iMyanmarHouse.com - Best Property Website for Myanmar
×

“ေယာက်ာ္းျဖစ္ရတာ ကံေကာင္းပါတယ္”

‘ကေလးေမြးျပီးရင္ ၄၅ ရက္တိတိ ေယာက်ာ္းနဲ႕ မေနနဲ႕’ ဒါက ကေလးေမြးျပီးစ အမ်ိဳးသမီးေတြကို မွာေနက်စကားေပါ့။ အဲဒီအခ်ိန္အတြင္းမွာ အမ်ိဳးသမီးကို အနားေပးထားတယ္။ အင္မတန္မွကို ပင္ပန္းခက္ခဲတဲ့ ကိုယ္၀န္ေဆာင္၊ ကေလးေမြးဖြားမႈကို လုပ္ေဆာင္ခဲ့ျပီးတဲ့ေနာက္မွာ အားျပန္ေမြးရတဲ့ကာလကုိး။ သူ႕ရဲ႕ က်န္းမာေရးကို ဂရုစို္က္ရတယ္။ အာဟာရျပည္႕၀ေအာင္ ေနရတယ္။ ကေလးကို မိခင္ႏို႕တုိက္ေကၽြးရတယ္။ ဒီလိုအခ်ိန္မ်ိဳးဆုိ မိသားစု၀င္ေတြနဲ႕ အမ်ိဳးသားကလည္း သူ႕ကုိ သည္းသည္းလႈပ္ ဂရုစိုက္တာေပါ့။ သူစားခ်င္တာ၊ သူျဖစ္ခ်င္တာ အကုန္လုပ္ေပးတယ္။ စိတ္ပုိင္းဆုိင္ရာအရေရာ၊ ရုပ္ပုိင္းဆုိင္ရာအရပါ အားေပးတယ္။ သူလုပ္ရမယ့္ ကေလးနဲ႕ပတ္သက္တဲ့ အလုပ္ေတြကို ၀ုိင္းကူေပးတယ္။

ဒါေပမယ့္ တခ်ိဳ႕အမ်ိဳးသမီးေတြမွာေတာ့ ဒီလိုအားေပးကူညီမႈေတြ မရေနပါဘူး။ သူ႕အလုပ္ေတြ သူ႕ဟာသူ လုုပ္ရတယ္။ အိမ္အလုပ္ေတြလည္း ၀င္ကူရတယ္။ ကေလးေ၀ယ်ာ၀စၥလည္း သူပဲလုပ္ရတယ္။ အမ်ိဳးသားက ဒါေတြ သူနဲ႕မဆုိင္ဘူးလို႕ ေျပာတယ္။ ပိုက္ဆံရွာရမယ့္အလုပ္ကိုပဲ လုပ္တယ္။ ပဲခူးတုိင္း၊ ေက်ာက္တန္းေက်းရြာအုပ္စုထဲက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အျဖစ္အပ်က္ကေတာ့ အဲဒီထက္ေတာင္ ပိုပါေသးတယ္။

တစ္ရက္မွာ Win-Win Organization ေဆးကုသေနတဲ့ဆီကို သူ ေရာက္လာပါတယ္။ ကေလးေမြးျပီးတာ ၁၀ ရက္ပဲ ရွိေသးတယ္။ သူ႕မိန္းမကုိယ္ေအာက္ပုိင္းမွာ အနာျဖစ္လုိ႕တဲ့။ အဖြဲ႕ရဲ႕ ဆရာ၀န္တစ္ေယာက္ျဖစ္တဲ့ ေဒါက္တာ ဆုဇင္၀င္းသန္းက စစ္ေဆးၾကည္႕လုိက္ေတာ့ ကေလးေမြးျပီး ျပန္ခ်ဳပ္ထားတဲ့ေနရာက ကြဲေနတာ။ ပုိးေတြ၀င္ျပီး အနံ႕အသက္လည္း ေတာ္ေတာ္မေကာင္းဘူး။ ဒါနဲ႕ ပိုးသတ္ေဆးေပးရံုနဲ႕ မရဘဲ ေဆးရံုကုိသြားမွ ျဖစ္ေတာ့မယ္ဆုိတာ သိလုိက္တယ္။ အိမ္မွာေမြးျပီး ေသေသခ်ာခ်ာ မခ်ဳပ္ခဲ့လုိ႕ ပုိး၀င္တာလား အထင္နဲ႕ ေမးလိုက္ေတာ့ အင္မတန္စိတ္ပ်က္အံ့ၾသရတဲ့ အျဖစ္အပ်က္တစ္ခုကို ၾကားသိလိုုက္ရတယ္။

ကေလးေမြးျပီး ၃ ရက္ေျမာက္ေန႕မွာ သူ႕ေယာက်ာ္းက အတင္းအၾကပ္ ဆက္ဆံသြားတာတဲ့ေလ။ ေၾသာ္ လုိ႕ပဲ အားလံုးက စုပ္သတ္ႏုိင္ခဲ့ေတာ့တယ္။ လူေတြက ေျပာၾကတယ္၊ လင္မယားၾကားပါဆုိမွ မုဒိမ္းမႈဆုိတာ ဘယ္ရွိမွာလဲတဲ့။ ကာမပုိင္ေယာက်ာ္းလို႕လည္း သံုးႏႈန္းၾကေသးေတာ့ အိမ္ေထာင္ျပဳျပီးသြားရင္ ဒီအမ်ိဳးသမီးရဲ႕ကာမကို သူ႕ေယာက်ာ္းက ပုိင္သြားျပီလုိ႕ ထင္တတ္ၾကတာကုိး။ တကယ္ေတာ့ မုဒိမ္းမႈဆုိတာ လင္မယားျဖစ္ျခင္း၊ ခ်စ္သူျဖစ္ျခင္းနဲ႕ မသက္ဆုိင္ဘဲ ခြင့္ျပဳမျပဳ ဆုိတဲ့အေပၚပဲ အေျခခံစဥ္းစားရတဲ့ အရာမ်ိဳးပါ။ ကေလးေမြးျပီးစ အင္အားခ်ိနဲ႕ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ကို ဒီလုိျပဳမူတာဟာ ဘယ္လိုနည္းနဲ႕မွ လက္ခံႏုိင္စရာ မရွိပါဘူး။ ဘာေၾကာင့္ ဒီလုိလုပ္ရတယ္ ဆုိတာလည္း စဥ္းစားလို႕ေတာင္ မရဘူး။

အဲဒါနဲ႕ ေဆးရံုကိုလႊဲ၊ သြားဖုိ႕ ပို္က္ဆံမရွိဘူးဆုိတဲ့အတြက္ ေငြေၾကးပါေထာက္ပံ့ေပးျပီး ျပန္လႊတ္လုိက္ရတယ္။ ေနာက္ထပ္တစ္ခါ အဲ့ဒီရြာေလးကို ေရာက္ေတာ့ ဒီအမ်ိဳးသမီးအေၾကာင္း သတိတရေမးတယ္။ ေဆးရံုသြားျပျပီး ေနေကာင္းေနျပီလား ဆုိေတာ့ ဆံုးသြားရွာျပီ တဲ့။ ဘာလို႕လဲ၊ ေဆးရံုအေရာက္ ေနာက္က်လုိ႕လားဆုိေတာ့ သြားကုိမသြားလိုက္ရတာ။ Win-Win နဲ႕ ေတြ႕ျပီး သူ အိမ္ျပန္သြားတယ္။ ေဆးရံုသြားဖုိ႕ လိုေၾကာင္း အိမ္ကိုေျပာျပျပီးတဲ့အခ်ိန္မွာ ေယာကၡမျဖစ္သူက Win-Win က ေပးလုိက္တဲ့ ေထာက္ပံ့ေငြကုိ သိမ္းလိုက္တယ္။ ျပီးေတာ့ နင္ ေဆးရံုသြားစရာ မလိုဘူးတဲ့၊ နင္ ေဆးရံုတက္ရင္ အိမ္မွာ ကေလးကို ဘယ္သူထိန္းမလဲဆုိတဲ့ အေၾကာင္းျပခ်က္ကုိ ေပးတယ္။ အဲ့ဒီလုိနဲ႕ ဒီေလာက္ဆုိးဆုိးရြားရြား ပုိး၀င္ေနတဲ့ အေျခအေနမ်ိဳးမွာ ေဆးရံုေတာင္ မေရာက္လုိက္ရဘဲ အိမ္မွာတင္ အသက္ဆံုးရႈံးလိုက္ရတယ္။

ဒီလိုအျဖစ္အပ်က္မ်ိဳးေတြ ဘယ္သူသိမွာလဲ။ ဒီလိုနည္းနဲ႕ အသက္ဆံုးရႈံးေန၊ ဘ၀ေတြ ထိခုိက္ေနရတဲ့ အမ်ိဳးသမီးေတြေရာ ဘယ္ႏွေယာက္ေတာင္ ရွိျပီလဲ။ ဒီျပႆနာဟာ အေရးမၾကီးဘူးလုိ႕ေရာ ထင္ေနၾကတုန္းပါပဲလား။ ဒီလိုအႏုိင္က်င့္တဲ့ လုပ္ရပ္မ်ိဳးလုပ္ျပီး ေအးေအးေဆးေဆး ေနေနလို႕ေရာ ရတယ္တဲ့လား။

အမ်ိဳးသမီးေတြဟာ ႏွိမ့္ခ်ဆက္ဆံမႈေတြ၊ အၾကမ္းဖက္မႈ၊ အႏုိင္က်င့္မႈေတြ၊ လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈေတြၾကားထဲမွာ ရွင္သန္ေနရပါတယ္။ ခုလိုအျဖစ္အပ်က္မ်ိဳးေတြ ျမင္ေန ေတြ႕ေနရေပမယ့္ လူတခ်ိဳ႕ကေတာ့ ျမန္မာႏုိင္ငံဟာ က်ားမခြဲျခားဆက္ဆံမႈ မရွိဘူး၊ လင္နဲ႕မယားၾကားမွာ မုဒိမ္းမႈဆုိတာ မရွိဘူးရယ္လုိ႕ ခုခ်ိန္ထိ လက္ခံေနၾကဆဲပဲ။ ကာကြယ္ဖုိ႕မေျပာနဲ႕၊ ဒီလိုကိစၥရပ္ေတြ ရွိေနပါလားဆုိတာကို သိေအာင္ပဲ အရင္လုပ္ၾကရဦးမွာ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီလုိလူမႈပတ္၀န္းက်င္မ်ိဳးမွာ ေယာက်ာ္းျဖစ္ခြင့္ရတာ အင္မတန္ကံေကာင္းပါတယ္။“ေယာက်ာ္းျဖစ္ရတာ ကံေကာင္းပါတယ္”

တကယ္ေတာ့ ဒီလုိလူမႈပတ္၀န္းက်င္မ်ိဳးမွာ ေယာက်ာ္းျဖစ္ခြင့္ရတာ အင္မတန္ကံေကာင္းပါတယ္။

Credit: WinWinOrganization

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

“ယောကျာ်းဖြစ်ရတာ ကံကောင်းပါတယ်”

‘ကလေးမွေးပြီးရင် ၄၅ ရက်တိတိ ယောကျာ်းနဲ့ မနေနဲ့’ ဒါက ကလေးမွေးပြီးစ အမျိုးသမီးတွေကို မှာနေကျစကားပေါ့။ အဲဒီအချိန်အတွင်းမှာ အမျိုးသမီးကို အနားပေးထားတယ်။ အင်မတန်မှကို ပင်ပန်းခက်ခဲတဲ့ ကိုယ်ဝန်ဆောင်၊ ကလေးမွေးဖွားမှုကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ အားပြန်မွေးရတဲ့ကာလကိုး။ သူ့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ရတယ်။ အာဟာရပြည့်ဝအောင် နေရတယ်။ ကလေးကို မိခင်နို့တိုက်ကျွေးရတယ်။ ဒီလိုအချိန်မျိုးဆို မိသားစုဝင်တွေနဲ့ အမျိုးသားကလည်း သူ့ကို သည်းသည်းလှုပ် ဂရုစိုက်တာပေါ့။ သူစားချင်တာ၊ သူဖြစ်ချင်တာ အကုန်လုပ်ပေးတယ်။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အားပေးတယ်။ သူလုပ်ရမယ့် ကလေးနဲ့ပတ်သက်တဲ့ အလုပ်တွေကို ဝိုင်းကူပေးတယ်။

ဒါပေမယ့် တချို့အမျိုးသမီးတွေမှာတော့ ဒီလိုအားပေးကူညီမှုတွေ မရနေပါဘူး။ သူ့အလုပ်တွေ သူ့ဟာသူ လုပ်ရတယ်။ အိမ်အလုပ်တွေလည်း ဝင်ကူရတယ်။ ကလေးဝေယျာဝစ္စလည်း သူပဲလုပ်ရတယ်။ အမျိုးသားက ဒါတွေ သူနဲ့မဆိုင်ဘူးလို့ ပြောတယ်။ ပိုက်ဆံရှာရမယ့်အလုပ်ကိုပဲ လုပ်တယ်။ ပဲခူးတိုင်း၊ ကျောက်တန်းကျေးရွာအုပ်စုထဲက အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်အပျက်ကတော့ အဲဒီထက်တောင် ပိုပါသေးတယ်။

တစ်ရက်မှာ Win-Win Organization ဆေးကုသနေတဲ့ဆီကို သူ ရောက်လာပါတယ်။ ကလေးမွေးပြီးတာ ၁၀ ရက်ပဲ ရှိသေးတယ်။ သူ့မိန်းမကိုယ်အောက်ပိုင်းမှာ အနာဖြစ်လို့တဲ့။ အဖွဲ့ရဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဆုဇင်ဝင်းသန်းက စစ်ဆေးကြည့်လိုက်တော့ ကလေးမွေးပြီး ပြန်ချုပ်ထားတဲ့နေရာက ကွဲနေတာ။ ပိုးတွေဝင်ပြီး အနံ့အသက်လည်း တော်တော်မကောင်းဘူး။ ဒါနဲ့ ပိုးသတ်ဆေးပေးရုံနဲ့ မရဘဲ ဆေးရုံကိုသွားမှ ဖြစ်တော့မယ်ဆိုတာ သိလိုက်တယ်။ အိမ်မှာမွေးပြီး သေသေချာချာ မချုပ်ခဲ့လို့ ပိုးဝင်တာလား အထင်နဲ့ မေးလိုက်တော့ အင်မတန်စိတ်ပျက်အံ့သြရတဲ့ အဖြစ်အပျက်တစ်ခုကို ကြားသိလိုက်ရတယ်။

ကလေးမွေးပြီး ၃ ရက်မြောက်နေ့မှာ သူ့ယောကျာ်းက အတင်းအကြပ် ဆက်ဆံသွားတာတဲ့လေ။ သြော် လို့ပဲ အားလုံးက စုပ်သတ်နိုင်ခဲ့တော့တယ်။ လူတွေက ပြောကြတယ်၊ လင်မယားကြားပါဆိုမှ မုဒိမ်းမှုဆိုတာ ဘယ်ရှိမှာလဲတဲ့။ ကာမပိုင်ယောကျာ်းလို့လည်း သုံးနှုန်းကြသေးတော့ အိမ်ထောင်ပြုပြီးသွားရင် ဒီအမျိုးသမီးရဲ့ကာမကို သူ့ယောကျာ်းက ပိုင်သွားပြီလို့ ထင်တတ်ကြတာကိုး။ တကယ်တော့ မုဒိမ်းမှုဆိုတာ လင်မယားဖြစ်ခြင်း၊ ချစ်သူဖြစ်ခြင်းနဲ့ မသက်ဆိုင်ဘဲ ခွင့်ပြုမပြု ဆိုတဲ့အပေါ်ပဲ အခြေခံစဉ်းစားရတဲ့ အရာမျိုးပါ။ ကလေးမွေးပြီးစ အင်အားချိနဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဒီလိုပြုမူတာဟာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာ မရှိပါဘူး။ ဘာကြောင့် ဒီလိုလုပ်ရတယ် ဆိုတာလည်း စဉ်းစားလို့တောင် မရဘူး။

အဲဒါနဲ့ ဆေးရုံကိုလွှဲ၊ သွားဖို့ ပိုက်ဆံမရှိဘူးဆိုတဲ့အတွက် ငွေကြေးပါထောက်ပံ့ပေးပြီး ပြန်လွှတ်လိုက်ရတယ်။ နောက်ထပ်တစ်ခါ အဲ့ဒီရွာလေးကို ရောက်တော့ ဒီအမျိုးသမီးအကြောင်း သတိတရမေးတယ်။ ဆေးရုံသွားပြပြီး နေကောင်းနေပြီလား ဆိုတော့ ဆုံးသွားရှာပြီ တဲ့။ ဘာလို့လဲ၊ ဆေးရုံအရောက် နောက်ကျလို့လားဆိုတော့ သွားကိုမသွားလိုက်ရတာ။ Win-Win နဲ့ တွေ့ပြီး သူ အိမ်ပြန်သွားတယ်။ ဆေးရုံသွားဖို့ လိုကြောင်း အိမ်ကိုပြောပြပြီးတဲ့အချိန်မှာ ယောက္ခမဖြစ်သူက Win-Win က ပေးလိုက်တဲ့ ထောက်ပံ့ငွေကို သိမ်းလိုက်တယ်။ ပြီးတော့ နင် ဆေးရုံသွားစရာ မလိုဘူးတဲ့၊ နင် ဆေးရုံတက်ရင် အိမ်မှာ ကလေးကို ဘယ်သူထိန်းမလဲဆိုတဲ့ အကြောင်းပြချက်ကို ပေးတယ်။ အဲ့ဒီလိုနဲ့ ဒီလောက်ဆိုးဆိုးရွားရွား ပိုးဝင်နေတဲ့ အခြေအနေမျိုးမှာ ဆေးရုံတောင် မရောက်လိုက်ရဘဲ အိမ်မှာတင် အသက်ဆုံးရှုံးလိုက်ရတယ်။

ဒီလိုအဖြစ်အပျက်မျိုးတွေ ဘယ်သူသိမှာလဲ။ ဒီလိုနည်းနဲ့ အသက်ဆုံးရှုံးနေ၊ ဘဝတွေ ထိခိုက်နေရတဲ့ အမျိုးသမီးတွေရော ဘယ်နှယောက်တောင် ရှိပြီလဲ။ ဒီပြဿနာဟာ အရေးမကြီးဘူးလို့ရော ထင်နေကြတုန်းပါပဲလား။ ဒီလိုအနိုင်ကျင့်တဲ့ လုပ်ရပ်မျိုးလုပ်ပြီး အေးအေးဆေးဆေး နေနေလို့ရော ရတယ်တဲ့လား။

အမျိုးသမီးတွေဟာ နှိမ့်ချဆက်ဆံမှုတွေ၊ အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကြားထဲမှာ ရှင်သန်နေရပါတယ်။ ခုလိုအဖြစ်အပျက်မျိုးတွေ မြင်နေ တွေ့နေရပေမယ့် လူတချို့ကတော့ မြန်မာနိုင်ငံဟာ ကျားမခွဲခြားဆက်ဆံမှု မရှိဘူး၊ လင်နဲ့မယားကြားမှာ မုဒိမ်းမှုဆိုတာ မရှိဘူးရယ်လို့ ခုချိန်ထိ လက်ခံနေကြဆဲပဲ။ ကာကွယ်ဖို့မပြောနဲ့၊ ဒီလိုကိစ္စရပ်တွေ ရှိနေပါလားဆိုတာကို သိအောင်ပဲ အရင်လုပ်ကြရဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီလိုလူမှုပတ်ဝန်းကျင်မျိုးမှာ ယောကျာ်းဖြစ်ခွင့်ရတာ အင်မတန်ကံကောင်းပါတယ်။“ယောကျာ်းဖြစ်ရတာ ကံကောင်းပါတယ်”

တကယ်တော့ ဒီလိုလူမှုပတ်ဝန်းကျင်မျိုးမှာ ယောကျာ်းဖြစ်ခွင့်ရတာ အင်မတန်ကံကောင်းပါတယ်။

Credit: WinWinOrganization

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
Top