iMyanmarHouse.com - Best Property Website for Myanmar
×


မ်က္ႏွာမွာ ဆားဝက္ျခံ၊ တင္းတိပ္၊ အေရးအေၾကာင္း၊ အသားအေရမညီညာျခင္းနဲ႔ ဝက္ျခံေတြေၾကာင့္ စိတ္ညစ္ေနရတယ္ဆိုရင္ေတာ့ သဘာဝနည္းလမ္းေလးေတြကို သတိရလုိက္ပါ။ သဘာဝ သရက္သီးကို အသံုးျပဳၿပီး မ်က္ႏွာရဲ႕ အလွအပကို အေႏွာင့္အယွက္ေပးေနတဲ့ အျပစ္အနာအဆာေတြကို ဖယ္ရွားပစ္လိုက္လို႔ ရပါတယ္။ သရက္သီးကို ဘယ္လုိသံုးမလဲဆိုတာ ေဖာ္ျပလိုက္ပါတယ္။

ဆားဝက္ျခံ

သရက္သီးမွည့္ကို ဇြန္းတစ္ဇြန္းေလာက္ ယူၿပီး ေက်ညက္ေနေအာင္ ေခ်ထားပါ။ ၿပီးရင္ ပန္းကန္တစ္ခုထဲမွာ ပ်ားရည္ လက္ဖက္စားဇြန္း(၂) ဇြန္းနဲ႔ ႏြားႏုိ႕အစိမ္း လက္ဖက္စားဇြန္း (၂) ေလာက္ကို ထည့္ၿပီး ခုနက သရက္သီးမွည့္နဲ႔ ေရာေမႊလိုက္ပါ။ ႏွံ႔သြားၿပီဆိုေတာ့မွ ဆားဝက္ျခံေတြေပၚမွာ သုတ္လိမ္းထားလိုက္ပါ။ ေျခာက္သြားၿပီဆိုမွ ေရေအးေလးနဲ႔ ေဆးေၾကာပါ။ ဆားဝက္ျခံေလးေတြ သက္သာသြားမွာပါ။

အေရးအေၾကာင္း

သရက္သီးမွာ ပါဝင္တဲ့ Collagen ဟာ အေရးအေၾကာင္း မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဒီေတာ့ သရက္သီးမွည့္နဲ႔ ၾကက္ဥတို႔ကို အခ်ိဳးက် ေရာစပ္ၿပီး ေမႊလိုက္ပါ။ မ်က္ႏွာျပင္တစ္ဝိုက္ လိမ္းထားၿပီး မိနစ္(၃၀) ေလာက္ ၾကာေအာင္ ထားေပးထားပါ။ ၿပီးမွ ေရေအးေလးနဲ႔ ေဆးေၾကာေပးပါ။ တစ္ပတ္ကို တစ္ႀကိမ္ေလာက္ လုပ္ေပးမယ္ဆိုရင္ အသက္အရြယ္မတိုင္ခင္ အေရးအေၾကာင္းျဖစ္ေပၚျခင္းကို ကာကြယ္ေပးႏိုင္မွာပါ။

အသားအေရၾကည္လင္ေတာက္ပျခင္း

သရက္သီးမွာ ဗီတာမင္ေအ ပါဝင္တာေၾကာင့္ အသားအေရကို ၾကည္လင္ေတာက္ပေစပါတယ္။ ့ အသားအေရ မညီညာျခင္းကို ကာကြယ္ေပးၿပီး ၾကည္လင္ေတာက္ပခ်င္တယ္ဆိုရင္ေတာ့ face mask ေလး လုပ္လို႔ ရပါတယ္။ သရက္သီးမွည့္ကို ႏို႔ႏွစ္နဲ႔ ေရာၿပီး နာရီဝက္ေလာက္ မ်က္ႏွာမွာ ကပ္ထားေပးၿပီး ေပါင္းတင္တာမ်ိဳး လုပ္ေပးပါ။ ေျခာက္သြားမွ ေရေဆးလိုက္ပါ။ သရက္သီးအခြံကို ေျခာက္သြားေအာင္ ေနလွန္းထားၿပီး ႏို႔ေပါင္ဒါမႈန္႔နဲ႔ ေရာၿပီး ေရေလးနဲ႔ ေဖ်ာ္ကာ မ်က္ႏွာမွာ လိမ္းလည္း ရပါတယ္။ ဒါဆိုရင္ေတာ့ အသားအေရေလး ၾကည္လင္ေတာက္ပ လာမွာပါ။

မ်က္ႏွာအသားအေရ ေျခာက္ေသြ႔ျခင္း

ေရဓါတ္ခမ္းေျခာက္တာေၾကာင့္ မ်က္ႏွာအသားအေရ ေျခာက္ေသြ႔ၿပီး ပ်က္စီးေနတယ္ဆိုရင္ေတာ့ သရက္သီးေလးနဲ႔ ေပါင္းတင္ေပးလိုက္လို႔ ရပါတယ္။ သရက္သီးအမွည့္ကို ေက်ညက္ေအာင္ ေခ်ထားလိုက္ၿပီး မ်က္ႏွာမွာ လိမ္းထားေပးလိုက္ပါ။ (၁၅) မိနစ္ေလာက္ ထားၿပီးရင္ေတာ့ ေရေအးနဲ႔ပဲ ေဆးေၾကာပါ။ ဒါဆိုရင္ မ်က္ႏွာမွာ ေရဓါတ္ေလးေတြ ျပန္လည္ ျပည့္တင္းလာၿပီး စိုစိုေျပေျပေလး ျဖစ္လာမွာပါ။

မ်က္ႏွာသန္႔စင္ျခင္း

မ်က္ႏွာရွိတဲ့ အညစ္အေၾကးေတြ သန္႔ရွင္းေအာင္ ျပဳလုပ္ခ်င္တယ္ဆိုရင္ေတာ့ သရက္သီးေလးကို ေမ့ထားလို႔ မရဘူးေနာ္။ သရက္သီးမွည့္ကို ေၾကေအာင္ေခ်ၿပီး ဂ်ံဳမႈန္႔ေလးနဲ႔ ေရာစပ္လိုက္ပါ။ ၿပီးမွ မ်က္ႏွာမွာ လိမ္းထားေပးၿပီး အခ်ိန္နည္းနည္းၾကာမွ မ်က္ႏွာသစ္လိုက္ပါ. ေခၽြးေပါက္က်ယ္တာေတြ ကင္းစင္ၿပီး သန္႔စင္သြားမွာပါ။ အျပစ္အနာအဆာကင္းတဲ့ မ်က္ႏွာေလးရဖုိ႔ သရက္သီးေလးကိုအသံုးျပဳၾကည့္ေနာ္။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

မျက်နှာမှာ ဆားဝက်ခြံ၊ တင်းတိပ်၊ အရေးအကြောင်း၊ အသားအရေမညီညာခြင်းနဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင်တော့ သဘာဝနည်းလမ်းလေးတွေကို သတိရလိုက်ပါ။ သဘာဝ သရက်သီးကို အသုံးပြုပြီး မျက်နှာရဲ့ အလှအပကို အနှောင့်အယှက်ပေးနေတဲ့ အပြစ်အနာအဆာတွေကို ဖယ်ရှားပစ်လိုက်လို့ ရပါတယ်။ သရက်သီးကို ဘယ်လိုသုံးမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ဆားဝက်ခြံ

သရက်သီးမှည့်ကို ဇွန်းတစ်ဇွန်းလောက် ယူပြီး ကျေညက်နေအောင် ချေထားပါ။ ပြီးရင် ပန်းကန်တစ်ခုထဲမှာ ပျားရည် လက်ဖက်စားဇွန်း(၂) ဇွန်းနဲ့ နွားနို့အစိမ်း လက်ဖက်စားဇွန်း (၂) လောက်ကို ထည့်ပြီး ခုနက သရက်သီးမှည့်နဲ့ ရောမွှေလိုက်ပါ။ နှံ့သွားပြီဆိုတော့မှ ဆားဝက်ခြံတွေပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ ခြောက်သွားပြီဆိုမှ ရေအေးလေးနဲ့ ဆေးကြောပါ။ ဆားဝက်ခြံလေးတွေ သက်သာသွားမှာပါ။

အရေးအကြောင်း

သရက်သီးမှာ ပါဝင်တဲ့ Collagen ဟာ အရေးအကြောင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီတော့ သရက်သီးမှည့်နဲ့ ကြက်ဥတို့ကို အချိုးကျ ရောစပ်ပြီး မွှေလိုက်ပါ။ မျက်နှာပြင်တစ်ဝိုက် လိမ်းထားပြီး မိနစ်(၃၀) လောက် ကြာအောင် ထားပေးထားပါ။ ပြီးမှ ရေအေးလေးနဲ့ ဆေးကြောပေးပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် အသက်အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်မှာပါ။

အသားအရေကြည်လင်တောက်ပခြင်း

သရက်သီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေကို ကြည်လင်တောက်ပစေပါတယ်။့ အသားအရေ မညီညာခြင်းကို ကာကွယ်ပေးပြီး ကြည်လင်တောက်ပချင်တယ်ဆိုရင်တော့ face mask လေး လုပ်လို့ ရပါတယ်။ သရက်သီးမှည့်ကို နို့နှစ်နဲ့ ရောပြီး နာရီဝက်လောက် မျက်နှာမှာ ကပ်ထားပေးပြီး ပေါင်းတင်တာမျိုး လုပ်ပေးပါ။ ခြောက်သွားမှ ရေဆေးလိုက်ပါ။ သရက်သီးအခွံကို ခြောက်သွားအောင် နေလှန်းထားပြီး နို့ပေါင်ဒါမှုန့်နဲ့ ရောပြီး ရေလေးနဲ့ ဖျော်ကာ မျက်နှာမှာ လိမ်းလည်း ရပါတယ်။ ဒါဆိုရင်တော့ အသားအရေလေး ကြည်လင်တောက်ပ လာမှာပါ။

မျက်နှာအသားအရေ ခြောက်သွေ့ခြင်း

ရေဓါတ်ခမ်းခြောက်တာကြောင့် မျက်နှာအသားအရေ ခြောက်သွေ့ပြီး ပျက်စီးနေတယ်ဆိုရင်တော့ သရက်သီးလေးနဲ့ ပေါင်းတင်ပေးလိုက်လို့ ရပါတယ်။ သရက်သီးအမှည့်ကို ကျေညက်အောင် ချေထားလိုက်ပြီး မျက်နှာမှာ လိမ်းထားပေးလိုက်ပါ။ (၁၅) မိနစ်လောက် ထားပြီးရင်တော့ ရေအေးနဲ့ပဲ ဆေးကြောပါ။ ဒါဆိုရင် မျက်နှာမှာ ရေဓါတ်လေးတွေ ပြန်လည် ပြည့်တင်းလာပြီး စိုစိုပြေပြေလေး ဖြစ်လာမှာပါ။

မျက်နှာသန့်စင်ခြင်း

မျက်နှာရှိတဲ့ အညစ်အကြေးတွေ သန့်ရှင်းအောင် ပြုလုပ်ချင်တယ်ဆိုရင်တော့ သရက်သီးလေးကို မေ့ထားလို့ မရဘူးနော်။ သရက်သီးမှည့်ကို ကြေအောင်ချေပြီး ဂျုံမှုန့်လေးနဲ့ ရောစပ်လိုက်ပါ။ ပြီးမှ မျက်နှာမှာ လိမ်းထားပေးပြီး အချိန်နည်းနည်းကြာမှ မျက်နှာသစ်လိုက်ပါ. ချွေးပေါက်ကျယ်တာတွေ ကင်းစင်ပြီး သန့်စင်သွားမှာပါ။ အပြစ်အနာအဆာကင်းတဲ့ မျက်နှာလေးရဖို့ သရက်သီးလေးကိုအသုံးပြုကြည့်နော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top