iMyanmarHouse.com - Best Property Website for Myanmar
×


အင္ဒိုနီးရွားႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနတဲ့ ေ႐ႊထူးနဲ႔ ေ႐ႊမႈန္ရတီတို႔ ဇနီးေမာင္ႏွံကေတာ့ အရမ္းကို ၾကည္ႏူးေနၾကတာ ေတြ႕ရပါတယ္။အဆိုေတာ္ေ႐ႊထူးနဲ႔ သ႐ုပ္ေဆာင္ေ႐ႊမႈန္ရတီတို႔ ဇနီးေမာင္ႏွံက အခုလက္ရွိ အင္ဒိုနီးရွားႏိုင္ငံကို အလည္အပတ္ေရာက္ရွိေနတာျဖစ္ပါတယ္။

‘’Indonesia ပိုလာဘာလီကြၽန္းေလးဝယ္ ..သူနဲ႔လည္းေတြ႕လို႔ခ်စ္ႀကိဳးသြယ္ ‘’ ဆိုတဲ့ သီခ်င္းစာသားေလးကို သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ ေန႔လည္ ၁ နာရီ ၁၉ မိနစ္က ေရးသားခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ အင္ဒိုနီးရွား႐ိုးရာဝတ္စုံေလးေတြ ဝတ္ထားတဲ့ အလွပုံေလးေ တြကိုလည္း တင္ခဲ့ပါတယ္။


ေ႐ႊထူးက လက္ရွိမွာ သီခ်င္းအသစ္ေတြ ဖန္တီးေနတာကို ေတြ႕ရပါတယ္။ သူတို႔ဇနီးေမာင္ႏွံ ႏွစ္ဦးရဲ႕ စုံတြဲ သီခ်င္းျဖစ္တဲ့ ‘’အမွား’’ သီခ်င္းကလည္း ဒီေန႔ေခတ္လူငယ္ေတြ ၾကားမွာ ေရပန္းစားလို႔ေနပါတယ္။ ေနာက္ထပ္ သီခ်င္းအသစ္ေတြ ဆက္လုပ္ဖို႔လည္း ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ ဟာ ေအာက္တိုဘာ(၃၀) ရက္ေန႔ေနျပည္ေတာ္ Park Royal hotel မွာ ႏွစ္ဦးသေဘာတူ လက္မွတ္ေရးထိုး လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ႏိုဝင္ဘာ(၉) ရက္ေန႔မွာ ေမွာ္ဘီၿမိဳ႕နယ္မွာ ရွိတဲ့ ေအာင္ဇဗၺဴေတာရေက်ာင္းမွာ မဂၤလာဦးဆြမ္းေကြၽး အလႉျပဳလုပ္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္စလုံးဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကေနစၿပီး အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။


ေ႐ႊထူးဟာ ဂီတအပိုင္းမွာေတာ့ ပရိသတ္အခိုင္အမာ ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ေ႐ႊမႈံရတီကလည္း သ႐ုပ္ေဆာင္ဘက္မွာ ပရိသတ္အခိုင္အမာရရွိထားသူျဖစ္ပါတယ္။ သူတို႔ ဇနီးေမာင္ႏွံ ႏွစ္ေယာက္အတူ တြဲဆိုထားတဲ့ ‘’အမွား’’ သီခ်င္းကလည္း လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားလို႔ေနပါတယ္။ ေနာက္ထပ္လည္း ေ႐ႊထူးက ဇနီးေခ်ာေလးအတြက္ သီခ်င္းအမိုက္စားေတြ ဖန္တီးေပးဦးမယ္လို႔ ဆိုပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ ဇနီးမောင်နှံကတော့ အရမ်းကို ကြည်နူးနေကြတာ တွေ့ရပါတယ်။အဆိုတော်ရွှေထူးနဲ့ သရုပ်ဆောင်ရွှေမှုန်ရတီတို့ ဇနီးမောင်နှံက အခုလက်ရှိ အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။

‘’Indonesia ပိုလာဘာလီကျွန်းလေးဝယ် ..သူနဲ့လည်းတွေ့လို့ချစ်ကြိုးသွယ် ‘’ ဆိုတဲ့ သီချင်းစာသားလေးကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၉ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အင်ဒိုနီးရှားရိုးရာဝတ်စုံလေးတွေ ဝတ်ထားတဲ့ အလှပုံလေးေ တွကိုလည်း တင်ခဲ့ပါတယ်။

ရွှေထူးက လက်ရှိမှာ သီချင်းအသစ်တွေ ဖန်တီးနေတာကို တွေ့ရပါတယ်။ သူတို့ဇနီးမောင်နှံ နှစ်ဦးရဲ့ စုံတွဲ သီချင်းဖြစ်တဲ့ ‘’အမှား’’ သီချင်းကလည်း ဒီနေ့ခေတ်လူငယ်တွေ ကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ် သီချင်းအသစ်တွေ ဆက်လုပ်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုး လက်ထပ်ခဲ့ကြတာဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေစပြီး အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ရွှေထူးဟာ ဂီတအပိုင်းမှာတော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ ဆိုပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top