iMyanmarHouse.com - Best Property Website for Myanmar
×

ေျခစြယ္ငုပ္ျခင္းဟာ ခံရခက္တဲ့ နာက်င္မႈ ေဝဒနာတမ်ိဳးျဖစ္ၿပီး ေျခသည္း ပုံမွန္ မညႇပ္တာ၊ ညႇပ္တဲ့အခါ ပုံစံ မက်တာနဲ႔ တင္းက်ပ္လြန္းတဲ့ ဖိနပ္နဲ႔ ေျခအိတ္ေတြ ဝတ္ဆင္တဲ့အခါမ်ိဳးမွာ ျဖစ္တတ္ပါတယ္။ေျခစြယ္ငုပ္တာကေနတဆင့္ ပိုးဝင္တာမ်ိဳးနဲ႔ ျပည္တည္တာမ်ိဳးေတြ မျဖစ္ေပၚေသးဘူးဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ သဘာဝပစၥည္းေတြ အကူအညီနဲ႔ ေပ်ာက္ကင္းသက္သာေအာင္ ျပဳလုပ္ႏိုင္ပါတယ္။

(၁) မုန႔္ဖုတ္ဆိုဒါ

မုန႔္ဖုတ္ဆိုဒါဟာ သဘာဝ ပိုးသတ္ေဆးတမ်ိဳးျဖစ္ၿပီး ေျခစြယ္ငုပ္ရာကေနတဆင့္ ပိုးဝင္ျခင္းကို ကာကြယ္ ေပးႏိုင္ပါတယ္။ မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန႔္ကို ေရအနည္းငယ္နဲ႔ ေရာကာ ခပ္ပ်စ္ပ်စ္ အေနအထား ရေအာင္ ေဖ်ာ္စပ္ၿပီး ေျခစြယ္ငုပ္ေနတဲ့ ေနရာေပၚကို တေန႔ ၂ ႀကိမ္ခန႔္ လိမ္းေပး႐ုံနဲ႔ သက္သာေပ်ာက္ကင္းေစပါတယ္။

(၂) အုန္းဆီ

အုန္းဆီမွာ ပါဝင္တဲ့ Lauric အက္ဆစ္နဲ႔ Caprylic အက္ဆစ္ဓာတ္တို႔ဟာ ေျခစြယ္ငုပ္ျခင္းကို ျဖစ္ေပၚေစတဲ့ ေရာဂါပိုးမႊားေတြနဲ႔ မႈိေတြကို ေသေစႏိုင္ၿပီး နာက်င္ေရာင္ရမ္းျခင္းကိုပါ သက္သာေစႏိုင္တာေၾကာင့္ ေျခစြယ္ငုပ္ေနတဲ့ ေနရာေပၚကို အုန္းဆီ တေန႔ ၃ ႀကိမ္ခန႔္ လိမ္းေပးျခင္းအားျဖင့္ သက္သာလာေစပါတယ္။

(၃) နႏြင္း

မီးဖိုေခ်ာင္မွာ အလြယ္တကူ ရွိတဲ့ နႏြင္းဟာဆိုရင္ ေျခစြယ္ငုပ္တဲ့အခါ ျဖစ္ေပၚတဲ့ နာက်င္ေရာင္ရမ္းၿပီး တင္းက်ပ္က်ပ္ ျဖစ္ေနတာေတြကို သက္သာေစႏိုင္ပါတယ္။ သန႔္စင္တဲ့ နႏြင္း လက္ဖက္ရည္ဇြန္း ၁ ဇြန္းခန႔္ကို ေရနဲ႔ ခပ္ပ်စ္ပ်စ္ အေနအထားရေအာင္ ေရာစပ္ကာ တေန႔ ၂ ႀကိမ္ခန႔္ လိမ္းေပးႏိုင္ပါတယ္။

(၄) ပန္းသီးရွာလကာရည္

ပန္းသီးရွာလကာရည္ဟာ ေျခစြယ္ငုပ္ျခင္းေၾကာင့္ နာက်င္ေရာင္ရမ္းျခင္းကို အလ်င္ျမန္ဆုံး သက္သာေပ်ာက္ကင္း ေစႏိုင္တဲ့ သဘာဝပစၥည္းတမ်ိဳးပါ။ ပန္းသီးရွာလကာရည္ အနည္းငယ္ကို ဂြမ္းစေပၚ သုတ္လိမ္းၿပီး ေျခစြယ္ငုပ္ေနတဲ့ ေနရာေပၚကို တေန႔ ၂ ႀကိမ္ခန႔္ လိမ္းက်ံေပးႏိုင္ပါတယ္။

(၅) ဆား

ေျခစြယ္ငုပ္ျခင္းေၾကာင့္ ျဖစ္ေပၚတဲ့ ေရာင္ရမ္းနာက်င္မႈေတြကို သက္သာေစဖို႔အတြက္ ေရေႏြးထဲ ဆားထည့္ၿပီး ၁၅ မိနစ္ခန႔္ ေျခေထာက္ကို စိမ္ေပးျခင္းအားျဖင့္ သိသိသာသာ သက္သာေစပါတယ္။

Credit:Irrawaddy

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ခြေစွယ်ငုပ်ခြင်းဟာ ခံရခက်တဲ့ နာကျင်မှု ဝေဒနာတမျိုးဖြစ်ပြီး ခြေသည်း ပုံမှန် မညှပ်တာ၊ ညှပ်တဲ့အခါ ပုံစံ မကျတာနဲ့ တင်းကျပ်လွန်းတဲ့ ဖိနပ်နဲ့ ခြေအိတ်တွေ ဝတ်ဆင်တဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ခြေစွယ်ငုပ်တာကနေတဆင့် ပိုးဝင်တာမျိုးနဲ့ ပြည်တည်တာမျိုးတွေ မဖြစ်ပေါ်သေးဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် သဘာဝပစ္စည်းတွေ အကူအညီနဲ့ ပျောက်ကင်းသက်သာအောင် ပြုလုပ်နိုင်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါဟာ သဘာဝ ပိုးသတ်ဆေးတမျိုးဖြစ်ပြီး ခြေစွယ်ငုပ်ရာကနေတဆင့် ပိုးဝင်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ရေအနည်းငယ်နဲ့ ရောကာ ခပ်ပျစ်ပျစ် အနေအထား ရအောင် ဖျော်စပ်ပြီး ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို တနေ့ ၂ ကြိမ်ခန့် လိမ်းပေးရုံနဲ့ သက်သာပျောက်ကင်းစေပါတယ်။

(၂) အုန်းဆီ

အုန်းဆီမှာ ပါဝင်တဲ့ Lauric အက်ဆစ်နဲ့ Caprylic အက်ဆစ်ဓာတ်တို့ဟာ ခြေစွယ်ငုပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ ရောဂါပိုးမွှားတွေနဲ့ မှိုတွေကို သေစေနိုင်ပြီး နာကျင်ရောင်ရမ်းခြင်းကိုပါ သက်သာစေနိုင်တာကြောင့် ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို အုန်းဆီ တနေ့ ၃ ကြိမ်ခန့် လိမ်းပေးခြင်းအားဖြင့် သက်သာလာစေပါတယ်။

(၃) နနွင်း

မီးဖိုချောင်မှာ အလွယ်တကူ ရှိတဲ့ နနွင်းဟာဆိုရင် ခြေစွယ်ငုပ်တဲ့အခါ ဖြစ်ပေါ်တဲ့ နာကျင်ရောင်ရမ်းပြီး တင်းကျပ်ကျပ် ဖြစ်နေတာတွေကို သက်သာစေနိုင်ပါတယ်။ သန့်စင်တဲ့ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို ရေနဲ့ ခပ်ပျစ်ပျစ် အနေအထားရအောင် ရောစပ်ကာ တနေ့ ၂ ကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။

(၄) ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ဟာ ခြေစွယ်ငုပ်ခြင်းကြောင့် နာကျင်ရောင်ရမ်းခြင်းကို အလျင်မြန်ဆုံး သက်သာပျောက်ကင်း စေနိုင်တဲ့ သဘာဝပစ္စည်းတမျိုးပါ။ ပန်းသီးရှာလကာရည် အနည်းငယ်ကို ဂွမ်းစပေါ် သုတ်လိမ်းပြီး ခြေစွယ်ငုပ်နေတဲ့ နေရာပေါ်ကို တနေ့ ၂ ကြိမ်ခန့် လိမ်းကျံပေးနိုင်ပါတယ်။

(၅) ဆား

ခြေစွယ်ငုပ်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေဖို့အတွက် ရေနွေးထဲ ဆားထည့်ပြီး ၁၅ မိနစ်ခန့် ခြေထောက်ကို စိမ်ပေးခြင်းအားဖြင့် သိသိသာသာ သက်သာစေပါတယ်။

Credit:Irrawaddy

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top