iMyanmarHouse.com - Best Property Website for Myanmar
×





၎. အပျင်းထူသူ၊ တက်ကြွမှု မရှိသူ၊ ဦးတည်ချက်မရှိသူ ယောက်ျားတွေဟာ ယောက်ျား မပီသပါဘူး။

















Credit:mmgentleman
ချစ်ရေးချစ်ရာ


#Unicode Version# ဖြင့်ဖတ်ပါ ။

ဘယ်လို လူမျိုးတွေဟာ ယောက်ျား မပီသဘူးလဲ ဆိုတာ မိန်းကလေး အယောက် ၂၀ ကို မေးခဲ့ပါတယ်။ သူတို့ရဲ့ အဖြေတွေကတော့–

၁. သူ့ရဲ့ ချစ်သူကို မလေးစားတဲ့ ယောက်ျားတစ်ယောက်ဟာ ယောက်ျားမပီသပါဘူး။ ယောက်ျားပီသတဲ့သူ တစ်ယောက်ဟာ သူ့ရဲ့ ချစ်သူကို အလေးထားပါတယ်။ ဘယ်တော့မှ မထိန်းချုပ်ပါဘူး။

၂. ယောက်ျားတွေက မျက်နှာပြောင်ရင် ယောက်ျားမပီသတော့ပါဘူး။

၃. တခြားသူကို ဆုံးဖြတ်ချက် ချခိုင်းတဲ့၊ ပါတ်ဝန်းကျင်ကလူတွေရဲ့ လွှမ်းမိုးမှု ခံရတဲ့ ယောက်ျားတွေဟာ ဆွဲဆောင်မှု မရှိပါဘူး။

၄. အပျင်းထူသူ၊ တက်ကြွမှု မရှိသူ၊ ဦးတည်ချက်မရှိသူ ယောက်ျားတွေဟာ ယောက်ျား မပီသပါဘူး။

၅. သူတို့ကိုယ် သူတို့ ဘာလိုချင်မှန်း မသိတဲ့ ယောက်ျားတွေဟာ ဆွဲဆောင်မှု မရှိပါဘူး။ သူငယ်ချင်းနဲ့ မိသားစုအပေါ် ရိုင်းတဲ့ ယောက်ျားတွေ၊ လေးစားမှု မရှိတဲ့ ယောက်ျားတွေဟာ ယောက်ျား မပီသပါဘူး။

၆. လိင်ခွဲခြားဆက်ဆံသူ၊ သူရဲဘောကြောင်သူ၊ ဖင်ပိတ်ငြင်းသူတွေဟာ ယောက်ျားမပီသပါဘူး။

၇. သူငယ်ချင်းတွေ၊ ချစ်တဲ့ သူတွေအတွက် ရှေ့ကနေ ရပ်မပေးနိုင်သူတွေဟာ ယောက်ျား မပီသပါဘူး။

၈. ပိုက်ဆံရှိချင်ယောင်ဆောင်၊ ဂုဏ်ရှိချင်ယောင်ဆောင် ကြွားဝါတတ်သူတွေဟာ ယောက်ျားမပီသပါဘူး။

၉. ရှေးထုံးစဉ်လာကို ဖောက်ဖျက်ရမှာ ကြောက်သူတွေ၊ ဖောက်ဖျက်သူတွေကိုလဲ အပြစ်ပြောသူတွေဟာ ယောက်ျား မပီသပါဘူး။

၁၀. ညည်းညူသူတွေဟာ ယောက်ျား မပီသပါဘူး။

၁၁. ကိုယ်ကြမ်း နှုတ်ကြမ်းရင်၊ မိန်းမချော ချောလွန်းရင် ယောက်ျား မပီသပါဘူး။

၁၂. အပြစ်တစ်ခုကို ဖုံးကွယ်ဖို့ လိမ်ညာတတ်သူတွေဟာ ယောက်ျား မပီသပါဘူး။

၁၃. လေးစားမှု၊ ယဉ်ကျေးမှု၊ ဝန်ခံမှု၊ ကိုယ့်ဘာသာ ယုံကြည်မှု မရှိသူတွေ၊ အလှအပ ဂရုစိုက်လွန်းသူတွေဟာ ယောက်ျား မပီသပါဘူး။

၁၄. ရုပ်ရည် အလေးထားလွန်းတာ၊ ပျင်းတာ၊ ဆုံးဖြတ်ချက်မချနိုင်တာ ယောက်ျား မပီသပါဘူး။

၁၅. သစ္စာ မရှိသူတွေ၊ လိမ်တတ်သူတွေဟာ ယောက်ျား မပီသပါဘူး။

၁၆. ပိန်းသူ၊ ဖျင်းသူ၊ ပျင်းသူတွေဟာ ယောက်ျား မပီသပါဘူး။

၁၇. ကိုယ့်ဘာသာ ယုံကြည်မှု မရှိသူ၊ တိုးတက်အောင် မလုပ်ချင်သူတွေဟာ ယောက်ျား မပီသပါဘူး။

၁၈. လုံခြုံမှု မရှိသူ၊ ပျင်းရိသူ၊ နှုတ်ကြမ်းသူတွေဟာ ယောက်ျား မပီသပါဘူး။

၁၉. တခြားသူတွေ၊ မိန်းမတွေအပေါ် ခိုစားတတ်သူ၊ ပိုးကောင်တွေ ကြောက်တတ်သူတွေဟာ ယောက်ျား မပီသပါဘူး။

၂၀. မလုံခြုံသူ၊ ပါတ်ဝန်းကျင်က လူတွေကို ထိခိုက်စေသူတွေဟာ ယောက်ျား မပီသပါဘူး။


Credit:mmgentleman

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top