iMyanmarHouse.com - Best Property Website for Myanmar
×


ခါရာဆိုတဲ့ ငယ္ရြယ္ေခ်ာေမာျပီး ေယာက္်ားပီသတဲ့သရုပ္ေဆာင္ေကာင္ေလးဟာ လူငယ္ပရိသတ္ေတြရဲ႕ပါးစပ္ဖ်ားမွာေရပန္းစားလာခဲ့တာအခ်ိန္တစ္ခုၾကာျမင့္ခဲ့ပါျပီ။ မိႈလိုေပါက္ေနတဲ့လူငယ္တက္သစ္စမင္းသားေတြထဲမွာ ခါရာကေတာ့ ထူးထူးျခားျခားပဲ သူမ်ားေတြလို ခ်စ္ၾကိဳက္ကြဲညားဇာတ္ေကာင္စရုိက္ေတြထဲဝင္မတိုးပဲ အက္ရွင္မင္းသားတစ္ေယာက္ျဖစ္လာမယ့္လမ္းကိုေလွ်ာက္လွမ္းေနခဲ့သူပါ။ ခါရာဟာ Dimensions ဇာတ္ကားမွာ ပရိသတ္အားေပးမႈရရွိခဲ့ျပီး Dimensions ဟာ စကၤာပူမွာလည္းရံုတင္ခဲ့သလိုေအာင္ျမင္မႈေတြမ်ားစြာ ဆြတ္ခူးရရွိခဲ့ပါတယ္။ ခါရာက အခုေနာက္ထပ္ရံုတင္ေတာ့မယ္ဇာတ္ကားသစ္ ျမိဳ႕ျပမုဆုိးမ်ား ဇာတ္ကားအေၾကာင္းကို မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာေျဖၾကားလာခဲ့ပါတယ္။

ခါရာက ျမိဳ႕ျပမုဆိုးမ်ားထဲက ကာရိုက္တာကို “အက္ရွင္ကုိပုိကြ်မ္းက်င္ေအာင္သင္ယူေလ့လာျပီး ေနာက္တစ္ကားကုိ ခပ္ၾကမ္းၾကမ္းထပ္ရိုက္ျဖစ္တဲ့သေဘာပါပဲ။ Dimensions တုန္းက လက္သီးထုိးတာကုိ ေျခေထာက္ထက္စာရင္ပုိင္ပုိင္နုိင္နုိင္လုပ္နုိင္တယ္။ ဒီ ျမိဳ႔ျပမုဆိုးမ်ားကားမွာက်ေတာ့ မရိုက္ခင္တစ္နွစ္ေလာက္ကုိ တုိက္ကြမ္ဒိုသြားတက္ျပီး ေလ့က်င့္လုိက္တယ္။ ျမိဳ႕ျပမုဆိုးမ်ားထဲမွာေတာ့ မတူညီတဲ့ အက္ရွင္ပံုစံမ်ိဳးေတြေတြ႕ရမွာေပါ့။ျမိဳ႔ျပမုဆိုးမ်ားထဲမွာ ပုိျပီးေတာ့ကြ်မ္းက်င္သြားတဲ့ ခ်တဲ့ပံုစံမ်ိဳးေတြ Gangster တစ္ေယာက္ရဲ႕ခ်တဲ့ပံုစံမ်ဳိးေတြ ၾကိဳးစားျပီးလုပ္ထားတယ္”လို႔ ေျပာျပထားပါတယ္။


ျမိဳ႕ျပမုဆိုးမ်ားကားထဲမွာ စကားပီေအာင္အထူးၾကိဳးစားခဲ့ရတယ္လို႔လည္း “ဒီကားထဲမွာေတာ့ ကြ်န္ေတာ္အထူးသျဖင့္ တ နဲ႔ သ နဲ႔ ပီေအာင္ အထူးၾကိဳးစားထားတာေပါ့။ ကြ်န္ေတာ့္အခန္းေတာ္ေတာ္မ်ားမ်ားမွာ မပီတာမရွိသေလာက္ပါပဲ”လို႔ ခ်စ္ဖို႔ေကာင္းစြာ ရယ္ေမာရင္းေျဖၾကားထားပါတယ္။ ေဟာင္ေကာင္ရုပ္ရွင္ရဲ႕ လႊမ္းမိုးမႈနည္းနည္းပါတယ္လို႔လည္း “ဒီကားေလးကေတာ့ ေတာ္ေတာ္ေလး ထူးျခားတယ္။ ကြ်န္ေတာ္ၾကည့္ေနက် ေဟာင္ေကာင္ကားနဲ႔ေတာ့နည္းနည္းဆင္မယ္။ ဒါရိုက္တာကိုညဏ္က သူဖန္တီးထားတာကေတာ့ နည္းနည္းေလးဆင္တာပဲရွိတယ္။ ကာလာေတြဘာေတြေပါ့။ အကုန္လံုးထူးျခားတယ္”လို႔ ေျပာျပထားပါတယ္။

ဒါ့အျပင္ ခါရာက ျမိဳ႕ျပမုဆိုးကားဟာ ကမၻာနဲ႔ခ်ီျပီးေအာင္ျမင္ခဲ့တဲ့ Lee Min Ho ရဲ႕ City Hunter ကားလားဆိုတဲ့ သုိ႔ေလာသုိ႔ေလာေမးခြန္းေတြကုိ “ကြ်န္ေတာ္တို႔ Bonanza Production က ရိုက္ေနုတုန္းမွာလည္းေသခ်ာလုပ္တယ္။ Post Production မွာလည္းေသခ်ာလုပ္တယ္။ အခ်ိန္ေတြအမ်ားၾကီးယူျပီး ရုပ္ရွင္တစ္ကားကုိရိုက္တဲ့ေနရာမွာ ကြ်န္ေတာ္တို႔ copy ကားလံုးဝမရိုက္ဘူး။ နဂိုကတည္းကလည္း ေကာ္ပီကားရိုက္ဖို႔ေထာင္ထားတာမဟုတ္ဘူး။ အေကာင္းဆံုးရသေျမာက္တဲ့ရုပ္ရွင္ေတြဖန္တီးဖို႔ထုတ္လုပ္ေရးကုိေထာင္ခဲ့တာျဖစ္တယ္။ ျမိဳ႕ျပမုဆိုးမ်ားက City Hunter copy လံုးဝမဟုတ္ပါ။ ဒီနာမည္ကုိေျပာင္းလိုက္ရတဲ့အေၾကာင္းရင္းကလည္း ဇာတ္လမ္းခြင့္ျပဳမိန္႕တင္တဲ့အခ်ိန္မွာ ဒီနာမည္နဲ႔ကြ်န္ေတာ္တို႔ကုိခ်လိုက္တဲ့အတြက္ေၾကာင့္ပါ”လို႔ ေသခ်ာရွင္းျပထားပါတယ္။


ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ သာမန္ Drama ကားေတြထဲကို ဝင္တိုးေနတဲ့ သိပ္ေခ်ာတဲ့မင္သားေတြထဲကေနတိုးထြက္ျပီး ပင္ပန္းခက္ခဲတဲ့ အက္ရွင္မင္းသားလိုင္းကို ရဲရဲဝ့ံဝံ့ေလွ်ာက္လွမ္းလာခဲ့တဲ့ ခါရာကုိခ်စ္ၾကလား။ ခါရာရဲ႕ ျမိဳ႔ျပမုဆိုးမ်ားဇာတ္ကားကုိေရာ သြားေရာက္ၾကည့္ရႈ႕အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit: Can’t Wait to Say

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #


ခါရာဆိုတဲ့ ငယ်ရွယ်ချောမောပြီး ယောက်ျားပီသတဲ့သရုပ်ဆောင်ကောင်လေးဟာ လူငယ်ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားလာခဲ့တာအချိန်တစ်ခုကြာမြင့်ခဲ့ပါပြီ။ မှိုလိုပေါက်နေတဲ့လူငယ်တက်သစ်စမင်းသားတွေထဲမှာ ခါရာကတော့ ထူးထူးခြားခြားပဲ သူများတွေလို ချစ်ကြိုက်ကွဲညားဇာတ်ကောင်စရိုက်တွေထဲဝင်မတိုးပဲ အက်ရှင်မင်းသားတစ်ယောက်ဖြစ်လာမယ့်လမ်းကိုလျှောက်လှမ်းနေခဲ့သူပါ။ ခါရာဟာ Dimensions ဇာတ်ကားမှာ ပရိသတ်အားပေးမှုရရှိခဲ့ပြီး Dimensions ဟာ စင်္ကာပူမှာလည်းရုံတင်ခဲ့သလိုအောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိခဲ့ပါတယ်။ ခါရာက အခုနောက်ထပ်ရုံတင်တော့မယ်ဇာတ်ကားသစ် မြို့ပြမုဆိုးများ ဇာတ်ကားအကြောင်းကို မီဒီယာတွေနဲ့အင်တာဗျူးမှာဖြေကြားလာခဲ့ပါတယ်။

ခါရာက မြို့ပြမုဆိုးများထဲက ကာရိုက်တာကို “အက်ရှင်ကိုပိုကျွမ်းကျင်အောင်သင်ယူလေ့လာပြီး နောက်တစ်ကားကို ခပ်ကြမ်းကြမ်းထပ်ရိုက်ဖြစ်တဲ့သဘောပါပဲ။ Dimensions တုန်းက လက်သီးထိုးတာကို ခြေထောက်ထက်စာရင်ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တယ်။ ဒီ မြို့ပြမုဆိုးများကားမှာကျတော့ မရိုက်ခင်တစ်နှစ်လောက်ကို တိုက်ကွမ်ဒိုသွားတက်ပြီး လေ့ကျင့်လိုက်တယ်။ မြို့ပြမုဆိုးများထဲမှာတော့ မတူညီတဲ့ အက်ရှင်ပုံစံမျိုးတွေတွေ့ရမှာပေါ့။မြို့ပြမုဆိုးများထဲမှာ ပိုပြီးတော့ကျွမ်းကျင်သွားတဲ့ ချတဲ့ပုံစံမျိုးတွေ Gangster တစ်ယောက်ရဲ့ချတဲ့ပုံစံမျိုးတွေ ကြိုးစားပြီးလုပ်ထားတယ်”လို့ ပြောပြထားပါတယ်။


မြို့ပြမုဆိုးများကားထဲမှာ စကားပီအောင်အထူးကြိုးစားခဲ့ရတယ်လို့လည်း “ဒီကားထဲမှာတော့ ကျွန်တော်အထူးသဖြင့် တ နဲ့ သ နဲ့ ပီအောင် အထူးကြိုးစားထားတာပေါ့။ ကျွန်တော့်အခန်းတော်တော်များများမှာ မပီတာမရှိသလောက်ပါပဲ”လို့ ချစ်ဖို့ကောင်းစွာ ရယ်မောရင်းဖြေကြားထားပါတယ်။ ဟောင်ကောင်ရုပ်ရှင်ရဲ့ လွှမ်းမိုးမှုနည်းနည်းပါတယ်လို့လည်း “ဒီကားလေးကတော့ တော်တော်လေး ထူးခြားတယ်။ ကျွန်တော်ကြည့်နေကျ ဟောင်ကောင်ကားနဲ့တော့နည်းနည်းဆင်မယ်။ ဒါရိုက်တာကိုညဏ်က သူဖန်တီးထားတာကတော့ နည်းနည်းလေးဆင်တာပဲရှိတယ်။ ကာလာတွေဘာတွေပေါ့။ အကုန်လုံးထူးခြားတယ်”လို့ ပြောပြထားပါတယ်။

ဒါ့အပြင် ခါရာက မြို့ပြမုဆိုးကားဟာ ကမ္ဘာနဲ့ချီပြီးအောင်မြင်ခဲ့တဲ့ Lee Min Ho ရဲ့ City Hunter ကားလားဆိုတဲ့ သို့လောသို့လောမေးခွန်းတွေကို “ကျွန်တော်တို့ Bonanza Production က ရိုက်နေုတုန်းမှာလည်းသေချာလုပ်တယ်။ Post Production မှာလည်းသေချာလုပ်တယ်။ အချိန်တွေအများကြီးယူပြီး ရုပ်ရှင်တစ်ကားကိုရိုက်တဲ့နေရာမှာ ကျွန်တော်တို့ copy ကားလုံးဝမရိုက်ဘူး။ နဂိုကတည်းကလည်း ကော်ပီကားရိုက်ဖို့ထောင်ထားတာမဟုတ်ဘူး။ အကောင်းဆုံးရသမြောက်တဲ့ရုပ်ရှင်တွေဖန်တီးဖို့ထုတ်လုပ်ရေးကိုထောင်ခဲ့တာဖြစ်တယ်။ မြို့ပြမုဆိုးများက City Hunter copy လုံးဝမဟုတ်ပါ။ ဒီနာမည်ကိုပြောင်းလိုက်ရတဲ့အကြောင်းရင်းကလည်း ဇာတ်လမ်းခွင့်ပြုမိန့်တင်တဲ့အချိန်မှာ ဒီနာမည်နဲ့ကျွန်တော်တို့ကိုချလိုက်တဲ့အတွက်ကြောင့်ပါ”လို့ သေချာရှင်းပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သာမန် Drama ကားတွေထဲကို ဝင်တိုးနေတဲ့ သိပ်ချောတဲ့မင်သားတွေထဲကနေတိုးထွက်ပြီး ပင်ပန်းခက်ခဲတဲ့ အက်ရှင်မင်းသားလိုင်းကို ရဲရဲဝံ့ဝံ့လျှောက်လှမ်းလာခဲ့တဲ့ ခါရာကိုချစ်ကြလား။ ခါရာရဲ့ မြို့ပြမုဆိုးများဇာတ်ကားကိုရော သွားရောက်ကြည့်ရှု့အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top