iMyanmarHouse.com - Best Property Website for Myanmar
×


ရာသီေပၚ အသီးအႏွံတမ်ိဳးျဖစ္တဲ့ စေတာ္ဘယ္ရီေတြဟာ အခုလိုရာသီမွာ အလြယ္တကူ ရရွိႏိုင္ပါတယ္။ စေတာ္ဘယ္ရီသီးဟာဆိုရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက စိတ္က်ေရာဂါေတြ ကုသရာမွာ အသုံးျပဳခဲ့တဲ့ အသီးအႏွံတမ်ိဳးလည္း ျဖစ္ပါတယ္။

စေတာ္ဘယ္ရီသီးဟာ ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးႏိုင္ၿပီး ခႏၶာကိုယ္ ေသြးလွည့္ပတ္မႈ စနစ္ကိုလည္း ေကာင္းမြန္ေစတဲ့အျပင္ ေသြးတိုးေရာဂါနဲ႔ ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္ပါေသးတယ္။

ေဈးကြက္ထဲမွာ ေရာင္းခ်ေနတဲ့ စေတာ္ဘယ္ရီယို အခ်ိဳ႕ဟာ အခ်ိဳဓာတ္မ်ားလြန္းၿပီး ၾကာရွည္ခံေအာင္ ဓာတုပစၥည္းေတြ အသုံးျပဳထားတာေၾကာင့္ က်န္းမာေရးအတြက္ေတာ့ စိတ္မခ်ရပါဘူး။ ဒါေၾကာင့္မို႔လို႔ သန႔္ရွင္းလတ္ဆတ္ၿပီး ျပဳလုပ္ရလည္း လြယ္ကူတဲ့ စေတာ္ဘယ္ရီယိုျပဳလုပ္နည္းကို ဧရာဝတီ စာဖတ္ ပရိသတ္ေတြအတြက္ ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

စေတာ္ဘယ္ရီယိုျပဳလုပ္ဖို႔အတြက္ လိုအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့ —

(၁) လတ္ဆတ္တဲ့ စေတာ္ဘယ္ရီသီး
(၂) သၾကား
(၃) သံပရာရည္ အနည္းငယ္တို႔ပဲ ျဖစ္ပါတယ္။

ထည့္သြင္းရမယ့္ အခ်ိဳးအစားကလည္း မခက္ခဲပါဘူး။ စေတာ္ဘယ္ရီသီး ၂ ဆ ကို သၾကား ၁ ဆ အခ်ိဳးအတိုင္း ျပဳလုပ္ရမွာ ျဖစ္ပါတယ္။

ျပဳလုပ္နည္းကေတာ့ စေတာ္ဘယ္ရီသီးေတြကို ေရေဆး၊ ပါးပါး လွီးထားၿပီး ယိုထိုးမယ့္ အိုးထဲကို ထည့္ပါ။ ၿပီးရင္ သၾကား ထည့္ပါ။ ေရထည့္စရာ မလိုပါဘူး။ မီးဖိုေပၚမွာ အပူေပးထားၿပီး အခ်ိန္အနည္းငယ္ၾကာလာရင္ေတာ့ သၾကား အရည္ေပ်ာ္လာၿပီး စေတာ္ဘယ္ရီသီးက ထြက္တဲ့ အရည္ေတြနဲ႔ ေပါင္းကာ ခပ္ပ်စ္ပ်စ္အေနအထားကို ေရာက္လာပါမယ္။

မီးအရွိန္ေလွ်ာ့ၿပီး မီးဖိုေပၚမွာ အနည္းဆုံး ၁၀ မိနစ္ေလာက္ ၾကာေအာင္ ေမႊေပးၿပီး ပ်စ္လာၿပီ ဆိုရင္ေတာ့ သံပရာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန႔္ထည့္ကာ မီးဖိုေပၚကခ်ၿပီး ၃ မိနစ္ေလာက္ အေအးခံထားေပးရပါမယ္။ ဒီေနရာမွာ တခုသတိထားရမွာက မီးဖိုေပၚကခ်ၿပီး အေအးခံခ်ိန္ဟာ ၃ မိနစ္ေလာက္ပဲ ရွိရမွာ ျဖစ္ပါတယ္။ ၾကာၾကာထားရင္ ခဲသြားႏိုင္တာေၾကာင့္ သတိထားသင့္ပါတယ္။

ၿပီးရင္ေတာ့ ေျခာက္ေသြ႕ၿပီး သန႔္ရွင္းတဲ့ ဖန္ပုလင္း အလြတ္တခုထဲထည့္ကာ အဖုံးကို ေသခ်ာလုံေအာင္ပိ တ္ေပးၿပီး ေရခဲေသတၱာထဲ သိမ္းဆည္းထားႏိုင္ၿပီ ျဖစ္ပါတယ္။ ေပါင္မုန႔္နဲ႔ပဲ စားစား၊ ေရခဲမုန႔္နဲ႔ပဲ တြဲစားစား အရသာရွိတဲ့ စေတာ္ဘယ္ရီယိုကို ဓာတုပစၥည္းေတြ မပါဝင္ဘဲ သန႔္ရွင္းလတ္ဆတ္စြာ စားသုံးႏိုင္ၿပီ ျဖစ္ပါတယ္။

Credit: burma.irrawaddy

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ရာသီပေါ် အသီးအနှံတမျိုးဖြစ်တဲ့ စတော်ဘယ်ရီတွေဟာ အခုလိုရာသီမှာ အလွယ်တကူ ရရှိနိုင်ပါတယ်။ စတော်ဘယ်ရီသီးဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက စိတ်ကျရောဂါတွေ ကုသရာမှာ အသုံးပြုခဲ့တဲ့ အသီးအနှံတမျိုးလည်း ဖြစ်ပါတယ်။

စတော်ဘယ်ရီသီးဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ် သွေးလှည့်ပတ်မှု စနစ်ကိုလည်း ကောင်းမွန်စေတဲ့အပြင် သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ စတော်ဘယ်ရီယို အချို့ဟာ အချိုဓာတ်များလွန်းပြီး ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေ အသုံးပြုထားတာကြောင့် ကျန်းမာရေးအတွက်တော့ စိတ်မချရပါဘူး။ ဒါကြောင့်မို့လို့ သန့်ရှင်းလတ်ဆတ်ပြီး ပြုလုပ်ရလည်း လွယ်ကူတဲ့ စတော်ဘယ်ရီယိုပြုလုပ်နည်းကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။

စတော်ဘယ်ရီယိုပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ —

(၁) လတ်ဆတ်တဲ့ စတော်ဘယ်ရီသီး
(၂) သကြား
(၃) သံပရာရည် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ထည့်သွင်းရမယ့် အချိုးအစားကလည်း မခက်ခဲပါဘူး။ စတော်ဘယ်ရီသီး ၂ ဆ ကို သကြား ၁ ဆ အချိုးအတိုင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ စတော်ဘယ်ရီသီးတွေကို ရေဆေး၊ ပါးပါး လှီးထားပြီး ယိုထိုးမယ့် အိုးထဲကို ထည့်ပါ။ ပြီးရင် သကြား ထည့်ပါ။ ရေထည့်စရာ မလိုပါဘူး။ မီးဖိုပေါ်မှာ အပူပေးထားပြီး အချိန်အနည်းငယ်ကြာလာရင်တော့ သကြား အရည်ပျော်လာပြီး စတော်ဘယ်ရီသီးက ထွက်တဲ့ အရည်တွေနဲ့ ပေါင်းကာ ခပ်ပျစ်ပျစ်အနေအထားကို ရောက်လာပါမယ်။

မီးအရှိန်လျှော့ပြီး မီးဖိုပေါ်မှာ အနည်းဆုံး ၁၀ မိနစ်လောက် ကြာအောင် မွှေပေးပြီး ပျစ်လာပြီ ဆိုရင်တော့ သံပရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ထည့်ကာ မီးဖိုပေါ်ကချပြီး ၃ မိနစ်လောက် အအေးခံထားပေးရပါမယ်။ ဒီနေရာမှာ တခုသတိထားရမှာက မီးဖိုပေါ်ကချပြီး အအေးခံချိန်ဟာ ၃ မိနစ်လောက်ပဲ ရှိရမှာ ဖြစ်ပါတယ်။ ကြာကြာထားရင် ခဲသွားနိုင်တာကြောင့် သတိထားသင့်ပါတယ်။

ပြီးရင်တော့ ခြောက်သွေ့ပြီး သန့်ရှင်းတဲ့ ဖန်ပုလင်း အလွတ်တခုထဲထည့်ကာ အဖုံးကို သေချာလုံအောင်ပိ တ်ပေးပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းထားနိုင်ပြီ ဖြစ်ပါတယ်။ ပေါင်မုန့်နဲ့ပဲ စားစား၊ ရေခဲမုန့်နဲ့ပဲ တွဲစားစား အရသာရှိတဲ့ စတော်ဘယ်ရီယိုကို ဓာတုပစ္စည်းတွေ မပါဝင်ဘဲ သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

Credit: burma.irrawaddy

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top