iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ္ႀကီးေရ.. “အနီးဆုံးလူ” ဆိုတဲ့ သီခ်င္းေကာင္းေလးနဲ႔ ပရိသတ္ေတြရဲ႕ အသိအမွတ္ျပဳ အားေပးဝန္းရံမႈေတြကို အခိုင္အမာရရွိခဲ့တဲ့ အဆိုေတာ္ဝနကိုေတာ့ ပရိသတ္ႀကီးမ်ား သိရွိၿပီး ျဖစ္မွာပါေနာ္..။

အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕အႀကိဳက္နဲ႔ထပ္တူက်တဲ့ အမိုက္စားသီခ်င္းေကာင္းေကာင္းေလးေတြနဲ႔ အားလုံးရဲ႕ ရင္ထဲေရာက္ရွိေနရာယူထားတဲ့ ျပည္သူ႔အခ်စ္ေတာ္ အဆိုေတာ္အႏုပညာရွင္တစ္ဦးဆိုလည္း မမွားပါဘူး..။

အဆိုေတာ္ဝနကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ သူ႔ရဲ႕ ခ်စ္သူေလးနဲ႔ ေ႐ႊလက္တြဲေတာ့မွာမို႔ မဂၤလာအႀကိဳဓာတ္ပုံေလးေတြကိုလည္း သူ႔ရဲ႕ဇာတိၿမိဳ႕ျဖစ္တဲ့ ျမစ္ႀကီးနားမွာ သြားေရာက္႐ိုက္ကူးခဲ့တာ ေတြ႕ရပါတယ္..။

ဒါေပမယ့္ ဒီကေန႔ ေဖေဖာ္ဝါရီ(၁၂)ရက္ေန႔ မနက္ပိုင္းမွာေတာ့ မဂၤလာပြဲပ်က္သြားၿပီဆိုတဲ့ အေၾကာင္းေလးကို ဝနရဲ႕ခ်စ္သူေကာင္မေလး ေအာင္းနီက သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေန ပရိသတ္ေတြကို အသိေပးျပာျပထားတာ ေတြ႕ရပါတယ္..။

မဂၤလာပြဲပ်က္ခဲ့ရတဲ့ အေၾကာင္းအရင္းကိုေတာ့ ေအာင္းနီက မေျပာျပထားေပမယ့္ “အားလုံးကို ေတာင္းပန္ပါတယ္ မဂၤလာပြဲပ်က္သြားပီျဖစ္ေၾကာင္း စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ အသိေပးပါတယ္..” ဆိုၿပီး ဝမ္းနည္းစြာ ေရးသားထားတာပဲ ျဖစ္ပါတယ္..။

ခ်စ္သူသက္တမ္း(၁၀)ေက်ာ္ၿပီျဖစ္သလို အားက်ရေလာက္ေအာင္ တစ္ေယာက္ကိုတစ္ေယာက္ သိပ္ခ်စ္ၾကတဲ့ သူတို႔ခ်စ္သူစုံတြဲေလးရဲ႕ စိတ္မေကာင္းစရာသတင္းေလးေၾကာင့္ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားကလည္း စိတ္မေကာင္းျဖစ္ေနၾကတာ ေတြ႕ရပါတယ္ေနာ္..။
Credit:Thutasone
Photo – ဝန၊ Aung Nan
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


ပရိသတ်ကြီးရေ.. “အနီးဆုံးလူ” ဆိုတဲ့ သီချင်းကောင်းလေးနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိခဲ့တဲ့ အဆိုတော်ဝနကိုတော့ ပရိသတ်ကြီးများ သိရှိပြီး ဖြစ်မှာပါနော်..။

အနုပညာလောကမှာ ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျတဲ့ အမိုက်စားသီချင်းကောင်းကောင်းလေးတွေနဲ့ အားလုံးရဲ့ ရင်ထဲရောက်ရှိနေရာယူထားတဲ့ ပြည်သူ့အချစ်တော် အဆိုတော်အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး..။

အဆိုတော်ဝနကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ သူ့ရဲ့ ချစ်သူလေးနဲ့ ရွှေလက်တွဲတော့မှာမို့ မင်္ဂလာအကြိုဓာတ်ပုံလေးတွေကိုလည်း သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ မြစ်ကြီးနားမှာ သွားရောက်ရိုက်ကူးခဲ့တာ တွေ့ရပါတယ်..။

ဒါပေမယ့် ဒီကနေ့ ဖေဖော်ဝါရီ(၁၂)ရက်နေ့ မနက်ပိုင်းမှာတော့ မင်္ဂလာပွဲပျက်သွားပြီဆိုတဲ့ အကြောင်းလေးကို ဝနရဲ့ချစ်သူကောင်မလေး အောင်းနီက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြာပြထားတာ တွေ့ရပါတယ်..။

မင်္ဂလာပွဲပျက်ခဲ့ရတဲ့ အကြောင်းအရင်းကိုတော့ အောင်းနီက မပြောပြထားပေမယ့် “အားလုံးကို တောင်းပန်ပါတယ် မင်္ဂလာပွဲပျက်သွားပီဖြစ်ကြောင်း စိတ်မကောင်းခြင်းများစွာနဲ့ အသိပေးပါတယ်..” ဆိုပြီး ဝမ်းနည်းစွာ ရေးသားထားတာပဲ ဖြစ်ပါတယ်..။

ချစ်သူသက်တမ်း(၁၀)ကျော်ပြီဖြစ်သလို အားကျရလောက်အောင် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ သူတို့ချစ်သူစုံတွဲလေးရဲ့ စိတ်မကောင်းစရာသတင်းလေးကြောင့် ပရိသတ်တွေ တော်တော်များများကလည်း စိတ်မကောင်းဖြစ်နေကြတာ တွေ့ရပါတယ်နော်..။
Credit:Thutasone
Photo – ဝန၊ Aung Nan

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top