iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ခ်စ္သူနဲ႔ ဒီအခ်က္ (၆)ခ်က္ ၿငိေနၿပီဆိုရင္ လက္ထပ္ဖို႔ဆိုတာ ေယာင္းျပန္စဥ္းစားဖို႔ လိုေနၿပီေနာ္..

ခ်စ္လြန္းလို႔မွ လက္ထပ္ၿပီးၿပီဆိုေတာ့ ဒီလက္ထပ္ျခင္းဟာ တစ္ဘဝလံုးအတြက္ရည္ရြယ္ၾကသူေတြခ်ည္းပါပဲ။ “ေပ်ာ္ရႊင္တဲ့ အိမ္ေထာင္တစ္ခုရဲ႕ လွ်ိဳ႕ဝွက္ခ်က္ဆိုတာ ကိုယ့္အတြက္မွန္ကန္စစ္မွန္တဲ့ လူတစ္ေယာက္ကို ရွာေတြ႔နိုင္ခဲ့ျခင္းပါပဲ။ စစ္မွန္တဲ့လူဟုတ္ရင္ ျဖစ္ေနရင္ေတာ့ သူ႔အနားမွာ အၿမဲရွိေနခ်င္မွာပါပဲ။” တဲ့။ လက္ထပ္တယ္ဆိုတာ အမွန္တကယ္ေတာ့ အရမ္းအေရးႀကီးၿပီး တာဝန္ႀကီးတဲ့ ဘဝအာမခံခ်က္တစ္ခုပါပဲ။ ဒါေပမဲ့ ေယာင္းတို႕လက္တြဲခ်င္တဲ့လူမွာ ဒီလိုအက်င့္မ်ိဳးေတြရွိေနရင္ေတာ့ ျပန္စဥ္းစားသင့္တယ္လို႔ေျပာပါရေစ။

(၁) လိမ္ညာတတ္တယ္

လူနွစ္ေယာက္ေပါင္းစပ္ၿပီး ဘဝတစ္ခုတည္ေဆာက္ဖို႔အတြက္ ယံုၾကည္မႈဆိုတဲ့ အုတ္ျမစ္က အရမ္းအေရးႀကီးပါတယ္။ ‘သူတို႔နာက်င္ရမွာေၾကာက္လို႔။ သူတို႕သိသြားရင္ထားခဲ့မွာစိုးလို႔။’ ဆိုၿပီး ကိုယ့္အမွားကိုယ္တာဝန္မယူနိုင္ဘဲ အေျခအျမစ္မရွိတဲ့စကားေတြ ေျပာလို႔ လူတစ္ေယာက္ကို မလိမ္ညာသင့္ပါဘူး။ ‘သင္တို႔နွစ္ေယာက္ၾကားက ယံုၾကည္မႈကို အျမန္ဆံုးနဲ႔ အထိေရာက္ဆံုး သတ္ပစ္လိုက္နိုင္တာ၊ ေဖ်ာက္ဖ်က္ပစ္လုိက္ႏုိင္တာဟာ သင့္ရဲ႕အလိမ္အညာေတြနဲ႔ လွ်ိဳ႕ဝွက္ခ်က္ေတြပါပဲ’။ ေယာင္းရဲ႕ လက္တြဲေဖာ္က လိမ္ညာတတ္တယ္ဆိုရင္ေတာ့ လက္ထပ္ဖို႔ဆိုတာ ျပန္စဥ္းစားဖို႔လိုေနပါၿပီ။

(၂) လူႀကီးမဆန္ဘူး

လူႀကီးမဆန္ဘူးဆုိတဲ့ေနရာမွာ အသက္ (၂၀) ေလာက္အရြယ္နဲ႔ အသက္ (၃၀) ေလာက္ပံုေရာက္သည္ထိ ရင့္က်က္ေနရမယ္လို႔ မဆိုလိုပါဘူး။ အနည္းဆံုး အသက္၂၀နဲ႔ ထိုက္တန္တဲ့ အသိနဲ႔ ဆင္ျခင္ဥာဏ္ေတာ့ ရွိဖို႔ လိုတယ္မဟုတ္လား? အသက္ (၂၀) ေလာက္အရြယ္က အထက္တန္းေက်ာင္းသားလို ထုိုင္ဂ်စ္ေနလို႔ မရဘူးေလ။ ခၽြဲတတ္တာကေတာ့ ခ်စ္စရာေကာင္းေပမဲ့ ကေလးဆန္လြန္းတာက အတိုင္းအတာတစ္ခု လြန္သြားၿပီဆို တစ္သက္စာလံုး စဥ္းစားရမဲ့သူေတြအတြက္ ဒုကၡေရာက္ရေတာ့တာပါပဲ.. အဆင္ေျပႏိုင္မလားဆိုတာ ထပ္ကာထပ္ကာ ျပန္စဥ္းစားရၿပီေလ။

(၃) ေဒါသထြက္လြယ္တယ္

 ျပႆနာတစ္ခုခုကို ဘာရယ္ညာရယ္ေသခ်ာမသိေသးဘဲ ေဒါသအရင္ထြက္ျပၿပီး အၿမဲေပါက္ကြဲျပေနတတ္တဲ့လူဆိုရင္ေတာ့ မလြယ္ဘူးေနာ္..  နွစ္ေယာက္သားရန္ျဖစ္တဲ့အခ်ိန္ ဝုန္းဒိုင္းႀကဲေနရာကေန ခ်က္ခ်င္းပဲ ကိုယ္ထိလက္ေရာက္လုပ္လိုက္ေတာ့မလို၊ လက္ပဲပါေတာ့မလို ဆိုတာမ်ိဳးမသိႏိုင္တာမို႔ အၿမဲတမ္း ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔သာ သူ႔အနားေနေနရမယ္ဆိုရင္ တစ္သက္လံုးလက္တြဲသြားဖို႔ အဆင္ေျပႏိုင္ပါ့မလား? ေယာင္းတစ္ဘဝလံုး အေၾကာက္တရားေတြနဲ႔ ဆက္လက္ရွင္သန္ႏိုင္ပါ့မလား?

(၄) ကေလးေလးေတြအေပၚ မၾကင္နာတတ္ဘူး

လက္ထပ္တိုင္း ကေလးယူကိုယူရမယ္ ဆိုတာမ်ိဳးမဟုတ္ပါဘူး။ ဒါေပမဲ့ ကေလးမယူခ်င္တာနဲ႔ ကေလးေတြအေပၚမၾကင္နာတတ္တာက လံုးဝမတူပါဘူးေနာ္။ ကေလးေတြအေရွ႕မွာ မေျပာသင့္တဲ့စကားေတြအၿမဲေျပာေနမယ္၊ ကေလးေတြအေပၚ မာန္မဲၿပီး ၾကင္ၾကင္နာနာ မဆက္ဆံတတ္တဲ့လူမ်ိဳး ျဖစ္ေနမယ္၊ အညွာအတာလည္း လံုးဝမရွိတဲ့သူမ်ိဳး ျဖစ္ေနမယ္ ဆိုရင္ေတာ့ လက္ထပ္ဖို႔အတြက္ အမ်ားႀကီးျပန္စဥ္းစားဖို႔လိုေနပါၿပီ။ ကိုယ့္အေပၚေရာ သူဘယ္ေလာက္ ၾကင္နာႏိုင္မွာတဲ့လဲ? ဗီဇဆိုတာ ေဖ်ာက္မရတာမို႔ ၾကပ္ၾကပ္စဥ္းစားဖို႔ လိုမယ္ေနာ္ ေယာင္းတို႔..

(၅) တရားလြန္သဝန္တိုတတ္တယ္

သဝန္တုိတယ္ဆိုတာ အတိုင္းအတာတစ္ခုေလာက္အထိပဲ ေကာင္းပါတယ္။ အခုနွင္းေျပာတာက အလုပ္လုပ္မယ္ဆိုလည္း ရံုးကလူေတြနဲ႔မေပါင္းရ၊ အျပင္သြားမယ္ဆိုရင္လည္း သူမပါလို႔မသြားရ၊ ဟိုလူနဲ႔ စကားမေျပာရ၊ ဒီလူနဲ႔ စကားမေျပာရ၊ ဟိုလူနဲ႔သဝန္တို၊ ဒီလူနဲ႔ ေဂ်ဝင္ ေနာက္ဆံုး ေဆြမ်ိဳးနီးစပ္ ဝမ္းကြဲအကိုေတြနဲ႔ေတာင္ ဆြဲေပးစားေနၿပီဆိုရင္ မတရားသဝန္တိုတဲ့အဆင့္ကိုေရာက္ေနပါၿပီ။ တစ္သက္လံုး ကိုယ္ကေရာ အိမ္ထဲပိတ္ေနနိုင္ပါ့မလား?

(၆) ညွိနႈိုင္းခ်င္စိတ္မရွိ

ဥပမာ ကိုယ္က ကေလးလိုခ်င္တယ္ဆိုပါေတာ့။ သူကေတာ့ကေလးလံုးဝမလိုခ်င္တဲ့လူျဖစ္ေနေရာ။ ဆိုေတာ့ ကေလးအမ်ားႀကီးလိုခ်င္တဲ့ ကိုယ္နဲ႔ ကေလးလံုးဝမလိုခ်င္တဲ့ သူ ညွိၾကဖို႔ လိုအပ္လာပါၿပီ။ ဒါေပမဲ့ မညွိႏႈိင္းဘဲ သူ႕သေဘာအတိုင္းပဲ လုိက္ၿပီး ကေလးလံုးဝ မယူရဘူးဆိုရင္ေတာ့ မတရားဘူးေလ ေနာ္.. ဒါက ဥပမာ ျပတာပါ။ ဒီလိုပဲ တျခားကိစၥႀကီးႀကီးက်ယ္က်ယ္ေတြျဖစ္လာရင္ေရာ တစ္ဘဝလံုး သူ႔သေဘာအတိုင္း အၿမဲလိုက္ေနရမွာလား? ကိုယ့္ရဲ႕ ကိုယ္ပိုင္ဆံုးျဖတ္ပိုင္ခြင့္က ဘယ္မွာလဲ?

ဘဝတစ္ခုကိုအတူတြဲၿပီး ေအာင္ေအာင္ျမင္ျမင္တည္ေဆာက္ဖို႔ဆိုရင္ လိုအပ္တာေတြအရမ္းမ်ားပါတယ္။ အဲ့ဒါေတြကို အတူတူ ေက်ာ္ျဖတ္နိုင္ဖို႔အတြက္ အခုႏွင္းေျပာထားတဲ့ အက်င့္ေတြထဲကမွ တစ္ခုထက္ပိုရွိေနၿပီဆိုရင္ေတာ့ အခ်င္းခ်င္းျပန္လည္ ညွိႏႈိင္းတိုင္ပင္ဖို႔ အႀကံျပဳခ်င္ပါတယ္။ ေယာင္းတို႔ ခ်စ္တဲ့သူနဲ႔ လက္ထပ္တဲ့သူ၊ ဘဝတစ္ေလွ်ာက္လံုး အိုမင္းမစြမ္းျဖစ္သည္ထိ ေလာကဓံကို လက္တြဲရင္ဆိုင္ေက်ာ္ျဖတ္တဲ့သူ တစ္ထပ္တည္း က်ႏုိင္ပါေစေနာ္.. .

Credit:Forhermyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
  ကိုယ့်ချစ်သူနဲ့ ဒီအချက် (၆)ချက် ငြိနေပြီဆိုရင် လက်ထပ်ဖို့ဆိုတာ ယောင်းပြန်စဉ်းစားဖို့ လိုနေပြီနော်..

ချစ်လွန်းလို့မှ လက်ထပ်ပြီးပြီဆိုတော့ ဒီလက်ထပ်ခြင်းဟာ တစ်ဘဝလုံးအတွက်ရည်ရွယ်ကြသူတွေချည်းပါပဲ။ “ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုရဲ့ လျှို့ဝှက်ချက်ဆိုတာ ကိုယ့်အတွက်မှန်ကန်စစ်မှန်တဲ့ လူတစ်ယောက်ကို ရှာတွေ့နိုင်ခဲ့ခြင်းပါပဲ။ စစ်မှန်တဲ့လူဟုတ်ရင် ဖြစ်နေရင်တော့ သူ့အနားမှာ အမြဲရှိနေချင်မှာပါပဲ။” တဲ့။ လက်ထပ်တယ်ဆိုတာ အမှန်တကယ်တော့ အရမ်းအရေးကြီးပြီး တာဝန်ကြီးတဲ့ ဘဝအာမခံချက်တစ်ခုပါပဲ။ ဒါပေမဲ့ ယောင်းတို့လက်တွဲချင်တဲ့လူမှာ ဒီလိုအကျင့်မျိုးတွေရှိနေရင်တော့ ပြန်စဉ်းစားသင့်တယ်လို့ပြောပါရစေ။

(၁) လိမ်ညာတတ်တယ်

လူနှစ်ယောက်ပေါင်းစပ်ပြီး ဘဝတစ်ခုတည်ဆောက်ဖို့အတွက် ယုံကြည်မှုဆိုတဲ့ အုတ်မြစ်က အရမ်းအရေးကြီးပါတယ်။ ‘သူတို့နာကျင်ရမှာကြောက်လို့။ သူတို့သိသွားရင်ထားခဲ့မှာစိုးလို့။’ ဆိုပြီး ကိုယ့်အမှားကိုယ်တာဝန်မယူနိုင်ဘဲ အခြေအမြစ်မရှိတဲ့စကားတွေ ပြောလို့ လူတစ်ယောက်ကို မလိမ်ညာသင့်ပါဘူး။ ‘သင်တို့နှစ်ယောက်ကြားက ယုံကြည်မှုကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး သတ်ပစ်လိုက်နိုင်တာ၊ ဖျောက်ဖျက်ပစ်လိုက်နိုင်တာဟာ သင့်ရဲ့အလိမ်အညာတွေနဲ့ လျှို့ဝှက်ချက်တွေပါပဲ’။ ယောင်းရဲ့ လက်တွဲဖော်က လိမ်ညာတတ်တယ်ဆိုရင်တော့ လက်ထပ်ဖို့ဆိုတာ ပြန်စဉ်းစားဖို့လိုနေပါပြီ။

(၂) လူကြီးမဆန်ဘူး

လူကြီးမဆန်ဘူးဆိုတဲ့နေရာမှာ အသက် (၂၀) လောက်အရွယ်နဲ့ အသက် (၃၀) လောက်ပုံရောက်သည်ထိ ရင့်ကျက်နေရမယ်လို့ မဆိုလိုပါဘူး။ အနည်းဆုံး အသက်၂၀နဲ့ ထိုက်တန်တဲ့ အသိနဲ့ ဆင်ခြင်ဉာဏ်တော့ ရှိဖို့ လိုတယ်မဟုတ်လား? အသက် (၂၀) လောက်အရွယ်က အထက်တန်းကျောင်းသားလို ထိုင်ဂျစ်နေလို့ မရဘူးလေ။ ချွဲတတ်တာကတော့ ချစ်စရာကောင်းပေမဲ့ ကလေးဆန်လွန်းတာက အတိုင်းအတာတစ်ခု လွန်သွားပြီဆို တစ်သက်စာလုံး စဉ်းစားရမဲ့သူတွေအတွက် ဒုက္ခရောက်ရတော့တာပါပဲ.. အဆင်ပြေနိုင်မလားဆိုတာ ထပ်ကာထပ်ကာ ပြန်စဉ်းစားရပြီလေ။

(၃) ဒေါသထွက်လွယ်တယ်

 ပြဿနာတစ်ခုခုကို ဘာရယ်ညာရယ်သေချာမသိသေးဘဲ ဒေါသအရင်ထွက်ပြပြီး အမြဲပေါက်ကွဲပြနေတတ်တဲ့လူဆိုရင်တော့ မလွယ်ဘူးနော်..  နှစ်ယောက်သားရန်ဖြစ်တဲ့အချိန် ဝုန်းဒိုင်းကြဲနေရာကနေ ချက်ချင်းပဲ ကိုယ်ထိလက်ရောက်လုပ်လိုက်တော့မလို၊ လက်ပဲပါတော့မလို ဆိုတာမျိုးမသိနိုင်တာမို့ အမြဲတမ်း ကြောက်ကြောက်လန့်လန့်နဲ့သာ သူ့အနားနေနေရမယ်ဆိုရင် တစ်သက်လုံးလက်တွဲသွားဖို့ အဆင်ပြေနိုင်ပါ့မလား? ယောင်းတစ်ဘဝလုံး အကြောက်တရားတွေနဲ့ ဆက်လက်ရှင်သန်နိုင်ပါ့မလား?

(၄) ကလေးလေးတွေအပေါ် မကြင်နာတတ်ဘူး

လက်ထပ်တိုင်း ကလေးယူကိုယူရမယ် ဆိုတာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးမယူချင်တာနဲ့ ကလေးတွေအပေါ်မကြင်နာတတ်တာက လုံးဝမတူပါဘူးနော်။ ကလေးတွေအရှေ့မှာ မပြောသင့်တဲ့စကားတွေအမြဲပြောနေမယ်၊ ကလေးတွေအပေါ် မာန်မဲပြီး ကြင်ကြင်နာနာ မဆက်ဆံတတ်တဲ့လူမျိုး ဖြစ်နေမယ်၊ အညှာအတာလည်း လုံးဝမရှိတဲ့သူမျိုး ဖြစ်နေမယ် ဆိုရင်တော့ လက်ထပ်ဖို့အတွက် အများကြီးပြန်စဉ်းစားဖို့လိုနေပါပြီ။ ကိုယ့်အပေါ်ရော သူဘယ်လောက် ကြင်နာနိုင်မှာတဲ့လဲ? ဗီဇဆိုတာ ဖျောက်မရတာမို့ ကြပ်ကြပ်စဉ်းစားဖို့ လိုမယ်နော် ယောင်းတို့..

(၅) တရားလွန်သဝန်တိုတတ်တယ်

သဝန်တိုတယ်ဆိုတာ အတိုင်းအတာတစ်ခုလောက်အထိပဲ ကောင်းပါတယ်။ အခုနှင်းပြောတာက အလုပ်လုပ်မယ်ဆိုလည်း ရုံးကလူတွေနဲ့မပေါင်းရ၊ အပြင်သွားမယ်ဆိုရင်လည်း သူမပါလို့မသွားရ၊ ဟိုလူနဲ့ စကားမပြောရ၊ ဒီလူနဲ့ စကားမပြောရ၊ ဟိုလူနဲ့သဝန်တို၊ ဒီလူနဲ့ ဂျေဝင် နောက်ဆုံး ဆွေမျိုးနီးစပ် ဝမ်းကွဲအကိုတွေနဲ့တောင် ဆွဲပေးစားနေပြီဆိုရင် မတရားသဝန်တိုတဲ့အဆင့်ကိုရောက်နေပါပြီ။ တစ်သက်လုံး ကိုယ်ကရော အိမ်ထဲပိတ်နေနိုင်ပါ့မလား?

(၆) ညှိနှိုင်းချင်စိတ်မရှိ

ဥပမာ ကိုယ်က ကလေးလိုချင်တယ်ဆိုပါတော့။ သူကတော့ကလေးလုံးဝမလိုချင်တဲ့လူဖြစ်နေရော။ ဆိုတော့ ကလေးအများကြီးလိုချင်တဲ့ ကိုယ်နဲ့ ကလေးလုံးဝမလိုချင်တဲ့ သူ ညှိကြဖို့ လိုအပ်လာပါပြီ။ ဒါပေမဲ့ မညှိနှိုင်းဘဲ သူ့သဘောအတိုင်းပဲ လိုက်ပြီး ကလေးလုံးဝ မယူရဘူးဆိုရင်တော့ မတရားဘူးလေ နော်.. ဒါက ဥပမာ ပြတာပါ။ ဒီလိုပဲ တခြားကိစ္စကြီးကြီးကျယ်ကျယ်တွေဖြစ်လာရင်ရော တစ်ဘဝလုံး သူ့သဘောအတိုင်း အမြဲလိုက်နေရမှာလား? ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်က ဘယ်မှာလဲ?

ဘဝတစ်ခုကိုအတူတွဲပြီး အောင်အောင်မြင်မြင်တည်ဆောက်ဖို့ဆိုရင် လိုအပ်တာတွေအရမ်းများပါတယ်။ အဲ့ဒါတွေကို အတူတူ ကျော်ဖြတ်နိုင်ဖို့အတွက် အခုနှင်းပြောထားတဲ့ အကျင့်တွေထဲကမှ တစ်ခုထက်ပိုရှိနေပြီဆိုရင်တော့ အချင်းချင်းပြန်လည် ညှိနှိုင်းတိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။ ယောင်းတို့ ချစ်တဲ့သူနဲ့ လက်ထပ်တဲ့သူ၊ ဘဝတစ်လျှောက်လုံး အိုမင်းမစွမ်းဖြစ်သည်ထိ လောကဓံကို လက်တွဲရင်ဆိုင်ကျော်ဖြတ်တဲ့သူ တစ်ထပ်တည်း ကျနိုင်ပါစေနော်.. .

Credit:Forhermyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top