iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ဥ္းေတာ္သိမ္းရြက္ကို ပဲကုလားဟင္း၊ အရည္ေသာက္ခ်က္တဲ့အခါ အေမႊးန႔ံရေအာင္ ခတ္တဲ့အရြက္တမ်ိဳးျဖစ္ပါတယ္။ တခ်ိဳ႕ကေတာ့ ပ်ဥ္းေတာ္သိမ္းကို တို႕စားျကပါတယ္။ ဟင္းတိုင္းမွာ ပ်ဥ္းေတာ္သိမ္းအရြက္ကို ထည့္ခ်က္မယ္ဆိုရင္ သာမန္ထက္ အရသာပိုေကာင္းပါတယ္။ ကာဗြန္ဟိုက္ဒရိတ္၊ အမွ်င္ဓာတ္၊ ကယ္ဆီယမ္၊ ေဖာ္စေဖာ့ရစ္၊ သံဓာတ္ႏွင့္ ဗီတာမင္ဓာတ္ေတြနဲ႕ျပည့္ေနတဲ့ ပ်ဥ္းေတာ္သိမ္းရြက္က ကၽြႏ္ုပ္တို႕ရဲ႕ႏွလံုးလုပ္ေဆာင္ခ်က္ေတြကို ေကာင္းမြန္ေစပါတယ္။ ဒါေျကာင့္ ပ်ဥ္းေတာ္သိမ္းရြက္ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးတခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ရပါတယ္။

ေသြးအားနည္းေရာဂါကို ထိန္းေပးျခင္း

ပ်ဥ္းေတာ္သိမ္းရြက္က သံဓာတ္နဲ႕ေဖာ္လစ္အက္ဆစ္တို႕ ျကြယ္ဝစြာပါဝင္ပါတယ္။ ေဖာ္လစ္အက္ဆစ္က ကၽြႏ္ုပ္တို႕ခႏၶာကိုယ္ကို သံဓာတ္ စုတ္ယူေအာင္ လုပ္ေဆာင္ေပးပါတယ္။ ေသြးအားနည္းေရာဂါရွိသူကို သံဓာတ္ျဖည့္တင္းေပးတဲ့အတြက္ အထူးေကာင္းမြန္ပါတယ္။

ဆီးခ်ိဳေရာဂါကို တိုက္ခိုက္ေပးျခင္း

ပ်ဥ္းေတာ္သိမ္းရြက္က အင္ဆူလင္လုပ္ေဆာင္ခ်က္ကို ထိေရာက္ေစျခင္းအားျဖင့္ ေသြးအတြင္းမွ သျကားဓာတ္ကို ေလ်ာ့နည္းေအာင္ ကူညီေပးပါတယ္။ အရြက္မွာ ပါဝင္တဲ့ အမွ်င္ဓာတ္ပမာဏက သျကားဓာတ္ေလ်ာ့နည္းေစတဲ့ အေရးပါတဲ့အရာျဖစ္ပါတယ္။ ဒါေျကာင့္ ဆီးခ်ိဳေရာဂါရွိသူေတြအတြက္ ပ်ဥ္းေတာ္သိမ္းရြက္က ေသြးအတြင္းမွ သျကားဓာတ္ကို ထိန္းေပးတဲ့ သဘာဝနည္းလမ္းေကာင္းျဖစ္ပါတယ္။

အစာေျကလြယ္ျခင္း

ပ်ဥ္းေတာ္သိမ္းရြက္ကို အစာေျကစနစ္ကို တိုးတတ္ေစတဲ့အရြက္အျဖစ္ လူသိမ်ားျကပါတယ္။ က်ႏ္ုပ္တို႕ခႏၶာကိုယ္ရဲ႕ အဆီစုပ္ယူတဲ့နည္းကို ေျပာင္းလဲေစျပီး ကိုယ္အေလးခ်ိန္က်ေအာင္ ကူညီေပးပါတယ္။

ကိုလက္စထေရာဓာတ္ကို ေလ်ာ့နည္းေစျခင္း

ပ်ဥ္းေတာ္သိမ္းရြက္က ေသြးအတြင္းမွ ကိုလက္စထေရာဓာတ္ကို နည္းေအာင္ ကူညီေပးတဲ့ အာနိသင္ရွိပါတယ္။ အန္တီေအာက္စီဒန္႕ပါဝင္တဲ့အတြက္ ကၽြႏ္ုပ္တိုကခႏၶာကိုယ္ကို ႏွလံုးေရာဂါကဲ့သို႕ေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

ဆံပင္ျဖဴျခင္းကို ကာကြယ္ေပးျခင္း

ပ်ဥ္းေတာ္သိမ္းရြက္က ဆံပင္ျဖဴျခင္းကိုလဲ ကာကြယ္ေပးပါတယ္။ ဒါအျပင့္ ဆံပင္ပ်က္စီးျခင္းကို ကုသျခင္း၊ ဆံပင္သန္လာျခင္း၊ ဆံပင္ကၽြတ္ျခင္းႏွင့္ေဗာက္ထျခင္းတို႕ကိုကုသတဲ့အခါမွာလဲ အရမ္းထိေရာက္မႈရွိပါတယ္။ ဒီအက်ိဳးေက်းဇူးနဲ႕ပတ္သတ္ျပီး အေကာင္းဆံုးအခ်က္က ပ်ဥ္းေတာ္သိမ္းရြက္ကို စားလို႕ရရုံသာမက ဦးေရျပားမွာလဲ အသံုးျပဳေပးလို႕ရပါတယ္။

Credit:nanmalgyi
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ပျဉ်းတော်သိမ်းရွက်ကို ပဲကုလားဟင်း၊ အရည်သောက်ချက်တဲ့အခါ အမွှေးနံ့ရအောင် ခတ်တဲ့အရွက်တမျိုးဖြစ်ပါတယ်။ တချို့ကတော့ ပျဉ်းတော်သိမ်းကို တို့စားကြပါတယ်။ ဟင်းတိုင်းမှာ ပျဉ်းတော်သိမ်းအရွက်ကို ထည့်ချက်မယ်ဆိုရင် သာမန်ထက် အရသာပိုကောင်းပါတယ်။ ကာဗွန်ဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ကယ်ဆီယမ်၊ ဖော်စဖော့ရစ်၊ သံဓာတ်နှင့် ဗီတာမင်ဓာတ်တွေနဲ့ပြည့်နေတဲ့ ပျဉ်းတော်သိမ်းရွက်က ကျွန်ုပ်တို့ရဲ့နှလုံးလုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ပျဉ်းတော်သိမ်းရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

သွေးအားနည်းရောဂါကို ထိန်းပေးခြင်း

ပျဉ်းတော်သိမ်းရွက်က သံဓာတ်နဲ့ဖော်လစ်အက်ဆစ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဖော်လစ်အက်ဆစ်က ကျွန်ုပ်တို့ခန္ဓာကိုယ်ကို သံဓာတ် စုတ်ယူအောင် လုပ်ဆောင်ပေးပါတယ်။ သွေးအားနည်းရောဂါရှိသူကို သံဓာတ်ဖြည့်တင်းပေးတဲ့အတွက် အထူးကောင်းမွန်ပါတယ်။

ဆီးချိုရောဂါကို တိုက်ခိုက်ပေးခြင်း

ပျဉ်းတော်သိမ်းရွက်က အင်ဆူလင်လုပ်ဆောင်ချက်ကို ထိရောက်စေခြင်းအားဖြင့် သွေးအတွင်းမှ သကြားဓာတ်ကို လျော့နည်းအောင် ကူညီပေးပါတယ်။ အရွက်မှာ ပါဝင်တဲ့ အမျှင်ဓာတ်ပမာဏက သကြားဓာတ်လျော့နည်းစေတဲ့ အရေးပါတဲ့အရာဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေအတွက် ပျဉ်းတော်သိမ်းရွက်က သွေးအတွင်းမှ သကြားဓာတ်ကို ထိန်းပေးတဲ့ သဘာဝနည်းလမ်းကောင်းဖြစ်ပါတယ်။

အစာကြေလွယ်ခြင်း

ပျဉ်းတော်သိမ်းရွက်ကို အစာကြေစနစ်ကို တိုးတတ်စေတဲ့အရွက်အဖြစ် လူသိများကြပါတယ်။ ကျန်ုပ်တို့ခန္ဓာကိုယ်ရဲ့ အဆီစုပ်ယူတဲ့နည်းကို ပြောင်းလဲစေပြီး ကိုယ်အလေးချိန်ကျအောင် ကူညီပေးပါတယ်။

ကိုလက်စထရောဓာတ်ကို လျော့နည်းစေခြင်း

ပျဉ်းတော်သိမ်းရွက်က သွေးအတွင်းမှ ကိုလက်စထရောဓာတ်ကို နည်းအောင် ကူညီပေးတဲ့ အာနိသင်ရှိပါတယ်။ အန်တီအောက်စီဒန့်ပါဝင်တဲ့အတွက် ကျွန်ုပ်တိုကခန္ဓာကိုယ်ကို နှလုံးရောဂါကဲ့သို့ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဆံပင်ဖြူခြင်းကို ကာကွယ်ပေးခြင်း

ပျဉ်းတော်သိမ်းရွက်က ဆံပင်ဖြူခြင်းကိုလဲ ကာကွယ်ပေးပါတယ်။ ဒါအပြင့် ဆံပင်ပျက်စီးခြင်းကို ကုသခြင်း၊ ဆံပင်သန်လာခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့်ဗောက်ထခြင်းတို့ကိုကုသတဲ့အခါမှာလဲ အရမ်းထိရောက်မှုရှိပါတယ်။ ဒီအကျိုးကျေးဇူးနဲ့ပတ်သတ်ပြီး အကောင်းဆုံးအချက်က ပျဉ်းတော်သိမ်းရွက်ကို စားလို့ရရုံသာမက ဦးရေပြားမှာလဲ အသုံးပြုပေးလို့ရပါတယ်။

Credit:nanmalgyi
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top