iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေခတ္တစ္ခါက အႏုပညာေလာကမွာ နာမည္တစ္လံုးရထားသူက သရုပ္ေဆာင္ ေခ်ာရတနာ ျဖစ္ပါတယ္။ ေၾကာ္ျငာေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေနရာယူထားခဲ့သလို ရုပ္ရွင္ကားၾကီးေတြမွာ ပါဝင္ခဲ့တဲ့ ေခ်ာရတနာက အိမ္ေထာင္က်ျပီး ေနာက္ပိုင္းမွာေတာ့ အႏုပညာဘက္မွာ ေျခလွမ္းက်ဲသြားခဲ့ပါတယ္။ ေခ်ာရတနာက တျဖည္းျဖည္း အႏုပညာေလာကကေန ေပ်ာက္ကြယ္လာေပမဲ့ ညီမျဖစ္သူ သႏၱာဗိုလ္ကေတာ့ အႏုပညာေျပးလမ္းမွာ ေလ်ွာက္လွမ္းေနဆဲ ျဖစ္ပါတယ္။

အိမ္ေထာင္က်ျပီး သားတစ္ေယာက္ သမီးတစ္ေယာက္ ပိုင္ဆိုင္ထားတဲ့ ေခ်ာရတနာက ကေလးေတြအေၾကာင္း ခုလို ေျပာျပသြားပါတယ္။

“သမီးေလးက ျဖည့္စြက္စာ စားတဲ့အခ်ိန္ ေရာက္ျပီဆိုေတာ့ သူ႕ကို အာဟာရစံုေအာင္ တစ္ေန႕တစ္မ်ိဳး မရိုးေအာင္ အသီးအရြက္ဆိုလည္း စံုေအာင္ အသားဆိုလည္း တစ္ေန႕တစ္မ်ိဳး မရိုးေအာင္ ေကၽြးတယ္။ သားသားတုန္းကလည္း သမီးကို ေကၽြးသလိုမ်ိဳး ေကၽြးတယ္။ ဒါေပမဲ့ သားသားကက်ေတာ့ေလ ငယ္ငယ္တုန္းက ကိုယ္ေကၽြးသေလာက္ စားေပမဲ့ သမီးကေတာ့ ေၾကးမ်ားတယ္။ တစ္ေယာက္နဲ႕ တစ္ေယာက္ အၾကိဳက္ခ်င္းလည္း မတူဘူး။ ဒီေတာ့ သူတို႕ ၾကိဳက္ၾကိဳက္ မၾကိဳက္ၾကိဳက္ သူတို႕ကို အႏုိင္က်င့္လို႕ ရတာ ဒီအခ်ိန္ပဲဆိုေတာ့ အသီးေလးေတြ အသားေလးေတြအစ အစံုေကၽြးထားေပးတယ္။” လို႕ ဆိုပါတယ္။

သားနဲ႕သမီး အေပၚ ျဖစ္ေစခ်င္တဲ့ ဆႏၵကိုလည္း ေခ်ာရတနာက ခုလို ေျပာျပပါတယ္။”သားသားကေတာ့ ေခ်ာတို႕ဘက္ ပိုလိုက္တယ္။ သမီးေလးကေတာ့ အေဖဘက္ ပိုလိုက္တယ္။လိမၼာေရးျခား ရွိေစခ်င္တယ္။ ဘာသာတရား ကိုင္းရႈိင္းေစခ်င္တယ္။ သူေတာ္ေကာင္း ျဖစ္ေစခ်င္တယ္။ ဒါကေတာ့ ကိုယ့္ရဲ႕ ဆႏၵေပါ့။ ေနာက္ျပီးေတာ့ သူတို႕ကို ပညာတတ္ ျဖစ္ေစခ်င္တယ္။ ျပီးသြားေတာ့မွ သူတို႕ရဲ႕ ဝါသနာေပၚ မူတည္ျပီး ကုိယ္ေတြက ပံ့ပိုးေပးျဖစ္မွာပါ။” ဆိုျပီး ေျပာသြားပါတယ္။

အိမ္ေထာင္က်ျပီး ကေလး ၂ ေယာက္ ရျပီးတာေတာင္ ေခ်ာေမာေနဆဲ ျဖစ္တဲ့ ေခ်ာရတနာကေတာ့ အလွအပ ထိန္းသိမ္းနည္း အေၾကာင္း ခုလို ေျပာသြားပါတယ္။”Body weight ကေတာ့ မထိန္းႏိုင္ပါဘူး။ ေဘာ္ဒီက ေတာ္ေတာ္တက္ေနတယ္။ skincare ကေတာ့ မိတ္ကပ္သိပ္မလိမ္းဘူး။ ကိုယ္သံုးေနက် brand ကိုပဲ စြဲစြဲလမ္းလမ္း သံုးျဖစ္တယ္။ ” ဆိုျပီး ေျပာျပသြားပ့တယ္။

Credit:nanmalgyi

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

တစ်ခေတ်တစ်ခါက အနုပညာလောကမှာ နာမည်တစ်လုံးရထားသူက သရုပ်ဆောင် ချောရတနာ ဖြစ်ပါတယ်။ ကြော်ငြာတွေ တော်တော်များများမှာ နေရာယူထားခဲ့သလို ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်ခဲ့တဲ့ ချောရတနာက အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတော့ အနုပညာဘက်မှာ ခြေလှမ်းကျဲသွားခဲ့ပါတယ်။ ချောရတနာက တဖြည်းဖြည်း အနုပညာလောကကနေ ပျောက်ကွယ်လာပေမဲ့ ညီမဖြစ်သူ သန္တာဗိုလ်ကတော့ အနုပညာပြေးလမ်းမှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီး သားတစ်ယောက် သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ချောရတနာက ကလေးတွေအကြောင်း ခုလို ပြောပြသွားပါတယ်။

“သမီးလေးက ဖြည့်စွက်စာ စားတဲ့အချိန် ရောက်ပြီဆိုတော့ သူ့ကို အာဟာရစုံအောင် တစ်နေ့တစ်မျိုး မရိုးအောင် အသီးအရွက်ဆိုလည်း စုံအောင် အသားဆိုလည်း တစ်နေ့တစ်မျိုး မရိုးအောင် ကျွေးတယ်။ သားသားတုန်းကလည်း သမီးကို ကျွေးသလိုမျိုး ကျွေးတယ်။ ဒါပေမဲ့ သားသားကကျတော့လေ ငယ်ငယ်တုန်းက ကိုယ်ကျွေးသလောက် စားပေမဲ့ သမီးကတော့ ကြေးများတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းလည်း မတူဘူး။ ဒီတော့ သူတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့ကို အနိုင်ကျင့်လို့ ရတာ ဒီအချိန်ပဲဆိုတော့ အသီးလေးတွေ အသားလေးတွေအစ အစုံကျွေးထားပေးတယ်။” လို့ ဆိုပါတယ်။

သားနဲ့သမီး အပေါ် ဖြစ်စေချင်တဲ့ ဆန္ဒကိုလည်း ချောရတနာက ခုလို ပြောပြပါတယ်။”သားသားကတော့ ချောတို့ဘက် ပိုလိုက်တယ်။ သမီးလေးကတော့ အဖေဘက် ပိုလိုက်တယ်။လိမ္မာရေးခြား ရှိစေချင်တယ်။ ဘာသာတရား ကိုင်းရှိုင်းစေချင်တယ်။ သူတော်ကောင်း ဖြစ်စေချင်တယ်။ ဒါကတော့ ကိုယ့်ရဲ့ ဆန္ဒပေါ့။ နောက်ပြီးတော့ သူတို့ကို ပညာတတ် ဖြစ်စေချင်တယ်။ ပြီးသွားတော့မှ သူတို့ရဲ့ ဝါသနာပေါ် မူတည်ပြီး ကိုယ်တွေက ပံ့ပိုးပေးဖြစ်မှာပါ။” ဆိုပြီး ပြောသွားပါတယ်။

အိမ်ထောင်ကျပြီး ကလေး ၂ ယောက် ရပြီးတာတောင် ချောမောနေဆဲ ဖြစ်တဲ့ ချောရတနာကတော့ အလှအပ ထိန်းသိမ်းနည်း အကြောင်း ခုလို ပြောသွားပါတယ်။”Body weight ကတော့ မထိန်းနိုင်ပါဘူး။ ဘော်ဒီက တော်တော်တက်နေတယ်။ skincare ကတော့ မိတ်ကပ်သိပ်မလိမ်းဘူး။ ကိုယ်သုံးနေကျ brand ကိုပဲ စွဲစွဲလမ်းလမ်း သုံးဖြစ်တယ်။ ” ဆိုပြီး ပြောပြသွားပ့တယ်။

Credit:nanmalgyi

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top