iMyanmarHouse.com - Best Property Website for Myanmar
×









Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

# Unicode Version ဖြင့် ဖတ်ပါ #


ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာထားတွေကြောင့် ပရိသတ် ဝန်းရံမှု များလာတဲ့ အလှမယ် ထက်ထက်ထွန်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အင်တာဗျူးမှာတော့ သူ့အနေနဲ့ စည်ပင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သတင်းကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ပြီးတော့ အလှမယ် ထက်ထက်ထွန်းကတော့ သမ္မတကြီး အထိကို ဖြစ်ချင်တယ်ဆိုတဲ့စကားကိုတော့ ပရိသတ် တော်တော်များများက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး ထက်ထက်ထွန်းကတော့ ပြန်လည်ဖြေရှင်းသွား ခဲ့ပါတယ်။

အကုန်သိနဲ့ အင်တာဗျူးမှာတော့ ထက်ထက်ထွန်းက “ဒါကတော့ လူတွေရဲ့ ထောက်ခံမှုပြောမှာလည်း မူတည်ပါတယ်။ ဒါပေမယ့် တချို့တွေကတော့ ပြောမယ်။ ရူးနေလား အဲ့လိုဖြစ်ချင်ရအောင် နင်ကရော ဘယ်လောက်ထိ အရည်ချင်း ရှိနေလို့လည်း အဲ့လိုမျိုး မေးခွန်းတွေ ရှိတယ်။ အဲ့မေးခွန်းတွေကို ညီမပြန်ရှင်းပြရမယ် ဆိုရင် လူတိုင်းမှာ စိတ်တိုင်းကျ အစွန်းထိ တွေးခေါ်ပိုင်ခွင့် ရှိတယ်။ ညီမ အင်တာဗျူးမှာ ဖြေခဲ့ဖူးတယ်။ သမ္မတ အထိကို ဖြစ်ချင်ခဲ့တယ်လို့ ဒါ ညီမ အဖေရဲ့ ဆန္ဒသားသမီး အပေါ်မှာ မိဘတိုင်းကတော့ အကောင်းဆုံး ဖြစ်စေချင်ကြတာပဲလေ။ ဒါကတော့ ကိုယ့်အဖေရဲ့ ဆန္ဒပေါ့။ ကိုယ့်အဖေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တာလဲပါတာပေါ့။


ကိုယ်ပြောပိုင်ခွင့် လုပ်ပိုင်ခွင့်လေးတွေရလာရင် ကိုယ်လုပ်ချင်တာလေးတွေကို လုပ်ပေးနိုင်ခွင့်ရလာလေ ဆိုတဲ့ ဆန္ဒလေးတွေတော့ ကိုယ့်မှာ ရှိတယ်။ ဒါသည် အခုချိန်မှာ လာပေး မယူပါဘူး။ ညီမ မထိုက်တန်သေးပါဘူး။ အဲ့လိုမျိုးပြောတော့လည်း နင့်ကို ဘယ်သူက ပေးနေလို့လဲတဲ့။ အခုချိန်မှာ ညီမထိုက်တန်သေးတဲ့အတွက် စည်ပင်ရွေးကောက်ပွဲမှာ ထိုက်တန်တဲ့ လမ်းကြောင်းကို ချပေးတယ်။ အိုကေ ဒီနေရာကတော့ ကိုယ်နဲ့ထိုက်တန်တယ်။ ရသွားရင်တောင် ကိုယ်တွေ ထိုက်ထိုက်တန်တန် ရထားတာပဲဆိုတဲ့နေရာ တခုကို ဝင်ရောက် ယှဉ်ပြိုင်တယ်။

အခုချိန်မှာ သမ္မတနေရာမှာ ရွေးကောက်ပွဲတွေရှိရင်လည်း ညီမကိုယ်တိုင်ဝင်သေးမှာ မဟုတ်ပါဘူး။ ပြည်သူတွေ အကုန်လုံးကလည်း ယုံကြည်တယ် ထောက်ခံတယ်ဆိုရင်တောင် ညီမ ယူသေးမှာ မဟုတ်ဘူး။ ညီမ ကိုယ့်ကိုကိုယ် လိပ်ပြာ မလုံသေးလို့။ ညီမကို သမ္မတခန့်လိုက်လို့ အချိန်လည်း ပုတ်တယ် ညီမလည်း ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်သေးဘူး ညီမ အဲ့လောက်ထိ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ တွေးတာကတော့ ကလေးမှ အစ တွေးခွင့်ရှိပါတယ်။ ကလေးတွေကလည်း ငယ်ငယ်ကတည်းဘာဖြစ်ချင်လဲမေးရင် ဆရာဝန် ဖြစ်ချင်တယ်. အင်ဂျင်နီယာဖြစ်ချင်တယ်ပဲ ဖြေကြတာလေ။

သမ္မတဖြစ်ချင်တယ်လို့ ဘယ်သူမှ မတွေးဖူးဘူး။ မိဘတွေကလည်း သမ္မတလုပ်ဖို့ အားမပေးဘူး။ ကလေးတွေရဲ့ စိတ်ထဲမှာ ငါသမ္မတ ဖြစ်နိုင်မှာ မဟုတ်ဘူးပဲ တွေးထားကြမှာလေ။ နိုင်ငံရေးတွေနဲ့ ရှုပ်တယ်။ ခေါင်းလည်း ခြောက်တယ်လေ။ မိဘတွေကတော့ ဆရာဝန်လုပ် အင်ဂျင်နီယာလုပ် ပိုက်ဆံရှာ ဒါပဲ တွေးကြတယ်။ ဒါပေမယ့်လည်း ဘက်ပေါင်းစုံ ညီမျှနေမှသာ နိုင်ငံ တနိုင်ငံက တိုးတက်မှာပါ” ဟု ဖြေကြားသွားခဲ့ပါတယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top