iMyanmarHouse.com - Best Property Website for Myanmar
×


ကုိယ္တန္ဖုိးထားသူကုိ မဆုံး႐ွံဳးခ်င္ရင္ လူတစ္ေယာက္နဲ႔ တစ္ေယာက္ဘယ္ေလာက္ခ်စ္ခ်စ္`ယုံၾကည္မွဳ´မ႐ွိရင္ ေဝးသြားမွာပဲ။လူတစ္ေယာက္နဲ႔ တစ္ေယာက္ဘယ္ေလာက္နားလည္ နားလည္`​ေလးစားမွဳ´မ႐ွိရင္ နားလည္မွဳ ျပဳိကြဲမွာပဲ။လူတစ္ေယာက္နဲ႔ တစ္ေယာက္ႏွစ္ေပါင္းမ်ားစြာ ဘယ္ေလာက္ပဲ လက္တြဲခဲ့ `ပြင့္လင္းမွဳ´ မ႐ွိခဲ့ရင္ႀကိတ္လုံးေတြ ထေပါက္ကြဲမွာပဲ။

လူတစ္ေယာက္နဲ႔ တစ္ေယာက္ဘယ္ေလာက္ပဲ သံ​ေယာဇဥ္​ၾကဳိးခုိင္မာပါတယ္ေျပာေျပာ `သံသယစိတ္´ဝင္လာရင္ အေနနီးေပမယ့္ရင္ခုန္သံေတြ ေဝးကြာေနရအုံးမွာပဲ။လူတစ္ေယာက္နဲ႔တစ္ေယာက္ဘယ္ေလာက္ပဲ ေမတၱာေတြနက္႐ွိဳင္းခဲ့ပါ့ေစ အခ်င္းခ်င္း`တန္ဖုိးမထားတတ္ရင္´တစ္ေယာက္ကုိတစ္ေယာက္ ဆုံး႐ွံဳးခံရမွာပဲ။

လူတစ္ေယာက္နဲ႔တစ္ေယာက္စိတ္ခ်င္းဘယ္ေလာက္ပဲထပ္တူက်တယ္ေျပာေျပာ `အမွတ္အေတးထားခဲ့ရင္´နီးလွ်က္နဲ႔ ေဝးေနၾကအုံးမွာပဲ။ကုိယ္တန္ဖုိးထားရသူေတြမဆုံးရွံဳးခ်င္ရင္ယုံၾကည္ပါ။ေလးစားပါ။ပြင့္လင္းပါ။သံသယစိတ္ကုိ ​ေမာင္းထုတ္ပါ။တန္ဖုိးထားပါ။အမွတ္အေတးမထားဘဲအျမန္ဆုံးေဖ်ာက္ပစ္ပါ

ခ်စ္သူဆုိတာ ခ်စ္ေန႐ုံနဲ႔ မျပီးဘဲသူ႔ဘက္ ကုိယ့္ဘက္မွ်​ေတြးၿပီး အခ်င္းခ်င္းနားလည္တန္ဖုိးထားတတ္မွ ထာဝရတည္ျမဲမွာပါ။

Credit: ဇင္းနစ္​ မေကြး

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


# Unicode Version ျဖင့္ ဖတ္ပါ #

ကိုယ်တန်ဖိုးထားသူကို မဆုံးရှုံးချင်ရင် လူတစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက်ချစ်ချစ်`ယုံကြည်မှု´မရှိရင် ဝေးသွားမှာပဲ။လူတစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက်နားလည် နားလည်`လေးစားမှု´မရှိရင် နားလည်မှု ပြိုကွဲမှာပဲ။လူတစ်ယောက်နဲ့ တစ်ယောက်နှစ်ပေါင်းများစွာ ဘယ်လောက်ပဲ လက်တွဲခဲ့ `ပွင့်လင်းမှု´ မရှိခဲ့ရင်ကြိတ်လုံးတွေ ထပေါက်ကွဲမှာပဲ။

လူတစ်ယောက်နဲ့ တစ်ယောက်ဘယ်လောက်ပဲ သံယောဇဉ်ကြိုးခိုင်မာပါတယ်ပြောပြော `သံသယစိတ်´ဝင်လာရင် အနေနီးပေမယ့်ရင်ခုန်သံတွေ ဝေးကွာနေရအုံးမှာပဲ။လူတစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ပဲ မေတ္တာတွေနက်ရှိုင်းခဲ့ပါ့စေ အချင်းချင်း`တန်ဖိုးမထားတတ်ရင်´တစ်ယောက်ကိုတစ်ယောက် ဆုံးရှုံးခံရမှာပဲ။

လူတစ်ယောက်နဲ့တစ်ယောက်စိတ်ချင်းဘယ်လောက်ပဲထပ်တူကျတယ်ပြောပြော `အမှတ်အတေးထားခဲ့ရင်´နီးလျှက်နဲ့ ဝေးနေကြအုံးမှာပဲ။ကိုယ်တန်ဖိုးထားရသူတွေမဆုံးရှုံးချင်ရင်ယုံကြည်ပါ။လေးစားပါ။ပွင့်လင်းပါ။သံသယစိတ်ကို မောင်းထုတ်ပါ။တန်ဖိုးထားပါ။အမှတ်အတေးမထားဘဲအမြန်ဆုံးဖျောက်ပစ်ပါ

ချစ်သူဆိုတာ ချစ်နေရုံနဲ့ မပြီးဘဲသူ့ဘက် ကိုယ့်ဘက်မျှတွေးပြီး အချင်းချင်းနားလည်တန်ဖိုးထားတတ်မှ ထာဝရတည်မြဲမှာပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top