iMyanmarHouse.com - Best Property Website for Myanmar
×









Credit:Maung Maung

ကျန်းမာရေး


#Unicode Version# ဖြင့်ဖတ်ပါ ။

ဆီးအောင့် ဆီးနည်း ဆီးတော်တော်နဲ့ မထွက်တာတွေအတွက် ဆေးနည်း

ဒီဆေးနည်းကို ကျေးဇူးတော်ရှင် မုံလယ်ဆရာတော်ကြီး တပည့် ကိုတိုးလေးမှ ဒေါက်တာဒေါ်မြင့်မြင့် မှတဆင့် ကျွန်တော်ထပ်ဆင့် သိရခြင်းပါ ခင်ဗျာ။

ငှက်ပျောသီး ဖီးကြမ်းတစ်လုံးကို အခွံပေါ်မှ အပေါက်ဖောက်ပါ။ ခွေးတောက်ရွက် (၇) ရွက် ပတ်ထုတ်ပြီး သုံးခွက်တစ်ခွက် တင်ပြုတ်ပါ။ အခွံခွာပြီးပြုတ်ပြီး ငှက်ပျောသီးစားပါ အရည်ကိုလည်း သောက်ပါ။

ကျွန်တော်ကိုယ်တိုင် ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာ ဆီးတော်တော်နဲ့ မထွက်တာ ဆီးအိမ်မှာ အောင့်နေတာ ဆီးနည်းတာ စတာတွေသက်သာပြီး ကောင်းသွားလို့ အခုအဘအတွက် ပြုတ်ပေးရင်း မိတ်ဆွေတို့ တိုက်ဆိုင်သူများရှိရင်ပေါ့ ခင်ဗျာ။

အဘဦးဆန်းဝေကို နှာခေါင်းပိုက် ထည့်ထားရလို့ ပြုတ်ရည်ကိုပဲ ထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာ အချိန်ပိုခြားသွားပြီး ဆီးများများထွက်ပြီး ဆီးသွားရတာ လွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ။

လူအများအတွက်မို့ ရှယ်ပါဗျာ ငြုပ်သီးစားပြီး ဆီးအောင့်လေ့ရှိတဲ့ ဇနီးကလည်း ဝမ်းသာအားရ ဖုန်းဆက်လာတယ်။ ကျန်နေတဲ့ ငှက်ပျောသီး ဂွေးတောက်ရွက်ပြုတ် တစ်လုံး စားလိုက်တော့ သုံးညဆက်တိုက် ဆီးသုံးကြိမ် ထသွားရပြီး အခု ဆီးအောင့်နေတာပျောက်သွားသတဲ့ ခင်ဗျာ။

ဆီးဆေးက ဆရာဝန် ခွင့်ပြုချက်ပါမှ ရောင်းချခွင့်ရှိတာမို့ ဒီနည်းကိုသာ သုံးကြပါလို့။ မိတ်ဆွေတို့ လွတ်လပ်စွာ ရှယ်ကြပါခင်ဗျာ ကုသိုလ်ပြုပါတယ် ခင်ဗျာ။


Credit:Maung Maung


ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top