အေထာက္အကူျပဳလား ၊ ထိခိုက္ေစလား။  ။

    ေန႔လည္ခင္း တေရးအိပ္တာဟာ ညဘက္အိပ္မေပ်ာ္တဲ့သူေတြအတြက္ေတာ့ တကယ္ကို အားျပည့္ေစမယ့္ အျပဳအမူတစ္ခုပဲျဖစ္ပါတယ္။ ခဏေလာက္ ေမွးကနဲ အိပ္ေပ်ာ္သြားရင္ေတာင္ လိုေနတဲ့ အားအင္ေတြ ျပည့္ဝသြားသလို ခံစားရေစမွာပါ။
    ေန႔လည္  တေရးေမွးတဲ့သူေတြဟာ မွတ္ဉာဏ္ပိုျပီး ရင့္သန္တယ္လို႔ ဆုိပါတယ္။
    ေန႔လည္ခင္း တေရးအိပ္တာဟာ ေသြးေပါင္ခ်ိန္ကိုလည္း ေလွ်ာ့ခ်ေပးလို႔ ေသြးတုိးေနတဲ့သူေတြအတြက္ သတင္းေကာင္းတစ္ခုပါ။
    Narcolapsy ေရာဂါလုိ႕ေခၚတဲ့ နာတာရွည္ အာရံုေၾကာ ေဝဒနာခံစားေနရတဲ့ သူေတြ ေန႔လည္ခင္းမွာ တေရး အိပ္ေပးရင္ ခံစားေနရတဲ့ ေဝဒနာေတြ သက္သာသြားတယ္လို႔ ဆိုပါတယ္။

ေကာင္းတဲ့ အခ်က္ေတြျပီးေတာ့ ဆုိးတဲ့အခ်က္ေတြ လာပါျပီ။  ။

    ေန႔လည္ခင္း မွာ အိပ္လြန္းရင္ အခ်ိန္ၾကာလာတာနဲ႔ အမွ် ညဘက္ အိပ္မေပ်ာ္တဲ့ ေဝဒနာေတြ စတင္ခံစားရတတ္ပါတယ္။
    ေန႕လည္ တေရးေမွးတယ္ဆိုတာ လုပ္ကိုလုပ္ရမယ္လို႔ မဆိုလိုပါဘူး။ မအားလို႕ မအိပ္ရင္လည္း ဘာခံစားမႈမွ ျဖစ္မေနရပါဘူး။ ဒါေပမယ့္ ေန႔ခင္းေရာက္ျပီဆုိတာနဲ႔ မအိပ္ဘဲ မေနႏုိင္ဘူးဆိုရင္ေတာ့ ညဘက္သင့္အိပ္စက္ျခင္း စက္ဝန္းမွာ ျပႆနာတစ္ခုခုရွိေနပါျပီ။
    ေနခင္းဘက္ အိပ္စက္ခ်ိန္ မ်ားတဲ့သူေတြဟာ ဆီးခ်ိဳျဖစ္ႏုိင္ေခ် ပုိမ်ားတယ္လို႔ဆိုပါတယ္။
    ေန႕ခင္းဆို တက္ၾကြမႈ မရွိဘဲ အိပ္ခ်င္ေနတဲ့သူေတြဟာ စိတ္ဓာတ္က်ေဝဒနာ ခံစားရဖုို႕ ပုိ လြယ္တယ္လို႕လည္း ဆုိပါတယ္။

ကဲ ဒီေတာ့ ေန႔လည္ ဘက္တေရးေမွးတာမွာ ေကာင္းတဲ့ အခ်က္ေတြ ရွိသလို ဆုိးတဲ့အခ်က္ေတြလည္း ရွိပါတယ္ စာဖတ္ပရိသတ္ၾကီးေရ။

ဒီလုိဆို ကိုယ္က ေန႔လည္ တေရးလည္း ေမွးခ်င္ က်န္းမာေရးကိုလည္း မထိခို္္က္ေစခ်င္ဘူးဆုိ ဘယ္လို အက်ိဳးရွိေအာင္ အိပ္ရမလဲဆုိတဲ့ အခ်က္ေတြကို ေျပာျပေပးမယ္ေနာ္ ။  ။

    မိနစ္ ၂၀ ထက္ ၾကာေအာင္ မအိပ္ပါနဲ႔။ မိနစ္ ၂၀ေလာက္ပဲ တေရးေမွးမွ ျပန္ႏုိးလာတဲ့အခ်ိန္မွာ အားအင္ေတြျပည့္ဝေနပါလိမ့္မယ္။ မိနစ္ ၂၀ ထက္ၾကာသြားရင္ ျပန္ႏုိ္းလာတဲ့အခါ ႏုန္းေနသလို ခံစားရပါလိမ့္မယ္။
    ေန႕လည္ဘက္ဆို ပတ္ဝန္းက်င္က ဆူေနတာမ်ားတဲ့အတြက္ ဆိတ္ျငိမ္တဲ့  ဝန္းက်င္ကို ေရြးျပီးမွ တေရးေမွးပါ။
    ေန႕လည္ ၂ နာရီေနာက္ပိုင္းမွ တေရးအိပ္ရင္ ညဘက္ အိပ္စက္ျခင္းစက္ဝန္းကို ထိခိုက္ေစတတ္လို႔႔ ၂ နာရီ မတုိင္ခင္ တေရးအိပ္တာကသာ အေကာင္းဆံုးပါ။ ။

ကဲဒီေတာ့ ေန႔လည္ တေရးေမွးတတ္တာဟာ  ေကာင္းတဲ့အခ်က္ေတြလည္းရွိသလို နည္းလမ္းမွားေနရင္ က်န္းမာေရးကို ထိခိုက္ေစတဲ့ အခ်က္ေတြလည္း ရွိတယ္ဆိုတဲဲ့ အေၾကာင္းကို သိသြားေလာက္ျပီလို႔ထင္ပါတယ္ေနာ္။  ။

Credit:burmese.dvb

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

နေ့ခင်းဆို တမှေး အိပ်လိုက်ရမှ  နေ့လည်စာလေးစားပြီး ထမင်းလုံးစီလိုက်ရမှ ဆိုတဲ့သူတွေ ရှိပါသလား။ တစ်ချို့ နေ့ခင်း တရေးအိပ်တာကို ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောတဲ့သူရှိသလို တစ်ချို့ကျတော့လည်းကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ ပြောကြတဲ့သူတွေလည်းရှိပါတယ်။ ဒီလို နှစ်ခြမ်းကွဲနေတဲ့ အုပ်စုကြီး ဘယ်သူက မှန်လဲ ဘယ်သူမှားလဲ ။  ။
နေ့လည်ခင်း တရေးအိပ်ခြင်း ။   ။

အရာရာတိုင်းက အကောင်းနဲ့ အဆိုးအမြဲဒွန်တွဲနေတာပါ။ အသွားမတော် တစ်လှမ်း အစားမတော်တစ်လုတ်ဆိုသလိုပဲ မှန်ကန်တဲ့ ဘောင်ထဲက လုပ်မှသာ ကောင်းကျိုးတွေ ပြည့်ပြည့်ဝဝ ခံစားရမှာပါ။ ဒီလိုပဲ နေ့လည်ခင်း တရေးအိပ်တာမှာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။  ။
နေ့လည် တရေးအိပ်တာက ကျန်းမာရေးကို အထောက်အကူပြုလား ၊ ထိခိုက်စေလား။  ။

    နေ့လည်ခင်း တရေးအိပ်တာဟာ ညဘက်အိပ်မပျော်တဲ့သူတွေအတွက်တော့ တကယ်ကို အားပြည့်စေမယ့် အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ ခဏလောက် မှေးကနဲ အိပ်ပျော်သွားရင်တောင် လိုနေတဲ့ အားအင်တွေ ပြည့်ဝသွားသလို ခံစားရစေမှာပါ။
    နေ့လည်  တရေးမှေးတဲ့သူတွေဟာ မှတ်ဉာဏ်ပိုပြီး ရင့်သန်တယ်လို့ ဆိုပါတယ်။
    နေ့လည်ခင်း တရေးအိပ်တာဟာ သွေးပေါင်ချိန်ကိုလည်း လျှော့ချပေးလို့ သွေးတိုးနေတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုပါ။
    Narcolapsy ရောဂါလို့ခေါ်တဲ့ နာတာရှည် အာရုံကြော ဝေဒနာခံစားနေရတဲ့ သူတွေ နေ့လည်ခင်းမှာ တရေး အိပ်ပေးရင် ခံစားနေရတဲ့ ဝေဒနာတွေ သက်သာသွားတယ်လို့ ဆိုပါတယ်။

ကောင်းတဲ့ အချက်တွေပြီးတော့ ဆိုးတဲ့အချက်တွေ လာပါပြီ။  ။

    နေ့လည်ခင်း မှာ အိပ်လွန်းရင် အချိန်ကြာလာတာနဲ့ အမျှ ညဘက် အိပ်မပျော်တဲ့ ဝေဒနာတွေ စတင်ခံစားရတတ်ပါတယ်။
    နေ့လည် တရေးမှေးတယ်ဆိုတာ လုပ်ကိုလုပ်ရမယ်လို့ မဆိုလိုပါဘူး။ မအားလို့ မအိပ်ရင်လည်း ဘာခံစားမှုမှ ဖြစ်မနေရပါဘူး။ ဒါပေမယ့် နေ့ခင်းရောက်ပြီဆိုတာနဲ့ မအိပ်ဘဲ မနေနိုင်ဘူးဆိုရင်တော့ ညဘက်သင့်အိပ်စက်ခြင်း စက်ဝန်းမှာ ပြဿနာတစ်ခုခုရှိနေပါပြီ။
    နေခင်းဘက် အိပ်စက်ချိန် များတဲ့သူတွေဟာ ဆီးချိုဖြစ်နိုင်ချေ ပိုများတယ်လို့ဆိုပါတယ်။
    နေ့ခင်းဆို တက်ကြွမှု မရှိဘဲ အိပ်ချင်နေတဲ့သူတွေဟာ စိတ်ဓာတ်ကျဝေဒနာ ခံစားရဖို့ ပို လွယ်တယ်လို့လည်း ဆိုပါတယ်။

ကဲ ဒီတော့ နေ့လည် ဘက်တရေးမှေးတာမှာ ကောင်းတဲ့ အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေလည်း ရှိပါတယ် စာဖတ်ပရိသတ်ကြီးရေ။

ဒီလိုဆို ကိုယ်က နေ့လည် တရေးလည်း မှေးချင် ကျန်းမာရေးကိုလည်း မထိခို်က်စေချင်ဘူးဆို ဘယ်လို အကျိုးရှိအောင် အိပ်ရမလဲဆိုတဲ့ အချက်တွေကို ပြောပြပေးမယ်နော် ။  ။

    မိနစ် ၂၀ ထက် ကြာအောင် မအိပ်ပါနဲ့။ မိနစ် ၂၀လောက်ပဲ တရေးမှေးမှ ပြန်နိုးလာတဲ့အချိန်မှာ အားအင်တွေပြည့်ဝနေပါလိမ့်မယ်။ မိနစ် ၂၀ ထက်ကြာသွားရင် ပြန်နိုးလာတဲ့အခါ နုန်းနေသလို ခံစားရပါလိမ့်မယ်။
    နေ့လည်ဘက်ဆို ပတ်ဝန်းကျင်က ဆူနေတာများတဲ့အတွက် ဆိတ်ငြိမ်တဲ့  ဝန်းကျင်ကို ရွေးပြီးမှ တရေးမှေးပါ။
    နေ့လည် ၂ နာရီနောက်ပိုင်းမှ တရေးအိပ်ရင် ညဘက် အိပ်စက်ခြင်းစက်ဝန်းကို ထိခိုက်စေတတ်လို့ ၂ နာရီ မတိုင်ခင် တရေးအိပ်တာကသာ အကောင်းဆုံးပါ။ ။

ကဲဒီတော့ နေ့လည် တရေးမှေးတတ်တာဟာ  ကောင်းတဲ့အချက်တွေလည်းရှိသလို နည်းလမ်းမှားနေရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေလည်း ရှိတယ်ဆိုတဲ့ အကြောင်းကို သိသွားလောက်ပြီလို့ထင်ပါတယ်နော်။  ။

Credit:burmese.dvb

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top