iMyanmarHouse.com - Best Property Website for Myanmar
×


ညီညီေမာင္(စမ္းေခ်ာင္း) က ျမင့္ျမတ္နဲ႔အတူ ေနာက္ထပ္ ႐ုပ္ရွင္ကားႀကီး ႐ိုက္ကူးဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ သူဟာ မင္းသမီးတစ္ေယာက္ျဖစ္ဖို႔ ငယ္ငယ္ကတည္းက ဝါသနာပါခဲ့တာပါတဲ့။ညီညီေမာင္(စမ္းေခ်ာင္း) က သ႐ုပ္ေဆာင္ျမင့္ျမတ္နဲ႔ အတူ ႐ုပ္ရွင္ဇာတ္ကားႀကီး ထပ္႐ိုက္ဖို႔ရွိတယ္လို႔ သိရပါတယ္။ ဒီဇာတ္ကားက သရဲ ကားေလးပါလို႔လည္း မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

‘’ ၇ လပိုင္းထဲမွာ ႐ိုက္မယ့္ ဇာတ္ကားကလည္း ကိုျမင့္ျမတ္နဲ႔ျဖစ္ဖို႔မ်ားတယ္။ သူ႐ိုက္ေပးမယ္လို႔ေျပာတယ္။ သရဲကား႐ိုက္မွာ။ သရဲေၾကာက္တာာ အရမ္းေပါ့။ ညကေတာင္ သရဲကားၾကည့္ေနရင္းနဲ႔ တစ္ဝက္ကို မၾကည့္ေတာ့ပဲ ပိတ္ၿပီး မနက္က်မွ ဆက္ၾကည့္တာ အဲဒီလိုမ်ိဳး သတၱိရွိတာ’’ လို႔ L'Oreal အလွကုန္ပစၥည္း မိတ္ဆက္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

ညီညီေမာင္(စမ္းေခ်ာင္း) ဟာ ျမင့္ျမတ္နဲ႔ အတူ ‘’က်ားက်ားႀကိဳက္ႀကိဳက္’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးထဲမွာ လည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ သူဟာ မင္းသမီးအလုပ္ကို ဝါသနာပါလို႔ မင္းသမီးေတြ အေနာက္လိုက္ၿပီး မိတ္ကပ္လိမ္း ေနတာလို႔ ဆိုပါတယ္။


‘’ ၇ လပိုင္း တစ္ကားရွိမယ္၊ ၁ လပိုင္း တစ္ကားရွိမယ္။ စိတ္ဝင္စားတယ္၊ ဝါသနာပါတယ္။ ငယ္ငယ္ေလး ကတည္းက မင္းသမီး႐ူး ႐ူးေနတာ မင္းသမီးေတြေနာက္ လိုက္ေနတာေပါ့။ အဓိက ကေတာ့ ကိုယ္လည္း ဝါသနာပါၿပီး မင္းသမီးေတြေနာက္လိုက္ၿပီး ဒီကိစၥေတြ လုပ္ခ်င္တယ္။ ဒါေပမယ့္ ကန္ၿပီးေတာ့ မ႐ိုက္ေတာ့ဘူးလို႔သာေျပာတာ ၇ လပိုင္းမွာ တစ္ကား႐ိုက္ဖို႔ရွိတယ္ဆိုေတာ့ ႐ိုက္လည္း ႐ိုက္ခ်င္လာတယ္။ ဝါသနာပါလာတယ္’’ လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

ညီညီေမာင္(စမ္းေခ်ာင္း)ဟာ သ႐ုပ္ေဆာင္ မင္းသား၊ မင္းသမီးေတြကို မိတ္ကပ္လိမ္းျခယ္ေပးခဲ့တဲ့ သက္တမ္းက ဆယ္စုႏွစ္တစ္ခုကို ေက်ာ္လြန္လာၿပီျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္နဲ႔ပါ အႏုပညာေလာကထဲကို ဝင္ေရာက္လာၿပီျဖစ္ပါတယ္။


အြန္လိုင္းေပၚမွာလည္း ခ်စ္စရာေကာင္းတဲ့ ဗီဒီယို ေလး ေတြ၊ အလွဓာတ္ပုံေလးေတြ တင္တတ္တဲ့ သူ႔ကို ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြက အမ်ားအျပားရွိေနပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ ညီညီေမာင္(စမ္းေခ်ာင္း)တစ္ေယာက္ အရမ္းကို လွေနတာကို ပရိသတ္ေတြ သတိထားမိမွာပါ။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ညီညီမောင်(စမ်းချောင်း) က မြင့်မြတ်နဲ့အတူ နောက်ထပ် ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ သူဟာ မင်းသမီးတစ်ယောက်ဖြစ်ဖို့ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါတဲ့။ညီညီမောင်(စမ်းချောင်း) က သရုပ်ဆောင်မြင့်မြတ်နဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီး ထပ်ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားက သရဲ ကားလေးပါလို့လည်း မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။


‘’ ၇ လပိုင်းထဲမှာ ရိုက်မယ့် ဇာတ်ကားကလည်း ကိုမြင့်မြတ်နဲ့ဖြစ်ဖို့များတယ်။ သူရိုက်ပေးမယ်လို့ပြောတယ်။ သရဲကားရိုက်မှာ။ သရဲကြောက်တာာ အရမ်းပေါ့။ ညကတောင် သရဲကားကြည့်နေရင်းနဲ့ တစ်ဝက်ကို မကြည့်တော့ပဲ ပိတ်ပြီး မနက်ကျမှ ဆက်ကြည့်တာ အဲဒီလိုမျိုး သတ္တိရှိတာ’’ လို့ L'Oreal အလှကုန်ပစ္စည်း မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ညီညီမောင်(စမ်းချောင်း) ဟာ မြင့်မြတ်နဲ့ အတူ ‘’ကျားကျားကြိုက်ကြိုက်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ လည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ မင်းသမီးအလုပ်ကို ဝါသနာပါလို့ မင်းသမီးတွေ အနောက်လိုက်ပြီး မိတ်ကပ်လိမ်း နေတာလို့ ဆိုပါတယ်။

‘’ ၇ လပိုင်း တစ်ကားရှိမယ်၊ ၁ လပိုင်း တစ်ကားရှိမယ်။ စိတ်ဝင်စားတယ်၊ ဝါသနာပါတယ်။ ငယ်ငယ်လေး ကတည်းက မင်းသမီးရူး ရူးနေတာ မင်းသမီးတွေနောက် လိုက်နေတာပေါ့။ အဓိက ကတော့ ကိုယ်လည်း ဝါသနာပါပြီး မင်းသမီးတွေနောက်လိုက်ပြီး ဒီကိစ္စတွေ လုပ်ချင်တယ်။ ဒါပေမယ့် ကန်ပြီးတော့ မရိုက်တော့ဘူးလို့သာပြောတာ ၇ လပိုင်းမှာ တစ်ကားရိုက်ဖို့ရှိတယ်ဆိုတော့ ရိုက်လည်း ရိုက်ချင်လာတယ်။ ဝါသနာပါလာတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ညီညီမောင်(စမ်းချောင်း)ဟာ သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေကို မိတ်ကပ်လိမ်းခြယ်ပေးခဲ့တဲ့ သက်တမ်းက ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ အနုပညာလောကထဲကို ဝင်ရောက်လာပြီဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာလည်း ချစ်စရာကောင်းတဲ့ ဗီဒီယို လေး တွေ၊ အလှဓာတ်ပုံလေးတွေ တင်တတ်တဲ့ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေက အများအပြားရှိနေပါတယ်။ အခုနောက်ပိုင်းမှာတော့ ညီညီမောင်(စမ်းချောင်း)တစ်ယောက် အရမ်းကို လှနေတာကို ပရိသတ်တွေ သတိထားမိမှာပါ။


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top