၂၀၁၇ က အီဒင္ဘတ္တကၠသိုလ္က ျပဳလုပ္တဲ့ သုေတသနစစ္တမ္းမွာ မိသားစုတစ္စုရဲ႕ ေမာင္ႏွမအရင္းအခ်ာေတြရဲ႕ ေတြးပံုေခၚပံု၊ စဥ္းစားတဲ့အသိဥာဏ္၊ အိုင္က်ဴစစ္ေဆးမႈေတြကို ေလ့လာခဲ့ၾကပါတယ္။ ၁၄ ႏွစ္ေအာက္ ကေလးငယ္ဦးေရ ၅ေထာင္ ကိုစစ္ေဆးခဲ့ရာမွာ ရလာဒ္ခို္င္ခိုင္မာမာ ထြက္လာခဲ့ပါတယ္။
အဲ့ဒါကေတာ့ မိသားစုတစ္စုမွာ အစ္ကိုအႀကီးဆံုး၊ အစ္မအႀကီးဆံုး စသျဖင့္ အႀကီးဆံုးသားသမီးေတြဟာ သဘာဝအရကို အသိဥာဏ္အျမင့္ဆံုး၊ အထက္ျမက္ဆံုးျဖစ္ၿပီး စိတ္ပိုင္းရင့္က်က္မႈပါ အျပည့္ဝဆံုး ျဖစ္တယ္ဆိုတာပါပဲ။ မိဘေမာင္ဖြားေတြနဲ႔ အတူတူျဖတ္သန္းရင္း အသံုးခ်ႏိုိင္ခဲ့တဲ့ လက္ေတြ႕ဘဝရဲ႕ လုပ္တတ္ကိုင္တတ္႐ွိမႈ၊ လုပ္ရည္ကိုင္ရည္ေတြလည္း တစ္စထက္တစ္စထက္ ဆက္လက္ တိုးတက္လာတယ္ဆိုတာပါ သိ႐ွိခဲ့ၾကရပါတယ္။
ေမြးစဥ္အႀကီးအငယ္အလိုက္ သက္ေရာက္မႈ
အႀကီးဆံုး ကေလးေတြဆိုရင္ အသိဥာဏ္ျမင့္ၿပီး ဥာဏ္ရည္ဥာဏ္ေသြး ပိုေကာင္းမြန္ၾကေလ့႐ွိတယ္။ မိဘဘက္ကေပးလာတဲ့ ၿပီးျပည့္စံုရမယ္ဆိုတဲ့ ဖိအားေတြနဲ႔ေတာ့ ႐ုန္းကန္ရတတ္တယ္။ ဒုတိယေျမာက္ကေလးေတြမွာေတာ့ ထူးျခားမႈက သူတို႔ရဲ႕ေအာင္ျမင္မႈနဲ့ပတ္သက္ရင္ မိဘရဲ႕အသိအမွတ္ျပဳ၊ ဂ႐ုထားမႈ သိပ္လိုအပ္ၾကတယ္။ မိဘရဲ႕အာရံုစိုက္မႈ၊ စိတ္ဝင္စားမွုကို ပိုေတာင့္တတတ္ၾတာပါ။ ဒုတိယေျမာက္ေနာက္က ေမြးလာတဲ့ ကေလးေတြရဲ႕သဘာဝကေတာ့ အထီးက်န္ခံစားမႈကို ရတတ္တယ္။ မိဘရဲ႕သီးသန္႔အခ်ိ္န္ေပးမႈကို လိုအပ္ၾကတယ္။
မိဘေတြဘက္က ေတာင္းဆိုမႈ
အႀကီးဆံုးကေလးေတြနဲ႔ပတ္သက္လာရင္ မိဘေတြရဲ႕ေတာင္းဆိုမႈက ျမင့္မားပါတယ္။ ခက္တာက ကေလးဆီက အသိဥာဏ္ထက္ျမက္မႈေရာ စိတ္ပိုင္းရင့္က်က္မႈကိုပါ
အၿပီးျပည့္စံုဆံုး အျဖစ္ လိုခ်င္တပ္မက္ၾကတယ္။ ဒါဟာ မိဘေတြဘက္က အတၱကဲတတ္မႈျဖစ္ၿပီး ကိုယ့္ကေလးဟာ လူသားတစ္ေယာက္သာလ်ွင္ျဖစ္တယ္ဆိုတဲ့ အျမင္ပါကင္းလြယ္လာၿပီး ကိုယ္ပိုင္အ႐ုပ္တစ္ခုဆန္ဆန္ ပံုသြင္းလိုၾကတဲ့ အျဖစ္က ကေလးအေပၚ သက္ေရာက္မႈႀကီးသြားတယ္။ မိဘေတြဘက္က အစစအရာရာအတြက္ ၿပီးျပည့္စံုမႈကိုေဆာင္ဖို႔ ျပင္းျပင္းထန္ထန္ ေမာင္းႏွင္အား႐ွိတဲ့အခါ ကေလးမွာ ကိုယ့္ဘဝကိုပစ္ၿပီး မိဘအျဖစ္လိုဆံုးအတိုင္း ျဖစ္ေအာင္လုပ္ၾကေလ့႐ွိလာပါတယ္။
ေမြးခ်င္းေမာင္ႏွမေတြထဲ
သားဦးေလးဟာ ကိုယ့္ထက္အငယ္ ေမြးခ်င္းေလးေတြ မိသားစုမွာတိုးလာၿပီး သူကိုယ္တိုင္က တစ္ဦးတည္းသားမဟုတ္ေတာ့အခါ ျမန္ျမန္ဆန္ဆန္ ပဲ ရင့္က်င္သြားပါတယ္။ ညီ၊ညီမေတြကို ထပ္ေမြးထားတဲ့ မိခင္ရဲ႕အာရံုစိုက္မႈက ေမြးစကေလးအေပၚမွာသာ တည္႐ွိေနတာေၾကာင့္ အႀကီးဆံုးေသာကေလးဟာ မိဘေတြရဲ႕ အေလးေပးမႈကိုျပန္ရဖို႔ ေမာင္ငယ္၊ညီငယ္ေတြရဲ႕ လိုအပ္ခ်က္ကိုျဖည့္ဆည္းေပးတဲ့ ႀကိဳးစားလာပါတယ္။ ငယ္ငယ္ရြယ္ရြယ္နဲ႔ မိဘရဲ႕တာဝန္ေတြကို ခြဲယူေပးဖို႔ျဖစ္လာတဲ့အခါ အရြယ္နဲ႔အမ်ွရင့္က်က္မႈ၊ အသိဥာဏ္ထက္ျမက္မႈေရာ၊ လုပ္တတ္ကိုင္တတ္တဲ့ အရည္အခ်င္းပါ ရြယ္တူတန္းတူ သူငယ္ခ်င္းေတြၾကားထဲ ေခါင္းတစ္လံုးပိုျမင့္ေနပါလိမ့္မယ္။
Credit:nanmalgyi
အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version # ျဖင့္ ဖတ္ပါ #
၂၀၁၇ က အီဒင်ဘတ်တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနစစ်တမ်းမှာ မိသားစုတစ်စုရဲ့ မောင်နှမအရင်းအချာတွေရဲ့ တွေးပုံခေါ်ပုံ၊ စဉ်းစားတဲ့အသိဉာဏ်၊ အိုင်ကျူစစ်ဆေးမှုတွေကို လေ့လာခဲ့ကြပါတယ်။ ၁၄ နှစ်အောက် ကလေးငယ်ဦးရေ ၅ထောင် ကိုစစ်ဆေးခဲ့ရာမှာ ရလာဒ်ခိုင်ခိုင်မာမာ ထွက်လာခဲ့ပါတယ်။
အဲ့ဒါကတော့ မိသားစုတစ်စုမှာ အစ်ကိုအကြီးဆုံး၊ အစ်မအကြီးဆုံး စသဖြင့် အကြီးဆုံးသားသမီးတွေဟာ သဘာဝအရကို အသိဉာဏ်အမြင့်ဆုံး၊ အထက်မြက်ဆုံးဖြစ်ပြီး စိတ်ပိုင်းရင့်ကျက်မှုပါ အပြည့်ဝဆုံး ဖြစ်တယ်ဆိုတာပါပဲ။ မိဘမောင်ဖွားတွေနဲ့ အတူတူဖြတ်သန်းရင်း အသုံးချနိုင်ခဲ့တဲ့ လက်တွေ့ဘဝရဲ့ လုပ်တတ်ကိုင်တတ်ရှိမှု၊ လုပ်ရည်ကိုင်ရည်တွေလည်း တစ်စထက်တစ်စထက် ဆက်လက် တိုးတက်လာတယ်ဆိုတာပါ သိရှိခဲ့ကြရပါတယ်။
မွေးစဉ်အကြီးအငယ်အလိုက် သက်ရောက်မှု
အကြီးဆုံး ကလေးတွေဆိုရင် အသိဉာဏ်မြင့်ပြီး ဉာဏ်ရည်ဉာဏ်သွေး ပိုကောင်းမွန်ကြလေ့ရှိတယ်။ မိဘဘက်ကပေးလာတဲ့ ပြီးပြည့်စုံရမယ်ဆိုတဲ့ ဖိအားတွေနဲ့တော့ ရုန်းကန်ရတတ်တယ်။ ဒုတိယမြောက်ကလေးတွေမှာတော့ ထူးခြားမှုက သူတို့ရဲ့အောင်မြင်မှုနဲ့ပတ်သက်ရင် မိဘရဲ့အသိအမှတ်ပြု၊ ဂရုထားမှု သိပ်လိုအပ်ကြတယ်။ မိဘရဲ့အာရုံစိုက်မှု၊ စိတ်ဝင်စားမှုကို ပိုတောင့်တတတ်တြာပါ။ ဒုတိယမြောက်နောက်က မွေးလာတဲ့ ကလေးတွေရဲ့သဘာဝကတော့ အထီးကျန်ခံစားမှုကို ရတတ်တယ်။ မိဘရဲ့သီးသန့်အချိန်ပေးမှုကို လိုအပ်ကြတယ်။
မိဘတွေဘက်က တောင်းဆိုမှု
အကြီးဆုံးကလေးတွေနဲ့ပတ်သက်လာရင် မိဘတွေရဲ့တောင်းဆိုမှုက မြင့်မားပါတယ်။ ခက်တာက ကလေးဆီက အသိဉာဏ်ထက်မြက်မှုရော စိတ်ပိုင်းရင့်ကျက်မှုကိုပါ
အပြီးပြည့်စုံဆုံး အဖြစ် လိုချင်တပ်မက်ကြတယ်။ ဒါဟာ မိဘတွေဘက်က အတ္တကဲတတ်မှုဖြစ်ပြီး ကိုယ့်ကလေးဟာ လူသားတစ်ယောက်သာလျှင်ဖြစ်တယ်ဆိုတဲ့ အမြင်ပါကင်းလွယ်လာပြီး ကိုယ်ပိုင်အရုပ်တစ်ခုဆန်ဆန် ပုံသွင်းလိုကြတဲ့ အဖြစ်က ကလေးအပေါ် သက်ရောက်မှုကြီးသွားတယ်။ မိဘတွေဘက်က အစစအရာရာအတွက် ပြီးပြည့်စုံမှုကိုဆောင်ဖို့ ပြင်းပြင်းထန်ထန် မောင်းနှင်အားရှိတဲ့အခါ ကလေးမှာ ကိုယ့်ဘဝကိုပစ်ပြီး မိဘအဖြစ်လိုဆုံးအတိုင်း ဖြစ်အောင်လုပ်ကြလေ့ရှိလာပါတယ်။
မွေးချင်းမောင်နှမတွေထဲ
သားဦးလေးဟာ ကိုယ့်ထက်အငယ် မွေးချင်းလေးတွေ မိသားစုမှာတိုးလာပြီး သူကိုယ်တိုင်က တစ်ဦးတည်းသားမဟုတ်တော့အခါ မြန်မြန်ဆန်ဆန် ပဲ ရင့်ကျင်သွားပါတယ်။ ညီ၊ညီမတွေကို ထပ်မွေးထားတဲ့ မိခင်ရဲ့အာရုံစိုက်မှုက မွေးစကလေးအပေါ်မှာသာ တည်ရှိနေတာကြောင့် အကြီးဆုံးသောကလေးဟာ မိဘတွေရဲ့ အလေးပေးမှုကိုပြန်ရဖို့ မောင်ငယ်၊ညီငယ်တွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးတဲ့ ကြိုးစားလာပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘရဲ့တာဝန်တွေကို ခွဲယူပေးဖို့ဖြစ်လာတဲ့အခါ အရွယ်နဲ့အမျှရင့်ကျက်မှု၊ အသိဉာဏ်ထက်မြက်မှုရော၊ လုပ်တတ်ကိုင်တတ်တဲ့ အရည်အချင်းပါ ရွယ်တူတန်းတူ သူငယ်ချင်းတွေကြားထဲ ခေါင်းတစ်လုံးပိုမြင့်နေပါလိမ့်မယ်။
Credit:nanmalgyi
အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
အေထြေထြ
» အႀကီးဆံုးသားသမီးေတြဟာ အသိဥာဏ္ျမင္႔ျပီးအေတာ္ဆံုး ျဖစ္ေၾကာင္းေတြ႔ရွိ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။