iMyanmarHouse.com - Best Property Website for Myanmar
×


ျမင့္ျမတ္ဟာ သူခ်စ္တဲ့ေကာင္မေလးနဲ႔ လက္ထပ္ၿပီး သားဦးေလး ဂ်င္းေကာင္ေပါက္စေလးကိုရထားတာ လပိုင္းသာရွိပါေသးတယ္။ သားေလးနဲ႔အမ်ိဳးသမီးကိုျမင့္ျမတ္က တုန္ေနေအာင္ခ်စ္တာျဖစ္ၿပီး သားေလးကိုဆို လြမ္းလြန္းလို႔ ရႈတင္ကိုပါေခၚလာတဲ့ရက္ေတြလည္းရွိတယ္လို႔သိရပါတယ္။အခုေတာ့ မၾကာေသးမီက အင္တာဗ်ဴးတစ္ခုမွာ ျမင့္ျမတ္ကမိန္းမနဲ႔ျပႆနာတက္ဖို႔ရာရွိေၾကာင္းနဲ႔ လက္ရွိအႏုပညာလႈပ္ရွားမႈေတြအေၾကာင္းလည္းေျပာျပလာပါတယ္။

ျမင့္ျမတ္က ဟီး႐ိုး႐ုပ္ရွင္ဇာတ္ကားထဲမွာ နမ္းတဲ့အခန္းေတြနဲ႔ကုတင္ေပၚကအခန္းေတြကို႐ိုက္ျဖစ္ခဲ့ပုံကိုအေမးခံရတဲ့အခ်ိန္မွာ “ဟာ.. အဲ့ဒါ အိမ္ကမိန္းမနဲ႔ျပႆနာတက္မယ့္ေမးခြန္းပဲ”လို႔ ရယ္ေမာရင္းညည္းတြားလာခဲ့ၿပီး ႐ုပ္ရွင္ဇာတ္ဝင္ခန္းအေၾကာင္းကို “သူက အဲဒါကိုလိုခ်င္တာေလ။ ဒီလိုပါပဲ။ အမွန္တကယ္ကေတာ့ မဟုတ္ဘူးေပါ့ေနာ္။ သူကအဲ့လိုဘိမွာ ရဲဝင္ဖမ္းတဲ့အခ်ိန္ ဝ႐ုန္းသုန္းကားနဲ႔ျမင္လိုက္ရေတာ့ သူ႔စိတ္ထဲကထင္တာေတြေပါ့ေနာ္။ အဲ့လိုမ်ိဳးအေတြးေလးပါ။ ႐ိုက္တာလည္းခဏေလးပါပဲ။ ဒါ႐ိုက္တာခိုင္းလို႔လုပ္ရတာပါလို႔”ဆိုၿပီး ရွင္းျပထားပါတယ္။


မိန္းမက ဒီဇာတ္ဝင္ခန္းကိုေတြ႕ေတာ့ ဘယ္လိုမွတ္ခ်က္ေပးလဲဆိုေတာ့ “မိန္းမကေတာ့ မေတြ႕ေသးဘူးေလ။ သူေတြ႕ရင္ေတာ့ ဘာေျပာမလဲမသိဘူး”လို႔ ေျဖထားၿပီး ဝတ္မႈန္ေ႐ႊရည္နဲ႔႐ိုက္ထားတဲ့ ဟီး႐ိုးဇာတ္ကားရဲ႕ဇာတ္လမ္းအေၾကာင္းကို “ကြၽန္ေတာ္ကေလ ကိုယ့္ရဲ႕ဆုံးျဖတ္ခ်က္တစ္ခုက ကိုယ့္ရဲ႕အတၱတစ္ခုက ဘယ္ေတာ့မွအမွန္မဟုတ္ဘူးဆိုတဲ့ဟာေလးေတာ့ ကြၽန္ေတာ္သြားေတြ႕တယ္။လူေတြက တစ္ထစ္ခ်ဗ်ာ ကိုယ္လုပ္တာမွအမွန္ ကိုယ္ထင္တာအမွန္ဆိုၿပီးလုပ္ၾကတယ္။ ဒါေပမယ့္ သူတို႔မသိႏိုင္တဲ့အမွန္တရားေတြအမ်ားႀကီးအမ်ားႀကီးရွိတယ္။အဲဒီဟာေလးတစ္ခုေတာ့ ကြၽန္ေတာ္ Message ရတယ္ေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

ဟီး႐ိုးဇာတ္ကားထဲမွာ ပါဝင္အားျဖည့္ေပးရတဲ့ ကိုလူေခ်ာမ်ားအဖြဲ႕လူၾကမ္းေတြကိုလည္း စာနာမိေၾကာင္း “ကြၽန္ေတာ္အသည္းယားတာ ကိုလူေခ်ာအဖြဲ႕လူၾကမ္းေတြကိုအသည္းယားတာဗ်။ ဒါ႐ိုက္တာခိုင္းတာမွန္သမွ်ကိုမညည္းမညဴနဲ႔ေသခ်ာႀကိဳးစားၿပီးသ႐ုပ္ေဆာင္ခဲ့တာ။ နာတယ္ဗ်ာ ဒဏ္ရာေတြလည္းရတယ္။ ထမင္းဆိုင္မွာရန္ျဖစ္တဲ့ scenes ဆိုရင္လည္း မီးေခ်ာင္းေတြကအစအစစ္ေတြ အဲ့လိုအၾကမ္းပတမ္းအနာခံၿပီးဇာတ္ကားေကာင္းဖို႔အတြက္အေကာင္းဆုံးပံ့ပိုးေပးခဲ့ၾကတာပါ။ တကယ္ေလးစားဖို႔ေကာင္းပါတယ္”လို႔ ရင္ဖြင့္ထားပါတယ္။


ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ျမင့္ျမတ္ကိုခ်စ္ၾကလား။ျမင့္ျမတ္ရဲ႕ဇာတ္ကားေတြကိုအားေပးၾကလား။ ျမင့္ျမတ္တစ္ေယာက္ ဟီး႐ိုးဇာတ္ကား႐ုံတင္တဲ့အခါ မိန္းမနဲ႔ျပႆနာမတက္ပါေစနဲ႔လို႔လည္းဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Credit: Can’t Wait To Say

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

မြင့်မြတ်ဟာ သူချစ်တဲ့ကောင်မလေးနဲ့ လက်ထပ်ပြီး သားဦးလေး ဂျင်းကောင်ပေါက်စလေးကိုရထားတာ လပိုင်းသာရှိပါသေးတယ်။ သားလေးနဲ့အမျိုးသမီးကိုမြင့်မြတ်က တုန်နေအောင်ချစ်တာဖြစ်ပြီး သားလေးကိုဆို လွမ်းလွန်းလို့ ရှုတင်ကိုပါခေါ်လာတဲ့ရက်တွေလည်းရှိတယ်လို့သိရပါတယ်။အခုတော့ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ မြင့်မြတ်ကမိန်းမနဲ့ပြဿနာတက်ဖို့ရာရှိကြောင်းနဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းလည်းပြောပြလာပါတယ်။


မြင့်မြတ်က ဟီးရိုးရုပ်ရှင်ဇာတ်ကားထဲမှာ နမ်းတဲ့အခန်းတွေနဲ့ကုတင်ပေါ်ကအခန်းတွေကိုရိုက်ဖြစ်ခဲ့ပုံကိုအမေးခံရတဲ့အချိန်မှာ “ဟာ.. အဲ့ဒါ အိမ်ကမိန်းမနဲ့ပြဿနာတက်မယ့်မေးခွန်းပဲ”လို့ ရယ်မောရင်းညည်းတွားလာခဲ့ပြီး ရုပ်ရှင်ဇာတ်ဝင်ခန်းအကြောင်းကို “သူက အဲဒါကိုလိုချင်တာလေ။ ဒီလိုပါပဲ။ အမှန်တကယ်ကတော့ မဟုတ်ဘူးပေါ့နော်။ သူကအဲ့လိုဘိမှာ ရဲဝင်ဖမ်းတဲ့အချိန် ဝရုန်းသုန်းကားနဲ့မြင်လိုက်ရတော့ သူ့စိတ်ထဲကထင်တာတွေပေါ့နော်။ အဲ့လိုမျိုးအတွေးလေးပါ။ ရိုက်တာလည်းခဏလေးပါပဲ။ ဒါရိုက်တာခိုင်းလို့လုပ်ရတာပါလို့”ဆိုပြီး ရှင်းပြထားပါတယ်။

မိန်းမက ဒီဇာတ်ဝင်ခန်းကိုတွေ့တော့ ဘယ်လိုမှတ်ချက်ပေးလဲဆိုတော့ “မိန်းမကတော့ မတွေ့သေးဘူးလေ။ သူတွေ့ရင်တော့ ဘာပြောမလဲမသိဘူး”လို့ ဖြေထားပြီး ဝတ်မှုန်ရွှေရည်နဲ့ရိုက်ထားတဲ့ ဟီးရိုးဇာတ်ကားရဲ့ဇာတ်လမ်းအကြောင်းကို “ကျွန်တော်ကလေ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တစ်ခုက ကိုယ့်ရဲ့အတ္တတစ်ခုက ဘယ်တော့မှအမှန်မဟုတ်ဘူးဆိုတဲ့ဟာလေးတော့ ကျွန်တော်သွားတွေ့တယ်။လူတွေက တစ်ထစ်ချဗျာ ကိုယ်လုပ်တာမှအမှန် ကိုယ်ထင်တာအမှန်ဆိုပြီးလုပ်ကြတယ်။ ဒါပေမယ့် သူတို့မသိနိုင်တဲ့အမှန်တရားတွေအများကြီးအများကြီးရှိတယ်။အဲဒီဟာလေးတစ်ခုတော့ ကျွန်တော် Message ရတယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

ဟီးရိုးဇာတ်ကားထဲမှာ ပါဝင်အားဖြည့်ပေးရတဲ့ ကိုလူချောများအဖွဲ့လူကြမ်းတွေကိုလည်း စာနာမိကြောင်း “ကျွန်တော်အသည်းယားတာ ကိုလူချောအဖွဲ့လူကြမ်းတွေကိုအသည်းယားတာဗျ။ ဒါရိုက်တာခိုင်းတာမှန်သမျှကိုမညည်းမညူနဲ့သေချာကြိုးစားပြီးသရုပ်ဆောင်ခဲ့တာ။ နာတယ်ဗျာ ဒဏ်ရာတွေလည်းရတယ်။ ထမင်းဆိုင်မှာရန်ဖြစ်တဲ့ scenes ဆိုရင်လည်း မီးချောင်းတွေကအစအစစ်တွေ အဲ့လိုအကြမ်းပတမ်းအနာခံပြီးဇာတ်ကားကောင်းဖို့အတွက်အကောင်းဆုံးပံ့ပိုးပေးခဲ့ကြတာပါ။ တကယ်လေးစားဖို့ကောင်းပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မြင့်မြတ်ကိုချစ်ကြလား။မြင့်မြတ်ရဲ့ဇာတ်ကားတွေကိုအားပေးကြလား။ မြင့်မြတ်တစ်ယောက် ဟီးရိုးဇာတ်ကားရုံတင်တဲ့အခါ မိန်းမနဲ့ပြဿနာမတက်ပါစေနဲ့လို့လည်းဆုတောင်းပေးလိုက်ပါတယ်နော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top