iMyanmarHouse.com - Best Property Website for Myanmar
×

ဒိန္ခ်ဥ္ လုပ္နည္းေလး ေမးထားလို႔ တင္ေပးလိုက္ပါတယ္။

ႏြားနို ့ ၁ ပိသာကို ဆူေအာင္ကိ်ဳပါ။ က်ိဳတဲ့အခါ ဆူရံုေလးပဲ မထားပါနဲ႕။ ၾကာၾကာေလး က်ိဳပါ။ တအားလည္း မပ်စ္ပါေစနဲ႕။

ၿပီးရင္ မီးဖိုေပၚက ခ်ၿပီး အေအးခံပါ။ လံုးဝ ေအးသြားတဲ့အထိ မေစာင့္ရပါ။ ( ေႏြးေႏြးေလးမွာ အခ်ဥ္ ကို ထည့္ရမွာမို ့ပါ) လက္ညိုးကိုထည့္ၾကည့္လို ့အပူခံနိုင္တယ္ဆိုရံုေလးေပါ့။

အခ်ဥ္ (ဟင္းခတ္ဇြန္း ၁ ဇြန္း) ထည့္ၿပီး ေမႊေပးပါ။

ၿပီးရင္ အုပ္ေဆာင္းနဲ ့အုပ္ၿပီး မေရြ ့လ်ားေစဘဲ ၂၄ နာရီ ထားပါ။ အခန္းအပူခ်ိန္မွာပဲ ထားရမွာပါ။ ၂၄ နာရီျပည့္ရင္ ဒိန္ခ်ဥ္ ျဖစ္ပါျပီ။ သတိျပဳရမွာေတြက ေလလံုေအာင္ အိုးကိုပိတ္မထားရပါဘူး။ ခဏခဏလည္း မေမႊရပါဘူး။ အခ်ဥ္ထည့္ခ်ိန္မွာသာ ေမႊေပးရတာပါ။ အခ်ဥ္ထည့္ခ်ိန္မွာ လံုးဝေအးမေနရဘူး။

အခ်ဥ္ကို ဘယ္လိုလုပ္ရတာလဲဆိုေတာ့ ႏြားႏို႔ အစိမ္း အၾကမ္းပန္းကန္ ၁ လံုးစာကို ဘာမွမလုပ္ဘဲ ဘာမွမထည့္ဘဲ အခန္းအပူခ်ိန္မွာ ၂၄ နာရီထားရင္ အခ်ဥ္ ျဖစ္ပါျပီ ။ အဲဒီအခ်ဥ္ကို အေပၚယံပဲျဖစ္ျဖစ္ ေမႊျပီးပဲျဖစ္ျဖစ္သံုးနိုင္ပါတယ္။ ဒိန္ခ်ဥ္ရျပီဆိုရင္ေတာ့ ေနာက္ထပ္လုပ္မဲ့ ဒိန္ခ်ဥ္အတြက္ ဒိန္ခ်ဥ္အေဟာင္းကိုပဲ အခ်ဥ္အျဖစ္သံုးနိုင္ပါတယ္။ အခ်ိဳးအဆကေတာ့ ႏြားနို ့၁ပိႆာ အခ်ဥ္ ၁ ဇြန္းပါပဲ (ဟင္းခတ္ဇြန္း) ဒိန္ခ်ဥ္ျဖစ္သြားျပီိဆိုရင္ ေရခဲေသတာထဲမွာ အၾကာႀကီးထားလို ့ရပါတယ္။

ဒိန္ခ်ဥ္နဲ ့စားဖို႔ သၾကားရည္ပဲကိ်ဳက်ိဳ ၊ ထန္းလ်က္ရည္ပဲက်ိဳက်ိဳ ဆားေလး နည္းနည္းထည့္က်ိဳပါ။ ေရကိုေတာ့ အမ်ားႀကီးမထည့္ပါနဲ႕။

သၾကားေရာ ထန္းလ်က္ေရာက အပူေပးရင္ ေပ်ာ္ပါတယ္။ အိုးမကပ္ရံုသာ ေရထည့္ပါေနာ္။ ကဲမိတ္ေဆြတို႔ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ ဒိန္ခ်ဥ္ေလး လုပ္စားၾကည့္မယ္ေနာ္။

Credit:thadinyatkwat

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ်။

နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။

ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ပါ) လက်ညိုးကိုထည့်ကြည့်လို့အပူခံနိုင်တယ်ဆိုရုံလေးပေါ့။

အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။

ပြီးရင် အုပ်ဆောင်းနဲ့အုပ်ပြီး မရွေ့လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ခဏခဏလည်း မမွှေရပါဘူး။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး။

အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။ အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ်။ ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ်။ အချိုးအဆကတော့ နွားနို့၁ပိဿာ အချဉ် ၁ ဇွန်းပါပဲ (ဟင်းခတ်ဇွန်း) ဒိန်ချဉ်ဖြစ်သွားပြီဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလို့ရပါတယ်။

ဒိန်ချဉ်နဲ့စားဖို့ သကြားရည်ပဲကျိုကျို ၊ ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။

သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ်။ အိုးမကပ်ရုံသာ ရေထည့်ပါနော်။ ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော်။

Credit:thadinyatkwat

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top