iMyanmarHouse.com - Best Property Website for Myanmar
×


ဘာလိုလိုနဲ႔ ခ်စ္သူမ်ားေန႔ေတာင္ ေရာက္လာေတာ့မယ္ေနာ္။ မမေတြ၊ ညီမေတြလည္း ကိုယ့္ခ်စ္သူနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေလွ်ာက္လည္ဖို႔ အလွဆံုးျဖစ္ေနခ်င္ၾကမယ္ ထင္ပါတယ္။ အသားအေရေလး ပန္းေသြးၾကြျပီး ႏူးညံ့လွပေနေစဖို႔ ပ်ိဳေမတို႔အတြက္ အလွအပေရးရာနဲ႔ ပတ္သက္ျပီး ေဆာင္ရန္၊ ေရွာင္ရန္အခ်က္ေတြကို ေ၀မွ်ေပးမယ္ေနာ္။

၁။ ေရမ်ားမ်ားေသာက္ေပးပါ။

က်န္းမာစိုေျပတဲ့ အသားအေရပိုင္ရွင္ျဖစ္ဖို႔ ခႏၶာကိုယ္က ေရဓာတ္ျပည့္၀ေနဖို႔ အေရးၾကီးပါတယ္။ ပံုမွန္ တစ္ေန႔ကို အနည္းဆံုး ဖန္ခြက္ ၈ခြက္ခန္႔ ေရေသာက္ေပးရပါမယ္။ အားကစားလုပ္ေနတဲ့ ပ်ိဳေမေတြဆိုရင္ ေရဓာတ္ပိုျပီး ဆံုးရံႈးသြားႏိုင္တဲ့အတြက္ ေရမ်ားမ်ားေသာက္ေပးဖို႔ လိုအပ္ပါတယ္။

၂။ ေနေလာင္ကာခရင္မ္ လိမ္းပါ။

အျပင္ခဏေလးပဲ သြားလို႔ဆိုျပီး ဘာမွမလိမ္းပဲ ထြက္တာမ်ိဳး မလုပ္ပါနဲ႔။ ေနေရာင္မွာ ပါ၀င္တဲ့ ခရမ္းလြန္ေရာင္ျခည္ဒဏ္ေၾကာင့္ အသားအေရကို ပ်က္စီးၾကမ္းတမ္းေစျပီး အေရာင္မွိန္ေစတယ္။ လူကို အိုမင္းရင့္ေရာ္ေစျပီး အလွပ်က္ေစႏိုင္ပါတယ္။ အေရးၾကီးတဲ့ ခ်စ္သူမ်ားေန႔မွာ အလွဆံုးျဖစ္ေနဖို႔ဆိုရင္ေတာ့ အျပင္ထြက္တိုင္း ေနေလာင္ကာခရင္မ္ အသံုးျပဳဖို႔ေတာ့ လိုမယ္ေနာ္။

၃။ အစိုဓာတ္ထိန္းခရင္မ္ လိမ္းပါ။

အသားအေရေလး ႏူးအိစိုေျပျပီး ပန္းေသြးလက္ေစဖို႔ အစိုဓာတ္ျပည့္၀ေနရပါမယ္။ ေရခ်ိဳးျပီးတဲ့အခ်ိန္ျဖစ္ေစ၊ ညအိပ္ခါနီးအခ်ိန္ျဖစ္ေစ အစိုဓာတ္ထိန္းခရင္မ္ ပါးပါးေလးလိမ္းျပီး အသားအေရကို ထိန္းသိမ္းျပဳျပင္လို႔ ရပါတယ္။

၄။ အသားအေရကို မကုတ္ဖဲ့ပါနဲ႔။

ကုတ္ဖဲ့တဲ့ အမူအက်င့္ဟာ အလြန္ၾကည့္ရဆိုးေစတ့ဲအျပင္ ပြန္းပဲ့ဒဏ္ရာေတြ ျဖစ္ေစႏိုင္တယ္။ အသားအေရကိုလည္း ပ်က္စီးေစပါတယ္။ အထူးသျဖင့္ ၀က္ျခံ၊ အဆီဖု၊ အဖုအပိမ့္ေတြ၊ အမည္းစက္ေတြကို လက္နဲ႔ ညွစ္တာ၊ ကုတ္ဖဲ့တာမ်ိဳး မလုပ္ပါနဲ႔။ လက္သည္းေတြထဲက ပိုးေတြ၊ အညစ္အေၾကးနဲ႔ ဖုန္မႈန္႔ေတြ အသားထဲ ၀င္သြားတဲ့အခါ အနာကို ပိုဆိုးသြားေစႏိုင္လို႔ပါ။

၅။ အားကစားလုပ္ပါ။

အားကစားလုပ္ျခင္းဟာ က်န္းမာေရးနဲ႔ အလွအပအတြက္ ေကာင္းက်ိဳးမ်ားစြာ ေပးႏိုင္တဲ့ အေလ့အက်င့္ေကာင္း တစ္ခုျဖစ္ပါတယ္။ က်န္းမာတဲ့ ကိုယ္အေလးခ်ိန္တစ္ခု ေရာက္ေအာင္ ထိန္းညွိေပးႏိုင္တဲ့အျပင္ ကိုယ္ခႏၶာကိုလည္း သြယ္လ်ျပီး ၾကည့္လို႔ေကာင္းေစပါတယ္။ အားကစားရံုမွာ အခ်ိန္ေပးျပီး မကစားႏိုင္ဘူးဆိုရင္လည္း မနက္ခင္းလမ္းေလွ်ာက္တာ၊ အေျပးေလ့က်င့္တာ၊ ေရကူးတာ၊ ကိုယ္ကာယေလ့က်င့္ခန္း လုပ္ေပးလို႔ ရပါတယ္။

၆။ အစားအစာကို ဂရုစိုက္ပါ။

ေန႔စဥ္စားသံုးေနတဲ့ အစားအစာေတြဟာ အသားအေရ လွပမႈကိုလည္း သြားျပီး သက္ေရာက္ေစပါတယ္။ အဆီ၊ အေၾကာ္အေလွာ္ေတြ၊ အသားေတြကို ဒီရက္ပိုင္းအတြင္း ေလွ်ာ့စားေပးပါ။ ဟင္းသီးဟင္းရြက္နဲ႔ သစ္သီး၀လံေတြကို ပိုစားေပးပါ။ ေရမ်ားမ်ားေသာက္ပါ။

၇။ အိပ္ရာ၀င္ခါနီး မိတ္ကပ္ေတြ အကုန္ဖ်က္ျပီးမွ အိပ္ပါ။

အလုပ္ကေန ျပန္လာလို႔ ပင္ပန္းျပီး မ်က္ႏွာမသစ္၊ မိတ္ကပ္ေသခ်ာမဖ်က္ပဲ တန္းျပီး အိပ္လိုက္တာမ်ိဳး မလုပ္ပါနဲ႔။ အသားအေရကို အေရာင္မွိန္ေစျပီး အိုမင္းရင့္ေရာ္ေစတဲ့အျပင္ သဘာ၀ပန္းေသြးေရာင္လည္း ေပ်ာက္သြားေစႏိုင္ပါတယ္။

၈။ အိပ္ေရး၀ေအာင္ အိပ္ပါ။

ညဘက္ေတြမွာ ေစာစီးစြာ အိပ္ေပးပါ။ တစ္ရက္ကို အိပ္ခ်ိန္ အနည္းဆံုး ၇နာရီခန္႔ ရွိဖို႔ လိုအပ္ပါတယ္။ က်န္းမာစိုေျပတဲ့ အသားအေရ ပိုင္ဆိုင္ဖို႔ ေကာင္းေကာင္း အနားယူေပးဖို႔ လိုအပ္ပါတယ္။

Credit: Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ဘာလိုလိုနဲ့ ချစ်သူများနေ့တောင် ရောက်လာတော့မယ်နော်။ မမတွေ၊ ညီမတွေလည်း ကိုယ့်ချစ်သူနဲ့ ပျော်ပျော်ပါးပါး လျှောက်လည်ဖို့ အလှဆုံးဖြစ်နေချင်ကြမယ် ထင်ပါတယ်။ အသားအရေလေး ပန်းသွေးကြွပြီး နူးညံ့လှပနေစေဖို့ ပျိုမေတို့အတွက် အလှအပရေးရာနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဝေမျှပေးမယ်နော်။

၁။ ရေများများသောက်ပေးပါ။

ကျန်းမာစိုပြေတဲ့ အသားအရေပိုင်ရှင်ဖြစ်ဖို့ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ပုံမှန် တစ်နေ့ကို အနည်းဆုံး ဖန်ခွက် ၈ခွက်ခန့် ရေသောက်ပေးရပါမယ်။ အားကစားလုပ်နေတဲ့ ပျိုမေတွေဆိုရင် ရေဓာတ်ပိုပြီး ဆုံးရှုံးသွားနိုင်တဲ့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

၂။ နေလောင်ကာခရင်မ် လိမ်းပါ။

အပြင်ခဏလေးပဲ သွားလို့ဆိုပြီး ဘာမှမလိမ်းပဲ ထွက်တာမျိုး မလုပ်ပါနဲ့။ နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေကို ပျက်စီးကြမ်းတမ်းစေပြီး အရောင်မှိန်စေတယ်။ လူကို အိုမင်းရင့်ရော်စေပြီး အလှပျက်စေနိုင်ပါတယ်။ အရေးကြီးတဲ့ ချစ်သူများနေ့မှာ အလှဆုံးဖြစ်နေဖို့ဆိုရင်တော့ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် အသုံးပြုဖို့တော့ လိုမယ်နော်။

၃။ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ။

အသားအရေလေး နူးအိစိုပြေပြီး ပန်းသွေးလက်စေဖို့ အစိုဓာတ်ပြည့်ဝနေရပါမယ်။ ရေချိုးပြီးတဲ့အချိန်ဖြစ်စေ၊ ညအိပ်ခါနီးအချိန်ဖြစ်စေ အစိုဓာတ်ထိန်းခရင်မ် ပါးပါးလေးလိမ်းပြီး အသားအရေကို ထိန်းသိမ်းပြုပြင်လို့ ရပါတယ်။

၄။ အသားအရေကို မကုတ်ဖဲ့ပါနဲ့။

ကုတ်ဖဲ့တဲ့ အမူအကျင့်ဟာ အလွန်ကြည့်ရဆိုးစေတဲ့အပြင် ပွန်းပဲ့ဒဏ်ရာတွေ ဖြစ်စေနိုင်တယ်။ အသားအရေကိုလည်း ပျက်စီးစေပါတယ်။ အထူးသဖြင့် ဝက်ခြံ၊ အဆီဖု၊ အဖုအပိမ့်တွေ၊ အမည်းစက်တွေကို လက်နဲ့ ညှစ်တာ၊ ကုတ်ဖဲ့တာမျိုး မလုပ်ပါနဲ့။ လက်သည်းတွေထဲက ပိုးတွေ၊ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေ အသားထဲ ဝင်သွားတဲ့အခါ အနာကို ပိုဆိုးသွားစေနိုင်လို့ပါ။

၅။ အားကစားလုပ်ပါ။

အားကစားလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ အလှအပအတွက် ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အလေ့အကျင့်ကောင်း တစ်ခုဖြစ်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ရောက်အောင် ထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်ခန္ဓာကိုလည်း သွယ်လျပြီး ကြည့်လို့ကောင်းစေပါတယ်။ အားကစားရုံမှာ အချိန်ပေးပြီး မကစားနိုင်ဘူးဆိုရင်လည်း မနက်ခင်းလမ်းလျှောက်တာ၊ အပြေးလေ့ကျင့်တာ၊ ရေကူးတာ၊ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။

၆။ အစားအစာကို ဂရုစိုက်ပါ။

နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ အသားအရေ လှပမှုကိုလည်း သွားပြီး သက်ရောက်စေပါတယ်။ အဆီ၊ အကြော်အလှော်တွေ၊ အသားတွေကို ဒီရက်ပိုင်းအတွင်း လျှော့စားပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ပိုစားပေးပါ။ ရေများများသောက်ပါ။

၇။ အိပ်ရာဝင်ခါနီး မိတ်ကပ်တွေ အကုန်ဖျက်ပြီးမှ အိပ်ပါ။

အလုပ်ကနေ ပြန်လာလို့ ပင်ပန်းပြီး မျက်နှာမသစ်၊ မိတ်ကပ်သေချာမဖျက်ပဲ တန်းပြီး အိပ်လိုက်တာမျိုး မလုပ်ပါနဲ့။ အသားအရေကို အရောင်မှိန်စေပြီး အိုမင်းရင့်ရော်စေတဲ့အပြင် သဘာဝပန်းသွေးရောင်လည်း ပျောက်သွားစေနိုင်ပါတယ်။

၈။ အိပ်ရေးဝအောင် အိပ်ပါ။

ညဘက်တွေမှာ စောစီးစွာ အိပ်ပေးပါ။ တစ်ရက်ကို အိပ်ချိန် အနည်းဆုံး ၇နာရီခန့် ရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာစိုပြေတဲ့ အသားအရေ ပိုင်ဆိုင်ဖို့ ကောင်းကောင်း အနားယူပေးဖို့ လိုအပ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top