iMyanmarHouse.com - Best Property Website for Myanmar
×

 ျမန္မာႏုိင္ငံရဲ႕ ေအာင္ျမင္ေက်ာ္ၾကားတဲ့ Beauty Bloggerတစ္ေယာက္ျဖစ္တဲ့အျပင္ အခုေနာက္ပုိင္းမွာ ႐ုပ္႐ွင္ကားေတြေရာ ႐ုိက္လာၿပီး ပရိသတ္အားေပးခ်စ္ခင္မႈကုိ ပုိင္ဆုိင္ထားတဲ့ ေနျခည္ဦး ကေတာ့ အင္တာဗ်ဴးတစ္ခုမွာ ေဟာင္ေကာင္က ျမန္မာႏုိင္ငံမွာ လာေရာက္ ႐ုိက္ကူးေနတဲ့ Line Walker 2 ႐ုပ္႐ွင္ဇာတ္ကားႀကီးအေပၚ သူ႔ရဲ႕ အျမင္ကုိ ေျပာသြားခဲ့သလုိ သူကုိယ္တုိင္လည္း ဂ်ိမ္းစ္ဘြန္း႐ုပ္႐ွင္ကားႀကီးရဲ႕ ႐ုိက္ကူးမႈကုိ ျမင္ဖူးတယ္လုိ႔ ေျပာသြားခဲ့ပါတယ္။

Line Walker 2 နဲ႔ပတ္သက္ၿပီး ေနျခည္ဦးက “ေတာ္ေတာ္ၾကမ္းတာ ေနျခည္ ႏုိင္ငံျခားမွာ ေက်ာင္းတက္တုန္းက တစ္ခါေနျခည္ျမင္ဖူးတယ္ ဂ်ိမ္းစ္ဘြန္းကား႐ုိက္တုန္းက လန္ဒန္မွာ ေနျခည့္အေဒၚအိမ္ေပၚေပါ့ေနာ္။ ကြန္ဒုိႀကီးမွာ အဲ့ကားပါကင္ ေလးမွာ ႐ုိက္ဖုိ႔ကုိ အဲ့ကြန္ဒုိႀကီးတစ္ခုလုံးကုိ ဒီေကာ္မတီတုိ႔ဘာတုိ႔ကုိေပါ့ေနာ္ ႐ွိသမွ်လူေတြ အကုန္လုံးကုိ ၂လၾကဳိၿပီးေျပာတယ္။ ၿပီးေတာ့ အဲ့ကား႐ုိက္ဖုိ႔ Premier ထြက္လာရင္ အိမ္တုိင္း အိမ္တုိင္း Premier အတြက္ ႐ုပ္႐ွင္လက္မွတ္ေလးေတြ လက္ေဆာင္ေပးတယ္။ အဲ့လုိမ်ိဳးဟာကုိ ေနျခည္ ၾကားဖူးတယ္။ ေအယ္ ဂ်ိမ္းစ္ဘြန္းဒီကားပါကင္ေလးကုိ လာ႐ုိက္ဖုိ႔ေတာင္ ဒီေလာက္အထိ လုပ္တယ္ေပါ့ေနာ္။ တကယ္လာ႐ုိက္ေတာ့လည္း အဲ့ႏွစ္နာရီသုံးနာရီအတြင္းမွာ အျပတ္႐ုိက္တယ္ ဘယ္သူမွ အိမ္ထဲေပးမဝင္ အခန္းထဲကေနလည္း အျပင္ကုိ ေပးမထြက္ဘူးေပါ့ေနာ္။

တကယ္အဲ့ကားႀကီး Premier တင္တုန္းကလည္း ေနျခည္တုိ႔အေဒၚေတြကုိ ႐ုပ္႐ွင္လက္မွတ္ေလးေပးတယ္။ သူတုိ႔ရဲ႕တကယ္ Pre ေရာ Duringေရာ post ေရာမွာ ေသခ်ာ အကြက္က်က်လုပ္တာကုိ ေနျခည္ကၾကားဖူးတယ္။ အခုဒီ Line Walker လာတုန္းကလည္း ဒီလုိမ်ိဳး လမ္းေတြ ပိတ္ၿပီး လုပ္မယ္ဆုိကတည္းက သူတုိ႔ ျမန္မာႏုိင္ငံမွာမွ မဟုတ္ဘူး တစ္ျခားႏုိင္ငံဘယ္မွာပဲ ျဖစ္ျဖစ္ စနစ္တက်ေသေသခ်ာခ်ာ Plan လုပ္ၿပီးမွ လုပ္တဲ့ Production တစ္ခုလာတယ္လုိ႔ ျမင္တယ္။

ေနာက္တစ္ခုက ေနျခည္က ဘယ္လုိျမင္လဲဆုိရင္ ဒါျမန္မာႏုိင္ငံကုိ Marketing ဆင္းၿပီးသား ျဖစ္သြားတယ္လုိ႔ ေနျခည္ျမင္တယ္။ Line Walker fans ေတြ အမ်ားႀကီး႐ွိတယ္ အခုဆုိရင္ Line Walker ကုိေနျခည္တုိ႔ နံပါတ္တစ္ကုိ မၾကည့္ဖူးဘူး။ မၾကည့္ဖူးတဲ့သူေတာင္ စိတ္ဝင္စားသြားၿပီ ကုိယ့္ႏုိင္ငံမွာ ႐ုိက္တာျဖစ္တဲ့အတြက္ ဆူးေလ ဘုရားႀကီးကုိေနျခည္ျမင္ခ်င္တယ္။ လူေတြေျပးေနတာေတြ ေနျခည္ျမင္ခ်င္တယ္။ Husky ေတြေသနတ္ေတြဘာေတြနဲ႔ ကုိယ့္ရဲ႕ ႏုိင္ငံရဲ႕ စက္တင္ႀကီးမွာ လုပ္ေနတာ တကယ့္ဟာႀကီးေတြကုိ ျမင္ခ်င္တာ ျဖစ္တဲ့အတြက္ ဒီကားထြက္လာရင္ ေသခ်ာတယ္ ျမန္မာႏုိင္ငံမွာ ဝက္ဝက္ကြဲေအာင္ျမင္တဲ့ကားတစ္ကားလုိ႔ျမင္တယ္။ အဲ့တာေၾကာင့္ သူတုိ႔လာရတဲ့ ကုန္က်စရိတ္ေတြ အရမ္းမ်ားတယ္ ေဒၚလာကုိ သန္းနဲ႔ခ်ီတယ္ ဒါေပမဲ့သူတုိ႔ျပန္ရမယ့္ဟာကလည္း ျမန္မာႏုိင္ငံ ပရိသတ္ႀကီးတစ္လုံးကုိ ႐ုပ္႐ွင္ခ်စ္တဲ့ ပရိသတ္ႀကီးအကုန္လုံးကုိ ရမွာ ျဖစ္တဲ့အတြက္ ဒီကားဒီလုိမ်ိဴးလုပ္တာ ေတာ္ေတာ္ Idea တစ္ခုလုိ႔ ေနျခည္ျမင္ပါတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

လမ္းေတြ ပိတ္ၿပီး ႐ုိက္တာနဲ႔ပတ္သက္ၿပီး “ဒါက ေနျခည္တုိ႔ ္အဆင့္ေတာင္ မဟုတ္ဘူးေလ အဆင့္ဆင့္ကုိ စာေတြတင္ၿပီး ေသခ်ာ လုပ္ၿပီး ဟုိက Permission က်လုိ႔ ေပးလုပ္တဲ့ဟာမွာ ေနျခည္တုိ႔မွာ ေဝဖန္ခြင့္ဘာမွမ႐ွိပါဘူး။ ဒီလုိ မ်ိဳးျဖစ္ဖုိ႔အတြက္လည္း သူတုိ႔တန္ရာတန္ေၾကးလည္း ေပးမွာပဲ ဟုိကေပးလုိက္တဲ့ စည္းမ်ဥ္းစည္းကမ္းအတုိင္းလည္း သူတုိ႔လုပ္မွာပဲ။ ၾကည့္ရမယ့္ပရိသတ္အေနနဲ႔လည္း ေနျခည္ကေတာ့ တန္တယ္လုိ႔ ထင္တာပဲ။ အဲ့မွာဆုိရင္ ႐ုပ္႐ွင္သ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး သြားၾကည့္ၾကတယ္။ ပရိသတ္ေတြလည္း အမ်ားႀကီးသြားၾကည့္ၾကတာျဖစ္တဲ့အတြက္ ဒီလုိမ်ိဳးခဏေလး ပိတ္ဆုိ႔မႈမွာ သူတုိ႔ ေသေသခ်ာခ်ာေျပာၿပီးမွ ပိတ္ဆုိ႔တာျဖစ္တဲ့အတြက္ ေနျခည္ကေတာ့ ဒါစည္းစနစ္တက်လုပ္တာ ျမန္မာႏုိင္ငံမွာလည္း ဒီလုိမ်ိဴး႐ုိက္ရင္ ဒီလုိမ်ိဳး လုပ္ရင္ေတာ့ လုပ္ေပးသင့္တယ္လုိ႔ ေနျခည္ထင္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit:nanmalgyi
 အႏုပညာ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ Beauty Bloggerတစ်ယောက်ဖြစ်တဲ့အပြင် အခုနောက်ပိုင်းမှာ ရုပ်ရှင်ကားတွေရော ရိုက်လာပြီး ပရိသတ်အားပေးချစ်ခင်မှုကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦး ကတော့ အင်တာဗျူးတစ်ခုမှာ ဟောင်ကောင်က မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးနေတဲ့ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးအပေါ် သူ့ရဲ့ အမြင်ကို ပြောသွားခဲ့သလို သူကိုယ်တိုင်လည်း ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားကြီးရဲ့ ရိုက်ကူးမှုကို မြင်ဖူးတယ်လို့ ပြောသွားခဲ့ပါတယ်။

Line Walker 2 နဲ့ပတ်သက်ပြီး နေခြည်ဦးက “တော်တော်ကြမ်းတာ နေခြည် နိုင်ငံခြားမှာ ကျောင်းတက်တုန်းက တစ်ခါနေခြည်မြင်ဖူးတယ် ဂျိမ်းစ်ဘွန်းကားရိုက်တုန်းက လန်ဒန်မှာ နေခြည့်အဒေါ်အိမ်ပေါ်ပေါ့နော်။ ကွန်ဒိုကြီးမှာ အဲ့ကားပါကင် လေးမှာ ရိုက်ဖို့ကို အဲ့ကွန်ဒိုကြီးတစ်ခုလုံးကို ဒီကော်မတီတို့ဘာတို့ကိုပေါ့နော် ရှိသမျှလူတွေ အကုန်လုံးကို ၂လကြိုပြီးပြောတယ်။ ပြီးတော့ အဲ့ကားရိုက်ဖို့ Premier ထွက်လာရင် အိမ်တိုင်း အိမ်တိုင်း Premier အတွက် ရုပ်ရှင်လက်မှတ်လေးတွေ လက်ဆောင်ပေးတယ်။ အဲ့လိုမျိုးဟာကို နေခြည် ကြားဖူးတယ်။ အေယ် ဂျိမ်းစ်ဘွန်းဒီကားပါကင်လေးကို လာရိုက်ဖို့တောင် ဒီလောက်အထိ လုပ်တယ်ပေါ့နော်။ တကယ်လာရိုက်တော့လည်း အဲ့နှစ်နာရီသုံးနာရီအတွင်းမှာ အပြတ်ရိုက်တယ် ဘယ်သူမှ အိမ်ထဲပေးမဝင် အခန်းထဲကနေလည်း အပြင်ကို ပေးမထွက်ဘူးပေါ့နော်။

တကယ်အဲ့ကားကြီး Premier တင်တုန်းကလည်း နေခြည်တို့အဒေါ်တွေကို ရုပ်ရှင်လက်မှတ်လေးပေးတယ်။ သူတို့ရဲ့တကယ် Pre ရော Duringရော post ရောမှာ သေချာ အကွက်ကျကျလုပ်တာကို နေခြည်ကကြားဖူးတယ်။ အခုဒီ Line Walker လာတုန်းကလည်း ဒီလိုမျိုး လမ်းတွေ ပိတ်ပြီး လုပ်မယ်ဆိုကတည်းက သူတို့ မြန်မာနိုင်ငံမှာမှ မဟုတ်ဘူး တစ်ခြားနိုင်ငံဘယ်မှာပဲ ဖြစ်ဖြစ် စနစ်တကျသေသေချာချာ Plan လုပ်ပြီးမှ လုပ်တဲ့ Production တစ်ခုလာတယ်လို့ မြင်တယ်။

နောက်တစ်ခုက နေခြည်က ဘယ်လိုမြင်လဲဆိုရင် ဒါမြန်မာနိုင်ငံကို Marketing ဆင်းပြီးသား ဖြစ်သွားတယ်လို့ နေခြည်မြင်တယ်။ Line Walker fans တွေ အများကြီးရှိတယ် အခုဆိုရင် Line Walker ကိုနေခြည်တို့ နံပါတ်တစ်ကို မကြည့်ဖူးဘူး။ မကြည့်ဖူးတဲ့သူတောင် စိတ်ဝင်စားသွားပြီ ကိုယ့်နိုင်ငံမှာ ရိုက်တာဖြစ်တဲ့အတွက် ဆူးလေ ဘုရားကြီးကိုနေခြည်မြင်ချင်တယ်။ လူတွေပြေးနေတာတွေ နေခြည်မြင်ချင်တယ်။ Husky တွေသေနတ်တွေဘာတွေနဲ့ ကိုယ့်ရဲ့ နိုင်ငံရဲ့ စက်တင်ကြီးမှာ လုပ်နေတာ တကယ့်ဟာကြီးတွေကို မြင်ချင်တာ ဖြစ်တဲ့အတွက် ဒီကားထွက်လာရင် သေချာတယ် မြန်မာနိုင်ငံမှာ ဝက်ဝက်ကွဲအောင်မြင်တဲ့ကားတစ်ကားလို့မြင်တယ်။ အဲ့တာကြောင့် သူတို့လာရတဲ့ ကုန်ကျစရိတ်တွေ အရမ်းများတယ် ဒေါ်လာကို သန်းနဲ့ချီတယ် ဒါပေမဲ့သူတို့ပြန်ရမယ့်ဟာကလည်း မြန်မာနိုင်ငံ ပရိသတ်ကြီးတစ်လုံးကို ရုပ်ရှင်ချစ်တဲ့ ပရိသတ်ကြီးအကုန်လုံးကို ရမှာ ဖြစ်တဲ့အတွက် ဒီကားဒီလိုမျိူးလုပ်တာ တော်တော် Idea တစ်ခုလို့ နေခြည်မြင်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။

လမ်းတွေ ပိတ်ပြီး ရိုက်တာနဲ့ပတ်သက်ပြီး “ဒါက နေခြည်တို့ ်အဆင့်တောင် မဟုတ်ဘူးလေ အဆင့်ဆင့်ကို စာတွေတင်ပြီး သေချာ လုပ်ပြီး ဟိုက Permission ကျလို့ ပေးလုပ်တဲ့ဟာမှာ နေခြည်တို့မှာ ဝေဖန်ခွင့်ဘာမှမရှိပါဘူး။ ဒီလို မျိုးဖြစ်ဖို့အတွက်လည်း သူတို့တန်ရာတန်ကြေးလည်း ပေးမှာပဲ ဟိုကပေးလိုက်တဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းလည်း သူတို့လုပ်မှာပဲ။ ကြည့်ရမယ့်ပရိသတ်အနေနဲ့လည်း နေခြည်ကတော့ တန်တယ်လို့ ထင်တာပဲ။ အဲ့မှာဆိုရင် ရုပ်ရှင်သရုပ်ဆောင်တွေလည်း အများကြီး သွားကြည့်ကြတယ်။ ပရိသတ်တွေလည်း အများကြီးသွားကြည့်ကြတာဖြစ်တဲ့အတွက် ဒီလိုမျိုးခဏလေး ပိတ်ဆို့မှုမှာ သူတို့ သေသေချာချာပြောပြီးမှ ပိတ်ဆို့တာဖြစ်တဲ့အတွက် နေခြည်ကတော့ ဒါစည်းစနစ်တကျလုပ်တာ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိူးရိုက်ရင် ဒီလိုမျိုး လုပ်ရင်တော့ လုပ်ပေးသင့်တယ်လို့ နေခြည်ထင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Credit:nanmalgyi
 အနုပညာ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top