iMyanmarHouse.com - Best Property Website for Myanmar
×

အကႌ်လက္ကိုေခါက္တင္ျပီး ေသြးလွဴလိုက္ပါ။ အရမ္းပီတိျဖစ္စရာေကာင္းပါတယ္။ ေရာဂါအေျခအေနတစ္ခုခုေၾကာင့္ ေသြးလိုအပ္ေနသူေတြ၊ မေတာ္တဆမႈတစ္ခုခုေၾကာင့္ ေသြးလိုအပ္ေနသူေတြကို ကိုယ့္ေသြးနဲ႔ အသက္ကယ္ႏိုင္တာက ေတာ္ေတ္ာေလး ပီတိျဖစ္စရာေကာင္းပါတယ္။ ေသြးလွဴတာက သူမ်ားအသက္ကိုကယ္တင္နိုင္လို႔ ပီတီျဖစ္ရံုတင္မဟုတ္ပါဘူး။ ကုသိုလ္လည္းရသလို က်န္းမာေရးအရလည္း ေကာင္းက်ိဳးေလးေတြရႏိုင္ပါေသးတယ္ေနာ္။ ဘာေတြမ်ားျဖစ္မလဲလို႔ စိတ္ဝင္စားေနျပီလား ဆက္ေဆြးေႏြးလိုက္ရေအာင္ေနာ္။
ေသြးလွဴတာက က်န္းမာေစႏိုင္တယ္လို႔ေျပာရတဲ့ အေၾကာင္းအရင္း

ေသြးလွဴတာကသူမ်ားအသက္ကိုကယ္ရာေရာက္သလို ကိုယ္တိုင္မွာလည္း က်န္းမာေရးအက်ိဳးေက်းဇူးေတြေတာ္ေတ္ာေလးမ်ားပါတယ္။ ေလ့လာမႈေတြအရေတာ့ ေသြးလွဴတာေၾကာင့္ အခုလိုမ်ိဳးက်န္းမာေရးအက်ိဳးေက်းဇူးေလးေတြရရွိႏိုင္တယ္၊လို႔ေတြ႔ရွိခဲ့ရပါတယ္။

ႏွလံုးေသြးေၾကာေတြကုိ က်န္းမာေစႏိုင္တယ္

ေသြးပ်စ္တာက ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြကို ျဖစ္ေစႏိုင္တဲ့အေၾကာင္းအရင္းပါ။ ေသြးေတြကပ်စ္ေလေလ ေသြးေၾကာေတြထဲမွာ စီးဆင္းရခက္ေလေလျဖစ္ျပီး ေသြးေၾကာနံရံေတြကဆဲလ္ေတြကို ထိခိုက္ပ်က္စီးေစႏိုင္ေလေလပါ။ ေသြးေတြပ်စ္ေနတာကို ေျဖရွင္းေပးႏိုင္မယ့္ အေျခခံအက်ဆံုးေသာနည္းလမ္းကေတာ့ ေသြးလွဴတာပါ။ ဒါေတြတင္မကပါဘူး။ ေသြးလွဴတာေၾကာင့္ ႏွလံုးေရာဂါခံစားရႏိုင္ေျခနည္းသြားႏိုင္သလို ရုတ္တရက္ႏွလံုးရပ္တာ နဲ႔ ေလျဖတ္တာေတြခံစားရႏိုင္ေျခကို ေတာ္ေတာ္ေလးနည္းသြားေစႏိုင္ပါတယ္။ ေသြးလွဴတာက ကိုယ္တြင္းက Oxidative Stress ေတြကိုေျဖေလ်ာ႔ေပးႏိုင္ပါတယ္။

ကင္ဆာျဖစ္ႏိုင္ေျခကိုေလွ်ာ႔ခ်ေပးႏိုင္ပါတယ္

ေသြးလွဴလိုက္တဲ့အခါ ေသြးတြင္းက iron oxidative stress ေတြကိုေလ်ာ႔က်သြားေစႏိုင္ပါတယ္။ ဒီအေျခအေနက ခႏၶာကိုယ္ကို အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္တာနဲ႔ကင္ဆာေရာဂါျဖစ္ႏုိင္ေျခကို က်ဆင္းေစႏိုင္ပါတယ္။ တစ္ႏွစ္ကို ႏွစ္ၾကိမ္ပံုမွန္ေသြးလွဴေပးမယ္ဆိုရင္ ကင္ဆာေရာဂါေၾကာင့္ေသဆံုးႏိုင္ေျခကို သိသိသာသာေလွ်ာ႔ခ်ႏိုင္မွာပါ။ ေသြးလွဴတာေၾကာင့္ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာ၊အူမၾကီးကင္ဆာ နဲ႔ လည္ေခ်ာင္းကင္ဆာေတြျဖစ္နုိင္ေျခကို ေလွ်ာ႔ခ်ႏိုင္မွာပါ။

ကိုယ္အေလးခ်ိန္ထိန္းညွိေပးႏိုင္ပါတယ္

ေသြးလွဴတာက ကိုယ္တြင္းကယ္လ္လိုရီေတြကိုေလာင္ကၽြမ္းေစႏိုင္ပါတယ္။ ပံုမွန္ေသြးလွဴတာက က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းညွိေပးႏိုင္သလို ေသြးတြင္းသံဓာတ္ကိုလည္း ထိန္းညွိေပးႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္ခ်ဖို႔စဉ္စားေနသူေတြအေနနဲ႔ စမ္းၾကည့္သင့္တဲ့နည္းလမ္းတစ္ခုပါေနာ္။

ေရာဂါရွိ၊မရွိ စစ္ေဆးခြင့္ရတယ္

ေသြးလွဴတဲ့အခါ အရင္ဆံုးလုပ္ရတာက ကိုယ့္ေသြးထဲမွာေရာဂါပိုးေတြရွိေနလားဆိုတာကို စစ္ေဆးရတာပါ။ HIV၊ အသည္းေရာင္အသားဝါ နဲ႔ အျခားေသြးကေနတဆင့္ ကူးစက္ႏိုင္တဲ့ေရာဂါေတြရွိလားဆိုတာကို စစ္ေဆးရတာပါ။ ဒီစစ္ေဆးမႈကိုေအာင္ျမင္မွ ေသြးလွဴခြင့္ရရွိမွာျဖစ္ျပီး အက်ိဳးရွိတဲ့ စစ္ေဆးမႈတစ္ခုပါ။

ေသြးလွဴရင္း အခုေျပာခဲ့တဲ့က်န္းမာေရးအက်ိဳးေက်းဇူးေလးေတြကို ရရွိႏိုင္ၾကပါေစေၾကာင္း…….

Credit:Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
  အင်္ကျီလက်ကိုခေါက်တင်ပြီး သွေးလှူလိုက်ပါ။ အရမ်းပီတိဖြစ်စရာကောင်းပါတယ်။ ရောဂါအခြေအနေတစ်ခုခုကြောင့် သွေးလိုအပ်နေသူတွေ၊ မတော်တဆမှုတစ်ခုခုကြောင့် သွေးလိုအပ်နေသူတွေကို ကိုယ့်သွေးနဲ့ အသက်ကယ်နိုင်တာက တော်တေ်ာလေး ပီတိဖြစ်စရာကောင်းပါတယ်။ သွေးလှူတာက သူများအသက်ကိုကယ်တင်နိုင်လို့ ပီတီဖြစ်ရုံတင်မဟုတ်ပါဘူး။ ကုသိုလ်လည်းရသလို ကျန်းမာရေးအရလည်း ကောင်းကျိုးလေးတွေရနိုင်ပါသေးတယ်နော်။ ဘာတွေများဖြစ်မလဲလို့ စိတ်ဝင်စားနေပြီလား ဆက်ဆွေးနွေးလိုက်ရအောင်နော်။
သွေးလှူတာက ကျန်းမာစေနိုင်တယ်လို့ပြောရတဲ့ အကြောင်းအရင်း

သွေးလှူတာကသူများအသက်ကိုကယ်ရာရောက်သလို ကိုယ်တိုင်မှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေတော်တေ်ာလေးများပါတယ်။ လေ့လာမှုတွေအရတော့ သွေးလှူတာကြောင့် အခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ်

သွေးပျစ်တာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်တဲ့အကြောင်းအရင်းပါ။ သွေးတွေကပျစ်လေလေ သွေးကြောတွေထဲမှာ စီးဆင်းရခက်လေလေဖြစ်ပြီး သွေးကြောနံရံတွေကဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်လေလေပါ။ သွေးတွေပျစ်နေတာကို ဖြေရှင်းပေးနိုင်မယ့် အခြေခံအကျဆုံးသောနည်းလမ်းကတော့ သွေးလှူတာပါ။ ဒါတွေတင်မကပါဘူး။ သွေးလှူတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေနည်းသွားနိုင်သလို ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာတွေခံစားရနိုင်ခြေကို တော်တော်လေးနည်းသွားစေနိုင်ပါတယ်။ သွေးလှူတာက ကိုယ်တွင်းက Oxidative Stress တွေကိုဖြေလျော့ပေးနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်

သွေးလှူလိုက်တဲ့အခါ သွေးတွင်းက iron oxidative stress တွေကိုလျော့ကျသွားစေနိုင်ပါတယ်။ ဒီအခြေအနေက ခန္ဓာကိုယ်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာနဲ့ကင်ဆာရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်ပုံမှန်သွေးလှူပေးမယ်ဆိုရင် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေကို သိသိသာသာလျှော့ချနိုင်မှာပါ။ သွေးလှူတာကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊အူမကြီးကင်ဆာ နဲ့ လည်ချောင်းကင်ဆာတွေဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။

ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ပါတယ်

သွေးလှူတာက ကိုယ်တွင်းကယ်လ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်ပါတယ်။ ပုံမှန်သွေးလှူတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို သွေးတွင်းသံဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ချဖို့စဉ်စားနေသူတွေအနေနဲ့ စမ်းကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါနော်။

ရောဂါရှိ၊မရှိ စစ်ဆေးခွင့်ရတယ်

သွေးလှူတဲ့အခါ အရင်ဆုံးလုပ်ရတာက ကိုယ့်သွေးထဲမှာရောဂါပိုးတွေရှိနေလားဆိုတာကို စစ်ဆေးရတာပါ။ HIV၊ အသည်းရောင်အသားဝါ နဲ့ အခြားသွေးကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေရှိလားဆိုတာကို စစ်ဆေးရတာပါ။ ဒီစစ်ဆေးမှုကိုအောင်မြင်မှ သွေးလှူခွင့်ရရှိမှာဖြစ်ပြီး အကျိုးရှိတဲ့ စစ်ဆေးမှုတစ်ခုပါ။

သွေးလှူရင်း အခုပြောခဲ့တဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရရှိနိုင်ကြပါစေကြောင်း…….

Credit:Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top