iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြရဲ႕သဘာဝဟာ ေခါင္းအစေၿခအဆံုး Cosmetic ဝယ္ရုံနဲ႔တင္မလံုေလာက္ပါဘူး။ DIY နည္းေတြနဲ႔ အိမ္သံုးပစၥည္းေတြနဲ႔ Treatment ေတြကိုယ္တိုင္လုပ္ရတာကိုလည္း ၾကိဳက္ႏွစ္သက္ၾကပါ။ အနည္းဆံုးပ်င္းၿပီး ေန႔တိုင္းမလုပ္ႏိုင္တာေတာင္မွ တခါတေလေတာ့လုပ္ဖူးၾကမွာပါ။ မ်က္ႏွာဆိုလည္း မ်က္ႏွာအေလ်ာက္ ရွားေစာင္းတို႔ သံပုရာသီးတို႔ ပ်ားရည္တို႔ ေထာပတ္သီးတို႔ ဒိန္ခ်ည္တို႔အစရွိသၿဖင့္ အိမ္အသံုးအေဆာင္ေတြကို အရင္းၿပဳၿပီး ၿပဳလုပ္တတ္ၾကပါတယ္။

အခုအခါမွာေတာ့ ပ်ိဳေမတို႔ဆံေကသာအတြက္ အသံုးဝင္မယ့္ DIY Healthy Hair Recipes ကို ေဝမွ်ေပးခ်င္ပါတယ္။ နဂိုလုပ္ေနၾက ၾကက္ဥတို႔ သံလြင္ဆီတ္ို႔နဲမဟုတ္ပဲ။ ထူးဆန္းေစမယ့္ နည္းလမ္းသစ္ကိုေဖာ္ၿပေပးသြားမွာပါ။ အလွၿပင္ဆိုင္ေတြမွာလို ေဈးၾကီးေပးစရာမလိုပဲ ထိေရာက္ေစမယ့္ နည္းလမ္းၿဖစ္လို႔ မပ်င္းမရိပဲ တစ္ပတ္တစ္ခါေလာက္လုပ္ေပးမယ္ဆို ထူးၿခားတဲ့ရလဒ္ကို ကိုယ္ေတြ႕ခံစားႏိုင္မွာပါ။

ႏွစ္ခြ သံုးခြၿဖစ္တတ္တဲ့ ဆံပင္ေတြကို ဘယ္လိုကိုင္တြယ္မလဲ။ တစ္ခ်ိဳ႕ကေတာ့ ဆံပင္ႏွစ္ခြၿဖစ္ရင္ ညွပ္ခ်ပစ္လိုက္တာမ်ားပါတယ္။ ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ ဆံပင္အတြက္ က်န္းမာေစမယ့္ ကုထံုးပါ။ ဒီလိုဆိုရင္ေတာ့ ဆံပင္ေတြညွပ္ပစ္စရာမလိုေတာ့ ဘူးေပါ့။ သဘာဝအတိုင္း အိမ္တြင္းပစၥည္းေတြနဲ႔ ဘယ္လိုေပါင္းတင္ၾကမလဲဆိုေတာ့ သေဘာၤသီးကအဓိကပဲၿဖစ္ပါတယ္။ သေဘာၤသီးဟာ ဆံေကသာအတြက္တင္မဟုတ္ပါဘူး။ မ်က္ႏွာေပါင္းတင္ရာမွာလည္း အသံုးၿပဳတတ္ၾကပါတယ္။

ဒီလို အသံုးဝင္လွတဲ့ သေဘာၤသီးကို ဒိန္ခ်ဥ္နဲ႔ေရာၿပီး ဆံပင္ကို သုတ္လိမ္းရမွာပဲၿဖစ္ပါတယ္။ မိမိဆံပင္ အတိုအရွည္ေပၚမူတည္ၿပီး လိုအပ္တဲ့ပမာဏအတိုင္း သေဘာၤသီးကို အရင္ေခ်လိုက္ပါ။ ေနာက္ၿပီး ဒိန္ခ်ဥ္နဲ႔ေရာကာ ေမြလိုက္ပါ။ ပ်စ္ေနေအာင္ေမြၿပီး သကာလ ႏွစ္ခြ သံုးခြၿဖစ္တဲ့ေနရာေတြကို သုတ္လိမ္းၿပီး ၄၅ မိနစ္ၾကာၾကာေလာက္ထားလိုက္ပါ။ ၿပီးေနာက္ေရေဆးခ်လိုက္ပါ။ ဆံပင္မွာ သေဘာၤသီးန႔ံေလးေမႊးေနမွာ ၿဖစ္ပါတယ္။

Credit:mystylemyanmar
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

မိန်းကလေးတွေရဲ့သဘာဝဟာ ခေါင်းအစခြေအဆုံး Cosmetic ဝယ်ရုံနဲ့တင်မလုံလောက်ပါဘူး။ DIY နည်းတွေနဲ့ အိမ်သုံးပစ္စည်းတွေနဲ့ Treatment တွေကိုယ်တိုင်လုပ်ရတာကိုလည်း ကြိုက်နှစ်သက်ကြပါ။ အနည်းဆုံးပျင်းပြီး နေ့တိုင်းမလုပ်နိုင်တာတောင်မှ တခါတလေတော့လုပ်ဖူးကြမှာပါ။ မျက်နှာဆိုလည်း မျက်နှာအလျောက် ရှားစောင်းတို့ သံပုရာသီးတို့ ပျားရည်တို့ ထောပတ်သီးတို့ ဒိန်ချည်တို့အစရှိသဖြင့် အိမ်အသုံးအဆောင်တွေကို အရင်းပြုပြီး ပြုလုပ်တတ်ကြပါတယ်။

အခုအခါမှာတော့ ပျိုမေတို့ဆံကေသာအတွက် အသုံးဝင်မယ့် DIY Healthy Hair Recipes ကို ဝေမျှပေးချင်ပါတယ်။ နဂိုလုပ်နေကြ ကြက်ဥတို့ သံလွင်ဆီတို့နဲမဟုတ်ပဲ။ ထူးဆန်းစေမယ့် နည်းလမ်းသစ်ကိုဖော်ပြပေးသွားမှာပါ။ အလှပြင်ဆိုင်တွေမှာလို ဈေးကြီးပေးစရာမလိုပဲ ထိရောက်စေမယ့် နည်းလမ်းဖြစ်လို့ မပျင်းမရိပဲ တစ်ပတ်တစ်ခါလောက်လုပ်ပေးမယ်ဆို ထူးခြားတဲ့ရလဒ်ကို ကိုယ်တွေ့ခံစားနိုင်မှာပါ။

နှစ်ခွ သုံးခွဖြစ်တတ်တဲ့ ဆံပင်တွေကို ဘယ်လိုကိုင်တွယ်မလဲ။ တစ်ချို့ကတော့ ဆံပင်နှစ်ခွဖြစ်ရင် ညှပ်ချပစ်လိုက်တာများပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဆံပင်အတွက် ကျန်းမာစေမယ့် ကုထုံးပါ။ ဒီလိုဆိုရင်တော့ ဆံပင်တွေညှပ်ပစ်စရာမလိုတော့ ဘူးပေါ့။ သဘာဝအတိုင်း အိမ်တွင်းပစ္စည်းတွေနဲ့ ဘယ်လိုပေါင်းတင်ကြမလဲဆိုတော့ သဘောၤသီးကအဓိကပဲဖြစ်ပါတယ်။ သဘောၤသီးဟာ ဆံကေသာအတွက်တင်မဟုတ်ပါဘူး။ မျက်နှာပေါင်းတင်ရာမှာလည်း အသုံးပြုတတ်ကြပါတယ်။

ဒီလို အသုံးဝင်လှတဲ့ သဘောၤသီးကို ဒိန်ချဉ်နဲ့ရောပြီး ဆံပင်ကို သုတ်လိမ်းရမှာပဲဖြစ်ပါတယ်။ မိမိဆံပင် အတိုအရှည်ပေါ်မူတည်ပြီး လိုအပ်တဲ့ပမာဏအတိုင်း သဘောၤသီးကို အရင်ချေလိုက်ပါ။ နောက်ပြီး ဒိန်ချဉ်နဲ့ရောကာ မွေလိုက်ပါ။ ပျစ်နေအောင်မွေပြီး သကာလ နှစ်ခွ သုံးခွဖြစ်တဲ့နေရာတွေကို သုတ်လိမ်းပြီး ၄၅ မိနစ်ကြာကြာလောက်ထားလိုက်ပါ။ ပြီးနောက်ရေဆေးချလိုက်ပါ။ ဆံပင်မှာ သဘောၤသီးနံ့လေးမွှေးနေမှာ ဖြစ်ပါတယ်။


Credit:mystylemyanmar

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top